Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လျှပ်စစ်မီးရရှိရန် ပြည်မြို့ ဒုတိယနေ့ဆန္ဒပြမှု ရိုက်နှက်ဖမ်းဆီးမှုများရှိ

$
0
0

ယနေ့နံနက် (၉) နာရီတွင် စတင်ခဲ့သည့် ပဲခူးတိုင်း၊ ပြည်မြို့ လျှပ်စစ်မီး ၂၄ နာရီ အပြည့်အဝရရှိရေး ဒုတိယနေ့ ဆန္ဒပြမှုတွင် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူတဦးက ပြောသည်။

ပြည်မြို့ ဆန္ဒပြမှုမြင်ကွင်း (ဓာတ်ပုံ - ရိုးမ ၃)

ပြည်မြို့ ဆန္ဒပြမှုမြင်ကွင်း (ဓာတ်ပုံ - ရိုးမ ၃)

ပြည်မြို့တွင် ယမန်နေ့မှစတင်ကာ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် လူနှစ်ထောင်ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ ပထမနေ့တွင် အာဏာပိုင်တို့နှင့် ညှိနှိုင်းမှုဖြင့် အောင်မြင်စွာ ဆန္ဒပြနိုင်ခဲ့သော်လည်း ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ဆန္ဒပြကြရာတွင် လုံထိန်းရဲများ၏ ရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“မနေ့က စပြီး ဆန္ဒပြတဲ့ မြို့နယ်လျှပ်စစ်ရုံးရှေ့ကနေပြီး လူတစ်ထောင်ကျော်နဲ့ ဒီနေ့ စထွက်တယ်။ စထွက်ထွက်ချင်းပဲ HRDP ကိုကျော်ဆွေနဲ့ NLD ကိုဝင်းလှိုင်တို့ကို ရိုက်နှက်ပြီး ခေါ်သွားတယ်။ ဆန္ဒပြတဲ့လူတွေကလည်း သူတို့နှစ်ဦးကို ရဲလက်က ပြန်လုယူကြတယ်။ ဒါပေမယ့် မရဘူး။ ပါသွားတယ်” ဟု ဆန္ဒပြမှုတွင် ပါဝင်သူက ပြောသည်။

ဆန္ဒပြခေါင်းဆောင်နှစ်ဦးအား အာဏာပိုင်လုံထိန်းရဲများက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသော်လည်း ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြခဲ့ကြကြောင်း သူက ဆက်ပြောသည်။

သူက “(၁၀) နာရီခွဲလောက်မှာ တကြိမ် ထပ်ပြီး ရိုက်နှက်ဖမ်းဆီးမှု လုပ်တယ်။ ဆောက်လုပ်ရေးဝိုင်းလမ်းချိုး၊ ထွန်းသီလမ်းထဲမှာပါ။ ဒီတခါတော့ ကိုဇော်ထွန်း၊ ကိုကျော်ဆွေ၊ ကိုမြင့်အေးအပါအဝင် ၆ ဦး ပါသွားတယ်” ဟု ပြောသည်။

ယခု သတင်းရေးသားနေချိန်တွင် ရိုက်နှက်ဖမ်းဆီးခံရသူများအား အာဏာပိုင်များက အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့၊ ညတွင် လျှပ်စစ်မီး ၂၄ နာရီပတ်လုံး ရရှိရေးအတွက် မန္တလေးမြို့မှ ပြည်သူများက ဖယောင်းတိုင်မီးများထွန်းညှိကာ ငြိမ်းချမ်းစွာ စတင်ဆန္ဒပြခဲ့ကြသည်။ ယခုအခါ ရန်ကုန်၊ မုံရွာ၊ သုံးခွအပါအဝင် မြို့ကြီးအချို့တွင် လျှပ်စစ်မီးရရှိရေးအတွက် ညဘက်၌ ဖယောင်းတိုင်မီးများဖြင့် ဆန္ဒပြနေကြပြီး ပြည်မြို့တစ်မြို့တည်းတွင်သာ နေ့ဘက်၌ ဆန္ဒပြနေခြင်းဖြစ်သည်။

http://www.yoma3.org



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>