Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဂျပန်နိုင်ငံက သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြည်သူကို ဘယ်လိုတောင်းပန်အလေးထားဆက်ဆံတယ်ဆိုတာ မြန်မာအစိုးရသိဖို့(ရုပ်/သံ)

$
0
0



အမှန်ဆို ဒီလျှပ်စစ်မီး မပေးနိုင်တဲ့ ကိစ္စကို လူထုကျေနပ်အောင် ဖြေရှင်းနည်းက အရမ်းလွယ်လွန်းတယ်လို့ ကျွန်မ ထင်တယ်...။ ဓာတ်အားပေးတိုင် တတိုင်လောက် မိုင်းကွဲတာနဲ့ မြန်မာတနိုင်ငံလုံး မှောင်မဲသွားတယ်ဆိုတဲ့ ဆင်ခြေမျိုး၊ မိုးမရွာလို့၊ ရေမရှိလို့ဆိုတဲ့ လူရ...ယ်စရာကောင်းတဲ့ ဆင်ခြေမျိုးတွေ မပေးသင့်တော့ပါဘူး။ ခုလို မီးမှန်မှန်မရတာလည်း ၂၄ နှစ်တောင် ရှိနေပါပြီ။ ဒီဆင်ခြေတွေနဲ့ ၂၄ နှစ်စာ ဒုက္ခခံခဲ့ရတဲ့ ပြည်သူတွေကို နှစ်သိမ့်ပေးလို့ မရနိုင်ပါဘူး။

တကယ်ဖြစ်ရမှာက ပြည်သူလူထု ကျေနပ်အောင် ၀န်ချတောင်းပန်သင့်ပါတယ်။ ပြည်သူကို တကယ် စေတနာရှိတဲ့အစိုးရ၊ ပြည်သူ့လိုအပ်ချက်ကို တကယ် ဖြည့်ဆည်းပေးချင်တဲ့ အစိုးရဆိုရင် အရင်က လုပ်နည်းကိုင်နည်းတွေ မှားခဲ့တဲ့အတွက်၊ အနာဂတ်ရေရှည်စီမံချက်တွေ လိုအပ်ချက်ရှိခဲ့တဲ့အတွက် အခုချိန်မှာ နားလည်ပေးဖို့နဲ့ ရေရှည်စီမံကိန်းတွေ ဘယ်လိုလုပ်နေပါပြီဆိုတဲ့ တိကျသေချာတဲ့ ပလန်တွေနဲ့ ရှင်းပြသင့်ပါတယ်။ မြန်မာလူမျိုးတွေ မရိုင်းပါဘူး။ အနှစ် ၂၀ ကျော်တောင် သည်းခံနေနိုင်ခဲ့သေးတာပဲ...။ တခုပါပဲ... အရင်က အမှားတွေ၊ လိုအပ်ချက်တွေကို ၀န်ခံပြီး ခဏလောက် သည်းခံနားလည်ပေးဖို့ တောင်းပန်သင့်ပါတယ်။

မိုဘိုင်းဂျန်စက်တွေနဲ့ လျှပ်စစ်ပေးမယ်ဆိုတာ ယာယီဖြေရှင်းနည်းသာ ဖြစ်ပါတယ်။ ဒီနည်းဟာ လက်တွေ့မှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ လူတွေကို ခဏတာ မျက်စေ့လှည့်ပြ ငြိမ်အောင် လုပ်ရုံသပ်သပ်ပဲ ရှိပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်ဆီ ကုန်ကျစားရိတ်က နည်းမှာ မဟုတ်တဲ့အတွက် လိုငွေတွေပြနေတဲ့ နိုင်ငံအတွက် မထောင်းသာလှပါဘူး။ ဒီလို ပြဿနာရဲ့အရင်းအမြစ်ကို သေချာ မရှင်းဘဲ လတ်တလော ယာယီ ပြေလည်ဖို့သာ ရည်ရွယ်ပြီး အပေါ်ယံ ဖြေရှင်းနည်းတွေနဲ့ ဖြေရှင်းခဲ့ပေါင်းလည်း များနေပါပြီ။ အဲဒီအတွက် အမှားပေါင်းများစွာနဲ့ ငွေကြေးများစွာ ဆုံးရှုံးခဲ့ပြီးပါပြီ။ နောက်ဆုံး တိုင်းပြည်နဲ့ ပြည်သူတွေပဲ နစ်နာတာပါ။

အဲဒီတော့ ပြည်သူတွေကို လူမိုက်စကား၊ လူပိန်းစကားတွေ မစာမနာ ပြောဆိုကြတာ ရပ်တန်းက ရပ်ပြီး တိုင်းပြည်အနာဂတ်အတွက် တကယ်စဉ်းစား အလုပ်လုပ်ကြပါတော့လို့သာ...

Hm SoeMinn,ကာတွန်း.ဟာဂျူလီကသာ
Video..zayyar20283



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>