Quantcast
Viewing all articles
Browse latest Browse all 32865

သူရဲကောင်းတို့၏ ကိုယ်ရေးအကျဉ်း နှင့် အညတရသူရဲကောင်းဆု နောက်ဆုံးရအလှူရှင်စာရင်း

Anya Ta Ya Prize

မိတ်ဆွေများအားလုံးခင်ဗျာ

တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆု ဂုဏ်ပြုချီးမြှင်နိုင်ရေးအတွက် အမျိုးသားရေးစိတ်ဓါတ်ဖြင့် ငွေကြေးလှူဒါန်း
ခဲ့ကြသော အလှူရှင်စာရင်း နှင့်အတူ
အညတရသူရဲကောင်းဆုရှင် (၅) ဦး၏ ပြည်တွင်းမှ ပေးပို့လာသော ကိုယ်ရေးအကျဉ်း လက်ရေးမူ(Jpeg) ဖိုင်များအား
ထပ်ဆင့်ဖြန့်ချီ ပေးပို့အပ်ပါသည်။ (ပူးတွဲပါဖိုင်များတွင် ကြည့်ရှူပါရန်)

ဆုရှင်ဖြစ်သော အောက်ပါပုဂ္ဂုလ် (၅) ဦးတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် (ကန့်သတ်) ဖြင့် (၃) ဦးသာ ပြန်လည်
လွတ်မြောက်လာသေးပြီး ဒေါက်တာကျော်ကျော် နှင့် ကိုလက်ျာထွန်း တို့နှစ်ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါသည်။

* ဆရာတော် ဦးခေမာစာရ (ဓမ္မာစရိယ)
* ဒေါက်တာကျော်ကျော် (၁၉၉၀ NLD ရေတာရှည်မြို့နယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်) (လက်ရှိ မြင်းခြံထောင်)
* ပူအန်ထော်နီကပ်ခန့်ခွာ (ဇိုမီးအမျိုးသားကွန်ဂရက်)
* ကိုလက်ျာထွန်း (ကျောင်းသား) (ထောင်ဒဏ်တသက်တကျွန်း၊ (1.12.1998) (လက်ရှိ သာယာဝတီထောင်)
* မလှလှမော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-အဖွဲ့ဝင်)

ဆုများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးန့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရုံးချုပ်) တွင် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား
NLD ပါတီ နာယကအဖွဲ့ဝင်များဖြစ်သော သူရဦးတင်ဦးနှင့် ဟံသာဝတီ ဦးဝင်းတင်တို့က ဦးဆောင်ကာ ပေးအပ်
ချီးမြှင့်သွားမည်ဖြစ်ပါသည်။

မိမိတို့ ကော်မတီအနေဖြင့်လည်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားတရပ်အား
ကျင်းပပြုလုပ်သွားနိုင်ရန် စီစဉ်လျှက်ရှိပါသည်။

အဆိုပါ သူရဲကောင်း (၅) ဦး၏ ဓတ်ပုံ၊ ကိုယ်ရေးအကျဉ်း၊ နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းများ နှင့်
အခြားသော မှတ်တမ်းမှတ်ရာများအား အများပြည်သူများ သိရှိနိုင်ရန် နှင့် အကြာမီအချိန်အတွင်း ဖြန့်ချီနိုင်ရန်အတွက် ကြိုးပမ်း စုဆောင်းလျှက်ရှိပါသည်။

အကယ်၍ သိရှိသူများရှိပါက နည်းလမ်းပေါင်းစုံဖြင့် ၀ိုင်းဝန်းဖော်ထုတ် တင်ပြပေးနိုင်ကြပါရန် တိုက်တွန်းနှိုး ဆော် ပန်ကြားအပ်ပါသည်။

စံပြုထိုက်သော စံပြနိုင်ငံသား ကျနော်တို့၏ သူရဲကောင်းများအား
ဝိုင်းဝန်းဖော်ထုတ် ဂုဏ်ပြုရင်း အမျိုးသားရေး တာဝန်များအား
အတူတူပူးပေါင်း ထမ်းဆောင်ကြပါစို့...

လေးစားစွာဖြင့်
မင်းထက်ဇော်

Image may be NSFW.
Clik here to view.

Image may be NSFW.
Clik here to view.


Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>