Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဂုဏ်ရှိန်တင့်တဲ့ တုနိုင်းမမီ ဒေါ်အောင်ဆန်းစုကြည်

$
0
0

အဲယားဖို့ဝမ်းလေယာဉ်လဲ စီးပြီးမလာခဲ့ဘူး
ဂုဏ်ပြု အမြောက်လဲ ၁၉ ချက် မဖောက်ခဲ့ဘူး
ဂုဏ်ပြုတပ်ဖွဲ့လဲ အလေးမပြုခဲ့ဘူး
ကောဇောနီခင်းပြီးတော့လဲ မကြိုဆိုခဲ့ဘူး.
အထူးဧည့်သည် ဝင်ထွက်ပေါက်လဲ မသုံးခဲ့ဘူး
အထူးဧည့်သည်ကားလဲ မစီးခဲ့ဘူး

ဒါပေမဲ့ သူမစီးခဲ့တဲ့ လေယာဉ်မှူးက
သူမကို အမြင့်မားဆုံး အနေအထားနဲ့ ဂုဏ်ပြုခဲ့တယ်
ကြွေးကြော်သံတွေနဲ့ လက်ခုပ်သံတွေက
အမြောက်ပစ်ဖောက်သံထက် ကျယ်လောင်ခဲ့တယ်
သူမကို ကြိုဆိုဂုဏ်ပြုသူတွေဟာ
ဂုဏ်ပြုတပ်ဖွဲ့ထက် ပိုညီညာခဲ့တယ်..
သူမလျှောက်လှမ်းတဲ့လမ်းတိုင်းမှာ
အားလုံးဟာ အပြုံးပန်းတွေပွင့်နေခဲ့တယ်
အထူးဧည့်သည် အခွင့်အရေးမသုံးပေမဲ့
အထူးဧည့်သည်ထက် ပိုမိုဂရုစိုက်မှုခံခဲ့ရတယ်

သူမတက်ရောက်တဲ့ စည်းဝေးပွဲမှာ
သူမဟာ ကြယ်တွေကြားက လမင်းတစ်စင်းဖြစ်နေခဲ့တယ်..
ပညာရဲ့ရင့်တဲ့ဂုဏ်တွေနဲ့ လူပုံအလည်မှာ ပွဲလယ်တင့်ခဲ့တယ်..
ပြည်တွင်းပြည်ပမီဒီယာတွေဟာ နိုင်ငံ့ခေါင်းဆောင်များ ထက်ပိုတဲ့
တင်ဆက်မှုတွေနဲ့ အထူးအလေးထား ထုတ်လွှင့်ခဲ့တယ်...
ရောင်စုံတဲ့ ပန်းခင်းအလယ်မှာ ဥဒေါင်းမိခင် တွန်သံကျူးလို့
မြန်မာကို ကမ္ဘာက သိအောင်ကြံဆောင်ခဲ့တယ်..

အဝေးရောက်သားသမီးတွေ အတွက်
သူမဟာ မိခင်ကောင်းတစ်ယောက် ပီသခဲ့တယ်...
အနှိမ်ခံနေခဲ့ရတဲ့ သားသမီးတွေ
အမေ့ရဲ့ ဂုဏ်အရှိန်အဝါ အရိပ်အောက်မှာခေါင်းမော့နိုင်ခဲ့တယ်...
လျှောက်လှမ်းတဲ့ လမ်းတိုင်းမှာ ပန်းများပွင့်လို့..နေကောင်းကျန်းမာပါစေ
သူမဆိုတဲ့....ကျွန်တော်တို့ မြန်မာပြည်ရဲ့ အမေ

(အမေ..ဒေါ်အောင်ဆန်းစုကြည်၏ ၂၄ နှစ်အတွင်း
ပထမဆုံးပြည်ပခရီး (Bangkok) အမှတ်တရ)
Zaw Myo Win



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>