Image may be NSFW.
Clik here to view.
ရက်စွဲ ၂၀၁၂ခုနှစ်၊ ဇွန်လ (၁၁)ရက်။
၁။ ပြည်သူများတွင် အများစုမှာ နေ့စဉ်ဝင်ငွေရရှိရန် ရုန်းကန်ရှာဖွေ စားသောက်နေကြရသော အခြေခံလူတန်းစားများ ဖြစ်ပါသည်။
၂။ မိမိတို့၏ ရင်သွေးငယ်များသည်လည်း ပညာသင်ကြားရေးအတွက်လည်း နေ့စဉ်ကျောင်းများတွင် ပညာသင်ကြားနေကြရပါသည်။
၃။ မိမိတို့အပါအ၀င် မိသားစုဝင်အများစုမှာ နေ့စဉ် ၀င်ငွေအတွက် လည်ပတ်နေကြသော ပုံမှန်အလုပ်ဆင်းနေရသည့် ၀န်ထမ်းများဖြစ်ကြသည်။ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီဝန်ထမ်းများအပါအ၀င် ခေါင်းရွက်ဗျက်ထိုး လက်လုပ်လက်စား အခြေခံ အလုပ်သမားများ ဖြစ်ကြပါသည်။
၎။ လူမှုကိစ္စ၊ အိမ်မှုကိစ္စများတွင် အေးအေးချမ်းချမ်းလည်ပတ်နေကြသော ပုံမှန် တည်ငြိမ်သောဘ၀ကို လူတိုင်းကြိုက်နှစ်သက်ကြပါသည်။ သဘောလည်းကျကြပါသည်။ အဓိကရုဏ်းများ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပေါ်လာပါက အေးချမ်းတည်ငြိမ်သော မိသားစုဘ၀များအားလုံး ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာမည်ကို အားလုံး ဆင်ခြင်တွေးတောကြပြီး ယခုဖြစ်ပေါ်နေသော လူမျိုး၊ ဘာသာ၊ စီးပွား၊ နိုင်ငံရေး စသော အဓိကရုဏ်များကို မိမိတို့အနေဖြင့် မပါဝင်ကြရန်နှင့် မိမိတို့မိသားစုဝင်များလည်း မပါဝင်ကြရန် ဆင်ခြင်ထိန်းသိမ်း ကာကွယ်ကြရမည့်အချိန်ဖြစ်ပါသည်။
၅။ ထို့ကြောင့် မိမိကိုယ်၌သော်လည်းကောင်း မိမိတို့၏ မိသားစုဝင်တစ်ဦးဦးသော်လည်းကောင်း မည်သည့် ဆူပူမှု၊ အဓိကရုဏ်များ၌ မပါဝင်ကြစေဘဲ အထူးသိတိထားဆင်ခြင်နေထိုင်ကြပါရန် သတိပေးထုတ်ပြန်လိုက်ပါသည်။
ဆရာတော် ဦးပဏ္ဍ၀ံသ
ဦးဇ၀န
ရွှေဝါရောင်သံဃာတော်များ
ရွှေတောင်ကျောင်းတိုက်။