Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အန်အယ်လ်ဒီပါတီ တရားဝင်မှတ်ပုံတင်အမှတ်ရရှိပါက ဒီလှိုင်းအမည်ဖြင့် စာစောင်ထုတ်ဝေရန် အစီအစဉ်ရှိ

$
0
0
ဝင့်သင်ဇာကျော် (မြစ်မခ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် တရားဝင်မှတ်ပုံတင်အမှတ်ရရှိပါက ပါတီသစ်ထူထောင်ပြီး နောက် ဒီလှိုင်းအမည်ဖြင့် စာစောင်ထုတ်ဝေရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

အဆိုပါစာစောင်၏ အယ်ဒီတာအဖွဲ့မှာ ဦးအုန်းကြိုင် ၊ မုံရွာအောင်ရှင် ၊ ဖျာပုံနီလုံဦးနှင့် ငြိမ်းသစ်တို့ ဖြစ်ကြောင်းကိုလည်းသိရှိရသည်။

“ပါတီသစ်ထောင်ပြီးရင် အောင်နိုင်ရေးအတွက် အရင် လုပ်မယ် စာစောင်လုပ်ဖို့က စီစဉ်နေတုန်းပါဘဲ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အကုန်လုပ်ပါမယ်”ဟု ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

စာစောင်ထုတ်ဝေရခြင်းမှာ အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြစ်သလို ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ထုတ်ရခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုလည်းပါပါတယ်၊ အဓိကက အောင်နိုင်ရေးကို ဦးစားပေးပြီး ပါတီတွင်း လှုပ်ရှားမှုတွေကို သိရှိနိုင်ဖို့အတွက်စာစောင်ထုတ်ဝေသွားမှာပါ”ဟုအဖွဲ့ချုပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖျာပုံနီလုံဦး က ပြောသည်။

အဆိုပါ စာစောင်တွင် ပါတီတွင်း လှုပ်ရှားမှုများ၊ ပြည်နယ်နှင့်တိုင်းမှ အဖွဲ့ချုပ်အဖွဲ့ဝင်များ၏ နိုင်ငံရေးလှုပ်ရှားမှု များနှင့် ကာတွန်း၊ဆောင်းပါးစုံလင်စွာဖြင့် ထုတ်ဝေမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အဖွဲ့ချုပ်ရုံး များသို့ ဖြန့်ချီရန် အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့က အန်အယ်လ်ဒီဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်း နှင့် ဦးဝင်းမြင့်တို့မှ နေပြည်တော်သို့ သွားရောက်မှတ်ပုံတင်ခဲ့ပြီး လက်ရှိအချိန်တွင် တရားဝင်ပါတီ ဖြစ်မြောက် ရန်အတွက် ခွင့်ပြုချက်စောင့်ဆိုင်းနေကြောင်း သိရှိရသည်။



Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်မာ့တပ်မတော်၏ စစ်လက်နက်ဖြည့်တင်းခြင်း


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


TTA Oreo Gapp Installer


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ကျမသာလျှင် ဗိုလ်ချုပ်နေ၀င်း၏မယားကြီးပါ(ပိတ်စေ အမိန့်မှ သတင်းအစများ)


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


သမာဝတီ၏ မေတ္တာအစွမ်း။


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>