Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရွှေည၀ါ ဆရာတော်အားအရေးယူမှု ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်စာရေးမည်

$
0
0
Photo.Burma vj media network
(YPI)

ရွှေည၀ါ ဆရာတော် သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားပေးရန် အချက်ပါဝင်သည့် နိုင်ငံတော် ဗဟို သံဃာ့နာယက အဖွဲ့မှ သတိပေးစာ ပို့ခံရသည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ယနေ့နံနက်ပိုင်းတွင် ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတော် ဗဟိုသံဃာ့နာယက ...အဖွဲ့ထံစာရေးမည်ဟု ဆရာတော်၏ တကာအချို့ကပြောသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ယနေ့နံနက်ပိုင်းက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဗဟိုအလုပ်အမှုဆောင်များ အန်အယ်ဒီရုံးချုပ်၌ စည်းဝေးခဲ့ကြပြီး ဆရာတော် အနေဖြင့် မန္တလေးတိုင်း အန်အယ်ဒီရုံးဖွင့်ပွဲတွင် တရားဟောရာမှ ယခုကဲ့သို့ဖြစ်ပွားရသဖြင့် စိတ်မကောင်းကြောင်းနှင့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စာတစ်စောင် ရေးသားပေးပို့ရန် သဘောတူညီခဲ့ကြသည်ဟု မွန်းလွဲပိုင်းတွင် ဦးတင်ဦးက ဆရာတော်အား လာရောက်လျှောက်ထားခဲ့သည်။

ယခုလို ဒေါ်အောင်ဆန်းစုကြည်က စာတစောင်ရေးသားပေးပို့မည်ဖြစ် သကဲ့သို့ ဆရာတော် အနေဖြင့်လည်း နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ အသနားခံစာ တစောင် ပေးပို့ရန် မွန်းလွဲပိုင်းတွင် ရေးသားလျှက်ရှိသည်ဟု မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဆရာတော်အားတွေ့ဆုံမေးမြန်းခွင့် ရခဲ့စဉ် ဆရာတော်က မိန့်ကြားလိုက်သည်။

၎င်းအနေဖြင့် ယခုလို အသနားခံစာ တင်ရန် အကြောင်းမရှိသော်လည်း အားလုံးက ၀ိုင်းဝန်းတိုက်တွန်းသဖြင့် ယခုလိုစာတင်ဖို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် ပြီးနောက် သူတို့ဘက်က မည်သို့ ဆုံးဖြတ်မည်ကို စောင့်ကြည့် ရမည်ဖြစ်ကာ အဆိုးဆုံးတွက်လည်း ပြင်ဆင်ထားကြောင်း လည်း ဆက်လက် မိန့်ကြားသည်။



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>