Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒေါ်အောင်ဆန်းစုကြည်၊ Norway နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoereနဲ့ ကမ္ဘာကျော် U2 အဖွဲ့မှ အဆိုတော် Bono တို့ ယနေ့ Oslo peace forum တွေ့ဆုံကြစဉ်

$
0
0




Photo..AFP,Getty images

ဇွန် ၁၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေကနေ အိုင်ယာလန်နိုင်ငံ Dublin မြို့တော်ကို ခရီးဆက်ဖြစ်ပြီး အဲဒီနေ့မှာပဲ Dublin မြို့တော်မှာ ညနေပိုင်းကျင်းပမယ့် ဂုဏ်ပြုအခမ်းအနား မှာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့က ချီးမြှင့်တဲ့ Ambassador of Conscience “ယုံကြည်ချက် ခိုင်မာပြတ်သားမှု သံတမန်” ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။

အဲဒီနောက် U2 အဖွဲ့ရဲ့ နာမည်ကျော် အဆိုတော် Bono က ဒေါ်အောင်ဆန်းစုကြည်ကို ဂီတပွဲနဲ့ ဧည့်ခံဖျော်ဖြေမှာ ဖြစ်ပါတယ်။ အဲဒီမှာ (၆)နာရီကြာလောက်ဘဲနေမှာဖြစ်ပါတယ်။

ဇွန် ၁၈ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ Dublin မြို့တော်ကနေ London မြို့တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဇွန်လ ၂၆ ရက်နေ့ထိ အင်္ဂလန်နိုင်ငံမှာ နေထိုင်မှာဖြစ်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် (၆၇) နှစ်မြောက် မွေးနေ့ကို မိသားစုနဲ့ အတူ ဆင်နွှဲမှာ ဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Oxford တက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်သလို ဇွန်လ ၂၁ ရက်နေ့မှာ၊ ဗြိတိသျှပါလီမန်ရဲ့ အထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ မှာ ဒေါ်အောင်ဆန်း စုကြည်ဟာ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ဒ်)ရဲ့ ဖိတ်ကြားချက်နဲ့ London မြို့တော်ကနေ Paris မြို့တော်ကို သွားရောက်မှာ ပါ။ ပြင်သစ်နိုင်ငံကနေ ဇွန်လ ၂၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ကို ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
(v0a)



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>