Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဦးသိန်းစိန်အစိုးရအပါအ၀င် နောင်အစိုးရအဆက်ဆက် ရင်ဆိုင်ရမည့် ဆိုးမွေများကို သုံးသပ်ခြင်း။

$
0
0
အခု ဖော်ပြသော အချက်များသည် ယခုဦးသိန်းစိန်အစိုးရသစ်လက်ထက်မှ စတင်ကာ နောင် တက်လာမည့်အစိုးရတိုင်းအတွက် အမြစ်တွယ် ဖြိုဖျက်ရခက်သည့် ကင်ဆာကဲ့သိုသော ပျက်စီးမှုဟု တင်စားနိုင်ပါသည်။ အကျင့်ပျက်ချစားခြင်း၊ Rule Of Law မရှိခြင်း အစရှိသည်ကို အခြေခံထားသော ယိုယွင်းမှုများသည် ယခု ဦးသိန်းစိန် အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် အနည်းငယ်ပေးထားချိန်တွင် မတိုင်ပင်ထားပါပဲ တစ်ပြိုင်တည်း ထွက်ပေါ်လာနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ခေါင်းငုံခံနေကြရသူများ ခေါင်းမော့လာကြသလို ဝေဖန်ထောက်ပြသူ ပညာရှင်များ မီဒီယာများ ပေါ်ထွက်လာသည်။ ထို့ကြောင့် ယခင် စစ်အစိုးရ၏ အဖက်ဖက်မှ စွန့်ပစ်ခဲ့သော ချေးထုပ်ကြီးအား ယခု အစိုးရသစ်မှ ခေါင်းပေါ်ရွက်ကာ လိုက်ဖြေရှင်းနေရသည့်ဘ၀ ရောက်နေသည် ကို လည်း စာနာမိပါသည်။ ထို့ကြောင့် ထိုကိစ္စများထဲမှ မိမိ လက်လှမ်းမီရာများကို လေ့လာဖော်ပြလိုက်ပါသည်..။

(၁) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ အတွင်းမှ .. ၂၀၁၂ အတွင်း ဖြစ်ပေါ်ခဲ့သော လယ်သမားများနှင့် ပြည်သူများ အိုးအိမ်ရုံး အစရှိသည်တို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခြင်း။
အဖြေ = ယခင်စစ် အစိုးရလက်ထက် ၁၉၈၉ မှစခဲ့သောဖြစ်စဉ်များဖြစ်ပြီး.. အစိုးရနှင့် ပလဲပနံသင့်သော ကုမ္မဏီများ၏ ငွေမတန်တဆပေးချေကာ ..လယ်မြေ/မြေယာသိမ်းယူမှုများပြုလုပ်ခဲ့ခြင်းကို မကျေနပ်ကြသဖြင့် ယခု အစိုးရသစ်လက်ထက် ကြမှ ဆန္ဒပြကြခြင်း။ ဆန္ဒပြရဲသောဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေခြင်း။ (ယခုဆန္ဒပြမှုများမှာ ၁၉၈၉ မှ ၂၀၁၀) အတွင်း မြေယာသိမ်းယူမှုများကို ဆန္ဒပြခြင်းဖြစ်ပါသည်။


(၂) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ အတွင်းမှ ၂၀၁၂ အတွင်း ဖြစ်ပေါ်ခဲ့သော
စက်မှု့ဇုံ အလုပ်သမားများ ဆန္ဒပြပွဲများ..


အဖြေ = ယခင်စစ်အစိုးရလက်ထက် ၁၉၈၉ မှ စခဲ့သော အလုပ်သမားဥပဒေများ/အလုပ်သမားအကျိုးခဲစားခွင့်များ (အခြေခံလစာဆိုင်ရာ သတ်မှတ်ချက်များ) အားနည်းခြင်း ကြောင့် အလုပ်ရှင်များ နှိပ်ကွပ်သမျှ နှစ် (၂၀) ခန့် နင်းပြား ဖြစ်ခဲ့ရခြင်း။
(ယခင်က ဆန္ဒပြလျှင် ... ယခုလောက် အလုပ်သမားဝန်ကြီးဌာနမှ မဆောင်ရွက်ပဲ မသိချင်ယောင်ဆောင်ထားခြင်းက အားလုံးအသိပင်။


(၃) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ မှ ၂၀၁၂ အတွင်း မော်တော်ယာဉ် လိုင်များအားလုံးနီးပါးမှ ဖြစ်ပေါ်လာသော ယာဉ်စည်းကမ်းဖောက်ဖျက်မှုများ။ ယာဉ်မတော်တဆမှုများ.. အုပ်စုဖွဲ့အနိုင်ကျင့်မှုမှုများ သိသာထင်ရှားလာခြင်း။


အဖြေ။ == ယခင် စစ်အစိုးရလက်ထက် မထသ နှင့် အပါအ၀င် အခြားယာဉ်လိုင်းစုံတို့အား စစ်မှုထမ်းဟောင်များနှင့် စီးပွားရေးဦးပိုင်လီမိတက်တို့မှာ အင်အားသုံးချယ်လှယ်နေကြသဖြင့် လုပ်ချင်တာလုပ်နေကြခြင်။ ယာဉ်ထိန်းရဲများအားလည်း လေးစားကြောက်ရွှံခြင်းမရှိတော့ဘဲ ငွေပေးရင်ရတယ်ဟုသောသဘောဖြင့် ပိုက်ဆံလိုချင်သော သူတောင်းစားသာသာ ဆက်ဆံခဲ့သည်မှာ နှစ်ပေါင်းများစွာ ထုံးစံလိုဖြစ်နေခြင်း။
(မထသ ၃၅ လိုင်းဆိုလျှင် ယာဉ်ထိန်းရဲအား တိုက်သတ်မှုမှာ တစ်ခုထက်ပိုပါသည်။)


(၄) ဦးသိန်းစိန်အစိုးရသစ်လက်ထက် ၂၀၁၀ မှ ၂၀၁၂ အတွင်း ရေအားလျှပ်စစ် စီမံကိန်းကြီးများ ကန့်ကွက်ခံရခြင်းင့် ရပ်တန့်ခံရခြင်း။


အဖြေ === ယခင်စစ်အစိုးရလက်ထက် ရေအားလျှပ်စစ်စီမံကိန်းများကို ကော်မရှင်ရလျှင်ပြီးရော/ဒေါ်လာရလျှင်ပြီးရော စိတ်ထားဖြင့်.. MOU ထိုးကာ ခွင့်ပြုခဲ့ခြင်း။ လက်မှတ်ထိုးသူ တာဝန်ရှိသူဝန်ကြီးများမှမှ MOU တွင် ဘယ်လိုရေးထားသလဲဆိုတာတောင် သေသေချာချာ မဖတ်ပဲ ဆုံးဖြတ်ခဲ့ကြခြင်း။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် ပြည်သူလူထုကို အကျိုးပြုခြင်းဆိုင်ရာ EIA, SIA များကို လျစ်လျူရှုကာ..ထင်သလိုပြုမူခဲ့ခြင်း။


(၅) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ တွင် ဖြစ်ပေါ်လာသော နယ်မြေတွင်း တရားမ၀င်/တရားဝင် နည်းများဖြင့် စိမ့်ဝင်ပျံ့နှံ့လာသော ဘင်္ဂလီများကြောင့် အရေးအခင်းများဖြစ်ပွားခြင်း။ ရခိုင်တိုင်းရင်းသားများ သေကြေပျက်စီးခြင်း


အဖြေ === ယခင် စစ်အစိုးရလက်ထက် နိုင်ငံတ၀ှမ်း မကြုံစဖူး အဂတိလိုက်စားမှုကြီးများဖြစ်ပေါ်ခဲ့ပြီး နယ်စပ်ဒေသ (ဘင်္ဂလား) မှ ဘင်္ဂလီများ ငွေပေးလျှင် အလွယ်တကူ ၀င်ရောက်လာခဲ့ခြင်း။ ထိုမှတစ်ဆင့် ပိုမိုများပြားလာခြင်း။ လ၀ကဥပဒေ ခိုင်မာသောလည်း White card ကို လူဦးရေ ငါးသိန်းနီးပါးကို ထုတ်ပေးထားခြင်းအပြင် လက်ရှိ တရားမ၀င် လူဦးရေ ငါးသိန်းနီးပါး (အဂတိလိုက်စားမှုများအရ) ရခိုင်ပြည်တွင်းတွင် ရောက်ရှိနေခြင်း။ ထို့အပြင် ၁၉၈၉ နောက်ပိုင်းမှဝင်ရောက်လာသော ဘင်္ဂလီများက ရန်ကုန်တွင် အခြေချကာ နိုင်ငံတော်သူဌေးများအဆင့်အဖြစ်ရောက်ရှိနေခြင်။ ထိုသူဌေးများထဲမှ ပြည်ခိုင်ဖြိုးအမတ်များအဖြစ်ရောက်ရှိနေကာ ရိုဟင်ဂျာကို တိုင်းရင်းသားလူမျိုးအဖြစ်သတ်မှတ်ပြီး စိစစ်ရေးကတ် ပန်းရောင် ထုတ်ပေးရန်တောင်းဆိုသည်အထိ ဆိုးဝါးလားခြင်း။


(၆) ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် .ရွှေတူးနှင့် သတ္တုတူးဖော်ထုတ်လုပ်သော ကုမဏီ ရာပေါင်းများစွာမှ အစိုးရသစ်သို့ အခွန်ဆောင်ရန် ပျက်ကွက်ခြင်းနှင့် အလုပ်သမားများ ဆန္ဒပြခြင်း။ ပညာရှင်းများ/စစ်ဆေးရေးအဖွဲ့များ ဖြင့် ဖွဲ့စည်းဆာင်ရွက်ခြင်းမရှိသဖြင့် မြစ်ချောင်းများ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း


အဖြေ === ယခင် စစ်အစိုးရလက်ထက် မျက်နှာကြီးသူများ၊ သြဇာရှိသူများနှင့် (တရုတ်) သြဇာခံကုမဏီများအား ရွှေတူးဖော်ခွင့်ပြုခြင်းအပြင် ဒေသအာဏာပိုင်များ ၀င်ရောက်စွက်ဖက်ရန်မလွယ်သော အခြားလုပ်ပိုင်ခွင့်များကို ပေးထားခြင်း။ ရင်းနှီးမြုပ်နှံမှုဥပဒေများ ခိုင်ခိုင်မာမာ မရှိခြင်း။


(၇) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ ခုနှစ်တွင် အစိုးရ၏ လယ်လုပ်သူများ လယ်ပိုင်ရေးနှင့် လယ်သမားများ လယ်ပိုင်ရေးမျှော်လင့်ချက်များအား ကြိုးစားသမျှ အရာမထင်ခြင်း။


ဖြေ = စစ်အစိုးရလက်ထက် ၂၀၀၀ ၀န်းကျင်ခန့်မှစတင်ပြီး (ဦးရွှေမန်း၏သားပိုင်ဆိုင်သော) ဧရာရွေှ့ဝါ၊ ၀ါဝါ၀င်း အစရှိသော ကုမဏီကြီးများက လယ်သမားကို စပါးပေး (စိုက်ပျိုးစရိတ်ချေးငွေ) ထုတ်ခြင်းပြီး လယ်များကို အပိုင်ရယူရန်(ချစ်တီး) များကဲ့သို့ ကြိုးစားခဲ့ခြင်း။ ၂၀၀၈ နာဂစ်အပြီးတွင်လယ် (ဦးတေဇပိုင်) ထူး .. စသော ကုမဏီများမှ ပြန်လည်ထူထောင်ရေးအကြောင်းပြကာ လယ်ယာလုပ်ငန်းများတွင် ၀င်ရောက်ရင်းနှီးမြုပ်နှံလာကြခြင်း။ ယနေ့အချိန် ၂၀၁၂ တွင် လယ်လုပ်သူလယ်သမားးများထက် ကုမဏီပိုင်လယ်များ များပြားနေသလို လယ်သမားအများစုမှာ သူရင်းငှား အဖြစ် ကုမဏီလယ်များတွင် ပြန်လည်လုပ်ကိုင်နေရခြင်း။


(၈) အစိုးရသစ်လက်ထက် ၂၀၁၀-၂၀၁၂ တွင် နိုင်ငံအတွင်း အင်အားအကြီုံးဆုံး စီးပွားရေးလုပ်ငန်းစုကြီများ အခွန်ဆောင်မှု နည်းပါးခြင်း

အဖြေ = စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) မှ အစပြုကာ အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် ပလဲပနံသင့်နေသော ကုမဏီများ၊ တပ်မတော်ပိုင် စီးပွားရေးဦးပိုင်လီမိတက်နှင့် စစ်ထောက်ချုပ်ဦးဆောင်သော မြန်မာနိုင်ငံစီးပွားရေးကော်ပိုရေးရှင်း (MEC) အစရှိသည်တို့မှ အခွန်ဆောင်မှု နည်းပါးခြင်းမှစတင်ကာ ယနေ့အချိန်အထိ အခွန်ရှောင်နေကြခြင်း။


(၉) အစိုးရသစ်လက်ထက် နိုင်ငံတကာမှ စီးပွားရေးကန့်သန့်မှုများ ပျက်ပြယ်ကာ စီးပွားရေးပိတ်ဆိုမှုကို လျှော့ချလိုက်သော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မ၀င်သေးခြင်း။


အဖြေ == စစ်အစိုးရလက်ထက် (၁၉၈၈-၂၀၁၀) မှ စတင်ကာ ယနေ့အထိ ပြဌာန်းထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေများ/အလုပ်သမားဥပဒေများ ခိုင်မာမှုမရှိခြင်း။ နှစ်ပေါင်းများစွာ ..အမိန့်ကြော်ငြာစာများဖြင့်သာ စီမံခန့်ခွဲခဲ့ခြင်း ..။ ယခု အစိုးရသစ်လက်ထက်တွင် ၂၀၁၂ တွင် မခိုင်မာ၊ ခေတ်မမီတော့သော ဥပဒေများကို ပြင်ဆင်ရေးဆွဲပြဌာန်းနေရခြင်း။


(၁၀) အစိုးရသစ်လက်ထက် Myanmar အစား Burma ဟုသော အသုံးအနှုန်းကို ကန့်ကွက်ရန်ကြိုးစားခြင်။။ လူငယ်များ တိုင်းရင်းသားများမှ Myanmar - Burma ဟုသော အသုံးအနှုန်းများအား ၀ိဝါဒ သဘောထား ကွဲလွဲစပြုလာခြင်း။


အဖြေ ==== ယခင်စစ်အစိုးရလက်ထက် ၁၉၈၉ တွင် အင်္ဂလိပ်အသုံအနှုန်းများအား မြန်မာအသံထွက်ဖြင့် စာလုံးပေါင်းရန် သတ်မှတ်ခဲ့ခြင်းကြောင့် Burma ကို Myanmar ဟုသော စကားရပ်ဖြင့် ပြဌာန်းချက်ထုတ်ကာ အာဏာတည်စေခဲ့ခြင်း။


(၁၁) အစိုးရသစ်လက်ထက်တွင် မော်တော်ယာဉ်များအား တင်သွင်းမှု ပေါ်လစီနှင့် အခွန်များ လျှော့ချကာ ပြုပြင်ပြောင်းလဲလိုက်ခြင်းကြောင့် မော်တော်ယာဉ်ပိုင်ဆိုင်သူများ နစ်နာခဲ့ခြင်း။ စီးပွားရေးထိခိုက်လာခြင်း။

အဖြေ === ယခင်အစိုးရလက်ထက်တွင် နှစ်ပေါင်းများစွာ ကားတင်သွင်းမှုကို ကန့်သတ်ကာ ဦးပိုင်ကဲ့သို လုပ်ငန်းရှင်များကိုသာ သီးသန့်ဖွင့်ပေးခဲ့ခြင်းကြောင့် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ အတွင်း ကားတစ်စီး၏ပေါက်ဈေးမှာ အဆ ၁၀၀ နီးပါးခန့်တက်သွားခဲ့သဖြင့် ယခုလို ပြုပြင်ပြောင်းလဲမှုများစွာလုပ်ဆောင်နေချိန်တွင် ထိုအချိန်က ကားဈေးမြှင့်ကာဝယ်ယူထားသူများမှာ များစွာနစ်နာခဲ့ခြင်း။

အဲဒီကိစ္စများဟာ .. ၂၀၁၅ အတွင်းမှာ အားလုံး အဆင်ပြေသွားနိုင်ဖို့ မလွယ်ပါ။ အမြစ်ကအစနှုတ်ယူဖို့ ဆယ်စုနှစ်များစွာ အချိန်ယူရမှာပါ။

အစရှိတဲ့ အထုပ်အရှုပ်တွေကို လေ့လာရင်းနဲ့ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၄၅) ကို ပြန်လည်မြင်ယောင်မိပါတော့တယ်.။


“ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကို လည်းကောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ်အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။”


ကဲ... ဘယ်လိုလုပ်ကြမလဲ....။

သမ္မတကြီးကတော့ ပြောပါတယ်..။ နောက်ကြောင်းပြန်မလှည့်ကြေး..တဲ့... သူပြောတာကို.. သဘောပေါက်သလိုလိုတော့ ရှိသား။။။

ရန်အောင်..



Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>