Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အဖမ်းဆီးခံထားရသူများဖြစ်သည့် ဒီငြိမ်းလင်း၊စည်သူမောင်၊ရဲမြတ်ဟိန်းနှင့်မဖြိုးဖြိုးအောင်တို့အား 7julyအခမ်းအနားပြီးဆုံးချိန်နှင့်အချိန်ကိုက် ပြန်လွှတ်

$
0
0
နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး မိခင်နှင့် အတူ ထိုင် နေသော ကိုဒီငြိမ်းလင်း ၇ .၇.၂၀၁၂ (၈း၃၀)
၈၈ ရုံးခန်းသို့သွားရန် ကိုဒီငြိမ်း၏ နေအိမ်တွင်ပြင်ဆင်နေသော ကိုဒီငြိမ်းလင်း နှင့် ကိုစည်သူမောင် ၇.၇.၂၀၁၂ ည (၈း၄၀)
ယနေ့နေ့ခင်း ၁၁း၀၀ နာရီတိတိတွင် ညက အဖမ်းဆီးခံထားရသူများဖြစ်သည့် ဒီငြိမ်းလင်း၊စည်သူမောင်၊ရဲမြတ်ဟိန်းနှင့် မဖြိုးဖြိုးအောင်တို့ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။အခမ်းနားပြီးဆုံးချိန်နှင့် အချိန်ကိုက် လွှတ်ပေးလိုက်ခြင်းဟု ယူဆရသည်။

ဇူလိုင် ၆ ရက်နေ့ ညက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ကျောင်းသားသမ္မဂ အဆောက်အဦး ဖြစ်မြောက်ရေးကော်မတီ မှ ဒီငြိမ်းလင်း၊ စည်သူမောင် ၊ ရဲမြတ်ဟိန်း နှင့် မဖြိုးဖြိုးမောင်တို့ အပါအ၀င် မြင်းခြံ ၊ မုံရွာ ၊ရွှေဘို၊ လားရှိုး နှင့် မန္တလေး တို့မှ လူငယ်ကေ...ျာင်းသား ခေါင်းဆောင်များ ကို ယနေ့ နေ့လည် ၁၁ နာရီက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

"အခု ၁၁ နာရီက ပဲ မနေ့ညက အဖမ်းခံလိုက်ရတဲ့ သူတွေအားလုံး ပြန်လွှတ်ပေးလိုက်ပြီ ဆိုပြီးတော့ ဖုန်းဝင်လာတယ် သူတို့ ဒီကိုတော့ ရောက်မလာသေးပါဘူး" ဟု ၈၈ - မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးက အတည်ပြု ပြောသည်။

အဆိုပါ လူငယ်ကျောင်းသားခေါင်းဆောင်များကို ဇူလိုင် ၆ ရက် ည ၉း၃၀ ခန့်တွင် နေအိမ်များသို့ လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ရှိ ကျောင်းသားခေါင်းဆောင် ၄ ဦးကိုမူ ပြည်ထဲရေး ရုံးတွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ မန္တလေးမှ အောင်မှိုင်းဆန်း ၊ မိုးထက်နေ ၊ တို့ အပါအ၀င် မြင်းခြံမှ ၇ ဦး မုံရွာမှ ၄ ဦး ရွှေဘိုမှ ၄ ဦး လားရှိုး မှ ၄ ဦး တို့ ပါဝင်ကြောင်း သိရပြီး ယင်းတို့ အားလုံးကို တစ်ပြိုင်တည်း လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံ လူငယ်များ ကျင်းပမည့် ဇူလိုင် ၇ ရက်နေ့ အခမ်းအနားကိုမူ ၈၈-မျိုးဆက်ကျောင်းသားများက ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး နေ့လည် ၁၁ နာရီတွင် ပြီးဆုံးခဲ့ခြင်း ဖြစ်ရာ ယင်းအခမ်းအနားပြီးသည့် နေ့လည် ၁၁ နာရီတွင် ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများအား ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
88 Generation Students,Yangon media group,D Nyein Lin Facebook



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


တောင်ငူ အင်အားကြီးထွားလာပုံ


''ပါဂျောင်မြေမှ အရိုးတွန်သံ'


စင်ကာပူမှာ ၆ နာရီအတွင်း ၂ ကြိမ် မုဒိမ်းကျင့်ခံရတဲ့ အသက် ၃၅ နှစ်ရှိ မြန်မာအိမ်အကူ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>