Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပြန်လည် လွတ်မြောက်ခဲ့သော ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များအား ၈၈ ရုံးခန်းတွင် ကြိုဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့

$
0
0

ဇူလိုင်လ (၇) ရက်နေ့ ည ၉နာရီခန့်တွင် ပြန်လည် လွတ်မြောက်ခဲ့သော ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များအား ဇူလိုင်လ (၉) နာရီခွဲခန့်၌ ၈၈ ရုံးခန်းတွင် ကြိုဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

"သူတို့ပြောတာကတော့ ကျောင်းသားသမဂ္ဂဆိုတာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အခုလိုပွဲမျိုးတွေကို လုပ်ခွင့်မရှိဘူး။ နောက်ပြီး ကျွန်တော်တို့ကို ခေါ်ယူ ထိန်းသိမ်းတယ်လို့ မပြောဘူး။ ခေါ်ယူဆွေးနွေးတာလို့ပဲ ပြောတယ်။ ဒီပွဲအတွက် ခေါ်ယူဆွေးနွေးတာ။ ပွဲပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လို့တော့ အာမခံချက်ပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မနက် ၃ နာရီလောက်အထိ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးတာတွေ လုပ်တယ်။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေ လုပ်တာပါ"ဟု ထိန်းသိမ်းခံရသော ကျောင်းသားတစ်ဦးဖြစ်သူ ကိုစည်သူမောင်က ပြောပါသည်။

"ကျွန်မတို့ကို စစ်ဆေးတာကတော့ ဒီ 7 July ပွဲအတွက် ဘယ်အချိန်ကတည်းက စ စီစဉ်ခဲ့တာလဲ။ ဘယ်နေရာတွေမှာ စီစဉ်ခဲ့တာလဲ။ အဲဒါမျိုးတွေ မေးတယ်။ ကျွန်မကိုယ်တိုင်တောင် အတိအကျ မမှတ်မိဘူး။ ကျွန်မတို့လည်း ယေဘူယျသဘောလောက်ပဲ မှတ်ထားတာရှိတယ်။ ခေါ်ယူဆွေးနွေးတယ်ဆိုပေမယ့် ကျွန်မတို့ကို အခန်းတစ်ခုထဲမှာ ထည့်ထားပြီး ဘေးမှာ ထောက်လှမ်းရေးက ၅ ယောက်လောက် ရှိတယ်။ အမျိုးသမီးတွေပါပဲ။ ခေါ်ယူဆွေးနွေတယ်ဆိုပေမယ့် တကယ်က ဖမ်းဆီးထိန်းသိမ်းတာပါပဲ။" ဟု ထိန်းသိမ်းခံရသော ကျောင်းသူတစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောပါသည်။
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ),88 Generation studients,Eleven media group



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>