မတင်နီလာအေးဆိုသူ ကလေးငယ်တစ်ဦး အသက်(၁၄)နှစ်၊ (ဘ) ဦးညို၊ စစ်တန်းကုန်းရပ် မိုးကုတ်မြို့ နေသူသည် လွန်ခဲ့သော (၆)လခန့်က မဟာအောင်မြေမြို့နယ်၊ ဆင်တိုင်ရပ်၊စိန်ပန်းရပ်ကွက်နေ ဦးဝင်းမောင်+ဒေါ်ပုတို့နေအိမ်တွင် အိမ်ဖော်အလုပ်လုပ်ကိုင်လျှက်နေထိုင်ပါသည်။
ထိုသို့ အိမ်ဖော်အဖြစ် လုပ်ကိုင်နေထိုင်နေစဉ် ကာလများတွင် ၅.၇.၂၀၁၂ ရက်နေ့ နံနက် ပိုင်(၇)နာရီခန့်တွင်၊ ဦ၀င်းမောင်၏ သမီဖြစ်သူ မတင်နီလာဝင်း(ခ) မနီနီမှ အိမ်ဖော်ဖြစ်သူ မတင်နီလာအေး ဆိုသူ မိန်းခလေးငယ်အား တံမျက်စည်းလှည်းတာမပြောင်ဘူးဟု ပြောဆိုကာ ခေါင်းအား၎င်စီးထာသော ဒေါက်ဖိနပ်ဖြင့် ရိုက်ခဲ့သဖြင့် ဦးခေါင်းပေါက်သွားပြီး (၇)ချက်ချုပ်ရကြောင်း၊ ကုလားထိုင်ဖြင့်ရိုက်ခဲ့သဖြင့် ကလးငယ်၏ ဘယ်ဖက်လက် ကျိုးသွားကြောင်း၊ ဖိနပ်ဖြင့်ပါးရိုက်ရာ နှုတ်ခမ်းပေါက်သွားကြောင်း ၊ ဒူးခေါင်းနှင့် ပေါင်များတွင် မီးပူဖြင့်ကပ်သော အပူလောင်ဒဏ်ရာများလည်းတွေရှိခဲ့ရပါသည်။
ကလေးငယ်၏ လက်များကိုလည်း အ၀တ်လျှော်တာမပြောင်၍ဆိုပြီး ပြောင်စင်အောင် ဒီလိုတိုက်ရတယ်ဟုဆိုကာ ကလေးငယ်၏ လက်များကို သံ ဘရက်(စ်) ဖြစ်ပွတ်တိုက်ပြခဲ့ကြောင်း ၊ ၄င်းနောက် ကလေးငယ်မှာ အိမ်မှထွက်ပြေးခဲ့ရာ ရပ်ကွက်အတွင်းရှိ (၎င်း ဈေးဝယ်နေကြ ) ဈေးဆိုင်မှ အဒေါ်ကြီး တစ်ဦးမှ ရဲစခန်းသို့ပို့ပေးခဲ့ရာ ရဲစခန်းမှတဆင့် ဆေးရုံသို့ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း ကြားသိခဲ့ရပါသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး မဟာအောင်မြေမြို့နယ် ၊ အမှတ်(၇)ရဲစခန်းသို့
ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှုးမှ ကျူးလွန်သူ မတင်နီလာဝင်း(ခ) မနီနီအား ပြစ်မှု ပုဒ်မ (၂၉၄/၃၂၅) ဖြင့် အမှုဖွင့် အရေးယူထားကြောင်းပြောကြားသည် ။
ကိုဝိုင်ဝိုင်ကေ