Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

“တရားဥပဒေစိုးမိုးစေရေး” ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း

$
0
0
ရွှေနံ့သာလယ်သမားများနှင့် ဇေကမ္ဘာကုမ္ပဏီ အငြင်းပွားလျှက်ရှိသော လယ်ယာမြေအငြင်းပွားမှု အခြေအနေသည် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ပေပြီ။ အခြေအနေအနှစ်ချုပ်မှာ လယ်မြေအဖြစ်သာ ရှိနေသော ရွှေနံ့သာကွင်းအမှတ် (၅၃၁)(၅၃၃) လယ်မြေဧက ၈၁၅ ဧကကို ဇေကမ္ဘာကုမ္ပဏီမှ မြို့ရွာအိုးအိမ်နှင့်ဖွံ့ဖြိုးရေးဌာနမှ စက်မှုဇုန် လုပ်ကိုင် ခွင့်ပြုထားသည်။ လန(၃၉) ကျထားသည်ဟု ဆိုကာ လယ်သမားများကို နစ်နာကြေး၊ ကရုဏာကြေးပေး၍ နှစ်သိမ့် ခဲ့ပြီး လယ်သမားများသည် လယ်ယာမြေကို စွန့်လွှတ်ကြောင်းဖြင့် အတုအယောင်များဖြင့် အောက်ခြေအုပ်ချုပ်ရေး နှင့်ပူးပေါင်းအကွက်ဆင်ကာ လယ်မြေများကို လယ်သမားများ ဆက်လက်လုပ်ကိုင်လိုစိတ်မရှိတော့သောကြောင့် ရပ်ကျေးသို့ လာအပ်သယောင် ဖန်တီးအကွက်ဆင်ထားမှု ဖြစ်ပါသည်။

အဆိုပါအခြေအနေအလုံးစုံကို ဖော်ထုတ်ရာ အိုးအိမ်ဌာနမှ စက်မှုဇုန်လုပ်ကိုင်ခွင့် ပြုထားခြင်းမရှိသည့်အပြင် လန(၃၉) ကျထားသော လယ်မြေလည်းမဟုတ်ပေ။ သို့အတွက် လယ်သမားများက သီးစားလုပ်ကိုင်ခွင့် လျှောက် ထားပြီး နောက်တွင် စက်မှုဇုန်လုပ်မည်ဆိုသော ဇေကမ္ဘာကလည်း လယ်သမားများနှင့် အပြိုင် သီးစားလုပ်ကိုင်ခွင့် လျှောက်ထားသည်။ ဤသို့ နှစ်ဦးနှစ်ဖက် အပြိုင်လျှောက်ထားရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ဇေကမ္ဘာကို သီးစားလုပ်ကိုင်ခွင့် ပြုကြောင်းဖြင့် ဆုံးဖြတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်သည် တည်ဆဲ ၁၉၆၃ ခုနှစ် လယ်ယာမြေ ဥပဒေများနှင့် ညီညွတ်ခြင်းမရှိသောကြောင့် မြေယာမှုခင်း ဖွင့်လှစ်ဆောင်ရွက်ပေးပါရန် ရပ်ကျေးမြေယာကော်မတီ တွင်တင်ပြခဲ့သည်။ ဥပဒေနှင့် ကင်းလွတ်နေသော အများပြည်သူကိုလည်း ဥပဒေပါ သီးစားချထားရေးနှင့် တောင် သူလယ်သမားအခွင့်အရေးကာကွယ်သည့် ဥပဒေများကို ပီဒီပီမှအကြိမ်ကြိမ် ထုတ်နှုတ်ဖြန့်ဝေခဲ့သည်။ သို့သော် ရပ်ကျေး၏ ဆုံးဖြတ်ချက်သည် လယ်သမားများတင်ပြသည့် သက်သေခံအထောက်အထားများကို ကိုးကား ဆင်ခြင် ခြင်းမပြုဘဲ ဇေကမ္ဘာတင်ပြသည့် အချက်အလက်များကိုသာ တစ်ဖက်သက်ကောက်ချက်စွဲ၍ ဇေကမ္ဘာကို အနိုင်ပေး ကြောင်း ပါရှိသည့်အပြင် ဥပဒေနှင့် အလျဉ်းမသက်ဆိုင်သော ညွှန်ကြားချက်မှာ ရပ်ကျေး၏ ဆုံးဖြတ်ချက်ကို ကျေနပ် မှုမရှိပါက မြို့နယ်အိုးအိမ်ဌာနတွင် ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်နိုင်ကြောင်း ဖြင့် ညွှန်ကြားလာလေသတည်း။

ထိုကိစ္စနှင့် စပ်လျှဉ်း၍ ကျွန်ုပ်တို့ တွေ့ရှိရသော ဥပဒေတွင် မြေယာမှုခင်းနှင့် ပတ်သက်၍ အိုးအိမ်ဌာနတွင် တာဝန်မရှိ ကြောင်း သိရသဖြင့် ဥပဒေပါအတိုင်း မြို့နယ်မြေယာကော်မတီသို့ ဆက်လက်အယူခံဝင်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး မှ ရပ်ကျေးသို့ စာပြန်ထုတ်၍ အိုးအိမ်ကို သွားရောက်အယူခံရန် ရပ်ကျေး အုပ်ချုပ်ရေးမှူးမှ လယ်သမားများကို ခေါ်ယူ၍ ညွှန်ကြားချက်ကို မိတ္တူကူးခွင့်မပေးပဲ ဖတ်ကြားပြပြီးသကာလ လက်မှတ်ထိုးခိုင်းလေသည်။ ထိုအချက်ကို သိရှိရပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ မြေယာမှုခင်းကို ဥပဒေနှင့် အညီဆောင်ရွက်မည်လော့။ မည်သို့ ဆက်လက်ညွှန်ကြားမည်ကို စာထုတ်ပါဟု တောင်းဆိုရာ နက်ဖန်ထုတ်မည်ဟုဆိုသဖြင့် ဆန္ဒပြခြင်း အစီအစဉ်ကို ၉.၇.၂၀၁၂ ရက်နေ့ (နေ့လည်)တွင် စတင်ခဲ့သည်။ ထိုသို့တန်းစီဆန္ဒပြသောအခါ မြို့နယ် အုပ်ချုပ်ရေးမှူးမှ အရေးပေါ် စာထုတ်တော့သည်။

စာပါအချက်အလက်များမှာ တည်ဆဲဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီဟုလည်းကောင်း ၊ ဤမြို့နယ်ရုံးအနေဖြင့် မြေယာမှုခင်းကိစ္စကို စီစဉ်ဆောင်ရွက်ခွင့် မရှိကြောင်းဖြင့် အိုးအိမ်(သို့)စည်ပင်သို့ သွားရောက်အယူခံရန်ဟု လယ်သ မားတစ်ဦးလျှင် တစ်ရွက်နှုန်းဖြင့် စာထုတ်လေသည်။ ကျွန်ုပ်တို့သိရှိသော ဥပဒေ၊ နည်းဥပဒေနှင့် မြို့နယ်အုပ်ချုပ်ရေး မှူး၏ လုပ်ထုံးလုပ်နည်း နည်းဥပဒေများ ကွဲလွဲနေပြီဟု ယူဆ၍ ဘယ်နည်းဥပဒေများလည်း ထုတ်ပြစေလိုကြောင်း မေးမြန်းသော်လည်း မရ။ ညွှန်ကြားသည့်အတိုင်း သွားပါမည်။ အိုးအိမ် (သို့) စည်ပင်သည် မည်သည့်ဥပဒေဖြင့် လယ်ယာမှုခင်းကို ဆောင်ရွက်မည်ကို ထုတ်ပြစေလိုကြောင်း မေးမြန်းရာလည်း အဖြေမရခဲ့သဖြင့် ၉.၇.၂၀၁၂ ရက်နေ့ သည် ရွှေနံ့သာလယ်သမားများ၏ စတင်ဆန္ဒထုတ်ဖော်သော နေ့စွဲ ဖြစ်ခဲ့လေသည်။

ဥပဒေနှင့်အညီလုပ်မှာလား ၊ ညှိနှိုင်းအဖြေရှာမှာလား ဟူသော တောင်းဆိုချက်နှင့် ဆန္ဒပြပြီး ၁၀.၇.၂၀၁၂ ရက်နေ့ တွင် ဆက်လက်ဆန္ဒထုတ်ဖော်ရန် အစီအစဉ်စွဲခဲ့သည်။ ၉.၇.၂၀၁၂ ရက်နေ့မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ စာတန်းများ ကိုင်၍ ရောက်ရှိသွားချိန်တွင် ဆန္ဒပြခွင့်နည်းဥပဒေထွက်ပြီ ဖြစ်ကြောင်း သိရှိရသဖြင့် အလောတကြီး ဥပဒေနှင့်အညီ ဆန္ဒ ထုတ်ဖော်ရန် စီစဉ်ခဲ့သည်။


နည်းဥပဒေနှင့် အညီ ဆန္ဒထုတ်ဖော်မည့် လမ်းပြမြေပုံ

၁၀.၇.၂၀၁၂ ရက်နေ့က လယ်သမားများနှင့် ပီဒီပီ ဆန္ဒထုတ်ဖော်နေစဉ် ဥပဒေမဲ့ မလုပ်ရန် မင်္ဂလာဒုံမြို့နယ် ရဲမှူးကြီး မှ လာရောက်တားမြစ်ရာ ပြည်သူတွေ ဥပဒေမဲ့လုပ်ရင်လည်း အရေးယူနိုင်ပါတယ်။ သက်ဆိုင်ရာ ၀န်ထမ်းတွေ ဥပဒေမဲ့ လုပ်ရင်လည်း အရေးယူပေးဖို့ လိုပါသည် ဆိုသည့်အကြောင်း ပြောဆိုခဲ့ရသည်။

၁၀.၇.၂၀၁၂ ရက်နေ့ကထုတ်ပြန်လိုက်သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင် နည်းဥပ ဒေနှင့်အညီ ၅ ရက်ကြိုတင်ရမည်ဟု ညွှန်ကြားသဖြင့် ၁၄ ရက်နေ့တွင် နည်းဥပဒေနှင့်အညီ စတင်ဆန္ဒဖော်ထုတ်မည်။ နည်းဥပဒေပါ ပုံစံ(၃)နှင့်အညီ `ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပြုရန် လျှောက်ထားခြင်း´ ခေါင်းစဉ်ဖြင့် စုရုံးအင်အား ၂၀၀ဦး နှင့် လိုက်ပါမည့် အင်းအား ၁၀၀၀ ဦးဖြင့် ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ရန် တင်ပြီး ဖြစ်လေသည်။ ၁၄ ရက်နေ့မှ ၀တင်၍ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်အထိ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း တင်ပြပြီးဖြစ်ပါသည်။ တစ်စုံတစ်ရာ ထူးခြားမှုမရှိပါက ဆက်လက်ဆန္ဒထုတ်ဖော်သွား မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဥပဒေစိုးမိုးမှု လိုအပ်နေသော နိုင်ငံတော်အတွက် `ဥပဒေစိုးမိုးစေရေး´ ဟူသော ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ပွဲသို့ သက်ဆိုင်ရာ သတင်းမီဒီယာများနှင့် ပြည်သူများ ပူးပေါင်းပါဝင်နိုင်ကြပါစေရန် အသိပေးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဦးနေမျိုးဝေ - 098610719 (ဦးဆောင်သူ)(ဟောပြောသူ)

ဦးအောင်မျိုးဦး -(ဟောပြောသူ)

ဦးကျော်စိန် -လယ်သမား (ဟောပြောသူ)

ဦးနိုင်ဝင်းထွန်း (ခ) နောင်တော်လေး (ဟောပြောသူ)

နောင်တော်လေး



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>