Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အသက် ၁၈ လနှင့် မဂ္ဂဇင်းဖတ်နိုင်သော စင်္ကာပူကလေးငယ် အိုင်ကျူ ၁၄၀ ရှိ(Only 4, but reading genius has IQ of 140 )

$
0
0

စင်္ကာပူမှ Kyler Lim အမည်ရ ကလေးငယ်တစ်ဦးဖြစ်သူသည် အသက် ၁၈ လကတည်းက မဂ္ဂဇင်းများကို ဖတ်ရှုနိုင်ပြီး အိုင်ကျူ အဆင့် ၁၄၀ ရှိကြောင်းသိရသည်။

ယခုKyler သည် အသက် ၄ နှစ်ရှိပြီ ဖြစ်ပြီး ...ကျောင်းပညာရေး ပြဌာန်း စာအုပ် များကို ဖတ်ရှုလေ့လာနေမှတ်သားနေပြီ ဖြစ်ကြောင်း သိရသည်။

အသက် ၁၈လ သာရှိခဲ့စဉ်ကသူသည် မဂ္ဂဇင်းကို အသံကျယ်လောင်စွာနှင့် ဖတ်ခဲ့ရာမိဘများ အံ့သြ၍ ဥာဏ်ရည် အဆင့် လေ့လာရေးသုတေသီသို့ သွားရောက်စစ်ဆေးခဲ့ရာ အိုင်ကျူအဆင့် ၁၄၀ ရှိသည်ကို တွေ့ရှိခဲ့သည်။ သာမန်စင်္ကာပူလူမျိုး တစ်ဦး၏ အိုင်ကျူအဆင့်သည် ၁၀၃ သာရှိသဖြင့် ကလေးငယ်ကို ဥာဏ်ကြီးရှင်ဟု သတ်မှတ်ခဲ့သည်။

အင်္ဂလိပ်စကားလုံး ဝေါဟာရများကို သီးသန့်သင်ကြားပေးစရာမလိုပဲ သူ့အလိုလို တတ်မြောက် လျက်ရှိသည်ကိုလည်း တွေ့ရသည်။ ထို့အပြင် စာကိုလည်း ဘယ်ရော၊ညာပါ လက်နှစ်ဖက်လုံး နှင့် ကျွမ်းကျွမ်းကျင် ကျင် ရေးတတ်သည်ကို လက်တွေ့ပြခဲ့သည်။

ယခုအခါ Kyler Lim သည် စင်္ကာပူဥာဏ်ရည်မြင့်သူများအဖွဲ့ (Mensa Singapore) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီး ဗဟုသုတ စွယ်စုံကျမ်းများ၊ အလယ်တန်း သင်ရိုးညွန်းစာပေ၊စာအုပ်များ ဖတ်ရှုလေ့လာမှတ် သား နေပြီ ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်းဝင်ရောက်ဖတ်ရှုရန်
http://singaporeseen.stomp.com.sg/stomp/sgseen/this_urban_jungle/1196570/he_has_an_iq_of_140.html

International news myanmar



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...