Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လိမ္မာချင်ယောင်ဆောင်ပြီးမုန့်ဖိုးမတောင်းပါနဲ့ - ရေးသူ-ရန်အောင်

$
0
0
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် တွန်းအားပေးသည့် အနေနှင့် ချမှတ်ထားသည် စီးပွားရေးအရေးယူပိတ်ဆို့ မှုများကို သက်တမ်းထပ်မတိုးရန် မြန်မာနိုင်ငံသို့ရောက်ရှိ နေသော အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒုတိယ၀န်ကြီးဥိးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွေမန်းက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ယနေ့ကျင်းပ ပြုလုပ်နေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်းကပြောကြား-နေပြည်တော်။ဇူလိုင် ၁၆
မြန်မာနိုင်ငံဟာ သဘာဝသယံဇာတပေါကြွယ်ဝတာနဲ့အပြိုင် တစ်ဖက်မှာ အိန္ဒိယ တစ်ဖက်မှာ တရုတ် နဲ့ ပထ၀ီနိုင်ငံရေးအရကော မဟာဗျူဟာကျတဲ့အတွက် အရေးပါတဲ့နိုင်ငံတစ်ခုပါ။ တရုတ်ကြီးရဲ့ အနောက်ခရီးတိုတိုနဲ့ရောက်ဖို့ သွားနိုင်တဲ့လမ်းဖြစ်သလို အနောက်အုပ်စုရဲ့ အရှေ့ဘက်ကို ဖောက်ထွက်နိုင်တဲ့ ကုန်းတွင်းထွက်ပေါက်တစ်ခုလည်းဖြစ်ပါတယ်.။

အခု စီးပွားရေးပိတ်ဆို့မှုတွေ ဖွင့်ပေးမယ်လို့ အိုဘာမားက ပြောလာပါတယ်.။ အဲဒီမှာ ပြဿနာရှိလာပါတယ်..။ ကိုယ့်နိုင်ငံက မဟာဗျူဟာအရ Diplomacy အရ နိုင်ငံတကာဆက်ဆံရေးမှာ .အလုံးစုံ ပြောင်းလဲနိုင်ပြီလား..။ သူတို့ဆီက အခွင့်အရေးတော့လိုချင်တယ်..။ ကိုယ့်ဘက်က တကယ်ကော အခွင့်အရေးယူနိုင်တဲ့ အရည်အချင်း ရှိနေပြီလား။

ယခင်အစိုးရလက်ထက်မှာ လွှတ်တော်ဥက္ကဌကြီးကိုယ်တိုင် ဗိုလ်ချုပ်ကြီးဘ၀နဲ့ ၂၀၀၈ နိုဝင်ဘာမှာ မြောက်ကိုရီးယားကို သွားခဲ့တဲ့ ခရီးကကော ပွင့်လင်းမြင်သာမှု ရှိပါရဲ့လား..။ အန်ကယ်ဆမ်ကြီးက ထိုကိစ္စကြီးကို မသိချင်ယောင်ဆောင်ပြီး စီးပွားရေးကို လုံးဝ ဖွင့်ပေးပါ့မလား..။

အခု စီးပွားရေးပိတ်ဆို့မှုအတွက် ဦးဆောင်တောင်းဆိုနေသူ လွှတ်တော်ထဲက ပြည်သူ့ကိုယ်စားပြုဆိုသူတွေထဲက အစိတ်သားကကော ဒါကြီးတွေကို မသိချင်ယောင်ဆောင်ပြီး စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးရေးအဆိုကို ထောက်ခံနေကြတာ ရယ်စရာကောင်းပါ့..။ မိမိနိုင်ငံရဲ့ စစ်ရေးအရ မဟာဗျူဟာအရ ဆက်ဆံခဲ့တဲ့ ကိစ္စတွေက ကိုယ့်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုကို အထောက်အကူဖြစ်ခဲ့ခြင်းရှိမရှိကို မသုံးသပ်ပဲ.. ဟိုလူ့အပြစ်တင်.. ဒီလူ့အပြစ်တင်နဲ့....။

လွှတ်တော်ထဲမှာကောဒီလိုစစ်ရေးဆိုင်ရာ/မဟာဗျူဟာဆိုင်ရာကိုဦးတည်ပြီး နိုင်ငံတိုးတက်ရေးအတွက် ဆွေးနွေးမှုတွေ၊ ထောက်ပြချက်တွေကို လက်ခံရဲပါ့မလား...။

မြန်မာနိုင်ငံဟာ Future 'Asia Democracy Leader ပါ။
အဘယ် ကြောင့် ဆိုသော် မြန်မာ့ ဒီမိုကရေစိ သည် တရုတ်အတွက် Democracy ပြုပြင် ပြောင်း လဲရေး ကို တခုတည်းသော တွန်းအားဖြစ်နေသလို မြောက်ကိုရီးယားကဲ့သို့နိုင်ငံများအတွက်လည်း ဒီအပြောင်းအလဲဟာ ...အင်မတန် အလေးဂရုပြုနိုင်စရာ .. အထီးကျန်ဖြစ်နိုင်စရာ အခြေအနေပါ။

မဟာဗျူဟာအရ သုံးသပ်ကြည့်ခြင်းပါ..။

ယောင်းမမြင်းစီးထွက်ကြရင်လည်း မမြင်အောင်တော့ လုပ်ကြပေါ့ဗျား....။ ယောင်းမကြီးမြင်းစီးပြပြီး မုန့်ဖိုး လက်ဖြန့်တောင်းနေတာကတော့ ကြည့်မကောင်းပါဘူး..။

သေချာတာကတော့ စီးနေတဲ့ယောင်းမကြီးကို လွှတ်မပစ်ပဲ ၀ှက်ထားပြီး လိမ်မ္မာချင်ယောင်ဆောင်လို့ ...မုန့်ဖိုးမတောင်းပါနဲ့ခင်ဗျား..

Yan aung facebook



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>