Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မန္တလေးမြို့ မှ တပ်မြို့စည်ပင်ဈေး ဆိုင်ခန်းခ တိုး မြှင့် ကောက်ခံမှု ကြောင့် ဆိုင်ခန်းများ ရပ်တည်ရေး ခက်ခဲ ။

$
0
0
မန္တလေးမြို့ မန်းတက္ကသိုလ်အနီး၊ ၃၈လမ်း×၃၉လမ်းကြား၊ ရ၃လမ်းမ ပေါ်ရှိ တပ်မြေပေါ်တွင် ဖွင့်လှစ် ထားသော တပ်မြို့ စည်ပင်သာယာဈေး အတွင်းရှိ ဆိုင်ခန်းများ ကို လစဉ်ကြေးတိုးမြှင့်ကောက်ခံခဲ့ရာဆိုင်ခန်းခများ ပေးဆောင်ရန် ကျန်ရှိနေသော ဆိုင်ခန်းများအား ပိတ်သိမ်းရန် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ရက်စွဲ ။ ။ ၅-၇-၁၂ ကြေငြာချက်။

တပ်မြို့ဈေးအတွင်း အငှားချထားသော အောက်အမည်ပါ ဆိုင်ခန်း ငှားရမ်းထားသူများသည် (မေလနှင့်ဂျွန်လ) ဆိုင်ခန်းငှားခများကို (၁၀-၇-၁၂) ရက် နောက်ဆုံးထားပြီး တပ်မြို့စည်ပင်(နန်းတွင်း) သို့လာရောက်ပေးသွင်းရန် အသိပေးအပ်သည်။ သတ်မှတ်ရက် မပေးသွင်းပါက ဆိုင်ခန်းခပေးသွင်းပြီးသည်အထိ ဆိုင်အား ခေတ္တ ပိတ်သိမ်း ထားမည် ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည် ။

၁။ ၂၂ ခန်း ဆိုင်အမှတ် ( ၄ ) ဒေါ်စန်းစန်းလွင် (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၂။ ၂၂ ခန်း ဆိုင်အမှတ် ( ၆-၇ ) ဒေါ်အားဖုန်း (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၃။ ၂၂ ခန်း ဆိုင်အမှတ် ( ၁၄ ) ဦးအောင်မြင့် (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၎။ ၂၂ ခန်း ဆိုင်အမှတ် (၁၆ ) ဦးစိုးလွင် (မေ/ဇွန်) ၁၀၀၀၀၀.ကျပ်

၅။ ၂၂ ခန်း ဆိုင်အမှတ် ( ၁၅ ) ဒေါ်သိသီလှိုင် (ဇွန်လ) ၅၀၀၀၀ ကျပ်

၆။ ၂၂ ခန်း ဆိုင်အမှတ် ( ၁၉ ) ဦးခင်မောင်ဝင်း (ဇွန်လ) ၅၀၀၀၀ ကျပ်

၇။ ၂၂ ခန်း ဆိုင်အမှတ် ( ၂၀ ) ဒေါ်မြရီ (ဇွန်လ) ၅၀၀၀၀ ကျပ်

၈။၂၂ ခန်း ဆိုင်အမှတ် ( ၂၁ ) ဦးခင်ဦး (ဇွန်လ) ၅၀၀၀၀ ကျပ်

၉။ ၂၂ ခန်း ဆိုင်အမှတ် ( ၂၂ ) ဦးသက်လွင်ဦး (ဇွန်လ) ၅၀၀၀၀ ကျပ်

ထိုသို့ကြေငြာထားပြီးနောက် (၁၇-၇-၁၂)နေ့ ညနေ(၆း၀၀)ခန့်တွင် လက်နက်ကိုင်တပ်ဖွဲ့ အင်အား (၂၀)ခန့်ပါရှိသော တပ်စည်ပင် (နန်းတွင်း) မှ အရာရှိများ ရောက်ရှိလာပြီး ပေးသွင်းရန် ကျန်ရှိနေသူများ အား ဖယ်ရှားရန် ပြောဆိုခဲ့သည်။

ထိုနောက် ညှိနှိုင်းမှု အရ (၂) လစာ ပေးရန်ရှိသူများထံမှ (၁) လစာ ကောက်ယူပြီး ကျန်သည့် တစ်လစာကို နောက်တစ်လဆုတ်၍ ပေးသွင်း ရန် သဘောတူပြီး ပြန်လည်ထွက်ခွာသွားကြသည်။

( ရောက်လာ လာခြင်း သေနတ်တွေ နဲ့ ဆိုတော့ အံ့အားသင့်ပြီး လန့်လဲ လန့်သွားတယ် ကြောက်တာပေါ့လေ..
ခုတော့ ငါးသောင်းကို မဖြစ် ဖြစ်အောင် တစ်လစာစောင်လိုက်တယ်။ ကျန်တဲ့တစ်လစာကို နောက်တလဆုတ်ပေးတယ် ။ကျွန်မက ကြက်ဥ ရောင်းတာပါ ။ တစ်နေ့ အမြတ်ငွေက ၂၀၀၀(နှစ်ထောင်)ကျပ် ဝန်းကျင်ပဲ ရှိပါတယ် .. တစ်လ ငါးသောင်းဆိုတော့ စားဖို့ ဘာမှ ကျန်မှာ မဟုတ်ဘူးလေ.. ၊ ဟုတ် အဲတာတော့ တင်ပြလိုက်ပါတယ်..။ သူတို့ပြောတာတော့ ပြန်ပြီး လျော့ပေါ့ပေးအောင် တင်ပြပေးမယ် ပြောသွားတယ် ) ဟု ကြက်ဥရောင်းချသူ အမျိုးသမီး တစ်ဦး ကပြောကြားသည်။

ဧပြိလမှာ အစည်းအဝေးခေါ်ပြီးတော့ မူလဆိုင်ခန်းခ(၇၀၀၀)ကျပ်ကနေ ကျပ်ငါးသောင်းဆောင်ခိုင်းတယ်။
ကျွန်တော်တို့က ပထမ ဧပြီလမှာ ငါးသောင်းဆောင်လိုက်တယ် ဆောင်ပြီတော့ သမ္မတဆီမှာအသနားခံစာ တင်လိုက်တယ်။

သမ္မတရယ် ဝန်ကြိးချုပ်ရယ် လွတ်တော်ဥက္ကဌရယ် ကာကွယ်ရေးဦးစီးချုပ်ရယ် ကို အသနားခ့စာတင်တယ် အဲဒီက ကျလာရင် လျော့ပေးမယ်လိုပြောတယ်။ ၅လပိုင်း ၆လပိုင်းမှာ ကျောင်းဖွင့်ချိန်တိုက်နေတော့ ကျွန်တော်တို့ က ကျောင်းဖွင့်ရာသီ ဖြစ်တယ် ကျွန်တော်တို့မှာ အခက်အခဲ ဖြစ်တဲ့ အကြောင်း အသနားခံစာတင်တယ်။ အဲဒီမှာ အစည်းအဝေးခေါ်တယ် ဘယ်နေ့ ဘယ်ရက်မှာ ဆောင်ရမယ် မဆောင်ရင် ချိတ်ပိတ်မယ်လို့ ခေါ်ပြောတယ်။ ဒီနေ့မနက်(၁၇-၇-၁၂) က အစည်းအဝေးခေါ်တယ် ကျွန်တော်တို့ ၉ ယောက်က မသွားကြဘူး အဲဒီ အတွက် ခုညနေမှာ သူတို့ လိုက်လာကြတယ်ဗျ ၊ ယူနီဖောင်းတွေ လက်နက်တွေ နဲ့ဆိုတော့ကျွန်တော်တို့လဲ ကြောက်တာပေါ့ဗျာ ဟု ဆိုင်ခန်း အမှတ်(၁၆)မှ ဥိးစိုးလွင် က ဖြေကြားသည်။

ကျွန်မ က မုဆိုးမပါ ၊ ကလေးနှစ်ယောက်ရှိပါတယ် အကြီးမလေးက တက္ကသိုလ်တက်နေတာပါ ။ ခုက ဘယ်လိုမှာ အဆင်မပြေတော့လို့ ဆက်မတက်တော့ပါဘူး ။ ခုလဲ မဖြစ်ဖြစ်အောင်ဆောင်လိုက်ရတာပဲ ...ဟုတ်ကဲ့ တနေ့ ဝင်ငွေက၂၀၀၀နဲ့၃၀၀၀ ကြားပဲ ရှိတာပါ။ ဟု တပ်မြို့ဈေးအတွင်း ဈေးရောင်းချသူ အမျိုးသမီးတစ်ဦးမှ ပြောကြားသည်။

ခုစာတင်ထားတာပဲ ဖြစ်စေချင်တာတော့ ၂ဦး၂ဖက် ပြေလည်မယ့် နှုန်းထားလေး ဖြစ်စေချင်ပါတယ် ဟု ၎င်း က ဆက်လက်ပြောကြားသည်။

သတင်းနှင့်ဓါတ်ပုံ
ကိုဝိုင်ဝိုင်ကေ
၁၇-၇-၁၂
ည(၈း၀၀)နာရီ



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>