Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

Global Citizen Award လက်ခံရန် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သွားမည်

$
0
0
Aung San Suu Kyi Plans US Tour in September-Photo(http://myanmarlife.com/)
(VOA News မှ 18 July 2012 ရက်စွဲပါ “Aung San SuuKyi to accept award in US” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် Global Citizen Award ဆုကို လက်ခံရန်အတွက် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ ရောက်ရှိလာမည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအုပ်စုက ထုတ်ပြန်ကြေညာသည်။

Atlantic Council အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက “မြန်မာ့အတိုက်အခံခေါင်းဆောင်သည် ၄င်းဆုကို ကိုယ်တိုင်လက်ခံရယူမည် ဖြစ်သည်”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် ကုလသမဂ္ဂတွင် သူမအလုပ်လုပ်ခဲ့သော ၁၉၈၀ခုနှစ်များကာလနောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးပြန်လည်လာရောက်လည်ပတ်သည့် ခရီးစဉ်ဖြစ်လိမ့်မည်ဟုသိရသည်။

“ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက်မဆုတ်မနစ်သောလုံ့လဝီရိယဖြင့်တစ်စိုက်မတ်မတ်အားထုတ်ခဲ့ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်ခြင်းဖြစ်ပြီး သူမသည် လွတ်လပ်ခွင့်နှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ နိုင်ငံတကာ သင်္ကေတတစ်ခုဖြစ်သည်”ဟု Atlantic Council က ပြောကြားသည်။

ယခုအခါ လျင်မြန်စွာပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံမှ ကြီးကြီးမားမားအခွင့်အလမ်းများကို အမေရိကန်ကုမ္ပဏီကြီးများ၏ အကြီးအကဲများ ပါဝင်သော ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က သွားရောက်လေ့လာနေချိန်တွင် ယခုဖိတ်ကြားမှုပေါ်ထွက်လာခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပြုပြင်ပြောင်းလဲနေသော်လည်း သံသယဖြစ်ဖွယ် စစ်အုပ်ချုပ်ရေးအငွေ့အသက်များ ကျန်ရှိနေသေးသော မြန်မာနိုင်ငံအပေါ် Sactions များ ဖြေလျော့ပေးရာတွင် သတိရှိကြရန် အနောက်အုပ်စုနိုင်ငံများကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားထားသည်။

ပြီးခဲ့သောသီတင်းပတ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာ Sactions အချို့ကို ဖြေလျော့ပေးလိုက်ပြီး ၁၅ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှပ်နှံခြင်းကို ခွင့်ပြုလိုက်ပြီဖြစ်သည်။

yangonchronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>