Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရိက္ခာ သိက္ခာ လိပ်ပြာ

$
0
0
ရိက္ခာ

လူ့ဘဝမှာ လူသားတစ်ဦးအဖြစ် မွေးဖွား လာခဲ့ရင် စား၊ဝတ်၊နေရေးဟာ အရေးအကြီး ဆုံးမရှိမဖြစ် လိုအပ်တဲ့ အရာတွေပါ။ တစ်နည်း ပြောရရင်လူသားတစ်ဦး အတွက် စား၊ဝတ်၊ နေရေးကို ဖန်တီးပေးနိုင်တဲ့၊ ဖြေရှင်းပေးနိုင် တဲ့ ငွေကြေးဟာ လူ့ဘဝမှာ မရှိမဖြစ်အရေး အကြီးဆုံးအရာဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ ဘူး။ဒီငွေကြေးကို ရိက္ခာလို့တင်စားပြောချင် ပါတယ်။ ဒါပေမဲ့ လူသားတစ်ဦးရဲ့ ဘဝတစ် ခုကို သူ့ရဲ့ စား၊ ဝတ်၊ နေရေးအတွက်ငွေ ကြေးရိက္ခာကို ရှာဖွေစုဆောင်းရင်းနဲ့ပဲ ဘဝတစ်ခုကို သက်သက်ကုန်ဆုံးသွားစေ ခဲ့မယ်ဆိုရင်တော့ သူဟာ လူဖြစ်ကျိုးမနပ်သေး ပါဘူး။ဒီထက်ပိုဆိုးတာက ဒီရိက္ခာငွေကြေးရဖို့ အရေး

(၁)အရှက်အကြောက် ကင်းမဲ့သဖြင့်လည်းကောင်း

(၂)သူတစ်ပါးထံမှ ကျီးကန်းကဲ့သို့ လုယူရဲသဖြင့် လည်းကောင်း

(၃)သူတစ်ပါး ပျက်စီးအောင် ချောက်တွန်းသဖြင့်လည်းကောင်း

(၄)အခွင့်အလမ်း သာရာသို့ ပြေးဝင်သဖြင့် လည်းကောင်း

(၅)ဘယ်သူသေသေ ငတေမာရင် ပြီးရောဟု ရက်စက်သဖြင့် လည်းကောင်း

(၆)အကုသိုလ်နည်းလမ်းဖြင့်လည်းကောင်း

(ဓမ္မပဒ၁၈၊၆၊၂၄၄)

ငွေကြေးရရင်ပြီးရောဆိုပြီး ဒီနည်းလမ်း တွေနဲ့ရှာဖွေကြမယ် ဆိုရင်တော့ လူဖြစ်ကျိုး မနပ်ရုံမက လူဖြစ်ရှုံးကိုရှုံးပါတယ်။ လူရယ် လို့ ဖြစ်လာတဲ့ ဘဝတစ်ခုကို ငွေရရင်ပြီးရော ဆိုပြီး အရှုံးခံရင်း လူ့ဘဝတစ်ခုကို အရှုံးနဲ့ဖြုန်းတီးပစ် လိုက်တဲ့လူတွေ လူ့ဘဝမှာ အများကြီး ရှိခဲ့ပါတယ်။ ရှိနေပါတယ်၊ ရှိနေဦးမှာပါ။ဒါဟာ ရိက္ခာငွေကြေးကို အလွန်အမင်းဦးစားပေး ကြလို့ လူဖြစ်ကျိုးမနပ်တဲ့ဘဝတွေ၊လူဖြစ် ရှုံးကြရတဲ့ဘဝတွေရဲ့ အကြောင်းတရားတွေပါ။

သိက္ခာ


တချို့တချို့သော လူတွေကတော့ သိက္ခာ ကိုဦးစားပေး အရေးထားတတ်ကြပါတယ်။ သိက္ခာရှိဖို့၊ သိက္ခာတက်ဖို့၊ သိက္ခာမကျ ဖို့ကို အမြဲကြိုးစားလေ့ ရှိကြပါတယ်။လူ့ဘဝရဲ့ အရေးအကြီးဆုံး မရှိမဖြစ် လိုအပ်နေတဲ့ စား၊ ဝတ်၊နေရေး အတွက် ငွေကြေး ရိက္ခာကို ရှာဖွေ ရာမှာလည်း သိက္ခာကျစေမယ့် ရှာဖွေနည်းတွေ ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့ ကြိုးစားဖြစ် ကြပါတယ်။ သိက္ခာရှိမယ်၊ သိက္ခာ တက်မယ် လို့ ယူဆရတဲ့အလုပ်တွေကို မိမိသိက္ခာရှိဖို့၊ သိက္ခာတက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင် ဖြစ်လာအောင် ကြိုးစားလေ့ ရှိကြပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီး သိက္ခာကို အလွန်အမင်း ဦးစားပေးအလေးထားလွန်းလာတဲ့ သူဟာ သူသိက္ခာတက်ဖို့အရေး သူ့မှာမရှိတဲ့ ဂုဏ်တွေကို ရှိချင်ဟန်ဆောင်တဲ့ သာဌေတွေကို ကျင့်သုံးလာ တတ်ပါတယ်။သူသိက္ခာမကျဖို့အရေး သူ့မှာ ရှိတဲ့ အပြစ်တွေကို ဖုံးကွယ်တဲ့ မာယာတွေကို ကျင့် သုံးလာတတ်ပါတယ်။ တကယ်တော့ သိက္ခာ ဆိုတာ ကိုယ့်ကိုချစ်ခင် လိုလားတဲ့သူတွေက ကိုယ့်ကို သိက္ခာတင်ပေး နိုင်သလို၊ကိုယ့်ကိုမလို မုန်းထားတဲ့သူတွေကလည်း ကိုယ့်ကိုသိက္ခာချ နိုင်တဲ့အရာမို့ လူ့ဘဝမှာ အားမကိုး လောက် တဲ့၊ မခိုင်မြဲတဲ့ အရာတစ်ခုပါ။ သူတစ်ပါးက ကိုယ့်ကိုတင်လို့၊ချလို့ရတဲ့သိက္ခာကို အလေး ဂရုထား လွန်းပြီး နေထိုင်နေမိတဲ့ လူတစ် ယောက်ရဲ့ ဘဝဟာလည်း လူဖြစ်ကျိုး မနပ် သေးပါဘူး။ သူတစ်ပါးရဲ့ အမြင်ပေါ်မှာ မှီခို နေရတဲ့ဘဝဟာ ခိုင်မာမှုမရှိ၊ လုံခြုံမှုမရှိ၊ လွတ်လပ်မှုမရှိတဲ့ဘဝပါ။ ဒါကြောင့် တစ်နည်း လူဖြစ်ရှုံးနေပါသေးတယ်။ ဒါဟာ သိက္ခာကို အလွန်အမင်း ဦးစားပေးကြလို့ လူဖြစ်ကျိုး မနပ်တဲ့၊ လူဖြစ်ရှုံးကြရတဲ့ ဘဝတွေရဲ့ အကြောင်းတရားပါ။

လိပ်ပြာ

တကယ်တော့လူ့ဘဝမှာ တကယ်အနှစ် ရှိတဲ့ အရေးအကြီးဆုံးအရာဟာ ကိုယ့်ရဲ့ စိတ်လိပ်ပြာသန့်စင်နေဖို့ပါပဲ။ မြတ်စွာဘုရား က မေတ္တသုတ်ထဲမှာဖြောင့်မတ်မှန်ကန်ဖို့၊ မိမိ ကိုယ်မိမိ မလိမ်မညာဘဲ ဖြောင့်မတ်မှန်ကန် နေဖို့ သုဇူစ၊ သုဟုဇူစဆိုပြီး နှစ်ထပ်နှစ်ခါ မှာကြား လမ်းညွှန်ခဲ့ပါတယ်။ ဟုတ်ပါတယ်။ သူ တစ်ပါးရဲ့ ပြစ်တင်ကဲ့ရဲ့မှုကိုကြောက်ရွံ့လို့၊ သူတစ်ပါးရဲ့ ချီးမွမ်းမြှောက်စားမှုကို လိုလား လို့ ဟန်ဆောင် သိက္ခာရှိဖို့ ကြိုးစားနေခြင်း ထက်၊ မိမိလုပ်ကိုင်ပြုမူ ပြောဆိုသမျှ အားလုံး ဟာ ဖြူစင်မြင့်မြတ်တဲ့ စိတ်အရင်းခံနဲ့ လုပ် ကိုင်ပြုမူပြောဆိုနေဖြစ်ဖို့က အရေးအကြီးဆုံး ပါ။

မိမိရရှိထားတဲ့ လူ့ဘဝတစ်ခုကို နေထိုင် ဖြတ်သန်းနေစဉ်တစ်လျှောက်မိမိပြုလုပ်သမျှ အလုပ်အားလုံးကို မြတ်စွာဘုရားရဲ့ အဆုံး အမ၊ တရားတော်တွေ အတိုင်း လိုက်နာလုပ်ကိုင် ဖြစ်နေကြစေဖို့ မကောင်းမှု အကုသိုလ် ဒု စရိုက်တွေကို ရှောင်ကြဉ်ရာမှာလည်း ကိုယ့် သိက္ခာ မကျရုံလေး ဟန်ဆောင်ပန်ဆောင် သာဌေလေး နဲ့ မရှောင်ကြဉ်ဘဲ စိတ်လိပ်ပြာ ထဲကကိုမနှစ်မြို့စက်ဆုပ်ရွံရှာလို့ လုံးဝမလုပ် အပ်တဲ့၊ရှောင်ကြဉ်အပ်တဲ့အရာတွေအဖြစ် နက်နက်ရှိုင်းရှိုင်း နားလည်လက်ခံပြီး ရှောင် ကြဉ်တာမျိုး ဖြစ်နေရမှာပါ။ကောင်းမှုကုသိုလ် သုစရိုက်များကို လုပ်ဆောင်ရာမှာလည်း ကိုယ့်သိက္ခာရှိရုံလေး၊ ကိုယ့်သိက္ခာတက် ရုံလေး ဟန်ဆောင်ပန်ဆောင် မာယာလေးနဲ့ မလုပ်ဆောင်ဘဲ၊ စိတ်လိပ်ပြာထဲကကို နှစ် သက်မြတ်နိုးလို့ လုပ်ကိုလုပ်ရမယ့်အရာတွေ အဖြစ် နက်နက်ရှိုင်းရှိုင်း နားလည် လက်ခံပြီး လုပ်ဆောင်တာမျိုးဖြစ်နေရမှာပါ။လူဆိုတာ သူတစ်ပါးကိုညာလို့ရပေမယ့်ကိုယ့်ကိုယ်ကိုယ် တော့လုံးဝ လိမ်ညာလို့မရပါဘူး။ လူ့လောက ကြီးမှာ ကိုယ်လုပ်သမျှ ကုသိုလ်အားလုံး၊ ကိုယ်ရှောင်ကြဉ်သမျှ အကုသိုလ်အားလုံး အတွက် ကိုယ့်ရဲ့စိတ်လိပ်ပြာ လုံခြုံကျေနပ် အားရပြီး နေရတဲ့ဘဝကသာ လူဖြစ်ကျိုးအနပ် ဆုံးဘဝပါ။

ရွှေဇီးကွက်



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>