Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သူနာပြုသောဗုဒ္ဓ (Buddha who nurses the sick)

$
0
0

သူနာပြုသောဗုဒ္ဓ (Buddha who nurses the sick)
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ကျန်းမာရေးချို့တဲ့သည့် ရဟန်း ရှင်လူ အများပြည်သူတို့အတွက် ဆေးဝါး (အခမဲ့) ကုသပေးနေသကဲ့သို့ မြန်မာပြည် အနယ်နယ် အရပ်ရပ် (ပြည်မြို့၊ မော်လမြိုင်ကျွန်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း) ဒေသများရှိ ကုသိုလ်ဖြစ်ဆေးခန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ကွန်ယက်သဖွယ် တတ်စွမ်းသ၍ လက်ဆင့်ကမ်း ကုသိုလ်ကောင်းမှု များကို ပြုလုပ်ပေးလျှက်ရှိသည်။

၂၅.၄.၂ဝ၁၂ ရက်နေ့တွင် စတင်၍ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)သည် နာမကျန်းဖြစ်နေသော အများပြည်သူ ရဟန်းရှင်လူတို့အား ဆေးဝါးကုသမှုကို စမ်းသပ်ဖွင့်လှစ်ပေးခဲ့ရာမှ ယနေ့ ၂၂.၇.၂ဝ၁၂ (တနင်္ဂနွေနေ့) နံနက် (၈း၃ဝ) နာရီအချိန်တွင် ပဲခူးမြို့၊ ဒက္ခိဏသာခါရာမကျောင်းတိုက်ဝင်းအတွင်းတွင် “သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)” ဟူ၍ ပဲခူးမြို့ရှိ ဆရာဝန်ကြီးများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ သူနာပြု များ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျန်းမာရေးကုသမှုဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီ ဖြစ်သည်။ အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ပဲခူးတိုင်းဒေသကြီး အထွေထွေရောဂါကုဆေးရုံကြီး ပဲခူးမြို့မှ ဆေးရုံအုပ် ဒေါက်တာ နီနီအေး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားရာတွင် အများပြည်သူတို့၏ ကျန်းမာရေးအား ယခုကဲ့သို့ ဝိုင်းဝန်းကူညီ လှူဒါန်းကုသမှုများ ပြုလုပ်ပေးကြသော အလှူရှင်များ ရပ်မိရပ်ဖများ၊ ဆရာဝန် ကြီးများအား အထူးကျေးဇူးတင်ရှိကြောင်း၊ ဇွန်ပန်းရုံအောက်တွင် လှည်းဘီးနစ်နေသည်။ ကူ၍တွန်းကြပါ ဟု ဆိုစကားရှိသော်လည်း ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတွန်းကြပါက လှည်းဘီးသည် နစ်သည်ထက် နစ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဦးတည်ချက်၊ ရည်ရွယ်ချက်လားရာ တစ်ဘက်တည်းသို့ ဝိုင်းဝန်းညီညွှတ်စွာ တွန်းကြပါမှ မိမိတို့ လိုရာပန်းတိုင်သို့ ရောက်မည်ဖြစ်ကြောင်း ကြွရောက်လာကြသော လူမှုရေးအသင်းအဖွဲ့ များအား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အထွေထွေရောဂါကုဆေးရုံကြီး ပဲခူးမြို့မှ ဆေးရုံအုပ် ဒေါက်တာ နီနီအေး မှ အမှာစကားပြောကြားရာတွင် ရောဂါဝေဒနာရှင်များအား ကုသ ပေးရင်းနှင့် တပြိုင်နက်တည်း ထိုရောဂါအသီးသီးတို့အား မဖြစ်ပွားအောင် ကာကွယ်နည်း၊ ဂရုစိုက်နည်း ပညာပေးမှုများကို ပြုလုပ်သွားပါက အများပြည်သူတို့၏ ကျန်းမာရေးအတွက် ပိုမိုထိရောက်မည်ဖြစ် ကြောင်းဟူ၍ အဖိုးတန်စကားရပ်အား ချီးမြှင့်ပြောကြားခဲ့သည်။ ထို့နောက် သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး)အတွက် လှူဒါန်းထားသော အလှူရှင်များအား ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ ကျေးဇူးတင် စကားပြောကြားရာတွင် မြတ်စွာဘုရားရှင်လက်ထက်၌ ရဟန္တာတစ်ပါး၏ဖြစ်ရပ်အား သာဓကအဖြစ် ပြောကြားခဲ့ရာ တစ်ပါးသူအား မနာလိုဝန်တိုစိတ်ဖြင့် ပြုလုပ်ခဲ့သော ဝဋ်ကြွေးကြောင့် ဘဝတိုင်း ဘဝတိုင်း အပယ်ဘုံသို့ ကျရောက်ခဲ့ပြီးနောက် လူ့ဘဝသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ထိုသူ၏ အကုသိုလ် အကျိုးဆက်သည် သူ၏ အနီးအနား ပတ်ဝန်းကျင်တွင်ရှိသော အိမ်ခြေတစ်ထောင်ခန့်အထိ ရိုက်ခတ်ခြင်း ကို ခံခဲ့ရသည်။ ထို့ကြောင့် အကုသိုလ်အကျိုးဆက်သည် အိမ်ခြေတစ်ထောင်အထိ ရိုက်ခတ်ခံခဲ့ရသကဲ့သို့ ကုသိုလ်အကျိုး ဆက်သည်လည်း အိမ်ခြေတစ်ထောင်အထိ ခံစားနိုင်ပါကြောင်း သာဓကအဖြစ် ပြောကြား ခဲ့သည်။ ထို့နောက် ပထမဦးဆုံးသော ခြေလှမ်းအဖြစ် ယခုကဲ့သို့ ပြည်မြို့၊ ပဲခူးမြို့၊ ကြို့ပင်ကောက်မြို့ များတွင် သုခကုသိုလ်ဖြစ်ဆေးခန်း(ခွဲ)များအား ဖွင့်လှစ်ရခြင်းမှာ ထိုဒေသများတွင် ကုသိုလ်ဖြစ်ဆေးဝါး ကုသပေးနိုင်သော ဆရာဝန်ကြီးများရှိခြင်းနှင့် ယင်းမြို့များ၏ အနီးပတ်ဝန်းကျင်ရှိ မြို့များ၊ ရွာများအထိ ကျယ်ပြန့်စွာ ကုသမှုကို ပြုလုပ်ပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်းအပြင် ယခုကဲ့သို့ ကိုယ်ကျိုးမဖက် စေတနာ့ ဝန်ထမ်း ကုသိုလ်ဖြစ်ကုသပေးကြသော ဆရာဝန်ကြီးများ၊ သူနာပြုများ၊ အလှူရှင်များ၊ ရပ်မိရပ်ဖများ အားလုံးတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)၏ ဥက္ကဋ္ဌ ဦးသူရိန်ဝင်းမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ငွေစာရင်းရှင်းတမ်းအား ဘဏ္ဍာရေးမှူးမှ ရှင်းလင်း ပြောကြားခြင်းတို့ကို ဆက်လက်လုပ်ဆောင်ခဲ့ကာ အခမ်းအနားအား ပထမပိုင်းအစီအစဉ်အဖြစ် ရုပ်သိမ်းခဲ့ ကာ ကြွရောက်လာကြသော ဧည့်သည်တော်များတို့အား သက်သတ်လွတ် သီးစုံထမင်းဖြင့် ဧည့်ခံကျွေး မွေးခဲ့သည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအဖြစ် ကြွရောက်လာကြသော လူမှုရေးအသင်းအဖွဲ့ (၂ဝ) ဖွဲ့ တို့နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ရဟန်းသံဃာတော်များနှင့်အတူ လူမှုရေးနှီးနှော ဖလှယ်ပွဲအား ရင်းနှီးပွင့်လင်းစွာ ဆက်လက်ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ပဲခူးမြို့တွင် နာရေး ကိစ္စရပ်အား မီးသင်္ဂြိုလ်ခြင်း အခက်အခဲများ၊ ဆေးဝါးကုသရာတွင် ကြုံတွေ့ရသော အခက်အခဲများအား ဝိုင်းဝန်းအကြံပေး ညှိနှိုင်းခဲ့ကြသည်။ ယင်း လူမှုရေးနှီးနှောဖလှယ်ပွဲ၏ ရလဒ်သည် ပဲခူးမြို့တွင် မီးသင်္ဂြိုလ် စက်အသစ် တည်ဆောက်နိုင်ရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတတ်နိုင်ဆုံး ကူညီပံ့ပိုး ပေးမည်ဟု ဆုံးဖြတ်လိုက်သည့်အပေါ် ဒေသခံ ရဟန်းရှင်လူ မိဘပြည်သူအပေါင်းတို့မှ သာဓု .. သာဓု .. သာဓု ဟု အနုမောဒနာ ခေါ်ဆိုလိုက်သံသည် သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) တည်ရှိရာ ဒက္ခိဏသာခါ ရာမကျောင်းတိုက်ဝင်းအတွင်း မြည်ဟီးသွားခဲ့ပါတော့သည်။

ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုစောင့်ရှောက်ခြင်းသည် ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်း မည်ပေ၏ ဟူသော မြတ်စွာဘုရားရှင်၏ ဆိုဆုံးမအတိုင်း အနယ်နယ် အရပ်ရပ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းများ အနေဖြင့် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့အား (အခမဲ့) ပြုစုစောင့်ရှောက်ကုသပေးခြင်းသည် သူနာပြုသောဗုဒ္ဓ၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းကြသော ဗြဟ္မစိုရ်ခြေလှမ်းများပင် ဖြစ်တော့သည်။

ကိုကျော်သူ



Viewing all articles
Browse latest Browse all 32865

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>