Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဝန်ကြီးချုပ်အစုရှယ်ယာပါဝင်သောထားဝယ်အများပိုင်ကုမ္မဏီမှအဆောက်အဦးဆောက်လုပ်ရန်အတွက် စိုက်ပျိုးပြီးသား လယ်မြေပေါ်တွင် သဲမှုတ်တင်ခြင်း

$
0
0

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ ကမြောကင်းတံတားအနီး၊ ကမြောကင်းလမ်းဘယ်ညာတွင် ထားဝယ်ဖွံ့ဖြိုး တိုးတက်မှုအများပိုင်ကုမ္မဏီမှ စိုက်ပျိုးပြီးသာလယ်မြေများပေါ်တွင် Shopping Center နှင့် အခြားအဆောက်အဦများဆောက်လုပ်ရန်အတွက် ထားဝယ်မြစ်အတွင်း သဲလှေများမှ သဲများအား စပါးစိုက်ထားသောလယ်မြေပေါ်တွင် သဲများဖြင့်ဖုံးခြင်းအား 2012 ခုနှစ်၊ ဇူလိုင်လ ပထမပတ်မှ စတင်ကာဆောင်ရွက်နေပါသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ အများပိုင်ကုမ္မဏီကြီးများ၊ ထားဝယ်သား စီးပွားရေး လုပ်ငန်းရှင်များ၊ တနင်္သာရီတိုင်းဒေသအတွင်းရှိ ကုမ္မဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များစွာရှိတဲ့အနက် ၀န်ကြီးချုပ် ဦးမြတ်ကို ဟာ ထားဝယ်ဖွံ့ ဖြိုးတိုး တက်မှု အများပိုင်ကုမ္မဏီမှ ခင်စိုးတစ်ဦးတည်းကိုသာ အခွင့်အရေးများစွာပေးခြင်း၊ ခင်စိုး လုပ်ဆောင်မည့် မည်သည့်လုပ်ငန်းကိုမဆို တာဝန် ယူဆောင် ရွက်ပေးခြင်းဖြစ်သလို အဆိုပါကုမ္မဏီမှ သူဌေးများသည်လည်း ဌာနဆိုင်ရာများသို့ လာရောက်ရာတွင် ၀န်ကြီးချုပ် ရှယ်ယာ ပါဝင်သည့် ကုမ္မဏီဖြစ်ကြောင်းပြောဆိုပြီး ၀န်ထမ်းများကို ရုံးဆင်းချိန်၊ ရုံးပိတ်ရက်များပါမကျန် အမြန်ဆုံးပြီးပြတ်အောင်စာရွက်စာတမ်း များကိ ဆောင် ရွက်ခိုင်းခြင်းများကြောင့် ၀န်ထမ်းများအနေဖြင့် စိတ်ဆင်းရဲမှုများနှင့် ကြုံတွေ့နေရပါသည်။
ထားဝယ်မြို့တွင်းရှိမြေနေရာ များအပြင်၊ ရေနက်ဆိပ်ကမ်းနှင့်အနီးဆုံးမြေနေရာများ၊ ယိုးဒယားနိုင်ငံနှင့်ထိစပ်နေသော ထီးခီးဒေသရှိ မြေနေရာများ၊ ဟိုတယ်ဆောက်လုပ်ရန် မောင်းမကန်ကမ်းခြေမြေနေရာများ၊ မြေခံအော်ဒေသမြေနေ ရာများ၊ ကျောက် တွင်းဒေသမြေနေရာများနှင့် စီးပွားရေးဈေးကွက်ကောင်းသော မြေနေရာအတော်များများ စုစုပေါင်းဧက(၅၀၀၀၀) ၀န်းကျင်ကို မကြာသေခင်ကာလအတွင်း သူဌေးကြီးခင်စိုးကိုသာလုပ်ပိုင်ခွင့်ပေးခဲပါသည်။ ယခုလက်ရှိလည်း ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်း ထားဝယ်နှင့်အနီးဆုံး စိုက်ပျိုးထားသော မြေနေရာတွင် SHOPPING CENTER များနှင့်အခြား အဆောက်အဦးဆောက်လုပ်ရန် ခင်စိုးမှလယ်မြေပေါ်တွင် သဲမှုတ်တင်ခြင်းလုပ်ရက်မှာ အတော်ကို အကျည်းထန်လှပါတယ်....အဆိုပါမြေနေရာတွင် လယ်လုပ်သူများမှာ လက်တွန်းထွန်းစက်တောင်မရှိပါဘူး....နွားနှင့်ဘက်ပြီးလယ်ထွန်းတယ်၊ စပါးပင်တွေ ကြီးလာတော့ အများပိုင်ကုမ္မဏီကသူဌေးတွေက ၀န်ကြီးချုပ်အမိန့်ဖြင့် လာရောက်ပြီး အစိုးရမှ သိမ်းသည့်သဘောမျိုးဖြင့် လယ်လုပ်နေသူများကို ဖယ်ခိုင်းပါတယ်။ အများပိုင်ကုမ္မဏီ အနေဖြင့် ဒေသဖွံ့ရေးဆောင်ရွက်မယ် ဆိုလျှင် နိုင်ငံတော် သမ္မတ၏လမ်းညွန်ချက်အရ ဆင်းရဲနွမ်းပါမှုလျော့နည်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်လမ်းညွန်ထားသော်လည်း လယ်သမားများ၊ ယာသမားများတို့ကို စိုက်ပျိုးရေးအတွက် နည်းပညာများနှင့်စက်ကရိယာများကို ကျွန်တော်တို့ထားဝယ်ဒေသမှာ အများပိုင်ကုမ္မဏီနှင့် အခြားလုပ်ပိုင်ခွင့်ရကုမ္မဏီများအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးရမည့်အစား စိုက်ပျိုး ပြီးသားလယ်မြေပေါ်တွင် သဲမှုတ်တင်ခြင်းဟာ ခင်စိုးအပါအ၀င် အများပိုင်ကုမ္မဏီရဲ လုပ်ရက်ဟာ ထားဝယ်ဒေသအတွက် အကျည်းတန်(တရားလွန်)လှပါတယ်။
ယခုလို လုပ်ရက်များကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာတဲ့လယ်မြေတွေကို သဲမှုတ်တင်ပြီးအဆောက်အဦဆောက်လုပ်ရမယ်ထင်ပြီး မန္တလေးက သူဌေးတွေ လယ်မြေတွေလာဝယ်နေကြတဲ့အတွက် လယ်မြေဈေးတွေတက်ကုန်ပါတယ်။ လယ်လုပ်သူများ လယ်ယာမြေတွေရောင်းစားပြီး မလေးရှား၊ ယိုးဒယားတို့လိုနိုင်ငံတွေမှာ အလုပ်သွားလုပ်ခိုင်းနေတာနဲ့အတူတူဘဲဖြစ်မနေဘူးလား။ နိုင်ငံတော်အစိုးရက တစ်ဘက်နိုင်ငံကို ရောက်နေတဲ့ထားဝယ်သားကို ထားဝယ်ကိုပြန်လာပြီးအလုပ်အကိုင်အခွင့်အရေးရအောင် လယ်ယာမြေပြန်လည်လုပ်ဆောင်ရမည့်အစား တစ်ဘက်နိုင်ငံကို ကျွန်သွားလုပ်ကိုင်တာနဲ့ မတူဘူးလား။ ဒီလုပ်ရက်တွေကို ကျွန်တော်တို့ထားဝယ် သားတွေပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်။ ထားဝယ်သူထားဝယ်သားအနေဖြင့် အများပိုင် ကုမ္မဏီထူထောင်တာကို ကျွန်တော်တို့ဝမ်းမြောက် စွာအားပေးပါတယ်။ ထားဝယ်သားတွေပိုင်တဲ့လယ်တွေ၊ မြေတွေကို ဈေးကောင်းတယ်ဆိုပြီး ခင်စိုးအနေနဲ့မြေဈေးကစားဖို့၊ မန္တလေးက တရုတ်သူဌေးတွေကို ခေါ်ချတာနဲ့အတူတူဘဲမို့လား၊ သူ့ရဲ့ စီးပွားရေးအတွက် လုပ်ဆောင်နေတာကို ထားဝယ်သူ/သားတွေသိကြရဲ့လား။
ထားဝယ်ဒေသဖွဲံဖြိုးတိုးတက်ဖို့ဆိုရင် ထားဝယ်အသင်းဥက္ကဌ၊ အများပိုင်ကုမ္မဏီဥက္ကဌတို့ ကိုရွေးချယ်တင်မြောက်မယ်ဆိုရင် အကျင့်စာရိတကောင်းသူဖြစ်ရမည်၊ မှောင်ခိုစီးပွားရေးလုပ်ပြီးချမ်းသာတဲ့သူမဖြစ်ရဘူး၊ အပေါ်ယံ အရေခြုံသူမဖြစ်ရဘူး၊ သူများသားမယားဖျက်ဆီးသူမဖြစ်ရဘူး၊ အဲဒီလိုမျိုးကိုဖယ်ပြီး အကျင့်စရိတ္တ ကောင်းမွန်တဲ့လူမျိုးထားဝယ်သူ/သားထဲမှာရှိပါတယ် ၊ အဲဒီလိုလူမျိုမှ ရွေးချယ်တင်မြောက်ပြီး ဦးဆောင်နိုင်မည်ဆိုလျင် ထားဝယ်သားများပိုင် လယ်/မြေများ မပျောက်ဘဲ ထားဝယ်ဒေသကြီး ဖွံဖြိုးတိုးတက်လာမည်မှာ ထားဝယ်သူ/သားများအားလုံးမှ ယုံကြည်ကြောင်း တင်ပြလိုက်ရပါတယ်။

daweikogyi



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>