Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရှစ်လေးလုံးနေ့ကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖွယ်ရှိ

$
0
0


ယနေ့( သြဂုတ်လ ၈ ရက်)ကျင်းပသော ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ရေစက်ချလှူဒါန်း(photo..88generation studients)

ရှစ်လေးလုံးနေ့ဟုခေါ်သည့် ယနေ့ သြဂုတ်လ ၈ ရက်ကို မြန်မာနိုင်ငံဒီမိုကရေစီနေ့အဖြစ် သတ်မှတ်သွားရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

ဦးမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ယနေ့ မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သော ၀ါဆိုသင်္ကန်းကပ်လှူပွဲအပြီးတွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲ၌ ယနေ့ရှစ်လေးလုံးနေ့ကို မြန်မာနိုင်ငံဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် မန္တလေးမြို့မှ ၈၈ မျိုးဆက်ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ စိမ်းရောင်စို activities မှ ကိုတင်သစ်က အဆိုပြုသွားခဲ့ခြင်းဖြစ်သည်။ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်အား ယင်းအဆိုနှင့် ပတ်သက်၍ မေးမြန်းရာတွင် "ကျွန်တော်ကန့်ကွက်စရာမရှိပါဘူး။သဘောလည်းတူပါတယ်။ နောက်နှစ်လုပ်မယ့် ငွေရတုမှာ ပြည်လုံးကျွတ်သဘောမျိုး လုပ်ပြီးတော့ အတည်ပြုလိုက်ရင်တော့ သင့်တော်မယ်ထင်တယ်။ အဲဒီလို စဉ်းစားထားတယ်။ ခုလည်း ကန့်ကွက်မယ့်သူမရှိဘူး။ မှတ်တမ်းလည်းတင်ထားတယ်။ နောက်နှစ်မှာ ရှမ်းပြည်နယ်မှာ ဖြစ်ချင်ဖြစ်မယ်။ ကချင်ပြည်နယ်မှာ ဖြစ်ချင်ဖြစ်မယ်။ တိုင်းရင်းသားတွေပါ ပါပြီးတော့ အတည်ပြုလိုက်မယ်လို့ စဉ်းစားထားပါတယ်"ဟု ဖြေကြားသည်။

ရှစ်လေးလုံးအထိမ်းအမှတ်ကို မန္တလေးမြို့တွင် လာရောက်ကျင်းပရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ "လိုရင်းပြောရရင်တော့ဗျာ မန္တလေးကို ချစ်လို့ပေါ့ဗျာ။ အဲဒါ နံပါတ်တစ်ပါပဲ။ နောက်တစ်ခုကကျတော့ ဒီမှာက ပထ၀ီအနေအထားအရ အားလုံးလာဖို့လွယ်တယ်။ ပြီးတော့ အလုပ်တစ်ခုကို စလုပ်ရင် ဒီမှာက သံဃာထုအင်အားကောင်းတယ်။ ကျွန်တော်တို့နဲ့ ခေတ်ပြိုင် အလုပ်တူတူ လုပ်ခဲ့တဲ့သူတွေလည်း မန္တလေးမှာ လုပ်ဖို့အသင့်တော်ဆုံး ကန့်ကွက်မယ့်သူလည်း မရှိလို့ ဒီကိုရွေးလိုက်တာပါ။ သံဃာထုအင်အားကို အားကိုးတာလည်း ပါပါတယ်"ဟု ဦးမင်းကိုနိုင်က ပြောသည်။

လာမည့်နှစ်တွင် ပြည်နယ်တစ်ခုခု၌ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးသို့ လှည့်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

7days nws journal



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>