Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် အကျဉ်းဦးစီးဌာန ရဲ့ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုဒါဏ်ကြောင့် အင်းစိန်ဆေးရုံမှာတက်နေရတဲ့ ကိုဖြိုးဝေအောင်ကိုသွားရောက်တွေ့ဆုံအားပေး

$
0
0
ဦးဆုံး X2o သင်္ကြန်မဏ္ဍပ် ဗုံးခွဲခံရခြင်းကြောင့် သေဆုံး၊ ထိခိုက် ဒါဏ်ရာရခဲ့သော အပြစ်မဲ့ ပြည်သူတို့ကို အသိပေးတောင်းပန် စကားဆိုလိုသည်။ မိမိတို့ ဖြတ်သန်းခဲ့ရသော ပြီးခဲ့သည့် အုပ်ချုပ်ရေး စနစ်တွင် စကားနှင့် အလုပ် တည်သော အုပ်ချုပ်သူတို့ နည်းပါးခဲ့သည်။

ဥပဒေကို အသက်တမျှ ကာကွယ် လိုက်နာစောင့်ရှောက်ခြင်း နည်းပါးခဲ့သည်ကို မမေ့ဖို့နှင့် စွပ်စွဲအပြစ်တင်မှု တခုခုဖြင့် အရေးယူ အပြစ်ပေးခံရသူတိုင်းသည် ထို ပြစ်မှုကို ကျူးလွန်ခဲ့သူ ဖြစ်သည်မှာ မသေချာ ဆိုသည့် တရားစီရင်မှု ယိုယွင်းသော ပြသနာကြီးကို သတိပြုမိဖို့ လိုပါသည်။

ဗုံးခွဲမှုဖြင့် ဖမ်းဆီးစွပ်စွဲကာ ဘယ်လိုမှ ခိုင်မာခြင်းမရှိသော အတင်းစွပ်စွဲချက်များဖြင့်အတင်း သေဒါဏ်ချမှတ်ခံခဲ့ရသော ကိုဖြိုးဝေအောင် ကို ထောင်တွင်းမှာ အတူရင်းနှီးစွာတွေ့ဆုံခဲ့ဖူးပါတယ်။ အခု သူ လွတ်ငြိမ်းချမ်းသာခွင့်နဲ့တော့ လွတ်ပါတယ်။အင်းစိန် ဆေးရုံပေါ်မှာပါပဲ။ ကိုယ်အောက်ပိုင်းက လုံးဝ အသုံးပြုလို့ မရတော့ပါဘူး။ ဆေးကုသခွင့် မပေးတဲ့ ယုတ်မာသော အကျဉ်းဦးစီးဌာန ရဲ့ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုဒါဏ်ကို ကျနော့်နည်းတူ ခံစားခဲ့ရတဲ့ ကိုဖြိုးဝေအောင်ကို ဒီကနေ့ သွားရောက် အားပေး စကားပြောကြားခဲ့ပါတယ်။

ကျနော်တို့ကတော့ လူမျိုး ၊ ဘာသာ မခွဲခြားပါ။ နိုင်ငံသားချင်း ဆိုတဲ့ စိတ်နဲ့ ရိုင်းပင်းကူညီစောင့်ရှောက်တာပဲ ဖြစ်ပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်ပြန်လည် တည့်မတ်လာဖို့ ကိုဖြိုးဝေအောင်ကို သူ့ အမှုနဲ့ ပတ်သက်ပြီး တိကျပြတ်သားအကွက်စေ့တဲ့သတင်းစာရှင်းလင်းပွဲလုပ်ပြီး မြန်မာပြည်စစ်အာဏာရှင် ခေတ်ရဲ့ တရားစီရင်ရေး စနစ်အကြောင်းကို မီးမောင်းထိုးပြဖို့ ပြန်လည်ပြင်ဆင် အရေးယူနိုင်မှုတွေ လုပ်ဖို့ ကျနော်တို့မှာ တာဝန်တွေရှိကြောင်း ကိုဖြိုးဝေအောင်ကို ပြောဆိုခဲ့ပါတယ်။

သူမကြာခင်မှာ တရားဝင် ရှင်းလင်းပွဲလုပ်မယ်လို့ ဆိုပါတယ်။ အပြစ်မရှိသော သူတယောက် မတရားပြစ်ဒါဏ်ခံရခြင်းလောက် ဆိုးဝါးသော ရာဇ၀တ်မှု မရှိပါ။

နေမျိုးဇင်



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>