Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

NLDပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းဘုန်းကြီးကျောင်းများဖယ်ရှားပေးရေး ကိစ္စနှင့်ပတ်သက်၍ မိထ္တီလာကျောင်းဆရာတော်နှင့်တွေ့ဆုံ

$
0
0

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း 11.8.2012 ရက်တွင် သစ်တောကြိုးဝိုင်းတွင်း ကျရောက်သော ဘုန်းကြီးကျောင်းများဖယ်ရှားပေးရေးကိစ္စနှင့်ပတ်သက်၍ မိထ္တီလာကျောင်းဆရာတော်နှင့်တွေ့ ဆုံပြီး သူမအနေနှင့် (၁၃.၇.၂၀၁၂)တွင် နေပြည်တော်စည်ပင်သာယာရေးအထူးဖွံ့ဖြိုးရေးဇုံ စီမံကိန်းရုံးမှ ဗိုလ်မှူးကြီးကံချွန်နှင့် တွေ့ဆုံကာ ၎င်းဘုန်းကြီးများ နေထိုင်ရာကျောင်းများတွင် ဆက်လက်နေထိုင်ခွင့်ရရှိရန် နှင့်ဘုန်းကြီးကျောင်းများ ဆက်လက်ဖယ်ရှားမှု မပြုလုပ်စေရန် ညှိုနှိုင်းဆွေးနွေးခဲ့သည့်နောက်ပိုင်း ဘုန်ကြီးကျောင်းများအား ဆက်လက်ဖယ်ရှားစေခြင်းရှိ/မရှိ မေးမြန်းခဲ့ပါသည်။ မိထ္တီလာကျောင်းဆရာတော် အရှင်စန္ဒိမာ ကလော လောဆယ်ဆယ်တော့ ဆက်လက်ဖယ်ရှားစေခြင်းမရှိသေးပါဘူး။ ဆရာတော်က ဆက်လက်မိန့်တော်မူသည် မှာ ၀ါဆိုသံယာစာရင်းလျှောက်ထားတာလဲ မပေးသေး၊ပြုလုပ်ပေးခြင်းမရှိသေး၊ နှစ်စဉ် စားရင်းတင်သော်လည်း ပယ်ချခံရကြောင်း ပြောကြားခဲ့သည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဒေါ်စန္ဒာမင်းမှ မိမိအနေနှင့် သက်ဆိုင်ရာနှင့် တွေ့ဆုံပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့ လိုအပ်ကြောင်းပြောကြား၁၂.၈.၂၀၁၂

ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ရွှေကြာပင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ယာယီမြို့နယ်ရုံးတွင်) မြို့နယ်အတွင်းရှိပါတီဝင်များနှင့်တွေ့ဆုံပြီး (၁၅.၈.၂၀၁၂)ရက်နေ့တွင်ဖွင့်လှစ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်ရုံး) ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ရုံးခန်းဖွင့်ပြီး နောက်ပိုင်းတွင် လူမှုအထောက်အကူ အနေဖြင့်ရှေ့နေများရုံးထိုင်မှာဖြစ်ပြီး လယ်ယာမြေသိမ်းဆည်းခံရသည့်ကိစ္စများ၊အလုပ်သမားရေးရာကိစ္စများနှင့် မတရားမှုများမဆို ဆွေးနွေးတိုင်ပင် အကူအညီ တောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး မည်သည့်ကိစ္စကိုမဆို ပြုမူဆောင်ရွက်သည့်အခါတွင် ပါတီဝင်များအနေဖြင့် ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့ လိုအပ်ကြောင်း အထူးပြောကြားခဲ့ပါသည်။

Trending Articles

အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ

TTA Oreo Gapp Installer

အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်

ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”

သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်

♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫

ပူဇော်ခြင်းနှစ်မျိုး

ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>