Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကယ်ဆယ်ရေးအေဂျင်စီများ ပိုမို လွတ်လပ်စွာသွားရောက်ခွင့် ပေးရန်မြန်မာကိုတောင်းဆို

$
0
0
Jurist News မှ 10 August 2012 ရက်စွဲပါ “UN Humanitarian Chiefs Call On Myanmar To Increase Access For Aid Agencies ”သတင်းကို ဘာသာပြန်ဆိုသည်။

ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်မှု ဌာန UNOCHA ကမြန်မာနိုင်ငံတွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေသူ ငါးသိန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီ မလုံလောက်ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကြာသပတေးနေ့က ထုတ်ဖော်ပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးအေဂျင်စီများ အားပို မို လွတ်လပ်စွာ သွာရောက်ခွင့်ပြုရန် တောင်းဆိုလိုက်သည်။

၎ရက်ကြာ မြန်မာခရီးစဉ်တွင် UNOCHA စီမံကိန်းဒါရိုက်တာ ဂျွန်ဂျင်က မြန်မာအာဏာပိုင်များ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ငြိမ်းချမ်းရေး ကြိုးပမ်းမှုများမှ ထွက်ပေါ်လာသော ရလာဒ်များကို အသိအမှတ်ပြုပါကြောင်း သို့သော် သိသာထင်ရှားသော လူသားချင်စာနာမှုဆိုင်ရာ လိုအပ်ချက်များကု ဖြေရှင်းဖို့ ရှိနေသေးကြောင်း ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်မှ အရေးပေါ်စာန်ာမှု အကူအညီလိုအပ်နေသော အိုးမဲ့အိမ်မ့ ပြည်သူများထံ ကယ်ဆယ်ရေး အေ၈ျင်စီများ သွားရောက်ခွင့် ပိတ်ပင်ခံထားရကြောင်း သတိပေးပြောဆိုသည်။

စိတ်ခံစားချက်များ ပြင်းထန်ခြင်း နှစ်ပေါင်းများစွာမကျေလည်ခြင်း နှင့်လတ်တလော အကြမ်းဖက်မှုများက နှစ်ဖက်အသိုင်းအဝန်းအတွင်း စိုးရိမ်မှု နှင့်ဒေါသတွဲဖက်သွားအောင် လှုံ့ဆော်ပေးခဲ့သည်။ ဤအခြေအနေတွင် ဒုက္ခသည်များအရေးတကြီးလိုအပ်နေသော အကူအညီများ ပြည့်မီရေးနှင့် တစ်ချိန်တည်းတွင် နောင်ကာလ၌ အပြန်အလှန်အကြမ်းဖက်မှုများ နောက်ထပ်မဖြစ်ပွားအောင် တားဆီးရန်အတွက် အခြေခံကျသော ပြဿနာများကို ဖြေ ရှင်းရန်အတွက် အခြေခံကျသော ပြဿနာများကို ဖြေရှင်းရေးသည် အလွန်အမင်း အရေးကြီးသည်။

ဂျွန်ဂင်က ပတ်သက်နေသော အုပ်စုများအား တရားဥပဒေစိုးမိုးမှုကို လေးစားကြရန်နှင့် လက်နက်ကိုင် အကြမ်းဖက်မှုများအား ငြိမ်းချမ်းသော နည်း လမ်းဖြင့် ဖြေရှင်းကြရန် တောင်းဆိုသည်။ ထို့အပြင် မြန်မာအာဏာပိုင်များ မကြာသေးမီက ဖမ်းဆီးထိန်းသိမ်းထားသည့် ကုလသမဂ္ဂနှင့် အင်ဂျီအိုအဖွဲ့များ မှ ကယ်ဆယ်ရေး ဝန်ထမ်း၁၄ဦး ကိုအမြန်ဆုံးပြန်လွှတ်ပေးရန် ဂျွန်ဂျင်ကတောင်းဆိုလိုက်ပြီး ဒုက္ခသည်များ အရေးပေါ်လိုအပ်နေသော အမိုးအကာ စားနပ် ရိက္ခာ၊ ရေနှင့်သန့်ရှင်းရေး ကိစ္စရပ်များအား ဒီဇင်ဘာလကုန်အထိ ကူညီထောက်ပံ့နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၃၂.၅သန်း ပံ့ပိုးကြရန် အလှူရှင်များ ကို တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံက လူမျိုးကွဲဘာသာကွဲ အသိုင်အဝိုင်းများအကြား ငြိမ်းချမ်းရေးတည်ဆောက်ရန် သမ္မတဦးသိန်းစိန်က ကြိုးပမ်းလျက် ရှိသော်လည်း လူ မျိုးကွဲဘာသာကွဲ အကြမ်းဖက်မှု အဓိကရုဏ်းကို ဖြေရှင်းရာတွင် အောင်မြင်မှု မရသောကြောင့် နိုင်ငံတကာ၏ အပြစ်တင်ဝေဖန်မှုများကို လက်ယပ်ခေါ်သလို ဖြစ်စေခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိကန် အထက်လွှတ်တော် ကော်မတီက မြန်မာထွက်ကုန် တင်သွင်းမှု တားမြစ်ချက်ကို ထပ်မံသက်တမ်းတိုးခဲ့သည်။ ယင်းမတိုင်မီ တစ်ရက်တွင် Human Rights Watchက ၅၆မျက်နှာပါသော အစီရင်ခံစာ ထုတ်ပြန်ကာ ရိုဟင်ဂျာ မူစလင်များအပေါ် မြန်မာလုံခြုံရေး တပ်ဖွဲ့ များက လု့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲခဲ့သည်။

ဇူလိုင်လတွင် ကုလသမဂ္ဂ လူ့ခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီင်္ပီလေက ရခိုင်ပြည်နယ်တွင် အကြမ်းဖက်အဓိကရုဏ်းနှင့် လူ့အခွင့်အရေး ချိုး ဖောက်မှုများ အပေါ်စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ Amnesty Internationalကလည်း ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာပြီး နောက်ပိုင်း နှစ်ဖက်အုပ်စုအများ အကြမ်းဖက်မှု ပိုမိုကြီးထွားလာသည်ဟု ပြီးခဲ့သော သီတင်းပတ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ပြင်ရခိုင်ပြည်နယ် တွင် ကုလသမဂ္ဂနှင့် ကယ်ဆယ်ရေးဝန်ထမ်း၁၀ဦး အထိန်းသိမ်းခံနေရပြီး (၃)ဦးမှာ ရာဇဝတ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု UNHCR မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇူလိုင်လဆန်းပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

Yangonchronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>