Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)ကို ရွေးချယ်တင်မြှောက်

$
0
0
Photo..AP
""ဒုသမ္မတ(၂)အကြောင်းတစေ့တစောင်း""
စစ်တက္ကသိုလ်အပါတ်စဉ်(၁၆)၊အောင်ဇေယျတပ်ခွဲဆင်းဖြစ်ပါတယ်။တပ်မတော်(ရေ)တွင် ဒုဗိုလ် မှ ဗိုလ်ချုပ်ကြီးအထိတာဝန်ထမ်းဆောင်ခဲ့သည်။ဇီးကုန်းသားတယောက်ဖြစ်ပြီး ၊ လူရည်ချွန် ၂ ထပ်ကွမ်းရရှိခဲ့ပါတယ်။
အမေရိကန်/အင်္ဂလန်တို့တွင်တပ်မတော်ဆိုင်ရာသင်တန်းများစွာတက်ရောက်ခဲ့သူဖြစ်ပါတယ်။အိပ်(ဂျ)ဂျီပီ ၊အာအယ်(လ) သင်တန်းတွင် မြန်မာတပြည်လုံး ပထမ ရရှိခဲ့ပါတယ်။
တပ်မတော်ရေအမှတ် (၁ ) ထောက်လှမ်းရေးတပ်မူး၊ကကလှမ်းရုံးချုပ် စစ်ဦးစီးဒုတိယတန်းထိုတပ်မတော် ( ရေ ) တွင်စစ်ဦးစီးဗိုလ်မူးကြီးမှစစ်ဦးစီးအရာရှိချုပ် မှ ရေချုပ်ဖြစ်လာခဲ့သည်။နိုင်ငံတကာဆက်ဆံရေး ၊လူမှုပေါင်းသင်း
ဆက်ဆံရေးကောင်းမွန်သူတဦးလဲဖြစ်ပါတယ်။

အနုပညာ ဝါသနာပါသူတဦးဖြစ်ပြီး တပ်မတော်(ရေ) ဇာတ်ကားများတွင်ပါဝင်သရုပ်ဆောင်ဘူးပါတယ်။
ဦးဝင်းဦး သီဆိုသော တိမ်လွှာမို့မို့လွင် သီချင်းသီဆိုရာတွင် ဦးဝင်းဦး ကဲ့သို့ထပ်
တူသီဆိုနိုင်ပါတယ်။
By- Aung Thu Ra
သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်ပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)အား ဒုတိယသမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် ဒုတိယသမ္မတ အဖြစ် ရွေးချယ်ခံရသူ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းက ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာ ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများသည်"ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင် ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန်ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီညွတ်ခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက်နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်" ဟူ၍ ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံဥပဒေအရ ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်သောကြောင့် ယင်းနေရာတွင် လစ်လပ်သွားသည့် ဒုတိသမ္မတ နေရာတွင် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ဒုတိယသမ္မတသည် အရည်အချင်းများနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေးအဖွဲ့က စိစစ်ခဲ့ကြောင်း သိရသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ရွေးချယ်တင်သွင်းသော ဒုတိယသမ္မတသည် အရည်အချင်းများနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရန် စိစစ်ရေးအဖွဲ့ကို ဇူလိုင်လ ၁၂ ရက်နေ့တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် ဖွဲ့စည်းခဲ့သည်။

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေအရ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဒုတိယသမ္မတရာထူးမှ ဆန္ဒအလျောက်နုတ်ထွက်ပါကြောင်း ၁-၇-၂၀၁၂ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၇ နှင့်အညီ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
Eleven media group



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>