Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရိုဟင်ဂျာများအတွက် စာသင်ကျောင်းများ ဖွင့်ပေးမည်ဟု သမ္မတက VOA သို့ပြောကြား

$
0
0
(VOA News မှ 14 August 2012 ရက်စွဲပါ “Burma’s President Tells VOA He Will Open Schools for Rohingya” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရက ဖိနှိပ်နေသည်ဟု စွပ်စွဲနေကြသော ရိုဟင်ဂျာ မူစလင်များ၏ ပညာရေး တိုးတက်စေရန် စာသင်ကျောင်းများ ဖွင့်လှစ်ပေးမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။

VOA မြန်မာပိုင်း အစီအစဉ်မှူး ဦးသန်းလွင်ထွန်းနှင့် နေပြည်တော်တွင်ပြုလုပ်သော အင်တာဗျူးတွင် သမ္မတဦးသိန်းစိန်က “မတူကွဲပြားသော အ သိုင်းအဝိုင်းများ အလိုက်သင့် နေထိုင်၍ လူအခွင့်အရေး လေးစားမှုရှိရန်အတွက် ပညာရေးသည် အရေးပါကြောင်း ” ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလီများ ရိုဟင်ဂျာများသည် ဘာသာရေးသင် ကျောင်းများသာရှိကြပြီး စစ်မှန်သောပညာရေး အစီအစဉ်မရှိဟု ၎င်းကဆိုသည်။ “ဒါ့ကြောင့်သူတို့ အတွက် စာသင်ကျောင်းတွေ ဖွင့်ပေးပြီး ခေတ်မီပညာရေးကိုပေးမယ်။ သူတို့ပညာတတ်လာမယ်ဆိုရင် ပိုမိုတွေးခေါ်တတ်လာပြီး အမှားအမှန်ကို ဆုံးဖြတ်နိုင် ပါလိမ့်မယ်။

မြန်မာနိုင်ငံအတွင်း၌ နေထိုင်သော ရိုဟင်ဂျာမူစလင် ခန့်မှန်းခြေ ၈သိန်းခန့်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။ မြန်မာပြည် သူအများစုကလည်း ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင်ရွှေ့ပြောင်းနေထိုင်ကြသော ဘင်္ဂါလီများဟု သတ်မှတ်ထားကြသည်။

ရိုဟင်ဂျာပြဿနာနောက်ပိုင်း ဖွဲ့စည်းထားသော ဗြိတိသျှ အခြေစိုက် Restless Beings အုပ်စုကို ထူထောင်သူ ဒါရိုက်တာ မာဘရားအာမက်က ဦး သိန်းစိန်၏ စာသင်ကျောင်းအစီအစဉ်ကို ကြိုဆိုထောက်ခံသော်လည်း လူမျိုးရေးခွဲခြားမှု ရှိနိုင်ကြောင်း သတိပေးသည်။

ထို့ပြင် နိုင်ငံသားခံယူခွင့် မရသောကြောင့် ရိုဟင်ဂျာများ အနေဖြင့် မြေပိုင်ဆိုင်ခွင့် လက်ထပ်ထိမ်းမြားခွင့်ကိစ္စများ ဆောင်ရွက်ရန်များစွာ အခက်အ ခဲရှိနေသည်ဟု မားဘရားအာမက်က ဆိုပါသည်။

“ယေဘူယျအားဖြင့်တော့ လူတိုင်းတန်းတူညီမျှအခွင့်အရေး ရှိပြီး မျိုးရိုးစဉ်ဆက်ဗမာ၊ တိုင်းရင်းသားဗမာ၊ ဘိုးစဉ်ဘောင်ဆက်ဗမာအစရှိတဲ့ လူမျိုး ရေးခွဲခြားမှုတွေ မရှိစေဖို့ ဥပဒေတစ်ရပ်လုံးကို ပြန်လည်သုံးသပ်သင့်ပါတယ် ” ဟု အာမက်ကပြောကြားသည်။

ထို့ပြင်နိုင်ငံသားခံယူခွင့် မရသောကြောင့် ရိုဟင်ဂျာများအနေဖြင့် မြေပိုင်ဆိုင်ခွင့်၊ လက်ထက်ထိမ်းမြားခွင့် ကိစ္စများဆောင်ရွက်နိုင်ရန် များစွာအ ခက်အခဲများ ရှိနေသည်ဟု မားဘရားအာမက်က ဆိုသည်။

မြန်မာနိုင်ငံမှ တပ်မတော်အစိုးရမှ အရပ်သားအစိုးရသို့ အသွင်ပြောင်းမှုသည် ကောင်းမွန်သော အပြုသဘောဆောင်ရွက်ချက်ဖြစ်ပြီး သမ္မတ၏ အင် တာဗျူးသည် မြန်မာအစိုးရအကြီးအကဲက VOAသတင်းဋ္ဌာနကို ပထမဆုံးခွင့်ပြုသော အင်တာဗျူးလည်းဖြစ်သည်။

ယခင် တပ်မတော်အစိုးရဟောင်း လက်ထက်တွင် VOAကို ကောလဟာလသတင်းများ ဖြန့်ချိသည်ဟု စွပ်စွဲ၍ ပိတ်ပင်ထားခဲ့ဘူးသည်။ မကြာသေး မီက ဖြစ်ပွားသော ရခိုင်ပြည်နယ်မှ အဓိကရုဏ်းအပေါ် နိုင်ငံခြားစုံစမ်းစစ်ဆေးမှု မှန်သမျှကို မြန်မာနိုင်ငံက ကန့်ကွက်သည်ဟု သမ္မတကထပ်မံ ပြောကြား သည်။

ထို့ပြင် အဓိကရုဏ်း ဘေးဒဏ်သင့် ဒုက္ခသည်များကို အစိုးရက အကူအညီများ ပေးအပ်နေကြောင်း လူပေါင်း၈၀ခန့် သေဆုံးခဲ့ရသော အကြမ်းဖက် မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကို တောင်းဆိုထားပြီးဖြစ်ကြောင်း ပြည်တွင်းဆူပူ အကြမ်းဖက်ဖြစ်စဉ်ကို စုံ စမ်းစစ်ဆေးရန် မလိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ရှင်းလင်းပြောဆိုသွားသည်။

Yangon chronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>