Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ထိုင်းသတင်းထောက် နာမည်ပျက်စာရင်းကို ဦးသိန်းစိန် ပယ်ဖျက်ပေးမည်

$
0
0
Photo..www.betweenonline.com
(Bangkok Post မှ 16 August 2012 ရက်စွဲပါ“ Thein Sein toaxe blacklist ” သတင်းကို ဘာသာပြန်ဆိုသည်)

၂၀၀၃ခုနှစ်တွင် ပြုလုပ်ထားသော နာမည်ပျက် blacklist စာရင်းမှ ထိုင်းသတင်းထောက် ၁၅ဦး၏ အမည်များကို ပယ်ဖျက်ပေးမည်ဟု မြန်မာသမ္မ တ ဦးသိန်းစိန်က ကတိပေးလိုက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူခွန်ပေါဆူဝန်နာတက်က မနေ့ကပြောကြားသည်။

၂၀၀၃ခုနှစ်က နာမည်ပျက်စာရင်းသွင်းထားသော ထိုင်းသတင်းထောက်၁၅ဦး၏ အမည်စာရင်းနှင့်ဓါတ်ပုံများကို ဌာနဆိုင်ရာ တာဝန်ရှိသူများထံမှ ရရှိသည်နှင့်တပြိုင်နက် မြန်မာသမ္မတက ပယ်ဖျက်မိန့်ပေးလိမ့်မည်ဟု ဆူခွန်ပေါက ဆိုသည်။

တရားဝန်နှစ်ရက်ကြာ ခရီးစဉ်ကို ယနေ့အဆုံးသတ်လိုက်သော ကာကွယ်ရေးဝန်ကြီး ဆူခွန်ပေါက၎င်းနှင့် လိုက်ပါလာသည့် သတင်းထောက်အုပ် စုအား “ယခုဆောင်ရွက်ချက်သည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

၎င်းက သမ္မတဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံခဲ့မှုနှုတ်ဆက်ရင်း ဆွေးနွေးခဲ့သော ကိစ္စများထဲတွင် သတင်းထောက် နာမည်ပျက် စာရင်းကိစ္စ အ ပြင် နယ်မြေပိုင်နက်ကျူးကျော်မှု၊ လက်နက်နှင့်မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု တို့ဖြင့် ဖမ်းဆီးခံထားရသော ထိုင်း(၉၂)ဦးတို့၏ကိစ္စလည်း ပါဝင်သည်ဟု သိရှိရသည်။

၂၀၀၂ခုနှစ် ထိုင်း-မြန်မာနယ်ခြားဆက်ဆံရေး ဆိုးဝါးသွားခဲ့စဉ် အချိန်ကာလတွင် ၎င်းထိုင်းသတင်းထောက် ၁၅ဦးက မြန်မာဆန့်ကျင်ရေး ဆောင်းပါးများ ရေးသားကာ မြန်မာအစိုးရကို သိက္ခာချပုတ်ခတ်ခဲ့သည်ဟု မြန်မာအာဏာပိုင်များက သတ်မှတ်ကာ နာမည်ပျက် စာရင်းသွင်း ထားခြင်းဖြစ် သည်။ ထိုစဉ်က ထိုင်းစစ်တပ်ကလည်း ရှမ်းပြည်နယ်ရှိ UWSAစစ်တပ်၏ ဘိန်းထုတ်လုပ်မှုနောက်ကွယ်တွင် မြန်မာအစိုးရရှိနေသည်ဟု စွပ်စွဲပြောကြားခဲ့ သည်။

ထိုအချိန်မှစ၍ နာမည်ပျက်စာရင်းဝင် ထိုင်းသတင်းထောက်များကို မြန်မာနိုင်ငံသို့ ခရီးသွားလာခွင့် ဗီဇာမပေးတော့ပါ။ အဆိုပါ သတင်းထောက် များအနက် အချို့မှာ Bangkok Post နှင့် Nation သတင်းဌာနများအတွက် အလုပ်လုပ်နေသူများ ဖြစ်သည်ဟုသိရှိရသည်။

Yangonchronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>