Quantcast
Viewing latest article 16
Browse Latest Browse All 32865

ရှမ်းပြည် မူဆယ်မြို့ တရုတ်-မြန်မာနယ်စပ်ဂိတ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

Image may be NSFW.
Clik here to view.
တရုတ်- မြန်မာ နယ်စပ်ဂိတ်ကို ၂ဝ၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ် /Photo: Ye Htet/RFA
မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံထဲကို ဝင်ရောက်သွားလာကြတဲ့ ကုန်သည်တွေ တရုတ်နိုင်ငံထဲဝင် ရောက်ချိန်ကို ကန့်သတ်လိုက်တဲ့အတွက် နယ်စပ်ဂိတ်မှာပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ တရုတ်လုံခြုံရေးရဲတွေနဲ့ မြန်မာကုန်သည်တချို့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ မနက်စောစောက မြန်မာဘက်ခြမ်းမှာရှိတဲ့ ဆင်ဖြူဂိတ်မှာ ကားပိတ်ဆို့နေပြီး ဒီလိုပိတ်ဆို့နေချိန်မှာ တရုတ် အာဏာပိုင်တွေနဲ့ မြန်မာတချို့တို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပွားပါတယ်။

မူဆယ်နဲ့နယ်ချင်းကပ်လျက်ဖြစ်တဲ့ ဆင်ဖြူ၊ နန်းတော်၊ မန်ဝိန်း စတဲ့ နယ်စပ်ဂိတ်တွေရှိရာမှာ ဆင်ဖြူနဲ့ နန်းတော်ဂိတ်အ၀င်အထွက်တွေကို အရင်က မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ၊ တရုတ်ချိန် ည ၁၂ နာရီအထိ ၀င်ထွက်သွားလာလို့ရပေမယ့် မေလ ၁၅ ရက်နေ့ကစပြီး မြန်မာချိန် ည ၈ နာရီတရုတ်ချိန် ည ၉ နာရီခွဲအထိသာ တရုတ်နိုင်ငံဘက်က ဝင်ရောက်ခွင့်တွေ ကန့်သတ်လိုက်ပါတယ်။

မန်ဝိန်းဂိတ်မှာ ကုန်တင်ကားတွေနဲ့ သုံးဘီးကားတွေသာ ၀င်ထွက်သွားလာနိုင်ပြီးအဲဒီဂိတ်ကတော့ မြန်မာစံတော်ချိန် ည ၁၀ နာရီအထိ ၀င်ထွက်နိုင်ပါတယ်။ နန်းတော်ဂိတ်ကလူတွေပဲသီးသန့် ၀င်ထွက်နိုင်ပြီး ဆင်ဖြူနယ်စပ်ဂိတ်ကတော့ ကားလေး၊ ဆိုင်ကယ်နဲ့ လူတွေတန်းစီဝင်ထွက်သွားလာနေတဲ့ ဂိတ်တွေဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ မြန်မာနိုင်ငံအတွက် အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဖြစ်သလို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ တရုတ်နိုင်ငံထဲကို နေ့စဉ်ဝင်ရောက် လုပ်ကိုင်နေတဲ့သူတွေ အများအပြားရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲထက် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

Viewing latest article 16
Browse Latest Browse All 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>