Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

ဗဟန်းမြို့နယ်ထဲဘာအခမ်းအနားပဲလုပ်လုပ် ကြိုတင်အကြောင်းကြားဖို့ တိုင်းအစိုးရ စာထုတ်

$
0
0
ရွှေအောင် - DVB

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲ ဘာအခမ်းအနားပဲ လုပ်လုပ် ရက် ၂၀ကြိုတင် အကြောင်းကြား ရမယ်လို့ တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ် ပြန်လိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ၄၅မြို့နယ်ရှိတဲ့အနက် ဗဟန်းမြို့နယ် တခုထဲကိုပဲကွက်ပြီး အခုလို အမိန့်ထုတ် လိုက်တာလို့ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ ခမ်းမပိုင်ရှင် ဦးစိုးညွန့်က ပြောပါတယ်။

ဒီလို စာ မထုတ်ခင် မြို့နယ်အုပ်ချုပ်ေ၇းမှူးက သူ့ကိုခေါ်ပြီး တော်ဝင်နှင်းဆီမှာ ဘာအခန်းအနားပဲလုပ်လုပ် ရက်၂၀ ကြိုတင်ပါလို့ ပြောတယ်။ သူက စာထုတ်ပေးပါလို့ ပြောပြီး ညှိမရဖြစ်နေရာက နောက်ဆုံး တော့ အခုလို စာထွက်လာတာပဲလို့ ပြောပါတယ်။

တော်ဝင်နှင်းဆီခန်းမမှာ အဖွဲ့အစည်းအသီးသီးက နိုင်ငံရေး အခမ်းအနားတွေကို မကြာခဏကျင်းပလေ့ရှိပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ညီလာခံကိုလဲ အဲ့ဒီနေရာမှာပဲ ကျင်းပခဲ့တာဖြစ်ပြီး အာဏာရပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်တွေလဲ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို မြို့နယ်တခုထဲ ကွက်ပြီး စာထုတ်တာဟာ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်ရှိလို့ လုပ်တာလားလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီပြောခွင့်ရ ဦးဥာဏ်ဝင်းက မေးခွန်းထုတ်လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင်ရုံးချုပ်ဟာလည်း ဗဟန်းမြို့နယ်ထဲ ပါဝင်ပါတယ်။

“ငွေရတု နောက်ကြောင်းပြန်” အပိုင်း(၁) ဆောင်းပါးရှင်-စိုးမင်း

$
0
0
ကိုယ်တို့ဆီကလူတွေမလည်း မင်းသားများ ရိုက်ရက်ချိတ်သလို ပြက္ခဒိန်တစ်စောင်လုံး လိပ်ပတ် လည်အောင် အထိမ်းအမှတ်တွေ တစ်ခုပြီးတစ်ခုမုဒ်သွင်းနေကြရတာ တော်တော်
မောလောက်ရော့ မယ်။ ပြည်ထောင်စုနေ့လွန်တာနဲ့ ဟတ်ပီးဗိုလ်ချုပ်ဘတ်ဒေးလုပ်တာ ရက်တောင်မဆိုင်းဘူး။ နောက်နေ့ကျ ဗယ်လင်တိုင်းဖို့အသင့်ပဲ။ ကိုယ်လည်းပဲ တတ်နိုင်သလောက်တော့ ဒယောသောပါး မှီအောင်လိုက်တာပါပဲ။ တခါတခါတော့ အလုပ်များနေတာနဲ့ ဘာတစ်ခုမှ မှတ်မှတ်ရရ မရေးဖြစ်တဲ့အခါ တစ်ခုခုဖတ်ရနိုးနဲ့ စောင့်နေတဲ့သူတွေကို အားနာမိပြန်ပါရော။ အခုဆိုရင် ရှစ်လေးလုံးကို တော်တော်လေးတောင် လွန်သွားပြီမို့ ခုခါမှ မှတ်စုအပုတ်အသိုးကြီး လာတင်နေတယ် ထင်နေပါဦးမယ်။ ဒါပေမယ့် ရေးဖြစ်အောင်တော့ ရေးလိုက်ချင်သေးတာဗျ။ ကိုယ့်အလိုအရဆိုရင်တော့ သည် ရှစ်လေးလုံးကိစ္စဆိုတာ တစ်နှစ်တစ်ခါ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးများလို ၀ှူးကနဲမှုတ် ဟုတ်ကနဲငြိမ်းမသွားစေချင်ပါဘူး။ မပြီးနိုင်မစီးနိုင် မီးထိုင်ရှို့နေရမယ်လို့တော့ မဆိုလိုဘူးပေါ့။ ဒါပေမယ့် အဲဒီဖြစ်ရပ်ကနေ သင်ခန်းစာကလေးများ ရယူနိုင်မယ်ဆိုရင် အရေအတွက် အတိအကျသိဖို့ခက်တဲ့ အသက်ဆုံးရှုံးသွားရှာသူတွေအတွက် အချည်းနှီး အကျိုးမဲ့မဖြစ်စေဘူးလို့ ဖြေသိမ့်နိုင်မယ် မဟုတ်လား။ ၂၅ နှစ်တောင် ကြာခဲ့ပြီဆိုတော့ နည်းတဲ့နှစ်တွေလား။ အသက် ၃၀ အောက်ကလေးတွေ ဘယ်လိုမှ မမှတ်မိနိုင် မသိမှီနိုင်တဲ့အကြောင်းအရာတွေကို ကိုယ်တွေကတော့ ကိုယ်တွေ့မျက်မြင် ကြုံတွေ့လာသူတစ်ယောက်အနေနဲ့ ကိုယ့်အသိကိုယ့်အမြင်ကို ပြန်လက်ဆင့်ကမ်းပေးဖို့ တာဝန်ရှိတယ်လို့ တွေးမိလာပါတယ်။ ဘာဖြစ်လို့ဆိုတော့ အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကလေးမလေးတစ်ယောက်က သူ့ထက်စီနီယာမမတစ်ယောက်ကို အော်ကျယ်ဟစ်ကျယ်မေးနေတာကို နားနဲ့ဆတ်ဆတ် ကြားလိုက်မိလို့ပါပဲ။ “အမ အမ။ ရှစ်လေးလုံးဆိုတာ ဘာလဲ ဟင်။” တဲ့။ အလကားနေရင်း မဆီမဆိုင် ဒေါသတကြီးနဲ့ “ဟဲ့ … နင် ဗမာ မဟုတ်ဘူးလား။ ဗမာပြည်မှာ နေနေတယ် မဟုတ်ဘူးလား။” လို့ မေးလိုက်ချင်ပေမယ့် သူ့စီနီယာက ပြန်ရှင်းပြတဲ့အခါ “သြော် သိပြီ။ သိပြီ။” ဆိုတော့မှ အင်းပေါ့လေ။ သူတို့အသက်အရွယ်နဲ့ဆိုတော့ သူများပြောစကား တဆင့်ကြားရတာ မယုံရင် ပုံပြင်မှတ်ဆိုသလိုပဲ လွယ်လွယ်ကြားလိုက်မိပြီး သည်ဘက်နားက၀င် ဟိုဘက်နားကထွက်သွားမှာပဲ။ ဒီလိုဆိုတော့လည်း ကျွဲမြီးမတိုတော့ပါဘူးလေ။ မသိမမှီလိုက်သူ မောင်နှမလေးများအတွက် ဦးဦး ပုံပြောမယ် လုပ်ရသေးတာပ နော့။

ရှစ်လေးလုံးနဲ့ ပတ်သက်ပြီး ဘာတွေကို အမှတ်ရသလဲဆိုတော့ ကာလယန္တယားကြီး နောက်ပြန်လှည့်ပြီး လွန်ခဲ့သော ၂၅ နှစ်ကာလကို ပြန်သွားရမှာပေါ့လေ။ စဉ်းစားစမ်း ကိုရင်။ စဉ်းစားစမ်းပါဦး။ လွန်ခဲ့တဲ့ ၂၅ နှစ်မှာ ခင်ဗျား ဘာတွေကို မှတ်မိသတုန်း။ ကျွန်တော်လား။ အဲ့တုန်းက လူပျိုလေ။ အရွယ်တော် နှစ်ဆယ်ကျော်ကလေး။ ရုပ်ကလေးကလည်း ခုထက်အများကြီး ချောရုံတင်ဘယ်ကမလဲ အုအက်နုဖတ်နေတာပေါ့။ ဆေးကျောင်းတက်တုန်းတန်းလန်း၊ သူငယ်ချင်းပေါင်းများစွာ၊ အီစီကလီဗွက်ပေါက်၊ ရည်းစားလေးမတောက်တခေါက် ထားစအရွယ်လေ။ အဲဒါ သူငယ်ပြန်ခြင်းရဲ့အစလို့ ခေါ်တယ်ဗျ။ ဘယ်သူမဆို အသက်ကြီးလာတဲ့အခါ ရှေးဖြစ်နောက်ကြောင်း ပြန်စဉ်းစားရင် “တို့ငယ်ငယ်တုန်းကများဆို …” နဲ့ တာထွက်တယ်။ မယုံမရှိနဲ့။ ဒါပေမယ့် တကယ်တမ်း ပြောချင်တာက အဲသည်အချိန်တုန်းက ကိုယ့်လို အညွန့်အဖူး ကွေးလေးနုနယ်ကျောင်းသားကလေးတွေ တော်တော်များများဟာ ငယ်ဘ၀၊ ပျော်စရာတက္ကသိုလ်ပတ်ဝန်းကျင် နဲ့ မိသားစုအနာဂတ်တွေကိုပါ ပန်းညွန့်ညှာကြွေ အဖျက်ဆီးခံခဲ့ရတယ်။ ကိုယ့်မိဘထက်ကြီးတဲ့ ရာထူးစည်းစိမ် အာဏာလက်ရှိ လူကြီးတချို့က သူတို့နေရာကို လုယူလိမ့်နိုးနိုး စိုးရိမ်စိတ်တွေနဲ့ အပူတပြင်းနှိမ်နှင်းလို့ တချို့လည်း အသက်ဆုံးရတယ်။ တချို့လည်း မသေမရှင် အနာဂတ်တွေပျောက်ပြီး အုတ်တံတိုင်းတွေအထဲ ရောက်သွားတယ်။ တချို့ကျတော့ ရပ်ဝေးမြေခြား ထွက်ပြေးခိုလှုံကြရတယ်။ အနည်းဆုံးတော့ သူတို့အားလုံး အေးအေးချမ်းချမ်း ခိုလှုံနေကြတဲ့ မိဘရင်ခွင်၊ ဆရာ့ရင်ငွေ့ အကုန်ပျောက်ခြင်းမလှပျောက်ပြီး ကန္တာရထဲရောက်သွားတဲ့ ကြာဖူးလေးများလို အငုံကြွေကြွေကြရတယ်။

တကယ်တော့ ရှစ်လေးလုံးဆိုတာကြီးဟာ ဗြုန်းဆို မိုးပေါ်ကကျလာသလို အဲသည်နေ့ကျမှ နက္ခတ်အချိန်အခါတွေ တိုက်ဆိုင်ပြီး ဘွားကနဲပေါ်လာတာ မဟုတ်ပါဘူး။ ငယ်ငယ်တုန်းက သမိုင်းသင်တဲ့အခါ ကျက်ခဲ့ဖူးတဲ့ ကမ္ဘာစစ်ဖြစ်ခြင်းအကြောင်းရင်းများလိုပဲ။ အခြေခံအကြောင်းရင်း လတ်တလော အကြောင်းရင်းတွေ ရှိတယ်။ ၈၈ဆိုတဲ့ သက္ကရာဇ်ဟာ ဦးနေ၀င်းကြီးကိုမှ သြဇာတက္ကိမ ညှိုးမှိန်စေတာ မဟုတ်ဘူး။ မြန်မာတစ်ပြည်လုံး စီးပွားရေးတွေ ကျဆင်းနေပြီ။ လူတော်တော်များများက အဲဒါ ဦးနေ၀င်းကြီး ညံ့လို့။ သူ အသုံးမကျလို့။ တိုင်းပြည်ဘဏ္ဍာတွေကို သူ့ကိုယ်ကျိုးအတွက် သုံးဖြုန်းနေလို့ လို့ ထင်ကြတယ်။ ဒါပေမယ့် လူတွေထင်သလောက်တော့ မဟုတ်ပါဘူး။ အဲဒီအချိန်အခါက သူ့သမီးပိုင်တဲ့ န၀ရတ်ဟိုတယ်ဆိုတာ မြန်မာပြည်မှာ အကောင်းဆုံးဟိုတယ်ပဲ။ အခု သမိုင်းလမ်းဆုံနားက ဖို့ဒ်ကားကုမ္ပဏီအရောင်းပြခန်း ဖွင့်ထားတဲ့နေရာမှာ ရှိတယ်။ အဲဒါကြီးက အခု ထရိတ်ဒါး၊ ဆီဒိုးနား၊ ပတ်ခ်ရွိုင်ရယ်နဲ့ ယှဉ်လိုက်ရင် တဲပုတ်သာသာပဲ ရှိမယ်။ ဂျပန်ဆေးရုံလို့ခေါ်တဲ့ ဆေးရုံသစ်ကြီးမှာ ဂျူတီဆင်းတဲ့ သမီးတော် မမကြေးကိုလည်း မြင်ဖူးတယ်။ သူပန်ထားတဲ့ စိန်နားကပ်ဟာ ခင်ဗျားတို့ကြည့်ဖူးတဲ့ မင်္ဂလာဆောင်အခွေထဲက စိန်တွေနဲ့သွားနှိုင်းရင် အမှုန်အမွှားလောက်ပဲ ရှိမယ်။ မဆလခေတ်တုန်းက ထိပ်ထိပ်ကြဲလူကြီးများဟာ အခုခေတ်လို အိမ်ပေါင်းများစွာ၊ ကားပေါင်းများစွာ၊ မယားငယ်ပေါင်းများစွာ မရှိဘူး။ ဘယ်မင်းသမီးကြီးငယ်ကိုမှလည်း ၀ိုင်းပြီး စပွန်ဆာ မပေးနိုင်ကြဘူး။ မြန်မာပြည်မှာ အလှဆုံးဆိုတဲ့ ခင်သန်းနုကိုလိုချင်ရင် ဗိုလ်ချုပ်ကိုယ်တိုင်က အင်းယားလိပ်မှာ စုလျားရစ်ပတ် လက်ထပ်ယူရတယ်။ အစိုးရအရာရှိကြီးတွေဟာ မိန်းမကိစ္စ နံမယ်ထွက်လာရင် “အဘိုးကြီးသိလို့ကတော့ ပြုတ်ပြီသာမှတ်” ဆိုပြီး တအားကြောက်ရတာကိုး။ (အဘိုးကြီး ယူတာတွေကိုတော့ ဘယ်သူမှ မပြောရဲဘူးပေါ့လေ) သည်ကနေ့ခေတ်မှာ ခင်ဗျားတို့ ကိုယ်တိုင်မြင်တွေ့နေရတဲ့ အနေအစားမျိုးတွေနဲ့တောင်မှ ကျုပ်တို့မြန်မာပြည်ကြီး ခွက်မဆွဲရသေးဘူးဆိုရင် မဆလခေတ်က လူကြီးတွေဘုံးတာလောက်တော့ ဘာမှဖြစ်စရာ အကြောင်းမရှိပါဘူး။

အဘိုးကြီးကို ကြောက်လို့ မဟုတ်တာမလုပ်ရဲတာက ကိစ္စမရှိဘူးဗျ။ အဘိုးကြီးကို ကြောက်ပြီး ဟုတ်တာတွေလည်း ဘာတစ်ခုမှ မလုပ်ရဲကြတာကသာ ဆိုးတာ။ အဘိုးကြီးသိသွားရင် မိုးမီးလောင်လိမ့်မယ်ဆိုတဲ့ ကိစ္စတိုင်းကို အဘိုးကြီးမသိအောင် ဖုံးကြဖိကြတော့ အောက်လူတွေတော်လေလေ အဘိုးကြီးခမျာ ဘာမှအမှန်အတိုင်းမသိတော့ပဲ သူ့ဘာသူ အဟုတ်ကြီးမှတ်သွားလေ ဖြစ်ကုန်ရော။ လှေနစ်တော့မယ်လို့ အဘိုးကြီးသိတဲ့အချိန်မှာ သူလည်းတတ်သမျှမှတ်သမျှ ရမ်းသမ်းလှော်တော့တယ်။ ငွေကြေးဖောင်းပွမှုကိုလျှော့ဖို့ ငွေစက္ကူတွေကို တရားမ၀င်ကြော်ငြာတယ်။ ဒါပေမယ့် အဲဒီဆေးမြီးတိုက မတိုးတော့ဘူး။ တစ်ခွက်နဲ့ မရရင် နှစ်ခွက်တိုက်မယ်ကွာ ဆိုပြီး ဒုတိယအကြိမ်မြောက် ငွေတွေ သိမ်းတဲ့အခါမှာတော့ တိုင်းသူပြည်သားထဲမှာ သူ့ကိုထောက်ခံတဲ့သူ တော်တော်ရှားသွားပြီ။ ကြောက်လို့သာ မပြောရဲတာ စိတ်ထဲကတော့ ကျိန်ဆဲကုန်ပြီ။

မြွေဆိပ်ဖြေဆေးကို ကြို့ကုန်းမှာထုတ်ပေမယ့် အဘိုးကြီးကို မြွေကိုက်သွားတာလည်း အဲဒီကြို့ကုန်းထဲကပါပဲ။ လက်ဘက်ရည်ဆိုင်မှာ ကက်ဆက်ခွေလုဖွင့်ခိုင်းရင်းနဲ့ ကြို့ကုန်းအနောက်ရပ်ကွက်မှာ အရပ်သားတွေနဲ့ စက်မှုတက္ကသိုလ်ကျောင်းသားတွေ ရန်ဖြစ်ကြတယ်။ ရဲ နဲ့ ၀င်ရှင်းတယ်။ မရဘူး။ ဒီအခါမှာ အဘိုးကြီးဆီက အနာဟောင်းပြန်ပေါ်လာတယ်။ မြန်မာတပြည်လုံးမှာ အဘိုးကြီးကို ကဏ္ဍကောစလုပ်ရဲတာ ကျောင်းသားကလွဲရင် မရှိဘူး။ သူတက်လာကစကတည်းက ကျောင်းသားဆီကမီးကိုငြိမ်းအောင် သမဂ္ဂအဆောက်အဦကို ဗုံးနဲ့ခွဲရှင်းခဲ့ဖူးတယ်။ အခုလည်း လိုအပ်လာရင် ထပ်မရှင်းရဲစရာ မရှိဘူး။ ဒါကြောင့် ညကြီးမင်းကြီး စက်မှုတက္ကသိုလ်ဝင်းထဲကို စစ်တပ်နဲ့ဝင်စီးပြီး ပွဲသိမ်းတယ်။ ကျောင်းသားတချို့ ဒဏ်ရာရတယ်။ ဘုန်းမော် လို့ခေါ်တဲ့ ကျောင်းသားတစ်ယောက် သေသွားတယ်။ (တကယ်တော့ တစ်ယောက်မကပါဘူး။ ဘုန်းမော်တစ်ယောက်ပဲ လူသိရှင်ကြားဖြစ်တာက သူ့အလောင်းက ကျောင်းသားလက်ထဲမှာမို့လို့ ကျောင်းသားတွေဘက်က ဈာပနလုပ်တာကို စစ်တပ်ကလာပြန်သိမ်းရတာကြောင့်ပါ) အဲသလို အခါခါ နားရွက်တံတွေးဆွတ်တဲ့ သူ့ကို ကျောင်းသားတွေဘက်က ကမ္ဘာမကျေဘူး ဖြစ်ရတယ်။

အဲဒီအချိန်က လူကြီးသားဖြစ်နေတဲ့ ကျောင်းသားတစ်ယောက်က ပြောတဲ့စကားကို အခုအချိန်မှာ ပြန်ချေပချင်ပါတယ်။ “မင်းတို့က ဘုမသိဘမသိ သေနတ်မှန်သေတဲ့လူတစ်ယောက်ကို အတင်းအာဇာနည်အဖြစ် သူရဲကောင်းမွေးနေတယ်။ သူ့မှာဖြင့် ဘာခံယူချက်မှ ရှိမှာ မဟုတ်ဘူး” တဲ့။ အမှန်ကတော့ အဲဒီစကားကို ပြောတဲ့သူမှာ ကျောင်းသားစိတ်ဓါတ် ရှိမနေတာပါ။ တကယ်တော့ ဘုန်းမော်ကို အာဇာနည်တင်တယ်ဆိုတာ ကိုဘုန်းမော်က တိုင်းပြည်အတွက် ဘာတွေကိုယ်ကျိုးစွန့်သွားတယ် စသည်ဖြင့် ပုဂ္ဂလဒိဋ္ဌာန်နဲ့ ဟီးရိုးရှာတာ မဟုတ်ပါဘူး။ လက်နက်မပါတဲ့ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ခတ်နှိမ်နှင်းလို့ အသက်စွန့်သွားရသူ ကျောင်းသားတစ်ဦးအဖြစ်နဲ့ အမြဲတမ်း အမှတ်တရ ရှိနေအောင် ဘုန်းမော်ကို အာဇာနည်တပ်ပါတယ်။ အာဇာနည်နေ့လို့ ပြောရင် ဗိုလ်ချုပ်နဲ့ ကျဆုံးလေပြီးသောခေါင်းဆောင်များမှာ ရဲဘော်မောင်ထွေးပါမချန် အလေးပြုသလိုပဲ ဘုန်းမော်ကို အလေးအမြတ်ထားတာဟာ ကျောင်းသားတွေအရေးမှာ အသက်ပေးသွားရသူတွေအားလုံးကို ကိုယ်စားပြုရည်ညွှန်းပါတယ်။

ကွဲသွားပြီးတဲ့အိုးကို အစအနကောက်ပြန်ဆက်လို့ မရသလိုပဲ အဘိုးကြီးနဲ့ ကျောင်းသားအကြားမှာလည်း ဘယ်လိုမှ ပြန်လည်တည်ဆောက်လို့မရနိုင်တော့တဲ့ ယုံကြည်မှုကြီး ပြိုကွဲသွားပါတယ်။ ကျောင်းတွေအကုန်ပိတ်ပြီးကျောင်းသားတွေအကုန် တီအီးကားကြီးတွေနဲ့ ဘူတာကြီး၊ ကားကြီးဂိတ်အရောက်ပို့ပြီး အခမဲ့ စားရိတ်ငြိမ်း မိဘရပ်ထံ ပြန်လွှတ်တော့ ကျောင်းထဲကမီးဟာ အရပ်ဘက်ကို ကူးမလာပါဘူး။ အခြေအနေတွေ ငြိမ်သက်သွားတော့မှ အရေးပေါ်အစည်းအဝေးခေါ်ပြီး ဘယ်တော့မှ မမေ့တဲ့ စကားတစ်ခွန်းပြောရင်း နှုတ်ထွက်မယ် စကားဆိုပါတယ်။ သမိုင်းတွင်ပါတယ်။ “စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။” တဲ့။ ကြောက်အောင်ပြောသလားတော့ မသိပါဘူး။ ဒါပေသိ ကြောက်ရမယ့်အစား သူ့ပါးစပ်က နှုတ်ထွက်မယ် တစ်ခွန်းကြားလိုက်ရလို့ ကိုယ်အပါအ၀င် သူငယ်ချင်းတွေအားလုံး ဂျွမ်းဆယ်ပတ်လောက် ထိုးမတတ်ပျော်သွားတယ်။ အနှစ် ၂၀ လုံးလုံး သူ့အသွန်အသင်နဲ့ ကြီးပြင်းလာခဲ့ရတဲ့ဘ၀မို့ ဘဘကြီးဦးနေ၀င်းဟာ အရှေ့ဘက်အိမ်က ဥက္ကဋ္ဌကြီးမော်လိုပဲ ဘယ်သောအခါမှ ယိုင်လဲသွားစရာ မရှိဘူး လို့ တစ်ထစ်ချ ယုံကြည်နေမိတဲ့ဘ၀ပါဗျာ။

တကယ်လို့များ အဲသည်ညက အဘိုးကြီးရဲ့ နောက်ဆုံးစကားဟာ ခါတိုင်းလိုပဲ လှည့်စားဖို့ ရွှေ့တဲ့

နိုင်ငံရေးကစားကွက်တစ်ကွက်ဆိုရင် သူဟာ တစ်ကွက်မှားသောကျား ဖြစ်သွားပါတယ်။ နောက်တနေ့မှာ သူ့ကို ခြေသလုံးဖက်မတတ် ရှိခိုးဦးတင် တောင်းပန်ပြီး မထွက်ပါနဲ့ အသနားခံသူများကို သတ်ပစ်ချင်လောက်အောင်မုန်းပေမယ့်လည်း သူကတော့ ပြောပြီးသားစကား ပြန်မပြင်ပဲ ဦးစိန်လွင်ကို ကောက်တင်ထားခဲ့ပြီး နိုင်ငံရေးဇာတ်ခုံပေါ်ကထွက်၊ ရုပ်သေးပွဲဆက်ကဖို့ စိုင်းပြင်းပါတယ်။ သူ့ဟာသူထွက်မယ့်အရေး သမ္မတကြီးပါ ဆွဲခေါ်သွားပုံထောက်ရင် သူကြိုးဆွဲရာ မကမှာစိုးတာ သိသာပါတယ်။ လူတွေက လုံးဝသံသယမရှိတာကတော့ အဲသည်အချိန်က သူ့နောက်ကပါတဲ့ အစိုးရတစ်ဖွဲ့လုံးဟာ အဘိုးကြီးရဲ့ သြဇာအာဏာကို တသွေမတိမ်း လိုက်နာခံယူကြမယ့် သူတွေသာ ဖြစ်တယ်ဆိုတာပါ။ ဟုတ်လည်း ဟုတ်ပါတယ်။ မြန်မာပြည်မှာ သည်ကနေ့အထိ ကိုယ့်လူကိုယ်မီးသေတဲ့ ခေါင်းဆောင်တွေထဲမှာ သူ့ကိုမှီတာ တစ်ယောက်မှ မရှိသေးဘူး။ ဒါကြောင့်မို့လို့ သူ့နောက်မှာ တက်လာတဲ့ ဦးစိန်လွင်ကိုရော၊ ဦးမောင်မောင်ကိုရော သူမှတပါး အခြားတစ်ယောက်လို့ ဘယ်သူကမှ မမြင်ကြတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကြီးကတော့ အဖုံးတလှပ်လှပ်ဖြစ်နေတဲ့ ရေနွေးကရားကြီးလိုပဲ ဆူလုဝေလု အမြုတ်တစီစီ ဖြစ်နေပါတယ်။

ကိုယ်တို့မြန်မာတွေဟာ တိုင်းရေးပြည်ရေးတွေနဲ့ ပတ်သက်လာရင် တဘောင်စနည်း အတိတ်နိမိတ်တွေကို ယုံတတ်ကြတာ တော်တော်များပါတယ်။ “ရတနာနတ်မယ် ပြန်သွားပြီလား။ ကျောက်စိမ်းမင်းသမီးရောက်နေပြီ။ နောက် ဓာတုကလျာ လာလိမ့်မယ်တဲ့။ နောက်တစ်ခုကတော့ ဘယ်သူလဲ မမှတ်မိတော့ဘူး။ မင်းလေးပါးဆုံတဲ့အခါ လမ်းမပေါ်ရွှေမိုးငွေမိုးရွာလိမ့်မယ်။ ထွက်မကောက်နဲ့ အကုန်သေကုန်မယ့်မိုး။” တဲ့။ အဲ့ဒီပေါက်တတ်ကရစကားကို ကလေးဘ၀တုန်းက ဘိုးတော်တစ်ပါးဆီက ကြားဖူးတာပါ။ ဘာပြောမှန်းလည်း မသိပါဘူး။ သူ့ဘာသူဖြေတာကတော့ “ဟိုနိုင်ငံခြားကလာတဲ့မင်းသမီးနဲ့ ကွာလိုက်ပြီ။ နယ်စပ်ကသိမ်းလာတဲ့ ကျောက်စိမ်းတုံးကြီးလည်း ပြန်ရပြီ။ ပဉ္စဓါတုဝါဟန လို့ခေါ်တဲ့ ဓါတ်သားငါးမျိုးရုပ်ပွားတော်တွေ ဌာပနာတဲ့ စွယ်တော်စေတီလည်းပြီးပြီ။ သိပ်မကြာဘူး။ တိုင်းပြည်ပျက်တော့မှာ” တဲ့။ ဘာပဲပြောပြော သဘင်သည်စကား၊ အရူးစကား၊ ကလေးစကားဆိုဆို ကိုယ်တွေစိတ်ထဲမှာတော့ လူကြီးတွေပြောပြောနေတဲ့ မင်းပြောင်းမင်းလွဲဆိုတာတော့ နီးလာပြီလို့ မျှော်လင့်လာတယ်။ အရပ်ထဲမှာလည်း ကောလာဟလတွေက ပွထလာတယ်။ အစိုးရဘက်က တင်းကြပ်လာသလို ပြည်သူတွေဘက်ကလည်း အမြင်ပိုပိုစောင်းလာတယ်။

အဲဒီအချိန်မှာ ညဘက်အိမ်ပြန်နောက်ကျတဲ့ လှည်းတန်းက တက္ကသိုလ်ကျောင်းသားတွေကို ရဲက လုံထိန်းက ခေါ်မေးတာ ရစ်တာ ဗြင်းတာ စလုပ်လာပြီ။ တစ်ရက်မှာ သူ့ဘာသူ ဂီတာထိုင်တီးနေတဲ့ ကျောင်းသားတွေကို ကားပေါ်ကဆင်းရိုက်သွားလို့ ရန်ကုန်ဆေးရုံကြီးကို ရောက်လာကြပြန်တယ်။ အရိုက်ခံရတဲ့ကျောင်းသားကို တရားခံလို အစောင့်နဲ့ထားပြီး ဆေးမှတ်တမ်း၊ ဓါတ်မှန်တွေကို သိမ်းထားတယ်။ နဂိုကလည်း ရာဇ၀တ်မှုတွေမှာ အဲ့လိုပဲ သိမ်းရပါတယ်။ ဒါပေမယ့် ကောလာဟလနဲ့ အမြင်မကြည်လင်တဲ့အချိန်မို့ ကျောင်းသားဘက်က ဘယ်လိုမှ မကျေနပ်နိုင်ကြဘူး။ ဘုန်းမော်ကိစ္စတုန်းက သေနတ်ဒဏ်ရာပါတဲ့ ဓါတ်မှန်တွေကို သိမ်းသွားပြီး မုန်လာဥလုပ်ခဲ့တာ လောလောလတ်လတ်ကြီး မဟုတ်လား။

နေ့ဘက် ရန်ကုန်တက္ကသိုလ်ပင်မထဲမှာ ခါတိုင်း လတ်လျားလတ်လျားနဲ့ နေတဲ့ ကျောင်းသားတွေအကြားမှာ တိုးတိုးတိတ်တိတ် တိုင်ပင်စရာတွေ ရှိလာတယ်။ သိတဲ့အတိုင်း ထောက်လှမ်းရေးတွေကလည်း ခြေချင်းကို လိမ်လို့။ လူစည်တဲ့ စာကြည့်တိုက်ရှေ့မှာ ဟိုတစ်စု သည်တစ်စု ရုံးစုရုံးစုလုပ်နေတုန်းမှာ ကျောင်းသားတစ်ယောက်က အနုပညာအသင်းထဲက စည်တိုကလေးတစ်လုံးထုတ်လာပြီး လက်ခတ်နဲ့ တဗုံးဗုံးရိုက်တယ်။ လူတွေဝိုင်းကြည့်တော့ သူလည်း ဘာပြောရမှန်းမသိဘူး။ ဘာဖြစ်ရင်ဆိုလား မသိပါဘူး သည်ဘက်ကို လာစုပေးကြပါခင်ဗျား လို့အော်တော့ ကျောင်းသားတွေက သူ့နားသွားစုတယ်။ စုမိရင်း စုမိရင်း လူများလာတော့ ကျောင်းသားဘာဝ ဟေး ဟေး နဲ့ အော်ပြီး လက်ခုပ်တွေဘာတွေတီးကြရော။ အဓိကကတော့ ကျောင်းသားတွေကို အနိုင်ကျင့်လို့ မကျေနပ်တဲ့အကြောင်းကို ပြချင်တာနေမှာပါ။ မကျေနပ်တာကတော့ သူရောကိုယ်ရော အားလုံးအတူတူချည့်ပဲ မဟုတ်လား။

တော်တော်လေး လူစုမိလာတော့ ဟေးလားဝါးလားဇာတ်လမ်းကနေ တရားပွဲ လုပ်ချင်လာတယ်။ လူတစ်ယောက်က ကလေးတွေ နင်ဂျာလုပ်တမ်းကစားတုန်းကလို ပုဆိုးကို မျက်လုံးပေါ်ရုံစည်းပြီး တရားတက်ဟောတယ်။ မျက်နှာကျတော့ မြင်မှာစိုးလို့ ၀ှက်ထားသတဲ့။ ဟောတဲ့တရားက သူက ဦးသန့်အရေးအခင်းတုန်းက ကျောင်းသားသမဂ္ဂဖွဲ့ထားတဲ့အထဲက ကျောင်းသားခေါင်းဆောင် ဘယ်သူဆိုလားပဲ။ ဘာတွေပြောမှန်းလည်း မသိပါဘူး။ ဘယ်သူဖြစ်ဖြစ် ထောက်လှမ်းရေးတွေအရှေ့ လူကောင်ထွက်ပြပြီး တရားဟောပေးနိုင်ဖို့ဆိုတာ လွယ်မှတ်လို့။ တီးပေးလိုက်တယ်။ လက်ခုပ်။

နောက်တော့ အပန်းဖြေရိပ်သာထဲက နံရံကပ်စာစောင်အချပ်ကြီးတွေထွက်လာပြီး ဦးနေ၀င်းတစ်သက် ဆင်ဆာနဲ့ဖျောက်ခဲ့တဲ့ ကဗျာတွေ စာတွေ အဆက်မပြတ် ထွက်လာတယ်။ ဒါမျိုးဆိုတာ ဖတ်ရခဲဘိခြင်းဗျာ။ ကူးလို့ကို မကုန်ဘူး။ စင်ပေါ်မှာလည်း လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာတယ်။ သူတို့ပြောဖို့ နောက်ကနေ ဒိုင်ခံပြီး စာတွေရေးပေးနေတဲ့လူတွေလည်း ရှိတယ်။ တချို့ကတော့ သတ္တိကောင်းတယ်။ ပြောင်ပြောင်ပဲ။ မျက်နှာကို ဘာမှဖုံးကွယ်မထားဘူး။ အဲဒီတရားပွဲတွေထဲမှာ မှတ်မိခဲ့တဲ့ နံမယ် နှစ်ခုတော့ ရှိတယ်။ မိုးသီးဇွန် နဲ့ မင်းကိုနိုင်။ ကိုယ့်ကျောင်းကတော့ အကြောင်းသိကြီးမို့ မသိချင်ယောင်ဆောင်နေရတာ တစ်ယောက်ရှိတယ်။ ကိုဋ္ဌေးကြွယ်။ မိန်းထဲမှာ ဆေးကျောင်းသားအချင်းချင်း ခဏခဏတွေ့တယ်ဆိုရင် ဗေဒင်မမေးနဲ့ အဲ့ကောင်ဖွန်ကြောင်နေတာလေဗျာ။ ဘော်ဒါဘော်ချက်ချင်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မသိခြင်ထောင်ထောင်ကြတာပေါ့။

ကျောင်းထဲမှာ လုပ်တဲ့ပွဲကို အပြင်မထွက်ရင်ပြီးရော လူကြီးတွေကလည်း မသိခြင်ထောင်ထောင်ကြတယ်ခင်ဗျ။ ပါချုပ်ကြီးရဲ့ ကျေးဇူးလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမယ့် ကိုယ်တို့မင်းသားတွေက အရှိန်မသတ်နိုင်ပါဘူး။ လှိုင်တက္ကသိုလ် (RC 2) ကို ချစ်ဆုံးလေးများ သိစေချင် ဆိုပြီး ချီတက်လမ်းလျှောက်ချင်ကြတယ်။ ဒါတော့ ရဘူးလေ။ လုံ/ထိမ်းတွေက ကျောင်းအပြင်မှာတင် စောင့်နေတာ။ ကန်ဘောင်ကနေထွက်ရင် အိုင်ဘီစီနေရာကြီးမှာ သံဆူးကြိုးတွေ အလိပ်လိုက်ချထားတယ်။ အဲဒီမှာ နံမယ်ကျော် တံတားဖြူ ရင်ဆိုင်တိုက်ပွဲ စတော့တာပဲ။ ရိုက်သလားလို့ မမေးနဲ့တဲ့။ သူငယ်ချင်းနှစ်ယောက် အိမ်ပြန်မရောက်တော့ဘူး။ လပေါင်းများစွာကြာမှ မသေလို့တွေ့ရတယ်။ ခုမှတော့ ဘယ်အဆောင်ကကျောင်းသားမှ အိပ်နိုင်တော့မယ် မထင်ပါဘူး။ ပါသွားပြန်ပြီ။ ဆွဲသွားပြန်ပြီ။ မိဝေးဘဝေးမှာ အတူနေအတူစားနေတဲ့ ကျောင်းသားချင်းဆိုတဲ့ စိတ်ကို ဘယ်လိုဖျောင်းဖြနားချမှုမျိုးကမှ ဘာသိဘာသာ ကိုယ့်ဟာကိုယ်နေခိုင်းလို့ ရမယ် မထင်ပါဘူး။ သည်ကနေ့ဘဘကြီးတွေ နောက်ကြောင်းပြန်လှည့်သွားလို့ ရချင်ရလိမ့်မယ်။ အဲသည်အချိန်က ကျောင်းသားတွေ နောက်ကြောင်းပြန်လှည့်ဖို့ကတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။

(ဆက်ဦးမှာ)
Soe Min

“မင်္ဂလာ ဒါန”

$
0
0
“မင်္ဂလာ ဒါန”
အများပြည်သူတို့အတွက် ရပ်တည်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)ကြီး တည်တံ့ခိုင်မြဲ နေခြင်းသည် အလှူရှင်တို့၏ ကောင်းမှုများကြောင့် ဖြစ်ပြီး ထိုမှဆင့် လိုအပ်နေသော ပြည်သူများသို့ ပြန်လည်၍ အကျိုးဖြစ်ထွန်းစေရန် နာရေးကူညီမှုအသင်းကြီးမှ စိတ်အား၊ လူအား၊ ခွန်အားတို့ပေါင်းစပ်ကာ အများပြည်သူအရေး အတွက် နေ့စဉ်နှင့်အမျှ နားရက်မရှိ ပေးဆပ်လုပ်ကိုင်နေလျှက်ရှိပါသည်။ ထို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူသည် နယ်မြို့များသို့သွားရောက်၍ အယူသည်းမှု တိုက်ဖျက်ရေး ဟောပြောလျှက်ရှိပါသည်။ ထိုကဲ့သို့ အယူသီးမှုများတိုက်ဖျက်ရန်အတွက် ခရီးထွက်နေစဉ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အယူသီးမှုကို တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ တိုက်ဖျက်ပေး လိုက်သော အလှူရှင်နှစ်ဦးလာရောက်ခဲ့သည်။ အလှူရှင်နှစ်ဦးစလုံးသည် ပြည်သူချစ်သော အနုပညာရှင် နှစ်ဦးဖြစ်ပြီး လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များလည်းတူညီကြသည်။ ၄င်းတို့နှစ်ဦးလုံးသည် မိမိတို့၏ တန်ဖိုးထားသော မင်္ဂလာ မွေးနေ့ရက်တွင် နာရေးကိစ္စများနှင့် မကျန်းမမာသူတို့၏ ကျန်းမားရေး၊ ဘေးဒုက္ခ ခံစားနေရသော ဒုက္ခသယ်တို့အား ဖေးမကူညီရန် ရောက်ရှိလာကြပြီး မင်္ဂလာတစ်ပါးဖြစ်သော နာရေးအလှူများကို လှူဒါန်းသွားသော လေးစားထိုက် သူတို့ဖြစ်သည်။

၁.၈.၂ဝ၁၃ရက်နေ့ နေ့လည် (ဝ၁းဝဝ)နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အမှတ်(၂၄၉)၊ ၄လွှာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတားမြို့နေ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဝင့်ယမုံလှိုင်သည် သူမ၏မွေးနေ့အတွက် မိသားစုနှင့်အတူ အလှူငွေ လာရောက်လှူဒါန်းခဲ့ပြီး ထို့နည်းတူ စွာ ၆.၈.၂ဝ၁၃ ရက်နေ့ နေ့လည်(ဝ၂းဝဝ)နာရီအချိန်တွင်လည်း 7(A) ကန်တော်မွန်အိမ်ရာ၊ သင်္ဃန်းကျွန်း မြို့နေ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အိခိုင်ဇင်(ခ)ဂန္တဝင် မှ ရေတွင်း၊ ရေကန်၊ နာရေး အတွက် မိသားစုနှင့် အတူ လာရောက်ငွေလှူဒါန်းသွားခဲ့သည်။

မင်္ဂလာရှိသော မွေးနေ့မွေးရက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေ လာရောက် လှူဒါန်းခြင်းသည် သူမတို့နှစ်ဦးလုံး၏ မြင့်မြတ်သောအလှူဟုဆိုရပေမည်။ ထိုအလှူဒါနအကျိုးသည် ပေးပါဟု တောင်းစရာမလိုဘဲ သူ့အလိုအလျှောက်ပေးနိုင်တဲ့ စွမ်းအားတန်းခိုးကောင်းကျိုးကို ရရှိနိုင်မှာဖြစ်သလို အလှူအကျိုး(၅)မျိုးထဲမှ အနုပညာရှင်တို့နှင့်ကိုက်ညီသော ပရိသတ်အလယ် ခန့်ညားထည်ဝါ ရဲရင့်ခြင်း ဆိုသည့်အကျိုးကို ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မဝင့်ယမုံလှိုင်နှင့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဂန္တဝင်တို့ ရရှိပိုင်ဆိုင်နိုင်ပါစေဟု နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်တကွ အများပြည်သူအပေါင်းတို့မှ မွေးနေ့ဆုမွန် ကောင်းတောင်းလိုက်ပါသည်။

အလှူအကျိုး(၅)မျိုး
၁။ အလှူပေးငြား၊ မေတ္တာထား၊ အများချစ်ကြသည်။
၂။ ငြိမ်သက်ကြည်လင်၊ သူတော်စင်၊ ထွက်ဝင်ချည်းကပ်ကြုံရသည်။
၃။ ကောင်းသတင်းများ၊ လွန်ကျော်ကြား ပြန့်သွားရလေသည်။
၎။ ကိုယ်ကျင့်တရား၊ ပြည့်စုံငြား၊ ခန့်ညားထည်ဝါ ရဲရင့်သည်။
၅။ ဘဝတစ်လျှောက်၊ ကောင်းရာရောက်၊ စားသောက်သုံးဆောင် ပြည့်စုံသည်။
(တိပိဋကယောဆရာတော်)

ရှစ်လေးလုံးမှသည်ချစ်လေးလုံးဆီသို့ ဦးတည်ချီတက်ကြပါဟုဆရာတော် အရှင်ဆန္ဒာဓိကမှမိန့်ကြား

$
0
0
၈.၈.၂၀၁၃ရက်နေ့တွင် ကျင်းပသောရှစ်လေးလုံးဒီမိုကရေ စီအရေးတော်ပုံငွေရတုအခမ်းအ နားသို့ဆရာတော်အရှင်ဆန္ဒာဇိက ကြွရောက်ပြီးနောက် ရှစ်လေးလုံး ငွေရတုမှသည်ချစ်လေးလုံးဆီသို့ ဦးတည်ချီတက်ကြရန်မြန်မာပြည် သူပြည်သားအားလုံးအတွက်မေတ္တာ တရားရှေ့ထား၍မိန့်ကြားခဲ့ သည်။

အဆိုပါမိန့်ကြားမှုနှင့်ပတ် သက်၍Hot Newsသို့ရှင်းလင်း မိန့်ကြားရာတွင် ““ရှစ်လေးလုံးဒီမို ကရေစီအရေးတော်ပုံငွေရတုအ ခမ်းအနားရဲ့အမှတ်တရစကားကို ပြောချင်တာကတော့““ရှစ်လေးလုံး မှသည်ချစ်လေးလုံးဆီသို့ဦးတည် ချီတက်ကြပါစို့”” လို့ပြောချင်ပါတယ်၊ ချစ်လေးလုံးဆိုတာကတော့မေတ္တာ ချစ်၊ဂရုဏာချစ်၊မုဒိတာချစ်၊ဥပေ က္ခာချစ်လို့ခေါ်တဲ့အချစ်လေးမျိုး ဗြမ္မစိုရ်အချစ်ပေါ့လေ၊ဗြမ္မစိုရ်တရား လေးပါးကိုပြောတာပါဘဲ၊
မေတ္တာချစ်ဆိုတာကတော့ လူသားအချင်းချင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့စိတ်ဓာတ်၊တစ် ဖက်သားကိုကူညီပေးတဲ့စိတ်ဓာတ် ပေါ့နော်၊အဲဒါမေတ္တာချစ်ပေါ့၊ဂရု ဏာချစ်ဆိုတာကတော့ကိုယ့် ကြောင့်လည်းသူတစ်ပါးဆင်းရဲဒုက္ခ ရောက်အောင်မလုပ်ဘူး၊သူတစ်ပါး အခြားသူတွေကြောင့်ပဲဖြစ်ဖြစ်၊သူ့ ဟာသူပဲဖြစ်ဖြစ်ဆင်းရဲဒုက္ခရောက် နေတာကိုတွေ့ရင်လည်းဘဲဒုက္ခက နေလွတ်မြောက်အောင်ကယ်တင် ပေးတဲ့စိတ်ဓာတ်၊အဲဒါကိုဂရုဏာ ချစ်လို့ခေါ်တာပေါ့၊

ဂရုဏာတရား နဲ့သတ္တ၀ါတွေကိုချစ်တာ၊လူသား တွေကိုချစ်တာပေါ့နော်၊မုဒိတာချစ် ဆိုတာကတော့တစ်ဖက်သားပြည့် စုံနေတယ်အဆင်ပြေတယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာဖြစ်တယ်မနာ လိုဝန်တိုတဲ့စိတ်မဖြစ်ဘူး၊မနာလို တဲ့စိတ်ဖြစ်တယ်ဆိုရင်တော့သူရဲ့ ပြည့်စုံမှုကိုဖျက်ဆီးကြမှာပေါ့နော်၊ အဲဒီလိုဖျက်ဆီးကြရင်တိုင်းပြည် မတိုးတက်နိုင်ဘူး၊အဲဒီတော့တစ် ဖက်သားရဲ့ပြည့်စုံမှု၊အဆင်ပြေမှု၊ အောင်မြင်ကျော်ကြားမှုအများရဲ့ ထောက်ခံမှုတွေအပေါ်မှာဝမ်း မြောက်ဝမ်းသာနဲ့မုဒိတာပွားနိုင်တဲ့ စိတ်ဓာတ်လည်းအရေးကြီးတယ်၊ စီးပွားရေးနယ်ပယ်ရော၊အားလုံး နယ်ပယ်တိုင်းပေါ့နော်၊ဥပေက္ခာ ချစ်ဆိုတာကတော့လူကိုလူလိုဘဲ မြင်တယ်၊ကိုယ့်အပေါ်မှာမကောင်း တာတွေ၊ကိုယ့်ကိုဒုက္ခပေးတာတွေ ခွင့်လွတ်ပြီးတော့မှလိုအပ်ချက်ရှိ တဲ့သူကိုအခုလိုပဲမြင်ပြီးတော့သူ့ ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတဲ့ စိတ်ဓာတ်ပေါ့တစ်ဖက်သားရဲ့ကိုယ့် အပေါ်မကောင်းတဲ့အချက်အလက် တွေ၊အပြစ်အာနသာမကတွေကို ခွင့်လွတ်နိုင်တာတွေကိုဥပက္ခာလို့ ခေါ်တာပါဘဲ၊

ကိုယ့်အပေါ်မှမဟုတ် ဘူး၊အခြားလူတွေအပေါ်မှာရော၊ အများအပေါ်မှာရောမကောင်း တာတွေသိကိုသိနေပေမယ့်လည်း ခွင့်လွတ်နိုင်တာကိုဥပေက္ခာလို့ခေါ် တာပါဘဲ၊အဲဒါကိုဥပေက္ခာချစ်လို့ ခေါ်တာပေါ့။
အဲဒါတွေဖြစ်တဲ့မေတ္တာချစ်၊ ဂရုဏာချစ်၊မုဒိတာချစ်ဥပေက္ခာချစ်၊ ချစ်လေးလုံးလို့ခေါ်တာပေါ့၊ရှစ် လေးလုံးနေ့မှာချစ်လေးလုံးကိုလက် ကိုင်တားလိုက်မယ်ဆိုရင်တော့သူ တစ်ဦးချင်းရဲ့ဘ၀ရော၊တိုင်းပြည် တစ်ခုလုံးရောတိုးတက်သွားနိုင်ပါ တယ်””ဟုမြန်မာနိုင်ငံနှင့်ပြည်သူ ပြည်သားများတိုးတက်ရေးအတွက် မေတ္တာတရားကိုအခြေခံထား၍ ဆရာတော်မှဖော်ညွှန်းမိန့်ကြားခဲ့ သည်။

ထို့အပြင်လက်ရှိလျှောက် လှမ်းနေသောနိုင်ငံရေးလမ်းကြောင်း အပေါ်သဘောထားအမြင်အတွက် မိန့်ကြားရာတွင်အဓိကကတော့ နိုင်ငံရေးလမ်းကြောင်းမှာလျှောက် လှမ်းကြဘဲနေရာမှာဦးဆောင် လျှောက်လှမ်းနေကြတဲ့သူတွေရော၊ နောက်ကလိုက်တဲ့သူတွေရော၊တိုင်း သူပြည်သားတွေအားလုံးတစ်ဦး ချင်းတစ်ယောက်ချင်းမေတ္တာတရား ကိုလက်ကိုင်ထားမယ်ဆိုရင်တော့ ဦးတည်လျှောက်လှမ်းနေတဲ့ဒီမိုက ရေစီနိုင်ငံတော်ကြီးအမြန်ဆုံးဖြစ် ပေါ်လာမှာပါဘဲ၊အဓိကကတော့ မေတ္တာတရားပါဘဲ၊အထူးသဖြင့် အုပ်ချုပ်တဲ့သူတွေကမေတ္တာတရား ပိုကြီးမားဖို့လိုတာပေါ့နော်၊အဲဒီ တော့အရာရာကိုမေတ္တာနဲ့ပဲကြံစည် မယ်၊မေတ္တာနဲ့ပဲပြောဆိုမယ်၊မေတ်္တာ နဲ့ပဲပြုလုပ်မယ်၊တိုင်းပြည်ရဲ့အရေး အရာကိစ္စမှန်သမျှကိုမေတ္တာတရား အရင်းခံပြီးတော့စီမံခန့်ခွဲမယ်ဆို ရင်တော့ဦးဇင်းတို့တိုင်းပြည်တိုး တက်သွားမှာအမှန်ပါဘဲဟုဆရာ တော်ကအမှတ်တရစကားကိုရှင်း လင်းမိန့်ကြားသွားခဲ့သည်။

မိုးမြင့်ဆွေ
The hot news week;y

"၈၈၈၈စစ်အစိုးရ အတွင်းရေး” ဦးခင်ညွှန့်နှင့် အင်တာဗျူးမှ ထုတ်နုတ်ဖော်ပြချက်

$
0
0
ကဲ....
ကိုယ့်အပြစ်ကို ဝန်မခံပဲ
လွှဲချတဲ့သူတွေက လွှဲချနေပြီ။
ဘယ်သူတွေ ဖော်ကောင် လုပ်ကြဦးမလဲ

ကျွန်တော်တို့ က အာဏာသိမ်းတာမျိုး မလုပ်ချင်ဘူးလေဗျာ။ ဗိုလ်ချုပ်မှူးကြီးစောမောင်လည်း အဲဒီအချိန်တုန်းက သူကအာဏာသိမ်းတာမျိုး မလိုလားဘူး။
သူက သဘောထားနူးညံ့တယ်ဗျ။ ကျွန်တော်တို့ နောက်ဆုံးသုံးယောက်စဉ်းစားတာတောင်မှ ဒီဟာကြီးကို ဘယ်လိုလုပ်ဖြေရှင်းရမှန်းမသိဘူး။ငါလည်း မဖြေရှင်းတတ်ဘူးကွတဲ့။ စစ်တပ်ကသေနတ်က ပြည်သူကြားထဲဘယ်ပစ်လို့ ဖြစ်မလဲကွတဲ့။ ငါတို့ ကလည်း တဖြည်းဖြည်းဆိုးဝါးလာတဲ့
anarchism၀င်လာတဲ့ဥစ္စာကိုထိန်းဖို့ သိမ်းဖို့ ကတို့ လည်းခက်တယ်ကွတဲ့။ဒါကြောင့် အေဒီလမ်းသွားမယ်ဆိုပြီး ဒီလိုကိုးဗျ။ စစ်တပ်က ပစ်တယ်ခတ်တယ်ဆိုတာက အတင်းအဓမ္မ အကြမ်းပတမ်းနဲ့ အဲဒီအချိန်အခါတုန်းက မလုပ်ဘူးခင်ဗျ။တချို့ လည်း အဲဒီမှာ ထင်ကြေးပေးတာလည်း ပါချင်ပါမှာပေါ့ဗျာ။ အသေးစိတ်တော့
ကျွန်တော်လည်းမသိဘူးပေါ့။

ထောက်လှန်းရေးကဘယ်ရှိမလဲဗျာ။ကျွန်တော်တို့ ကသတင်းအချက်အလက်နဲ့ လုပ်တာဘဲ။ ထောက်လှန်းရေးမှာ သေနတ်တောင်မရှိဘူး။ ကျွန်တော်တို့ မှာသေနတ်ဘယ်ရှိမလဲဗျ။ ဝေါ်ကီတော်ကီဘဲရှိတာဗျ။ လူပရိသတ်ထဲမှာဝေါ်ကီတော်ကီနဲ့ သွားပြီးသတင်းယူရတာ။ အန္တရာယ်လည်းကြီးပါတယ်။
ကျွန်တော်တို့ ကဘယ်လိုလုပ်အမိန့် ပေးလို့ ရမလဲဗျာ။ကျွန်တော်တို့ ကစစ်တပ်အကြီးအကဲမှမဟုတ်ဘဲ။ ထောက်လှန်းရေးဆိုတာ ခိုင်းတာလုပ်တာဗျ။
မဟုတ်ဘူးလား။ သူတို့ ကထင်နေတာက အကုန်လုံးလျှောက်ပြီးတော့မှအကုန်လုံးအပေါ်မှာ စိုးမိုးလိမ့်မယ်လို့ ထင်တာ။ ဘယ်ဟုတ်မှာလဲဗျ။
ဘယ်စိုးမိုးလို့ ရမလဲ။ စစ်တပ်ကအစဉ်အလာနဲ့ နေတာဗျ။ ကျွန်တော်ကအဲဒီအချိန်မှာ ထောက်လှန်းရေးအကြီးအကဲဆိုပေမယ့် ကျွန်တော်က
နံပတ်သရီးအဆင့်ဘဲရှိတယ်။ ကျွန်တော့်ကို န၀တက တာဝန်ပေးတဲ့အချိန်ပေါ့။၈၈ မှာ ကျွန်တော် အတွင်းရေးမှူး (၁)ဖြစ်တော့ကျွန်တော်ကနံပတ်သရီးအဆင့်
ရှိတာ။ နံပတ်သရီးဆိုတာ နံပတ်ဝမ်း။ တူးကို ကျော်လွှားလို့ မရဘူးခင်ဗျ။

ထောက်လှန်းရေးဆိုပြီး ပစ်မှတ်ညွှန်နေတာကိုးဗျ။ ကျွန်တော်ကလည်း အဲဒါကိုမတုန့် ပြန်ချင်ဘူးဗျ။ ဘာကြောင့်လဲဆို အရူးနဲ့ လူကောင်းနဲ့ စကားပြောရင်လူကောင်းဘဲနစ်နာမှာပေါ့ဗျာ။ အရူးဘယ်နစ်နာမလဲဗျ။ မဟုတ်ဘူးလား။အခုအရူးချီးပန်းလိုလုပ်နေကြတာတွေဗျ။ အဓိကဆိုးဝါးသွားတာ နိုင်ငံရေးအကျဉ်းသားတွေပေါ်လာတာ။ ထောင်ကျတာ။ ထောင်ထဲမှာ သတ်တာ၊ဖြတ်တာ၊ သေတာတွေအားလုံးဟာ ထောက်လှန်းရေးလက်ချက်လို့ ။ ခင်ဗျားကို
ကျွန်တော်ပြောမယ်နော်။ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးဗျ။ အခုအုပ်ချုပ်ရေးနဲ့ မတူဘူးဗျ။ အခုက ဒီမိုကရေစီခေတ်မှာမို့ ပြောပိုင်ခွင့်ရှိတာကိုးဗျ။ စစ်အုပ်ချုပ်ရေး
ခေတ်မှာ ဘယ်သူပြောရဲသလဲ။ ပြောပိုင်ခွင့်မရှိဘူးဗျ။ သူ့ ဥပဒေနဲ့ သူဗျ။အဲဒီအချိန်တုန်းက ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေက ရှိတယ်ဗျ။ တည်ဆဲဥပဒေအနေနဲ့ လုပ်တာ။ ဟိုတစ်ချိန်တုန်းက တည်ဆဲဥပဒေကိုဖောက်ဖျက်ရင်ဖောက်ဖျက်တဲ့သူခံရတာဘဲ။

ကျွန်တော်လူကြီးတစ်ယောက်လုပ်ခဲ့တဲ့အချိန်မှာ ယခင်တုန်းက ကောင်းတာရော၊မကောင်းတာရော ပြန်ပြီးဖွင့်ချရမယ်ဆိုတာက လူကြီးရဲ့ အဂါ င်္ရပ်နဲ့ မညီဘူးဗျ။
အကုန်ဖွင့်ချမယ်ဆိုရင် ကျွန်တော်က ဖော်ကောင်ဘညွန့် လိုဖြစ်သွားမှာပေါ့။ဖော်ကောင်လုပ်မယ့်စရိုက်မျိုး ကျွန်တော့်မှာမရှိဘူး။ ပြီးခဲ့တာပြီးပြီ။ အတိတ်ကအတိတ်ကိုထားခဲ့မယ်။ ကောင်းတာဆိုးတာသည် အတိတ်မှာကျန်ခဲ့ပြီ။ဘုရားဟောတာနဲ့ အတူတူပေါ့ဗျာ။ နောက်ပြီး အနာဂတ်ကိုလည်း ဘာကြီး
ဖြစ်ရမယ်၊ ညာကြီးဖြစ်ရမယ် မျှော်မှန်းချက်လည်းမရှိပါဘူး။ ပစ္စုပ္ပန်မှာဘာလုပ်သင့်သလဲ။ လောလောဆယ် ဘာဖြစ်သင့်သလဲ။ လုပ်သင့်တာလုပ်မယ်။
ဖြစ်သင့်တာဖြစ်ရမယ်။ ဒါဘဲ။ ကျွန်တော်ထင်တယ်။ တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရဆိုတော့ ကောင်းရာကောင်းကျိုးလုပ်တာဘဲဗျ။ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်။ဘာဖြစ်လို့ လဲဆိုတော့ သူတာဝန်ရှိတာကိုးဗျ။ သူကြိုးစားလုပ်တာဘဲဗျ။ ဒါပေမယ့်အဲဒီမှာလူတွေမညီညွတ်ရင်တော့ ဘယ်လိုမှမအောင်မြင်နိုင်ဘူး။

စည်းလုံးညီညွတ်မှု ရှိရမယ်။ ဦးကိုနင်းရင် ပဲ့ကထောင်၊ ပဲ့နင်းဦးထောင်ဆိုရင်တော့ တိုင်းပြည်က ဘယ်လိုမှမတိုးတက်ဘူး။ အခုအချိန်မှာ အချိန်ကောင်းဗျာ။ ဒီအချိန်မှာ လူတွေက ညီညွတ်နေရမယ်။ အခုကမဟုတ်ဘူးဗျ။ အပြစ်အနာအဆာတွေ လျှောက်ဖော်။ဟီးရိုးလုပ်နေကြတာကိုးဗျ။ ဟီးရိုးလုပ်နေကြတော့ တိုင်းပြည်တိုးတက်ဖို့ တော်တော်ခက်တယ်ဗျ။ အစိုးရလည်းခေါင်းနောက်။ သူလည်းပြဿနာပေါင်းအများကြီးဗျ။ အဲဒါတွေကို မနည်းဖြေရှင်းနေရတာဆိုတဲ့အခါကျတော့
အဲဒီကြားထဲမှာမှ ဟိုလူကဟိုဘက်ကနေထအော်လိုက်၊ ဒီလူကထအော်လိုက်။ဟိုဘက်ကအပုပ်ချလိုက်၊ ဒီဘက်ကအပုပ်ချလိုက်ဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ။ဒီဟာတွေကို တစ်ယောက်နဲ့ တစ်ယောက် အပုပ်ချရမယ့်အစား အခုအချိန်မှာဒါအပုပ်ချရမယ့်အချိန်အခါမျိုးမဟုတ်ဘူး။

အားလုံးက၀ိုင်းလုပ်ရမယ်။တက်ညီလက်ညီနဲ့ လုပ်ရမယ်ဆိုတဲ့ စိတ်စေတနာရှိကြဖို့ လိုတယ်ဗျ။ အခုတော့မဟုတ်ဘူးဗျ။ ဟီးရိုးလုပ်ချင်တဲ့သူက များနေတာဗျ။ ခက်တယ်ဗျ။
ကျွန်တော်ကအဲဒီအထဲမှာမပါဘူး။ အခုလည်းအပုပ်ချရေးနေတာ ရေးပါလေ့စေ။ကျွန်တော်စောစောကပြောသလိုပေါ့။ အရူးနဲ့ လူကောင်း ဖက်ပြီးရန်ဖြစ်ရင်လူကောင်းဘဲနစ်နာမှာပေါ့ဗျာ။ အရူးကတော့ဘယ်သိမလဲ။ အရူးဘဲ။မဟုတ်ဘူးလား။ အခုလည်း ကျွန်တော့်ကိုရေးနေတာဘဲ။ အရူးနဲ့ ဖက်ပြီးရန်ဖြစ်ရင် ကျွန်တော်ပါအရူး ဖြစ်သွားမှာပေါ့။ မလုပ်ပါဘူး။ သူ့ ဘာသာသူ ပြောချင်တာပြော၊ရေးချင်တာရေး။ လက်ညောင်းရင်ရပ်သွားလိမ့်မယ်။ ကျွန်တော့်ကိုအပုပ်ချလည်းကိစ္စမရှိဘူး။ ကျွန်တော်အခုအချိန်မှာ ဘာသာရေးလုပ်မယ်။ ဒါဘဲ။ ကျွန်တော်နိုင်ငံရေးလုံးဝမလုပ်ဘူးဆိုတာ ခင်ဗျားကိုပြောပြီးပြီ။ ဘယ်သူလာဆွယ်ဆွယ်၊
ဘယ်သူက ကျွန်တော့်ကိုမှ လာပြီးတော့မှမှဆွဲဆောင်ဆွဲဆောင် ဘယ်တော့မှနိုင်ငံရေးမလုပ်ဘူး။

ခင်ဗျားတို့ ကြားတာက ကြားတာပေါ့ဗျာ။ ကျွန်တော်တို့ က လုံခြုံရေးလိုက်ရမယ်ဆိုရင် လုံခြုံရေးကိုလိုက်ရတယ်။ ဒေါ်စုနဲ့ ပက်သက်လို့ ကတော့ ကျွန်တော့်စိတ်
ထဲမှာ ညီမလေးလိုဘဲ အမြဲတမ်းသဘောထားတယ်။ ဘယ်တော့မှ သူ့ အပေါ်အညှိုးအတေးလိုမျိုးရှိစရာအကြောင်းမဟုတ်ဘူးဗျာ။ နိုင်ငံရေးလုပ်တဲ့အခါ
အယူအဆချင်းက တစ်ယောက်နဲ့ တစ်ယောက် တူချင်မှတူမှာပေါ့။ သူလည်းသူ့ အယူအဆနဲ့ သူလုပ်တယ်ဆိုတဲ့နေရာမှာ အဲဒီအချိန်အခါကတည်းကိုက
ကျွန်တော်က ဒေါ်စုကို ညီမလိုဘဲသဘောထားတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ကမန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလေ။ ကျွန်တော်တို့ တိုင်းပြည်မှာ
ရှာမှရှားဘဲ။ နောက်ထပ်လည်းပေါ်စရာအကြောင်းမရှိပါဘူး။ သူ့ သမီးကိုးဗျ။အဲဒါတော့ အလေးထားတယ်။

ဒီမယ် အဲဒီအချိန်တုန်းက တည်ဆဲဥပဒေအရ ခိုင်းခဲ့တဲ့အချိန်မှာ အဲဒီအချိန်မှာတာဝန်မရှိဘူး။ အခုဒီမိုကရေစီခေတ်အခါမှာ အပြစ်တွေဖော်တယ်ဆိုရင်လည်း
ကျွန်တော်ကတာဝန်ပေးလို့ လုပ်ခဲ့ရတာလေဗျ။ ကျွန်တော့်သဘောနဲ့ ကျွန်တော်လုပ်ခဲ့တာ တစ်ခုမှမရှိပါဘူး။ တာဝန်အရလုပ်ခဲ့တာ။ ထောက်လှန်းရေးဆိုတာ
ခေါ်စစ်ရတယ်။ ထောင်ချရတယ်လေဗျာ။ သူက ခေါ်စစ်ပြီးထောင်ချရတာဘဲဗျ။ခေါ်စစ်ပြီးတော့ အပြစ်မရှိရင် ပြန်လွှတ်လိုက်တာပေါ့။ အပြစ်ရှိတဲ့လူဆိုရင်ထောင်ချရတာပေါ့ဗျာ။ ဒါကတာဝန်ဗျ။ ကိုယ့်စိတ်သဘောနဲ့ ကိုယ် လုပ်လို့ မရဘူးဗျ။ နောက်စစ်ကြောတယ်ဆိုတာလည်း စစ်ကြောတဲ့သူတွေမှာ
သူတို့  procedure ရှိတယ်ဗျ။ procedure အရ လုပ်တာဗျ။ ကျွန်တော်ကဘယ်သူ့ ကိုဘယ်လိုစစ်လိုက်ဟေ့လို့  ကျွန်တော်ပြောပိုင်ခွင့်မရှိဘူး။ ပြောလည်း
မပြောဘူး။ ပြောတဲ့အစဉ်အလာလည်းမရှိဘူး။ စစ်ကြောရေးမှာလည်းစစ်ကြောရေး procedure ရှိတယ်။ စစ်ကြောခံရသူအနေအထားကိုကြည့်ပြီးတော့
အမျိုးမျိုးပြောင်းပေးသွားရတာမျိုးရှိတယ်။ ဒါက procedure တွေဗျ။ဒါပေမယ့် တချို့ ကတော့ မဟုတ်တာတွေ လျှောက်ပြောတာပေါ့ဗျာ။ မြေကြီးထဲ
မြှုပ်တယ်။ လည်ပင်းဖော်ထားတယ်။ ဂျစ်ကားနဲ့ ဖြတ်တယ်ဆိုတာ ဒါမဟုတ်တာတွေပေါ့ဗျာ။ အဲဒါတွေက ဟုတ်မှမဟုတ်ဘဲဗျ။ အဓိပ္ပာယ်မရှိတာတွေဗျ။

ဒါကဥပဒေတွေရှိတယ်လေ။သူ့ ဥပဒေကြောင်းနဲ့ အညီသွားကြတာဗျ။ကျွန်တော့်ကိုလာတင်ပြတာမဟုတ်ဘူး။ ဥပဒေအရာရှိတွေရှိတယ်လေ။
အပေါ်ကလည်း ဘယ်လောက်ချလိုက်ဟေ့ဆိုတာမရှိပါဘူး။ ဥပဒေထဲပါတယ်လေ။ဘာကျူးလွန်ရင် ဘယ်လောက်ပြစ်ဒဏ်ချရမယ်လဲဆိုတာ။ သူ့ ဥပဒေရှိတယ်။

လုံးဝအဆက်အသွယ်မရှိတော့ဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တင် မဟုတ်ပါဘူး။အောက်က အခုတာဝန်ယူလုပ်နေတဲ့သူတွေလည်း အဆက်အသွယ်မရှိပါဘူး။
လက်ရှိလုပ်နေတဲ့ဝန်ကြီးအဖွဲ့ တွေနဲ့ လည်း အဆက်အသွယ်မရှိဘူး။ပြည်ခိုင်ဖြိုးနဲ့ လည်း အဆက်အသွယ်မရှိဘူး။ ကျွန်တော်လွတ်ခါစတုန်းကကိုအောင်သောင်းနဲ့ ကိုသိန်းဇော်တို့ နှစ်ယောက်လာကြတယ်။ သမ္မတကလွှတ်လိုက်လို့ ပါတဲ့။ အဲဒါက သမ္မတက ကျွန်တော့်တပည့်တွေကိုထိန်းပါဆိုတာ
ပြောတာ။ ကျွန်တော့်တပည့်တွေ ကျွန်တော်ထိန်းရမှာပေါ့ဗျာလို့ ။ ဘာမှမဖြစ်စေရပါဘူး။ ကျွန်တော်တာဝန်ယူပါတယ်လို့ ။ အဲဒီနောက်ပိုင်း အဆက်အသွယ်
အဆက်အစပ်မရှိတော့ဘူး။

(လျှပ်တပြက်ဂျာနယ် အတွဲ ၄ အမှတ် ၄၃ တွင် ပါရှိသော “၈၈၈၈ စစ်အစိုးရအတွင်းရေး” အင်တာဗျူးမှ ထုတ်နုတ်ဖော်ပြပါသည်။ မေးမြန်းသူမှာ မြတ်ခိုင်
ဖြစ်ပြီး ဖြေကြားသူမှာ ခင်ညွန့် ဖြစ်သည်။ ပုံကို အဆိုပါဂျာနယ် မျက်နှာဖုံးမှ)

MrMaung KoThet

ဦးလထော်ဘရန်ရှောင်ရဲ့ ဖြစ်ရပ်မှန်အား ယနေ့ လူထုရှင်းလင်းပွဲပြုလုပ်

$
0
0
Kachin Wave

မကြာသေးမီက နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသားခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ဦးလထော်ဘရန်ရှောင် က သူအား ဖမ်းစီးခေါ်ဆောင်သွားသည့် စရဖများ မှ နှိပ့်ဆက်ကာ အတင်း ကေအိုင်အေ ဟုဝန်ခံ ခိုင်းခဲ့ကြောင်း ယနေ့ မြစ်ကြီးနား ဂျန်မိုင်ကောင်းနှစ်ခြင်းဘုရားကျောင်းတွင်ပြုလုပ်ခဲ့သော ဆုတောင်ပွဲနှင့် လူထုရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

`ကျွန်တော်ကို ဓားမြှာင်နဲ့ မီးကင်ပြီး ပါးတွေ ဗိုက်တွေ ချက်တွေမှာ ကပ်ပေးတယ်။ပေါင်တွေမှာလည်း ဓားမြှောင်နဲ့ ထိုးတယ်။ ခြေတလုံးတွေကိုလည်း ၀ါးလုံးနဲ့ ကြိတ်ခဲ့တယ်။ နည်းပေါင်းစုံနဲ့ ကျွန်တော်ကို နှိပ်ဆက်ပြီး ၀န်ခံခိုင်းတယ်။ နောက်တော့ ကျွန်တော်လည်း မခံနိုင်တော့လို့ စရဖများပြောခိုင်းသလို (၃) ရစ်ဆိုပြီး ပြောလိုက်ရတယ်။´ဟု ဦးလထော်ဘရန်ရှောင်က ဆိုသည်။

ယနေ့ လူထုရှင်းပွဲတွင် မြစ်ကြီးနားမြို့ မှ ဒေသခံများ ၁၅၀၀ ခန့် လာရောက်ပါဝင်ခဲ့ကြသည်။ လူထုရှင်းလင်းပွဲ ၏ အဓိကရည်ရွယ်ချက်မှာ ဦးဘရန်ရှောင်ဟာ ကေအိုင်အေ မဟုတ်ကြောင်း သက်သေ ခိုင်လုံမှုရှိနေသော်လည်း နောက်ဆုံတော့ ထောင်ဒဏ် (၂) နှစ် စီရင်ခြင်းခံခဲ့ရသည့် အကြောင်း ပြည်သူအားလုံး သိစေချင်တဲ့ အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်းအသင်းတော် အတွင်းရေးမှူး ဦး မရစ်ကွမ်းအောင် က ဆိုသည်။

`ကချင်တစ်ယောက်ကို ဖမ်းပြီး နှိပ့်ဆက်လိုက်ရင် ကေအိုင်အေ အလိုအလျှောက် ဖြစ်သွားပါတယ်။ဒါ ကျွန်တော်တို့ အားလုံခံစားနေရတဲ့ အရာဖြစ်တယ်။တကယ်တော့ စစ်ဘေးဒုက္ခသည်တွေဟာ စိတ်ဓာတ်ရေးရာ ရော ကိုယ်ခန္ခာတွေပါ အင်မတန်မှ ခံစားသူတွေ ဖြစ်ပါတယ်။ ဒီလိုစိတ်အားငယ်နေတဲ့ ချိန်မှာ လောင်အိမ်ထဲက ငှက်လို ကိုယ်လိုချင်တဲ့ အချိန်မှာ ဖမ်းပြီး ရိုက်ပြီးမှ ကေအိုင်အေ မဟုတ်တာကို ဟုတ်အောင် လုပ်ခြင်းဟာ အင်းမတန်မှ ရက်စက်လွန်ပါတယ်။ အင်းမတန်မှ တရားလွန်လွန်းပါတယ်။ဒီမိုကရေစီကို သွားနေသည့် အချိန်မှ မဖြစ်သင့်သည့် အရာပါ။´ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန် က ဆိုသည်။

ဦးလထော်ဘရန်ရှောင်အား အပြစ်မရှိကြောင်း ပယ်ဖျက်ပေးရန် ကချင်ပြည်နယ် တရားလွတ်တော်အထိ စာတင်သွားမည် ဖြစ်ကြောင်းလည်း ဦးမာခါးမှ ဆိုသည်။

ယနေ့လူထုရှင်းလင်းပွဲတွင် ဦးလထော်ဘရန်ရှောင်၊ ဦးလထော်ဘရန်ရှောင်၏ ဇနီး ဒေါ်ဇေညွယ်၊ကချင်နှစ်ခြင်းအသင်းတော် အတွင်းရေမှူး ဒေါက်တာ ခါလမ် ဆမ်ဆွန်၊ ဂျန်မိုင်ကောင်း နှစ်ဖြင်းအသင်းတော် စစ်ရှောင်စခန်းတာဝန်ခံ ဆရာဦးအောင်မြတ်နှင့် ဦးလထော်ဘရန်ရှောင်၏ရှေ့ နေဦးမာခါးတို့ မှ ဦလထော်ဘရန်ရှောင်အား တရားစီရင်မှူသည် ဥပဒေနှင့် ညီမျှမှု မရှိကြောင်းနှင့်က အဖြစ်အပျက်မှန်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဦးဘရန်ရှောင်ကို ၂၀၁၂ ဇွန်လ ၂၇ ရက်နေ့က မြစ်ကြီးနားအမှတ် (၁) ရဲစခန်းမှ ဒုရဲမုးကျော်မျိုးနိုင် နှင့်စရဖ အဖွဲ့မှ ဖောက်ကွဲမှု (၃) မှုနှင့် ဆက်စပ်ပြီး မေးမြန်းရန် ရှိကြောင်း ဂျန်မိုင်ကောင်းနှစ်ခြင်းအသင်းတော် စစ်ဘေးဒုက္ခသည်စခန်း မှ ဖမ်းစီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ထို့နောက် ၂၀၁၃ ဇွန်လိုင် ၂၃ ရက်နေ့ တွင် နိုင်ငံတော် သမ္မတ ၏ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ် ပြန်လည်လွတ်မြောက် လာခြင်း ဖြစ်သည်။

အကျဉ်းထောင်များအတွင်းနှိပ်စက်ညှင်းပန်းခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားထောင်များ၏ဖြစ်ရပ် များကိုဖော်ထုတ်မည်

$
0
0
သြဂုတ် ၁၀ရက်နေ့နေ့လည် တွင်ကျောက်တံတားမြို့နယ်Mr, Brown ကဖေး၌သာယာဝတီ အကျဉ်းထောင်တွင်နှိပ်စက်ခံခဲ့ရ သောနိုင်ငံရေးအကျဉ်းသားဟောင်း များတွေ့ဆုံဆွေးနွေးကြပြီးမြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီး၌ ဖြစ်ပေါ်ခဲ့သည့်နိုင်ငံရေးအကျဉ်း သားများနှိပ်စက်ခံရမှုများကိုစုံစမ်း ဖော်ထုတ်သွားရန်ကော်မတီတစ် ရပ်ဖွဲ့စည်းလိုက်ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲမှာရှစ်လေး လုံးဒီမိုကရေစီအရေးတော်ပုံငွေရ တုအခမ်းအနားသို့တက်ရောက် ဆွေးနွေးရန်အမေရိကန်ပြည်ထောင် စုမှရောက်ရှိလာသူသာယာဝတီ ထောင်ပြန် ANTILABOURရဲ ဘော်တစ်ဦးဖြစ်သည့်ကိုအောင် သန်းမှစီစဉ်၍တိုင်းပြည်၏ပြုပြင် ပြောင်းလဲရေးကာလဖြစ်သည့်ယခု အချိန်မျိုးတွင်နိုင်ငံရေးအကျဉ်း သားဟောင်းများအနေနှင့်တရား မျှတမှုကာကွယ်စောင့်ရှောက်ရေး အတွက်ကော်မတီတစ်ရပ်ဖွဲ့စည်း သွားကြရန်ဆွေးနွေးပြီးနိုင်ငံရေး အကျဉ်းသားများနှိပ်စက်ခံရမှုဖော် ထုတ်ရေးလုပ်ငန်းမှစတင်သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အဆို ပါဆွေးနွေးပွဲသို့နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့မှကိုရဲအောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှကိုမြင့်ဝင်းမောင်၊AAPP မှကိုသက်မှူးတို့လည်းတက်ရောက် အကြံပြုဆွေးနွေးခဲ့ကြပြီးအဆိုပါ ကော်မတီအတွက်လိုအပ်လျှင်နိုင် ချုပ်ရုံးခန်းကိုယာယီအသုံးပြုနိုင် ကြောင်းကိုမြင့်ဝင်းမောင်မှကူညီ ပေးခဲ့သလိုလုပ်ငန်းများဖော်ဆောင် ရန်နည်းပညာများနှင့်ကွန်ရက်များ ချိတ်ဆက်ရေးကိုနိုင်ကျဉ်းအဖွဲ့မှ ကူညီသွားမည်ဖြစ်ကြောင်းကိုရဲ အောင်မှပြောကြားသည့် ““ဒီအဖွဲ့ မျိုးဒီလုပ်ငန်းမျိုးဟာတိုင်းပြည် အတွက်တရားမျှတမှုနဲ့အမှန်တရား အတွက်တကယ်လိုအပ်ပါတယ်ရုံး ခန်းမဖွင့်နိုင်သေးမှီလိုအပ်တဲ့စက် ကိရိယာတွေအရင်ဝယ်ထားပြီးလုပ် ငန်းတွေစတင်သွားသင့်ပါတယ်ကျ နော်တို့လည်းတတ်နိုင်သလောက် ပံ့ပိုးမှုတွေလုပ်ပေးမှာပါ”” ဟု၎င်း ကဆက်လက်ပြောကြားသည်။

လို အပ်နေသော အသံဖမ်းစက်၊ကင် မရာနှင့်ကွန်ပြူတာများကို International Foundation For Burma National Congress (IFBNC) အဖွဲ့ဝင်အမေရိကန် နိုင်ငံတွင်နေထိုင်သူကိုအောင်သန်း မှကူညီမတည်ပေးကြောင်းသိရ သည်။အစည်းအဝေးတက် ရောက်သူ ၂၅ဦးရှိပြီးလုပ်ငန်းဖော် ဆောင်ရေးကော်မတီကိုဆရာတော် ဦးပဏ္ဍိတဦးဆောင်၍သာယာဝ တီထောင်ပြန် ANTILABOUR ၈ဦးဖြင့်ဖွဲ့စည်းကာ၊မကြာမီအချိန် အတွင်းထောင်တွင်းနှိပ်စက်ခံရမှု များကိုစုံစမ်းဖော်ထုတ်သွားတော့ မည်ဖြစ်ကြောင်းနှိပ်စက်ခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်းများ အနေဖြင့်ဖုံးနံပါတ်၀၉၇၃၂၀၉၅၈၁, ၀၉၄၂၅၀၃၁၆၁၄,၀၉၄၂၁၁၀၁၂၀၄ များသို့ဆက်သွယ်နိုင်ကြောင်းသိ ရသည်။

ဇော်မြင့်
The hot news weekly

ရိုးသားဖို့ လိုပါသည်

$
0
0
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စက်မှုဝန်ကြီး ဦးအေးမြင့်က သတင်းထောက်တွေကို မိမိအနေနဲ့ ၀န်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ဆဲကာလမှာ စက်မှုဝန်ကြီးဌာနပိုင်၊ စက်ရုံအလုပ်ရုံနဲ့ မြေနေရာ အဆောက်အဦတွေကို လွှဲပြောင်းရောင်းချရာမှာ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခဲ့ကြောင်းနဲ့ တာဝန်ထမ်းဆောင်တဲ့ ကာလ တစ်လျှောက် ဆောင်ရွက်ခဲ့မှုတွေနဲ့ပတ်သက်ပြီး တာဝန်ယူကြောင်း၊ ဒါပေမယ့် မိမိရှေ့က တာဝန်ထမ်းဆောင် သွားတဲ့ ၀န်ကြီးများ၏ ဆောင်ရွက်မှုများကို တာဝန်မယူနိုင်ကြောင်း ဖြေကြားသွားတာကို ဖတ်လိုက်ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် တွေးလိုက်မိတာက ငယ်ငယ်တုန်းက ဖတ်ခဲ့မိတဲ့ ပုံပြင်ဇာတ်လမ်းလေးတစ်ပုဒ်ထဲမှာ မှူးမတ်ကြီးတစ်ဦးက ပြည်သူပိုင်ပစ္စည်းတွေကို မတရားသိမ်းယူ၊ ရရှိတဲ့ အခွန်အမြတ်တွေကိုလည်း ကိုယ်ကျိုး သုံးစွဲခဲ့လို့ လက်ရှိဘ၀မှသေဆုံးပြီး နောက်ဘ၀ရောက်တဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းမှာ ပြည်တွေတရွှဲရွှဲနဲ့ အနာအကြီးကြီးပေါက်ပြီး မလှုပ်မရှားနိုင် အော်ဟစ်နေရတဲ့ ပြိတ္တာဘ၀ကို ရောက်ရှိသွားတဲ့အကြောင်း ဖတ်မိခဲ့ ပါတယ်။

ဝန်ကြီး ဦးအေးမြင့် ပြောတဲ့ မိမိရှေ့က တာဝန်ထမ်းဆောင်သွားတဲ့ ၀န်ကြီးများဆိုတာ ဦးအောင်သောင်းနဲ့ ဦးစိုးသိန်းတို့ပဲဆိုတာ လူတိုင်းသဘောပေါက်ကြမှာပါ။ ဦးအောင်သောင်းနဲ့ပတ်သက်လို့ အင်တာနက်သတင်း တော်တော်များများမှာ ဖတ်ဖူးခဲ့တယ်၊ စက်မှု(၁)၀န်ကြီး ဘ၀တုန်းက တရုတ်ကုမ္ပဏီနဲ့ပေါင်းပြီး နည်းပေါင်းစုံနဲ့ အဂတိလိုက်စားခဲ့သူ၊ သာပေါင်းပျော့ဖတ်စက်ရုံဆောက်တုန်းက တရုတ်ကပေးတဲ့ကော်မရှင်နဲ့ ကိုယ်ပိုင် Star Flower တစ်ရှူးစက်ရုံ၊ ဗလာစာအုပ်စက်ရုံတွေ ဆောက်ခဲ့သူ၊ အိမ်၊ ခြံ၊ မြေ များစွာ ပိုင်ဆိုင်မှုဟာ ဦးတေဇရဲ့ ပိုင်ဆိုင်မှုထက်တောင် ပိုများတယ်လို့ ဆိုကြတယ်။ စစ်ထောက်လှမ်းရေးလက်ထက်တုန်းက သူ့ကို ဖြုတ်ဖို့ လုပ်တော့ ဦးသန်းရွှေကို ပြေးကပ်သလို တစ်ဖက်ကလည်း ခိုင်အောင်လို့ သူ့သား ဗိုလ် ပြည်အောင်ကို ဦးမောင်အေး သမီးနဲ့ ပေးစားပြီး ခမည်းခမက်တော်လိုက်ပါသေးတယ်။

ဦးစိုးသိန်း ကျပြန်တော့လည်း အရင် အစိုးရလက်ထက်က စက်မှု(၁)နဲ့ စက်မှု(၂)၀န်ကြီးဌာနတွေကို အခုအစိုးရ လက်ထက်မှာ ပြန်လည်ပေါင်းပြီး စက်မှုဝန်ကြီးဌာနအသစ် ဖွဲ့စည်းခဲ့တဲ့အခါမှာ ၀န်ကြီးရာထူးပြန်လည် ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဦးစိုးသိန်းနဲ့ပတ်သက်လို့ တော်တော်လေး လူပြောများခဲ့တဲ့ ကိစ္စတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ နိုင်ငံတော်စီမံကိန်းကိစ္စတွေမှာ အဂတိလိုက်စားမှုနဲ့ နာမည်ကြီးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ တပ်ထဲမှာတုန်းကလဲ ဘ၀တူ လုပ်ဖော်ကိုင်ဖက်တွေကို နင်းတက်ပြီး ရေတပ်ဦးစီးချုပ် ဘ၀ကို ရအောင်ယူနိုင်ခဲ့တယ်ဆိုတာရော၊ လက်ရှိ နိုင်ငံတော်သမ္မတကို ပိုင်တယ်ဆိုပြီး လုပ်စားနေတာ တွေရော Facebook တွေမှာ တွေ့တွေ့နေရတာ တော်တော်ကြာပါပြီ။ ဒီ့ထက်ဆိုးတာကတော့ ပြည်ပခရီးစဉ် တစ်ခုမှာ ပြည်ပရောက်နေကြတဲ့ နိုင်ငံသားတစ်ချို့နဲ့ တွေ့တဲ့အခါ တပ်မတော်က မှားခဲ့ပါတယ်၊ ဒါတွေကိုလည်း တောင်းပန်ပါတယ်ဆိုတဲ့စကား ပြောခဲ့တဲ့အတွက် တပ်ထဲကအရာရှိတွေနဲ့ အပြင်က အငြိမ်းစားအရာရှိတွေ တော်တော်များများရဲ့ အဆဲကို ခံရတဲ့ကိစ္စပါဘဲ။ စစ်တပ်မှာ မကောင်းတဲ့လူရှိရင် မကောင်းတဲ့လူကိုပြော၊ အားလုံးကို လာမပြောနဲ့၊ သူ့လောက်ယုတ်မာခဲ့တဲ့လူ စစ်တပ်မှာ မရှိဘူး၊ သူက ဒီစကားပြောစရာ ဘာအကြောင်းမှ မရှိဘူး၊ သောက်ရှက်မရှိဘူး၊ ဘာညာပေါ့၊ ထူးခြားတာက ဦးအောင်သောင်း ဘက်ကရော ဦးစိုးသိန်းဘက်ကပါ ဘာမှခွန်းတုန့်ပြန်တာမျိုး မတွေ့ရတာပါဘဲ။ ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်းပဲဆိုတဲ့ စကားအရတော့ ဒီလိုစွပ်စွဲမှုတွေဟာ မှန်နေလို့ဘဲ….. လို့ ယူဆရမှာ ဖြစ်ပါတယ်။ ကာယကံရှင်တွေသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်အတွက်ကတော့ အရှုံးနဲ့ချည်း ရင်ဆိုင်နေရမှာပါ။

လူ့သဘောသဘာဝအရ အတ္တရှိတတ်ကြတာ သဘာဝပါ၊ ဒါပေမယ့် အတ္တ လွန်ကဲလာရင်တော့ ဘေးဖြစ်တတ် ပါတယ်။ လူ့ပတ်ဝန်ကျင်ထဲမှာတော့ သူတစ်ပါးပိုင်ပစ္စည်းကို ပိုင်နက်ကျူးလွန်ပြီး အ၀တ်အစားကအစ ရွှေထည် ပစ္စည်းအဆုံး ခိုးယူသူတွေ ရှိပါတယ်။ အဲဒီသူတွေကို ရဲက မိသွားရင်တော့ (၄၂၀)နဲ့ ဖမ်းပြီး အရေးယူပါတယ်။ ထောင်ကလွတ်လာတော့လည်း(၄၂၀)ဆိုပြီး ပတ်ဝန်းကျင်၏ ကျဉ်ဖယ်ခြင်းကို ခံရပါတယ်။ ပညာတွေတတ်ပြီး ရာထူး၊ ရာခံ ရှိသူတွေက ပြည်သူနဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး နိုင်ငံတော်ပိုင်ပစ္စည်းတွေကို ကိုယ်ကျိုး အတွက် ရယူခဲ့တာတွေလည်း ဒီနေ့ခေတ်မှာ ဒုနဲ့ဒေးပါပဲ။ ဒီလို ပညာတတ်ပြီး ရာထူး၊ ရာခံ ရှိတဲ့သူတွေက ဥပဒေကို လက်တစ်လုံးခြား လုပ်တာတွေ ပေါ်ပေါက်ရင်တော့ အလွဲသုံးစားမှု၊ လာဘ်စားမှုနဲ့ အရေးယူတာ များပါတယ်။ မျှတတဲ့ အရေးယူမှုရှိပါရဲ့လား။ ဘာသာတရားအရ ရသင့်ရထိုက်တာ မဟုတ်ဘဲ ဒီထက်ပိုပြီး နည်းလမ်းပေါင်းစုံဖြင့် ရယူတာဟာလည်း ခိုးတာပဲ ဖြစ်တယ်လို့ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ သူတစ်ပါး ပစ္စည်းကို မတရားယူချင်တာဟာ ဆင်းရဲချမ်းသာတာ၊ ပညာတတ်တာ၊ မတတ်တာနဲ့ မဆိုင်ပါဘူး။ မိမိကိုယ်ကျင့် သီလကို ထိန်းချုပ်နိုင်ခြင်းနဲ့သာ ဆိုင်ပါတယ်။

ပညာမတတ်သူတွေ ခိုးယူရင် အနည်းအကျဉ်းသာ ဆုံးရှုံးနိုင်ပေမယ့် ပညာတတ်ပြီး ရာထူး၊ ရာခံရှိသူတွေ လိမ်လည်လှည့်ဖြားရယူရင်တော့ နိုင်ငံတစ်ခုလုံး ဆင်းရဲမွဲတေသွားနိုင်ပါတယ်။ ပညာမရှိသူများထက် ပညာရှိသူ များ ကောက်ကျစ်ပါက ပိုပြီးကြောက်စရာကောင်းပါတယ်။ ရာထူး၊ ရာခံရှိတဲ့ တစ်ချို့ ပုဂ္ဂိုလ်တွေအနေနဲ့ အပြော အဟောကောင်းကောင်းနဲ့ အာမခံချက်တွေ တသီကြီး ပေးနေတာတွေ တွေ့ရပါတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ တွေကို ပြောဆိုနေတဲ့သူတွေအနေနဲ့ သိရှိထားပြီး ဖြစ်ပါတယ်။ ဘာပဲပြောပြော တိုင်းပြည်အတွက် အကျိုး ဖြစ်ထွန်းအောင် မလုပ်ပေးနိုင်ရင်တောင် ကိုယ့်ကိုယ်ကျိုးစီးပွားကိုပဲ စဉ်းစားတတ်တဲ့ အမတ်ကြီးမျိုး မဖြစ်အောင် နေဖို့လိုပါတယ်။ လူအချင်းချင်း ဆက်ဆံရာမှာ ကိုယ်ချင်းစာတရားထားပြီး လူသားဆန်စွာ ဆက်ဆံရပေမယ့် တိုင်းပြည်တည်ဆောက်ချိန်မှာတော့ တစ်ခါတစ်ရံမှာ လူသားဆန်နေလို့မရဘဲ လုပ်သင့် လုပ်ထိုက်တာတွေကို ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသား လုပ်ဆောင်ရပါမယ်။

အများ အထင်ကြီးလေးစားအောင် လုပ်ဆောင်ဖို့ လွယ်ကူပေမယ့် မိမိကိုယ်ကို အထင်ကြီးလေးစားအောင် လုပ်ဆောင်ဖို့က တကယ်ခက်ခဲလှပါတယ်။ ရိုးသားတယ်၊ မရိုးသားဘူးဆိုတာ မိမိကိုယ်မိမိ အသိဆုံး ဖြစ်ပါတယ်။ တစ်ခဏတာ ရလာတဲ့ လူ့ဘ၀မှာ အများအကျိုးအတွက် မလုပ်ဘဲ ကိုယ်ကျိုးအတွက် ပြည်သူပိုင် ပစ္စည်းတွေကို မတရားရယူခဲ့ရင် အကျိုးပေးမြန်လှတဲ့ ဒီခေတ်ကြီးမှာ နောင်ဘ၀မကူးခင် မိမိခန္ဓာကိုယ် အောက်ပိုင်းကို သွေးပုတ်တွေ၊ ပြည်တွေ တရွှဲရွှဲနဲ့ဖြစ်ပြီး မလှုပ်နိုင်၊ မရှားနိုင်လို့ အော်ဟစ်နေရတဲ့ ပြိတ္တာဘ၀ မရောက်ရှိစေလိုတဲ့အတွက် သတိသံဝေဂရစေဖို့ သတိပေးရေးသားလိုက်ရပါတယ်။

မောင်ထိန်ဝင်း

မုံရွာမြို့ပေါ်တွင်ဆန္ဒထုတ်ဖော်သောဒေါ်နော်အုံးလှ ဖမ်းဆီးခံရ

$
0
0
နိင်ငံသားအခွင့်အရေးကို သုံးပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းဖို့ပြောတော့လဲ မရ ။လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်တော့လဲ ဖမ်း . . . အသွင်ကူးပြောင်းစ ဒီမိုကရေစီ ဖော်ဆောင်မှုတွေ...
လူတွေကို ဖမ်းပြီး အမျိုးသား ရင်ကြားစေ့ရေးကို တည်ဆောက်နေတာများ လက်ကို ယဉ်လို့ . . .

မုံရွာမြို့ပေါ်လက်ပံတောင်းဒေသခံတို့ဆန္ဒထုတ်ဖော်မှုသတင်း

၂း၁၀ (၁၃.၈.၂၀၁၃)လက်ပံတောင်းတောင်းဒေသခံများနှင့် မုံရွာပြည်သူများ၊ဒီမိုကရေစီအရေးဆောင်ရွက်သူများသည် လက်ပံတောင်း တောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး။၂၀၀၈အခြေခံဥပဒေ ဖျက်သိမ်းပေးရေးအတွက် မုံရွာမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်မှုကို ယခု၂း၂၀နာ၇ီအချိန်တွင် စတင်ရာ ဒီမိုကရေစီအရေး လှုပ်ရှားသူ ဒေါ်နော်အုံးလှအား ရဲများက အတင်းအကြမ်းဖက် ၀င်ရောက်ဖမ်းဆီးမှု ပြုလုပ်ရာ ဒေသခံများမှ ပြန်လည် လုယူသည့် အတွက်လွတ်မြောက်သွားကြောင်းသိရသည်။

ဒေါ်နော်အုံးလှနှင့် ဒေသခံများသည်ပိုစတာများ၊ကြွေးကြော်အော်ဟစ်မှုများမပြုလုပ်သေးပဲ ငြိမ်းခြမ်းစွာစုဝေးနေစဉ်အတွင်း အာဏာပိုင်များမှအတင်းဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ပြီး ယခုအချိန်အထိဒေသခံများနှင့် အာဏာပိုင်များအခြေအနေတင်းမာလျှက် ရှိသည်။

ယခု နောက်ဆုံး အခြေအနေ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်မှ ဒေါ်နော်အုန်းလှ နှင့် ရွာသား (၁၀) ယောက် အကြမ်းဖက် ဖမ်းဆီး ထိန်းသိမ်းခေါ်ဆောင်သွားကြပြီ ။

ဆက်သွယ်ရန်
၀၉ ၄၂၅၃ ၀၈၁၉၄

ကျောင်းမြေက ဒေါင်းတွေ နဲ့ ပဉ္စမ မဏ္ဍိုင် တည်မယ့် ပြည်သူလူထုတွေ ဒေါ်နော်အုန်းလှ နဲ့ ရွာသားတွေကို ပြန်လွှတ်ပေးဖို့ အိုးဝေသံနဲ့ အမှတ် (၁) စခန်းကို ချီနေပြီ ။

( မုံရွာဆန္ဒထုတ်ဖော်မှုနောက်ဆက်တွဲသတင်း ၁၃.၈.၂၀၁၃) ၃း၁၀ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေး။၂၀၀၈အခြေခံဥပဒေဖျက်သိမ်းရေးမုံရွာမြို့တွင် လက်ပံတောင်း
တောင်ဒေသခံများနှင့် မုံ၇ွာပြည်သူများဒီမိုကရေစီအရေးလှုပ်ရှားသူများဆန္ဒထုတ်ဖော် ရာတွင်ပါဝင်သောဒေါ်နော်အုံးလှနှင့်ဒေသခံ (၇)ဥိးအာအာဏာပိုင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးဒေသခံ များကျောင်းသားလူငယ်များမုံ၇ွာမြို့ပြည်သူများမှမုံ၇ွာအမှတ်(၁)၇ဲစခန်သို့ပြန်လွတ်ပေးရန်စတင် ထွက်ခွာတောင်းဆိုနေပြီဖြစ်ကြောင်းသိရသည်။

အဖမ်းဆီးခံရသော လူစာရင်း

၁ ဒေါ်နော်အုန်းလှ
၂ ဒေါ်မာရွှေ (ဆည်တည်း)
၃ ဒေါ်ခင်မှတ်( ။ )
၎ ဒေါ်အေးမြ( ။ )
၅ ဒေါ်ဇင်မာရွှေ( ။ )
၆ဒေါ်ကြည်မြင့်နိုင်( ။ )
၇ ဒေါ်သန်းသန်းကြူ ( ။ )
၈ ဒေါ်အေးအေးငြိမ့် ( ။ )
၉ ဒေါ်ယင်နွဲ့ (တုံအလယ်ရွာ)
၁၀ ဒေါ်ခင်စိုးနွဲ့ (မိုးကြိုးပြင်အလယ်ရွာ)
ဆက်လက် ဖော်ပြပေးပါမည် ။

ဆက်သွယ်ရန်
၀၉ ၄၂၅၃ ၀၈၁၉၄

လေးစားလျှက်

ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်

ဒေါ်အောင်ဆန်းစုကြည်၏တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီမှပထမဆုံးအစီရင်ခံစာ ပြည်သူ့လွှတ် တော်သို့ တင်သွင်း

$
0
0
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပထမဆုံး အစီရင်ခံစာကို သြဂုတ်လ ၁၂ ရက်နေ့တွင် ပြည်သူ့လွှတ် တော်သို့ တင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ဖွဲ့စည်းပြီး တစ်နှစ်နီးပါးအကြာဖြစ်သော သြဂုတ်လ ၁၂ ရက်နေ့၌ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ဆောင်ရွက်ချက်၊ တွေ့ရှိချက်၊ သုံးသပ်ချက်များ နှင့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ အကြံပြုချက်များဟူ၍ အပိုင်း လေးပိုင်း ပါရှိပြီး မြန်မာနိုင်ငံ၏ တရား စီရင်ရေး၊ ဥပဒေစိုးမိုးရေးတို့ အပေါ် ကော်မတီ၏ လေ့လာတွေ့ရှိချက်များ၊ သုံးသပ်ချက်များ အပါအ၀င် စာမျက်နှာ ခုနစ်မျက်နှာ ပါရှိသည်။ ကော်မတီ၏ ဆောင်ရွက်ချက်များ အပိုင်းတွင် ကော်မတီအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများအထိ ဆင်းကာ အမှုသည်များ၊ သက်သေများ နှင့် ဆွေးနွေးခြင်း၊ တိုင်ကြားစာများကို လက်ခံ၍ တိုင်ကြားစာပါ အမှုများအား ပြည်ထောင်စုအဖွဲ့ အစည်းများ၊ သက်ဆိုင်ရာကော်မတီ၊ ကော်မရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ပြထားသည်။

တွေ့ရှိချက်များ အပိုင်းတွင် ဥပဒေအချို့၏ အားနည်းချက်များကြောင့် အများပြည်သူတို့၏ နစ်နာမှု ရှိခြင်း၊ ပြည်သူ့ရဲ အရာရှိများ အနေဖြင့် တရားခံများကို မှန်ကန်မြန်ဆန်စွာဖြင့် တိတိကျကျ မဖော်ထုတ်နိုင်ခြင်း၊ အမှုလိုက်ပါ ဆောင်ရွက်သည့် အခါတွင် ဥပဒေအရာရှိများ၊ ရှေ့နေများမှ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းရန် လိုအပ်ခြင်း၊ တရားသူကြီးများအနေဖြင့်လည်း ယိမ်းယိုင်နေသော တရားရေးမဏ္ဍိုင်ကို အဂတိတရား လေးပါး ကင်းစွာဖြင့် ပြန်လည်တည့်မတ်ရန် လိုအပ်ခြင်း၊ ဥပဒေကျင့်ထုံးများနှင့် လုပ်ထုံးလုပ်နည်း တို့၏ ပျော့ကွက်၊ ဟာကွက်ကို အခွင့်ကောင်းယူကာ လိုရာဆွဲ ဆုံးဖြတ်နေခြင်း မပြုလုပ်ရန် လိုအပ်ခြင်း၊ အချို့သော တရားရုံးများ ၏ အမှုစစ်ဆေးခြင်း၊ စွဲချက်တင်ခြင်းနှင့် စီရင်ချက်ချခြင်းတို့တွင် ဥပဒေနှင့် မညီခြင်းတို့ ကဲ့သို့သော အချက်များ အပါအ၀င် ယခုလက်ရှိ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေသည့် အခြေအနေများကို ပေါ်လွင်စေသော အချက် များ ပါဝင်သည်။

သုံးသပ်ချက်များ အပိုင်းတွင်လည်း ကော်မတီ၏ တွေ့ရှိချက်များ အပေါ် ပြန်လည်သုံးသပ်ရာတွင် တရားဥပဒေစိုးမိုးရေး အပေါ် အာဏာပိုင်များ၏ ဖိအားပေး ၀င်ရောက်စွက်ဖက်မှုများ၊ လွှမ်းမိုးမှုများ ရှိနေကြောင်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းအောင်မြင် စေရန် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များက ၀ိုင်းဝန်း အကောင်အထည်ဖော်ရန် လိုအပ်နေပြီး အဓိက ဖြစ်သည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းမှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက တရားဥပဒေစိုးမိုးရေး လုပ်ငန်းသည် အောင်မြင်မှု မရရှိနိုင်ဟု အစီရင်ခံစာတွင် ဖော်ပြထားပြီး လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုက ပြုပြင်မှုများ၊ ဖြေလျှော့မှုများ လမ်းညွှန် ပြောကြားနေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုနှစ် ထက်ဝက်ကျော် စွဲကပ်နေသော အလေ့အကျင့် စရိုက်လက္ခဏာများ၊ အကျင့်ပျက်ခြစားမှုများ မပျောက်မပျက် ရှိနေသေးကြောင်း စသည်ဖြင့် သုံးသပ်ချက် များစွာကိုလည်း ထည့်သွင်းထားသည်။

ရှေ့လုပ်ငန်းစဉ် အကြံပြုချက်အပိုင်းတွင် အခြေအနေ၊ အချိန်အခါနှင့် မညီညွတ်သော တရားဥပဒေ စိုးမိုးရေးအတွက် အဟန့်အတားဖြစ်စေသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတို့ကို အမြန်ဆုံး ပြင်ဆင်သင့်ပါက ပြင်ဆင်၍ ပယ်ဖျက်သင့်ပါက ပယ်ဖျက်ပြီး အသစ်ပြဋ္ဌာန်း သင့်ပါက ပြဋ္ဌာန်းစေလိုကြောင်း၊ နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရာတွင် ပိုမိုအောင်မြင်စေရန် လွတ်လပ်သော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းကာ အစိုးရမှ ဖွဲ့စည်းထားသော လာဘ်ပေးလာဘ်ယူ အရေးယူဆောင်ရွက်ရေး ကော်မတီများဖြင့် ချိတ်ဆက် လုပ်ဆောင်သင့်ကြောင်း ၊ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ခြင်း ဆိုသည်မှာ တိုင်းရင်းသား ပြည်သူပြည်သား များ အားလုံး ဘ၀လုံခြုံမှုအတွက် စိတ်အေးချမ်းသာစွာဖြင့် တရားဥပဒေ၏ အကာအကွယ်အောက်တွင် လက်ရည်တစ်ပြင်တည်း နေထိုင် လုပ်ကိုင်စားသောက် နိုင်ကြမည့် ငြိမ်းချမ်းရေးမျိုးဖြစ်ရန် ရည်မှန်းချက်များ ထားရှိရမည်ဟူသော အချက်များကို ထည့်သွင်းဖော်ပြထားသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် ဖွဲ့စည်းပြီးသည့် အချိန်မှစ၍ ၁၁ လ ကြာမြင့်သည်အထိ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ တရားလွှတ်တော်၊ တရားရုံးများအထိ ကွင်းဆင်း၍ အမှုသည်များ၊ သက်သေများကိုပါ တွေ့ဆုံလေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်သွင်းလာသည့် အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းရန်အတွက် ပြောကြားခဲ့သည်။

Yangon chronicle

ဒေါ်အောင်ဆန်းစုကြည်၊အန်အယ်ဒီပါတီနှင့်အခြားသောနိုင်ငံရေးလူမှုရေးအထင်ကရပုဂ္ဂိုလ်အချို့ အားပုတ်ခတ်ပြောဆိုသည့်ဘ၀င်ရူးကောင်းမြတ်ထွဋ်၏ပြောကြားချက်အပေါ်တုံ့ပြန်ပြောကြားချက်များ

$
0
0
အပြုသဘောဆောင်တဲ့နိုင်ငံရေးဝေဖန်ချက်တွေကိုပဲ လေးစားစွာလက်ခံပါတယ်၊ နိုင်ငံရေးအခြေခံဘာတစ်ခုမှမရှိဘဲ အပုပ်ချတာကိုတော့ လုံးဝလက်မခံပါဘူး ။အရေးလဲမလုပ်ပါဘူး

မြန်မာအမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွဋ်၏ပြောကြားချက်အပေါ် သက်ဆိုင်သူနိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများ၏ တုံ့ပြန်ပြောကြားချက်များ

ပြီးခဲ့သည့် ဇူလိုင်လအတွင်း အင်ပါယာနေ့စဉ်သတင်းစာကို ဦးဆောင်နေသူမြန်မာအမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်း မြင့်ထွဋ်ကမြန်မာ့နိုင်ငံရေးနယ်ပယ် မှထင်ရှားသူများ၊နိုင်ငံတော်သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပတ်သက်၍ဝေဖန်စကား ပြောကြားခဲ့ပြီး ယင်းသို့ပြောကြား သော ဝေဖန်စကားများကို ရုံးမှလစာတောင်းသဖြင့် အလုပ်မှ ထုတ်ပယ်ခံရသူ ၀န်ထမ်းများကအသံဖမ်းယူထားရှိပြီး ယင်းအသံ ဖိုင်ပါ ဝေဖန်ချက်များအရ ဝေဖန်ခံရသူများ၌ ပါဝင်သူအချို့က ဦးအောင်မြင့်ထွဋ်၏ ဝေဖန်ချက်အပေါ်
ပြန်လည်ရှင်းလင်းပြော ကြားသည်များကို တင်ပြလိုက် ပါသည်။

ဦးဝင်းတင် (၀ါရင့်နိုင်ငံရေးသမားကြီးနှင့် NLDနာယကကြီး)
ဒီလိုပြောတာတွေ၊ ဝေဖန် တာတွေက နိုင်ငံရေးနယ်ပယ်မှာ အလေ့အကျင့်လိုဖြစ်နေပြီ။ ပွင့် ပွင့်လင်းလင်းပြောရရင်ကျွန်တော့် အနေနဲ့ နိုင်ငံရေးဝေဖန်ချက်ကိုပဲ လေးလေးစားစားအလေးအနက် ထားပြီးလက်ခံတယ်။ အပြု သဘောဆောင်တဲ့နိုင်ငံရေးဝေဖန် ချက်မဟုတ်ဘဲ နိုင်ငံရေးအခြေခံ ဘာမှမရှိဘဲ ပြောတာလုံးဝလက်မ ခံဘူး။ ဥပမာအားဖြင့် ဝေဖန်ပြော ကြားတဲ့ လူပုဂ်္ဂိုလ်က နိုင်ငံရေး နယ်ပယ်မှာ သြဇာတိက္ကမရှိတဲ့ လူသော်လည်းကောင်း၊ လူရိုသေ ရှင်ရှိသေပုဂ်္ဂိုလ်ဖြစ်နေရင်သော် လည်းကောင်း၊ ပြည်သူလူထုက ကြည်ညိုလေးစားလက်ခံတဲ့လူ ဖြစ်နေရင်သော်လည်းကောင်း ဒီလိုဆိုရင်တော့ စဉ်းစားရမှာပေါ့ ဗျာ။ ဒီလိုမျိုးမဟုတ်ဘဲ သိပ်ပြီး တော့ ဘာမှလည်းမဟုတ်၊ ပါတီ လေးထောင်ဖူးရုံ၊ ဟိုလူနဲ့တွေ့ဖူး၊ ဒီလူနဲ့တွေ့ဖူးရုံ၊ ဓာတ်ပုံလေးရိုက် ဖူးရုံနဲ့ သူရဲ့ အပြောအဆိုက ခိုင် မာမှုမရှိဘူး။ ခိုင်မာမှုအနေနဲ့ မီဒီ ယာမှာပါဝင်ပြီး တကယ့်ကိုတိကျ ခိုင်မာစွာသူရဲ့အတွေးအခေါ်နဲ့ စကားတွေ၊ နိုင်ငံရေးယူဆချက် တွေရှိသလား။ ဒါမှအသိအမှတ် ပြုလို့ရမယ်။ ဒီလိုပုဂ်္ဂိုလ်တွေရဲ့ စကားကို အမှန်ဆိုပြီးယူဆလို့မရ ဘူး။ နိုင်ငံရေးဝေဖန်တာမဟုတ် တဲ့ အပုပ်ချမှုတွေနဲ့ ပတ်သက်ပြီး တော့ သာမန်အားဖြင့် ချေပတာ လည်း မလုပ်ချင်ဘူး။ လုပ်စရာလို တယ်လို့လည်း မယူဆဘူး။ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အကဲဖြတ်အသိ အမှတ်ပြုတာကတော့ ပြောတဲ့ သူ၊ ဝေဖန်တဲ့သူက တကယ့်ကို နိုင်ငံရေးသိက္ခာရှိတဲ့ ပုဂ်္ဂိုလ်လား။ သူရဲ့နိုင်ငံရေးအယူအဆသုံးသပ် ချက်တွေဟာလည်း တရားဝင် စာအုပ်စာတမ်းနဲ့ ရှိသလား။ ဒါကို ကြည့်မယ်။ ထူးထူးခြားခြား မဝေဖန်လိုပါဘူး။

ဦးသုဝေ (ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)
သူ့လိုပုဂ်္ဂိုလ်မျိုးရဲ့ အပုပ်ချ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ပြန် ပြောစရာတော့ ဘာအကြောင်းမှ မရှိဘူး။ ပြန်ဖြေရှင်းစရာလည်း ဘာအကြောင်းမှမရှိဘူး။ ဒါပေမဲ့ သူ့ပြောစကားထဲမှာ လွဲနေတာ တွေကိုတော့ ရှင်းပြချင်တယ်။ ကျွန်တော်တို့ပါတီမထောင်ခင် ၂၀၁၀ မတိုင်ခင်က ဦးရဲထွန်းဆို တဲ့ ပုဂ်္ဂိုလ်က ကောင်းမြင့်ထွဋ်ရဲ့ ဆရာ။ ကနေဒါက ဦးကျော်မြင့် ဆိုသူက ဒီမှာပါတီထောင်ချင် တယ်ဆိုပြီး ဆန္ဒရှိတဲ့အခါ ဦးရဲထွန်းကနေ တစ်ဆင့် ချိတ်မိပြီး ကျွန်တော့်ကို ရှာတာကစတာ။ အဲဒီလို ပါတီ ထောင်ဖို့ ကိစ္စဆွေးနွေးရာကနေ ကောင်းမြင့်ထွဋ်နဲ့ စသိတာ။ ဒီလိုကိစ္စတွေကို ကောင်းမြင့်ထွဋ်က ဘာမှသိတာ မဟုတ်ဘူး။ သူ့ ဆရာဦးရဲထွန်းကိုယ်တိုင်ကလည်း သူ့ကိုဘာမှ အသိပေးတာမဟုတ်ဘဲ ဦးသုဝေကို ရှာဖို့ဆိုပြီးပဲ တာဝန် ပေးတာ။ နောက်ကျတော့ သူ့ ဆရာဦးရဲထွန်းက ပါတီလုပ်တဲ့ အခါ သူလည်းပါချင်တယ်ဆိုပြီး ဆွေးနွေး တယ်။ ပါတီထောင်ဖို့ ဆွေးနွေး တဲ့အခါကျတော့ ဦးရဲထွန်းနဲ့အတူ သူရဲ့လူတွေဖြစ်တဲ့ ကောင်းမြင့် ထွဋ်၊ ဦးရန်ကျော်၊ ဦးဘတင့်ဆွေ တို့ပါလာတာ။ ပြောရရင် ဦးရဲ ထွန်းကိုအကြောင်းပြုပြီးပါလာတာ ပေါ့။ ကိုရန်ကျော်နဲ့ ကိုဘတင့် ဆွ ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲက တည်းက သိကျွမ်းရင်းနှီးခဲ့သူတွေ ပါ။ ပါတီဖွဲ့တဲ့အခါကျတော့ ဦးရဲ ထွန်းအကြောင်းပြုပြီးပါလာတဲ့ ကောင်းမြင့်ထွဋ်ကို ကျွန်တော့် အနေနဲ့ တက်ကြွတဲ့လူငယ်တစ်ဦး လည်းဖြစ်၊နည်းပညာလည်းကျွမ်း ကျင်တဲ့အတွက်ဆိုပြီး အလုပ်အမှု ဆောင်ထဲထည့်တယ်။ ဒီလိုထည့် တာကို ကောင်းမြင့်ထွဋ်ရဲ့ဆရာ ဦးရဲထွန်းကိုယ်တိုင်က သဘော မကျဘူး။ အမှုဆောင်ထဲပါလာ တာကိုသူ့ဆရာဦးရဲထွန်းရဲ့သဘော ကတော့ အဖွဲ့ဝင် အနေနဲ့ပဲ ကောင်းမြင့်ထွဋ်ကိုလက်ခံပေါ့နော်။ ဒါကိုကျွန်တော်က ဖျောင်းဖျပြီး အမှုဆောင်ထဲ ထည့်တယ်။ နောက်သူ့ကို ဆုံးမသွန်သင်သွား မယ်ဆိုတဲ့သဘောနဲ့ပေါ့ဗျာ။ ဒါ ကို ဦးရဲထွန်းက မတန်ဘူး။ ကောင်းမြင့် ထွဋ်ဆိုတာ သူခိုင်းနေတဲ့သူ၊ နိုင်ငံ ရေးရော ငွေရေးကြေး ရေးရော စိတ်မချရဘူးလို့ပြောခဲ့ တာ။ ဒါကို ကျွန်တော်က ဆွဲခေါ်ခဲ့တာ။နောက် အမှုဆောင်ထဲ ထည့်ထား လိုက်တယ်။ ပြဿနာ စဖြစ်တာက ပါတီမထောင်ခင် အစည်းအဝေး တစ်ခုမှာ ကောင်းမြင့်ထွဋ်က ဗီဒီယိုမှတ်တမ်းရိုက်ဖို့ တာဝန် ယူတယ်။ အဲဒီမှာ မှတ်တမ်း ရိုက်တဲ့ လူတွေကလည်း ထောက်လှမ်း ရေးတွေလို့ သိရတယ်။ အစည်း အဝေးလည်းပြီး ရော ကောင်းမြင့် ထွဋ်က ဒီမှတ်တမ်း ဗီဒီယိုတွေကို မပေးဘဲယူထားလိုက်တယ်။လုံးဝ မပေးတော့ ဘူး။ ဒါနဲ့ ပါတီကသူ့ကို မကြိုက်လို့ ထုတ်လိုက်တာ။ နောက်သူပြောတဲ့ထဲမှာ ကျွန်တော် က မွေးသက္ကရာဇ်ကို ပြုစားခံရ မှာစိုးလို့ ပြောင်းထားတယ်ဆိုတာကို ပြော ချင်တယ်။ ကျွန်တော့်ငယ် နာမည်က မောင်စိန်ညွန့်။ မွေးတာ က ၁၉၃၂ အောက်တိုဘာ ၃၁မှာ မွေးတာ။ ကျောင်းရောက်တော့ သင်္ချာဆရာက အောက်တိုဘာ ၁၀လပိုင်းကို ၁၂ဆိုပြီး ရေးလိုက် ရာကနေဖြစ်သွားတယ်။ ပြုစား မယ်ဆိုလည်း ကျွန်တော့်ကို သင်္ချာဆရာကပဲ ပြုစားမှာပေါ့ ဗျာ။ ပြီးတော့ ကျွန်တော်ရေးတဲ့ စာအုပ်တစ်အုပ် ဦးနု၊ ဦးကျော် ငြိမ်းတို့အကြောင်းပေါ့နော်။ ဒါကို အကြမ်းရိုက်နေတုန်းမှာ ကောင်း မြင့်ထွဋ်ကကြည့်ပြီး ဒီလူတွေ တိုင်းပြည်အတွက် ဘာမှအကျိုး မပြုဘဲ ရန်ပဲထိုင်ဖြစ်နေတယ်ဆို ပြီးပြော၊ဒီလူတွေက ဘာမှအထင် ကြီးစရာမလိုဘူးလို့တောင်ပြောခဲ့ တာ။ ကျွန်တော်လိုလူမျိုးလောက် တော့သူပြောတာမဆန်းပါဘူးဗျာ။

ဦးခင်မောင်ဆွေ (NDF ပါတီခေါင်းဆောင်)
ဒီလိုပြောတာနဲ့ပတ်သက်ပြီး ကြားရတာတော့ စိတ်မကောင်း ဖြစ်မိတယ်ဗျာ။ ကျွန်တော်က သူ့ ကို ကိုကောင်းလို့ခေါ်တာဗျ။ သူ ပြောတာတွေကိုတော့ မရှင်းချင် ဘူး။ ရှင်းလို့အမှန်တွေပေါ်သွား ရင်လည်း သူပဲအရှက်ရမှာ။ ပါတီ ဖွဲ့တာကသူနဲ့မဆိုင်ဘူး။ NLD က ၁၉ဦးနဲ့အပြင်က ပုဂ်္ဂိုလ်တွေ ပေါင်းပြီးဖွဲ့ဖြစ်ကြတာ။ အဲဒီတုန်း ကတောင် သူကပါတီနာမည်ကို လက်ရှိသူ့ပါတီနာမည်အမျိုးသား ကွန်ဂရက်ပါတီဆိုပြီးတော့နာမည် ပေးဖို့တောင်ပြောခဲ့သေးတယ်။ သူလုပ်ပေးလို့ NDF ဆိုတာဖြစ် လာတာဆိုတာ သမိုင်းမှာ အထောက်အထားအပြည့်ရှိတယ်။ နှစ်ပေါင်းများစွာ ထောင်တန်း အကျခံပြီး လုပ်လာတဲ့သူတွေ နိုင်ငံရေးအစဉ်အလာရှိရှိလုပ်လာ ခဲ့သူတွေပဲလေ။ သူလုပ်ပေးလို့ရ လား မရလား၊ NDF ဖြစ်လာ သလားဆိုတာပြည်သူတွေအကုန် သိပါတယ်။ ပြောတဲ့ အထဲမှာ သောက်သုံးမကျဘူးဆိုတဲ့ အသုံး အနှုန်းမျိုးတော့ မသုံးသင့်ဘူးပေါ့ ဗျာ။ နိုင်ငံရေးလုပ်မယ့်လူတွေ အနေနဲ့ လိုက်ရမ်းတာဘယ် ကောင်းပါ့မလဲ။ ဒီလိုရမ်းတာတွေ ဘယ်နိုင်ငံတွေမှာမှလည်း မရှိပါ ဘူးဗျာ။

ခုဟာက သူ့ကိုယ်သူ မမြှင့်တင်ဘဲသူများကိုအကြောင်း မဲ့ပုတ်ခတ်တဲ့အခါကျတော့ နား ထောင်ရတဲ့သူတွေရဲ့ကြားမှာ သူ့ အပေါ် နိုင်ငံရေးဝန်လေးသွားမှာ ပေါ့ဗျာ။ ကျွန်တော်ကတော့ သူ ကိုဒီလိုမဖြစ်စေချင်ဘူး။ သူမှာ နိုင်ငံရေးဆက်လုပ်မယ်ဆိုတဲ့ ရည် ရွယ်ချက်ရှိနေရင်ပဲ ဒီလိုပြောဆို တာတွေလုံးဝမလုပ်သင့်ဘူး။ အန် ကယ်တို့လည်း ၂၀၁၅ မှာနိုင်ငံ ရေးရာထူးကိုမက်ပြီး နိုင်ငံရေးလုပ် နေတာမဟုတ်ဘူး။ ရာထူးတွေ မှန်းပြီး ကိုယ်လည်းနိုင်ငံရေးမလုပ် ဘူး။ သူများတွေကိုလည်း အဲဒီလို မလုပ်စေချင်ဘူး။ ဒီမိုကရေစီ အင်အားစုတွေ ညီညွတ်မှရမှာဗျ။ ၈၈တုန်းကလည်း ဒီမိုကရေစီ အရေးတောင်းဆိုမှုဟာ တစ်ပြည် လုံးအတိုင်းအတာနဲ့ဖြစ်ခဲ့သော် လည်း ဒီမိုကရေစီအင်အားစုတွေ ညီညီညွတ်ညွတ်မရှိခဲ့တဲ့အတွက် ဒီမိုကရေစီအုပ်ချုပ်ရေးတစ်ခုဖြစ် မလာခဲ့ဘူးလေ။ ဒါသမိုင်းရဲ့ သာဓကပဲ။ နိုင်ငံရေးဦးဆောင် မယ့်လူငယ်တွေအနေနဲ့ သိက္ခာရှိ ရှိနဲ့ မှန်ကန်တဲ့ နိုင်ငံရေးလမ်း ကြောင်း ကသွားစေချင်တယ်။

ကိုကောင်း အနေနဲ့ ကျွန်တော်နဲ့လည်း ဒီလောက်ရင်းနှီးပါလျက်နဲ့ ဒီလို ဘာလို့ပြောသလဲ စဉ်းစားလို့ မရဘူး။ ကျွန်တော်တို့က မကြာခင် နိုင်ငံ ရေးဇာတ်ခုံပေါ်ကနေ ကွယ် ပျောက်သွားရတော့မှာ။ လူငယ် နိုင်ငံရေးသမားတွေခုလိုရှိနေတာ၊ ဦးဆောင်နေတာကို အများကြီး ၀မ်းသာတယ်။ သူတို့အနေနဲ့ သန့် ရှင်းတဲ့၊ အပုပ်ချ တိုက်ခိုက်ခြင်း မရှိတဲ့ စိတ်မျိုးနဲ့ မြန်မာနိုင်ငံသား တွေအတွက် ရည်ရွယ်ချက် ကောင်းကောင်းနဲ့ သွားမယ်ဆိုရင် ကျွန်တော်တို့က ကြိုဆိုမှာပါ။ မထင်မှတ်ဘဲ သူရဲ့ဝေဖန်တာကို သိရတော့ အံ့လည်းအံ့သြတယ်။ စိတ်လည်း မကောင်းဘူး။ ၈၈ တုန်းကကိစ္စ ဆိုရင် ကျွန်တော်က ရေနံသမဂ္ဂ အတွင်းရေးမှူးပါ။ ၂၄ ရက်နေ့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ပြီး ရေနံသမဂ္ဂကို ဖျက်သိမ်းပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကမ်းလှမ်းချက်အရ မကွေးတိုင်း စည်းရုံးရေးတာဝန်ခံ ကနေစခဲ့ တာပါ။ ၁၉၈၈ စက် တင်ဘာလ ၂၂ ရက်နေ့မှာ ဒေါ်အောင်ဆန်း စုကြည်အိမ်မှာ ကျွန်တော်တို့ဆွေး နွေးပါတယ်။ ရေနံသမဂ္ဂကနေပြီး တော့ သူ ထောင်တဲ့ပါတီမှာ မကွေးတိုင်း စည်းရုံးရေးတာဝန်ခံ လုပ်ပေးပါဆို ပြီး ကမ်းလှမ်းတယ်။ ကျွန်တော် တို့က ရေနံသမဂ္ဂကိုဖျက် သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်း လှမ်းချက်အရ ပါတီနိုင်ငံရေး ဘက်ကို ပြောင်းခဲ့တာပါ။ ရေနံ သမဂ္ဂဖျက်သိမ်းပြီးနောက်လည်း ကျွန်တော့်ကို စစ်ဆေးတာတွေ လုပ်ခဲ့သေးပါတယ်။ ကျွန်တော်ရဲ့ Personal File ကိုစစ်တာပါ။ ခိုး ထားသလား။ ၀ှက်ထားသလား။ စစ်ဆေးမှုတွေရှိပါတယ်။ ဘာပြစ် ဒဏ်မှလည်းမရှိခဲ့ပါဘူး။ ဘာမှ မယူဘဲ အနစ်နာခံလုပ်ခဲ့တာပါ။ SB ကလည်း သေသေချာချာ စစ်ခဲ့တာပါ။ သူခိုးကြီးများသမဂ္ဂ ဆိုတာ သူဘာကိုရည်ရွယ်ပြော သလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ အလုပ်ထဲမှာ ခိုးဝှက် ရအောင်လည်း ခိုးဝှက်နိုင်တဲ့ အနေအထားလည်း မရှိပါဘူး။ ရေနံစင်ပေါ်မှာ ဘာခိုးလို့ရမှာလဲ။ မြေကြီးတွေပေါ်မှာပဲ စင်တွေ ပေါ်မှာပဲ အလုပ်လုပ်ကြရတာပါ။ အမှန်တရားဆိုတာ ဖုံးကွယ်ထား လို့မရပါဘူး။ ဒေါ်အောင်ဆန်းစု ကြည်လိုပုဂ်္ဂိုလ်မျိုး တိုက်ခိုက်ခံရ တာကတော့ အပင်မြင့်လို့ လေ တိုက်ခံရတာလေ။ ကျွန်တော်က တော့ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်လည်းအံ့သြတယ်။ ကျွန်တော်တကယ်ကိုလည်း စိတ် မကောင်းဘူး။ နောက်ဆုံးပြော ချင်တာကတော့ လူငယ်နိုင်ငံရေး သမားတစ်ယောက်အနေနဲ့ ဖဆ ပလ ခေတ်ကလို အပုပ်ချ နိုင်ငံရေး ကို မလုပ်စေချင်ပါဘူး။ ဟိုလူကို တိုက်၊ ဒီလူကိုတိုက်ပြီးမှ နိုင်ငံရေး ကိုယ်ရည်သွေးတာ ခေတ်ဟောင်း နိုင်ငံရေးအတွေးအခေါ်ထဲမှာပဲ ကျန်ခဲ့ပါပြီဗျာ။
ခန့်ခန့်(ဒဿနိက)
The hot news weekly

“မင်း” ကိုအောင်နိုင်မည့်သူများလော

$
0
0
(10 Aug 2013 ရက်စွဲပါ The Economist မှ Conquerors of King? ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင် ၁၉၈၈ခုနှစ်က အညှာကိုင်လှုပ်ခဲ့သော ဆန္ဒပြမှုများသည် တွေ့ရသမျှပြည်သူ့အာဏာ လှုပ်ရှား မှုများတွင် အကြီးဆုံးဖြစ်ပြီး၊ အတိုင်းအတာအရ၊ အချိန်ကာလကြာရှည်မှုအရ၊ ပြင်းထန်မှုအရနှင့် ချေမှုန်းခံရ၍ သွေးထွက် သံယိုဖြစ်ရသောအခါတွင်လည်း အကြီးဆုံးဖြစ်ပါသည်။ နောက်တစ်နှစ်အကြာတွင် ဘဲဂျင်း(Bejing)၌ လူသတ်ပွဲကြီးကို ကမ္ဘာတစ်ဝှမ်းက မှတ်မိကြဦးမည် ထင်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် အသတ်ခံရသော ဦးရေမှာ ထောင်ဂဏန်းပိုပါသည်။

တရုတ်ပြည်မကြီးနှင့် ခြားနားမှုတစ်ခုမှာ တိန်အင်မင်ရင်ပြင်ကို အမှတ်ရမှုအတွက် ညှာတာမှု ကင်းမဲ့စွာ ဖိနှိပ်ဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ၁၉၈၈ ပြည်သူ့လှုပ်ရှားမှုများကို အမှတ်ရမှုများအတွက် မကြာမီက အထိ တရုတ် အတိုင်း ပင်ဖြစ်သည်။ ယခုလတွင် သြဂုတ်လ ၈ရက် တစ်ပြည်လုံးအတိုင်းအတာ ဆန္ဒပြခဲ့မှု အထိမ်းအမှတ် ၈လေးလုံး ဟု လူသိများသော လှုပ်ရှားမှုအတွက် ပြုပြင်ပြောင်းလဲရေးဖြင့် တံခါးဖွင့်လာသော မြန်မာနိုင်ငံ၏ ရန်ကုန်မြို့တွင် အများအာရုံ စိုက်ခြင်းခံရသော အထိမ်းအမှတ် ပွဲပြုလုပ်ခဲ့ပါသည်။ ထိုနေရာတွင် ရာစုနှစ် တစ်ခု၏ လေးပုံတစ်ပုံ အချိန်တွင် မြန်မာနိုင်ငံမှ လှုပ်ရှားမှုသည် အောင်မြင်သည်ဟု ဆိုရပုံရသော်လည်း၊ တရုတ်ပြည်တွင်မှု မအောင်မြင်ခဲ့ပေ။

သို့သော် အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သော ခေါင်းဆောင်များ ကိုယ်၌က ၎င်းကို ပို၍အရေးပါသော အောင်မြင်မှု တစ်ခုအဖြစ် ဖွင့်ဆိုခဲ့ကြခြင်း မရှိသေးပေ။ အတိုက်အခံများလွှတ်တော်တွင် ဝင်ရောက်နိုင်ခဲ့သည်။ သတင်းစာလွတ်လပ် ခွင့်ရသည်။ ပြည်ပရောက် အစိုးရဆန့်ကျင်သူများ ဘေးကင်းစွာ နေအိမ်ပြန်လာနိုင်သည်။ အများစုက ၂၀၁၅တွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန် မျှောင်လင့်နိုင်ကြပြီ။ သို့သော် အာဏာသည် စစ်တပ်ထံမှ ပြည်သူထံသို့ နောက်ကြောင်းမပြန်ပဲ ရောက်ရှိလာပြီဟု အနည်းငယ်ကသာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေကြခြင်းဖြစ်ပါသည်။

၁၉၈၈ခုနှစ် အုံကြွမှုသည် စစ်တပ်က အာဏာကို စွန့်ရန် အကြောင်းဖြစ်လာရပါသည်။ ဆန္ဒပြမှုများ၏ အစပြုမှုမှာလည်း ၂၀၁၁ခုနှစ် အာရပ်နွေဦးတော်လှန်ရေး၏ မီးပွားဖြစ်သော တူနီးရှားမှာ လမ်းဘေးဈေးသည် တစ်ဦး မိမိကိုယ် မိမိသတ်သေသော အဖြစ်နှင့် ထူးထူးဆန်းဆန်း တူနေပါသည်။ ၁၉၈၈ခုနှစ် မတ်လတွင် ရန်ကုန်တွင် လက်ဖက်ရည်ဆိုင် တစ်ခု၏ ရန်ပွဲမှတဆင့် ကျောင်းသားတစ်ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ အဖြစ်အပျက်သည် အရှိန်ဖြင့်လာပြီး၊ လုံခြုံရေး တပ်ဖွဲ့များ၏ လုပ်ငန်းမကျွမ်းမကျင်မှု၊ အကြမ်းဖက်အပြုအမှု များကြောင့် ကျောင်းသားများဦးဆောင်သော ပို၍အထွေထွေ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု အဖြစ်ရောက်ခဲ့ပါသည်။ ထိုသို့ဖြစ်ရန် စုပေါင်းလာရသော အကြောင်းရင်းခံများတွင် ရာစုနှစ်တစ် ကွာတားခန့် အရည်အချင်းမရှိသော အစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ အဖြစ် သဘောတူခဲ့ခြင်းကြောင့် တစ်မျိုးသားလုံးနှင့် ချီ၍ သိက္ခာကျသည်ဟု ခံစားရခြင်း၊ အထူးသဖြင့် ရုတ်တရက် ငွေစက္ကူ ဖျက်သိမ်းခြင်းများ ကြောင့် ပြည်သူလူထု၏ ငွေများ ဆုံရှုံးရခြင်းများ ပါဝင်ပါသည်။

အဆိုပါတော်လှန်ရေး မအောင်မြင်ရခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ ကာလရှည်ကြာ တရားမဝင်ဖြစ်ခဲ့သော အတိုက်အခံနှင့် ပြည်ပမှ ပြန်ရောက်ကာစ ဒေါ်အောင်ဆန်းစုကြည်တို့ အတူတကွ အလုပ်မလုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ စစ်တပ်၏ အချို့ယူနစ်များ ဆန္ဒပြရာတွင် ပါဝင်ခဲ့သော်လည်း နောက်ဆုံးတွင် ပြည်သူများကို သတ်၍ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခြင်းမှာ အဓိက အကြောင်းဖြစ်ပါသည်။ ယခုအပတ် ၁၉၈၈ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခွင့်ရခြင်းမှာ မြန်မာနိုင်ငံတွင် ဦးသိန်းစိန်လက်ထက်တွင် မည်မျှပြောင်းလဲ ခဲ့ပြီဆိုသည်ကို ငြင်းချက်မထုတ်နိုင်သော သက်သေဖြစ်ပါသည်။ အဆိုပါ အခမ်းအနားကို ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင် ပေါ်ဦးထွန်း၏ မိန်ခွန်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းသည် ၁၉၈၈တွင် “မင်းကိုနိုင်” သို့မဟုတ် “မင်းကို အောင်နိုင်သောသူ” ဟု အဓိပ္ပာယ်ရသည့် အမည်ကို လျှိုဝှက်ပေးခဲ့ သော်လည်း၊ ယနေ့ထို အမည်ကို လက်ခံနေကြပြီဖြစ်ပါသည်။

သူနှင့်သူ၏ “၈၈မျိုးဆက်”အကျဉ်းပျော်(Jailbirds) ကျောင်းသားများသည် ပြီးခဲ့သည့်နှစ်ကမှ ထောင်မှလွတ်ခဲ့ ကြ ပြီး ဗဟိုချက်ကျသော အခန်းကဏ္ဍပြန်လည် ရရှိရန် ကြိုးပမ်းနေကြပါသည်။ မင်းကိုနိုင် ကိုယ်တိုင်က ပါတီနိုင်ငံရေး၏ အပေါ်တွင် နေလိုသည့်ဆန္ဒရှိပါသည်။ သို့သော်၎င်း၏ လုပ်ဖော်ကိုင်ဖက် အချို့ကမှု ကိုယ်ပိုင်ပါတီထောင်ရန် သို့မဟုတ် ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပူးပေါင်းရန် စကားပြောလာကြပါသည်။ ကြီးမားသော အစိတ်အပိုင်းအဖြစ် ယနေ့နိုင်ငံရေးသည် ၂၀၀၈အခြေခံဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရန် ရှိနေပါသည်။ အဆိုပါ အခြေခံဥပဒေမှာ စစ်တပ်၏ အရေးပါသော ကဏ္ဍကို အာမခံထားပြီး မရိုးမသားသော ဆန္ဒခံယူပွဲဖြင့် အတင်းဓမ္မ အတည်ပြုထားခြင်းဖြစ်ပါသည်။

ရန်ကုန်တွင် ပြုလုပ်သော အခမ်းအနားသို့ တက်ရောက်လာသူများတွင် အောင်မြင်ရန် မလွယ်သဖြင့် ရည်ရွယ်ချက်မဲ့ ဖြစ်သွားရသော (Futile)လက်နက်ကိုင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသားများ ပါဝင်ပါသည်။ ထိုလက်နက်ကိုင် လှုပ်ရှားမှုမှာ ၁၉၈၈ စတင်ဘာ(၁၈)ရက်တွင် စစ်တပ်က အာဏာသိမ်း၍ မာရှယ်လော ကြေညာကာ နှိမ်နင်းစဉ်က ထွက်ပြေးသွားသူ အချို့၏ လုပ်ဆောင်မှုဖြစ်ပါသည်။ ယခုအပတ်တွင် အဓိက ကျောင်းသားလက်နက်ကိုင် အုပ်စုသည် တရားဝင် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြပါသည်။

ထိုင်းနိုင်ငံနယ်စပ်မှ တိုင်းရင်းသားသူပုန်များ(ဆောင်းပါးတွင် insurgenciseဟု သုံးထားပါသည်-အယ်ဒီတာ) အများစုသည် အပစ်ခတ်စဲရေး သဘောတူထားပြီး ဖြစ်ပါသည်။ အချို့ပြည်ပ ရောက်များသည် ပထမဆုံးအကြိမ် အဖြစ်ရန်ကုန်သို့ ပြန်ရောက်လာကြပါသည်။ ရဲဘော်ရဲဘက်ဟောင်းများသည် မျက်ရည်များ၊ မယုံကြည်နိုင် သောမျက်နှာများ၊ ပွေ့ဖက်ခြင်းများဖြင့် ပြန်လည်ဆုံဆည်းခဲ့ပါကြပါသည်။ အချို့သည် ငှက်ဖျားထူထပ်သော နယ်စပ်စခန်းအတွေ့အကြုံများ၊ အချို့သည် နှိပ်စက်မှုများခံရသော အပြစ်ပေးစနစ်၏ အတွေ့အကြုံများကို ရရှိခဲ့ကြပါသည်။ ပြခန်းများတွင် ထောင်နှင့်ပုံစံတူ လုပ်ထားသော ပြခန်းလည်းပါဝင်ပါသည်။

နယ်စပ်သို့ထွက်ပြေးသွားပြီး၊ ပြီးခဲ့သည့် နှစ်က ပြန်ရောက်လာသည့် ကျောင်းသားလှုပ်ရှားသူမှာ ဦးစိုးမိုးမြင့် ဖြစ်ပါသည်။ ၎င်းသည် ၁၉၉၀ခုနှစ်က ကြီးမားသော စတန့်တစ်ခုဖြင့် မြန်မာတို့၏ ဆိုးရွားသော အခြေအနေကို မီးမောင်း ထိုးပြခဲ့ပါသည်။ ၎င်းနှင့် သူ၏သူငယ်ချင်းတစ်ဦးသည် ဘန်ကောက်မှ ရန်ကုန်သို့သွားသော လေယာဉ်တစ်စီးကို အပိုင်စီးခဲ့ ကြပါသည်။ ၎င်းတို့သည် ဘုရားရုပ်ထုထည့်ထားသော ဆပ်ပြာတုံးကို ဗုံးဟုဆိုကာ လေယာဉ်ကို ကာလကတ္တား(ယခု ကိုးလ်ကတ္တား)သို့ ပျံသန်းစေပါသည်။ ဦးစိုးမြင့်သည် အိန္ဒိယမှ နေ၍ မြေအောက်သတင်းထောက်များသုံး၍ သတင်းစာစောင် တစ်ခုတည်ထောင်ခဲ့ပါသည်။ ၎င်းသည် ယခုအခါ မြန်မာနိုင်ငံ၏ ပင်မရေးစီကြောင်း မီဒီယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။ ယခုအပတ် အခမ်းအနားအတွက် ၎င်းတို့က အထူးအချပ်ပို ထုတ်ဝေခဲ့ပါသည်။

သြဂုတ်လ(၈)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အစိုးရကပင်လျှင် ၎င်း၏ ဝန်ကြီးဦးအောင်မင်းကို တက်ရောက်ရန် စေလွှတ်ခဲ့ပါသည်။ အကျဉ်းသားများဟောင်းက ၎င်းကို ထောင်ပြခန်းကို ပြသခဲ့ပါသည်။ အစိုးရက ၈၈မျိုးဆက်များကို တချိန်က ဖျက်လို့ဖျက်ဆီး လုပ်သည့်ရာဇဝတ်သားများအဖြစ် ရှုမြင်ခဲ့ကြပါသည်။ ယခုမှု ၎င်းတို့ကို ရှောင်၍ မရနိုင်တော့ပေ။

အတိတ်ကို မည်သူထိန်းချုပ်……………..

အချို့ယခုအခြေအနေကို လက်မခံသော အတိုက်အခံများက ညှိနှိုင်းမှု မရှိဘဲ ယခုအပတ် ပွဲကျင်းပခြင်းကို ကန့်ကွက် ခဲ့ ကြပါသည်။ အဘယ်ကြောင့် ဆိုသော်စစ်တပ်ခေါင်းဆောင်များ ဖိတ်ကြားခြင်းကြောင့် ဟုဆိုပါသည်။ ဤသည်မှာ မြန်မာနိုင်ငံမှ ကြီးမားသော ပြောင်းလဲမှုများအတွက် ကြီးမားသော မေးခွန်းတစ်ခုကို ညွှန်ပြနေပါသည်။ ရာစုနှစ်၏ တစ်ကွာတားခန့် နောက်ကျသော်လည်း တော်လှန်ရေးသမားများနိုင်သွားပြီဆိုပါစို့။ မည်သူရှုံးခဲ့သနည်း။ အစိုးရကသော် လည်းကောင်း၊ စစ်တပ်ကသော်လည်းကောင်း၊ အတိတ်က ဥပဒေအရ၊ မှုအရ လက်သင့်ခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်၍ ကျူးလွန်ခဲ့မှုများအတွက် တောင်းပန်ခြင်းမရှိပေ။ ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာများ၊ အခွင့်ထူးများကို ဆက်လက်ထိန်း သိမ်းထားနိုင်ပြီး၊ ၎င်းတို့၏ စီးပွားရေး ခရိုနီများကလည်း အမြတ်ငွေများရ နေဆဲဖြစ်ပါသည်။ တချိန်တည်းမှာပင် ယခုအပတ်အခမ်းအနား၏ အဓိကအကြောင်းအရာမှာ “အမှန်တရားနှင့် တရားစီရင်မှု”မဟုတ်ဘဲ “ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး”ဖြစ်နေပြန်သည်။ ၁၉၈၈ခုနှစ်(မတိုင်မီထိုကတည်းက လုပ်ဆောင်ခဲ့သော) မတရားမှုများအတွက် မည်သူမျှပြစ်ဒဏ်ပေးခြင်း မခံရပေ။ ၈၈မျိုးဆက် ခေါင်းဆောင် ကျော်မင်းယု(ခေါ်) ကိုဂျင်မီက မည်သူထံတွင် အာဏာရှိနေဆဲလည်းဟု ရိုးရိုလေး မေးခွန်းတစ်ခုပေးခဲ့ပါသည်။ ၎င်းက စစ်တပ်ဟု အဖြေပေးခဲ့ပါသည်။

၎င်း၏ အဖြေမှန်ကောင်းမှန်လိမ့်မည်။ သို့သော် ၎င်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ၁၉၈၈ အထိမ်းအမှတ်ပွဲ ပြသခြင်းနှင့် အတူတိုးတက်မှု၊ ပြုပြင်ပြောင်းလဲမှု၊ ကျိုးကြောင်းဆီလျော်သော အခြေအနေတစ်ခုတို့၏ အင်အားစုများ လက်ရှိမြန်မာ့သမိုင်းကို အောင်မြင်စွာရေးထိုးခဲ့ပါပြီ။ ယခုတိုက်ပွဲကတော့ အနာဂတ်အတွက် ဖြစ်ရပေမည်။

Yangon chronicle

မမအကြောင်းလူပြောသူပြောများလာလို့ -ရေးသားသူ-မိုးဇေညိမ်း

$
0
0
မိုးလင်းလို့ တခြားလူတွေအိပ်ယာထတော့မှ ကျွန်တော်ခေါင်းအုံးပေါ်ရောက်ခဲ့တာ အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ ဒီကနေ့မနက်အိပ်ခါနီးမှာ အင်တာနက်ပေါ်က ဓာတ်ပုံလေးတစ်ပုံတွေ့မိတော့ သတိရစရာလေးတွေရှိတာနဲ့ မအိပ်ဖြစ်သေးပဲ အတင်းလို့ပြောရမလား၊ သတင်းလို့ပြောရမလား တစ်ခုခုရေးမိတယ်ဆိုပါတော့။ ဦးခင်ညွန့်ပြန်လွတ်လာပြီးတဲ့ အချိန်ရိုက်ထားတာမို့ ဒီဓာတ်ပုံလေးကတော့ အဟောင်းလေးပါပဲ။ အဲဒီတုန်းကလည်း ဒီဓာတ်ပုံလေးက တော်တော်လူပြောသူပြော များခဲ့ပါတယ်။ ဦးခင်ညွန့်အောက်မှာ ကြုံ့ကြုံ့လေးထိုင်နေတဲ့သူကတော့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်းရဲ့ သမီး၊ ဗိုလ်မှူးချုပ်ဝင်းအောင်ရဲ့ဇနီး၊ Faces မဂ္ဂဇင်း (စထုတ်တုန်းက ကိုအောင်ဝေး တာဝန်ခံအယ်ဒီတာလုပ်ခဲ့တယ်)၊ ပေဖူးလွှာမဂ္ဂဇင်း၊ Hot News ဂျာနယ်တို့ရဲ့ပိုင်ရှင်၊ ဈေးကွက်မ၀င် မအောင်မြင်ခဲ့ပဲ အရင်းရှုံးခဲ့သော Pink အ၀တ်အထည်တို့ရဲ့ ဒီဇိုင်းနာနဲ့ ထုတ်လုပ်ဖြန့်ချိသူ၊ မြကိုးသွယ် ကုမ္ပဏီရဲ့မန်နေဂျင်းဒါရိုက်တာကြီး ဒေါ်ဟေမာခင်မောင်သန်း (ခေါ်) မမ ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ အစိုးရနဲ့ပတ်သတ်ပြီး ဝေဖန်တာ၊ တိုက်ခိုက်တာတွေနဲ့ သူမရဲ့ဂျာနယ်လည်း အောင်မြင်လာနေတာကို တွေ့ရပါတယ်။

ဟိုအရင်တုန်းကတော့ မမက ဦးသန်းရွှေအပေါ်ရော ခုအစိုးရကိုပါ အပြည့်အ၀ယုံယုံကြည်ကြည်ထောက်ခံခဲ့တာပါ။ ဒါပေမဲ့ ဒုဗိုလ်ချုပ်ကြီး ခင်မောင်သန်းကို ကစထမှူးကနေ တပ်မှာပဲဖြစ်ဖြစ်၊ အရပ်ဘက်မှာပဲဖြစ်ဖြစ် ဒီ့ထက်ပိုမြင့်တဲ့နေရာ တစ်ခုခုရခဲ့လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အစိုးရသစ်လက်ထက်မှာ ချောင်ထိုးခံလိုက်ရတဲ့အတွက် သူယုံကြည်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေကို တော်တော်လေး ဒေါသထွက်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း သူမရဲ့ဂျာနယ်မှာ လက်ရှိအစိုးရအဖွဲ့နဲ့ပတ်သတ်တဲ့ အပြစ်အနာအဆာတွေကို ရသလောက်ရှာကြံပြီး ဖော်ပြနေခဲ့တာထင်ပါတယ်။ သူမဖခင်ရဲ့ တပည့်လိုဖြစ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေတောင် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်းကိုတော့ နေရာမပေးခဲ့တာကို အငြိုးထားပုံရပါတယ်။ အဲဒါတွေကြောင့် ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့လင်မယားနှစ်ယောက်စလုံးကို ရွေးကောက်ပွဲဝင်မလားလို့ ကြံ့ဖွံ့ကကမ်းလှမ်းခဲ့တာကိုတောင် ငြင်းဆန်ခဲ့ပါတယ်။ မမရဲ ခင်ပွန်း ဗိုလ်မှူးချုပ်ဝင်းအောင် မိုင်းဆတ်မှာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူးကနေ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ဝင်ဖြစ်လာခဲ့တာပါ။ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အပတ်စဉ် (၇) ဆင်းဖြစ်ပါတယ်။ မမရဲ့မြကိုးသွယ်ကုမ္ပဏီကတော့ ရထားလမ်းဖောက်တဲ့စီမံကိန်းတွေနဲ့ ရွှေလုပ်ကွက်တွေရှိပါတယ်။ အဲဒီလုပ်ငန်းတွေကို အဓိကကြီးကြပ်တာကတော့ ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်းရဲ့တပည့် စစ်တပ်မှ ဆေးကျလို့သော်၎င်း၊ တခြားအကြောင်းတွေကြောင့်သော်၎င်း ထွက်ခဲ့ရတဲ့ တပ်မတော်ကအရာရှိတွေပါပဲ။

၂၀၀၈ ခုနှစ်ကုန်မှာ ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်းရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးဝေဖြိုးမင်း (ခဏတဖြုတ်ပဲ ဆုံဖူးလိုက်တာမို့ နာမည်တော့ မေ့တေ့တေ့ပဲ၊ ဝေဖြိုးမင်းလား၊ ဖြိုးဝေမင်းလား ခပ်ရေးရေးပါပဲ၊ ထားပါတော့) ရဲ့ အကြံပြုချက်နဲ့ Hot News ဂျာနယ်ထုတ်ဖို့ဖြစ်လာပါတယ်။ ဗိုလ်မှူးဝေဖြိုးမင်းက ၂၀၀၇ သံဃာ့အရေးအခင်းတုန်းက ပြည်သူတွေကို နှိမ်နှင်းတဲ့ထဲမှာ ပါခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပစ်မိန့်သာပေးရတယ်၊ တယ်စိတ်မကောင်းလှဘူးလို့ မူးမူးနဲ့ပြောပြဖူးပါတယ်။ ၂၀၀၈ ခုနှစ်၊ နာဂစ်ဖြစ်တော့လည်း သူ့တပ်ရင်းက လေဆိပ်မှာ ရောက်နေတဲ့ ရိက္ခာပစ္စည်းတွေကို နာဂစ်ဖြစ်ပွားနေရာတွေဆီဖြန့်ဝေတဲ့အခါမှာ လုံခြုံရေးတာဝန်ယူရပါတယ်။ တစ်ခါမှာ စကခမှူးကိုယ်တိုင် သူ့ကိုခေါ်တွေ့ပြီး ဒီတစ်ခါ ရိက္ခာကားတွေပို့ရမဲ့ လမ်းကြောင်းကို မင်းသေချာကြပ်မတ်ဦးဆောင်ပါဆိုပြီး တာဝန်ပေးပါတယ်တဲ့။ အဲဒီ့လမ်းကြောင်းကတော့ ရိက္ခာတွေကို ဧရာဝတီတိုင်းကို ပို့တာမဟုတ်ပဲ နေပြည်တော်ကို ပို့တာဖြစ်နေလို့ တော်တော်စိတ်မကောင်းသွားရတယ် ပြောပါတယ်။ သူ့ကားသွားတဲ့နောက်မှာ ရိက္ခာတင်တဲ့ကားတွေက တန်းစီပြီး သူသွားသလိုလိုက်လာရတာမို့ စိတ်ချဉ်ပေါက်ပြီး ရောက်ရာပေါက်ရာ မောင်းပလိုက်ချင်ပေမဲ့ အိမ်မှာကျန်ခဲ့တဲ့ မိန်းမနဲ့ကလေးတွေ မျက်နှာကြောင့် စိတ်လျော့လိုက်တယ်လို့ ပြောဖူးလေရဲ့။ အဲဒါကြောင့် တပ်မတော်ကြီးကို စိတ်အကြီးအကျယ်နာ၊ ကက(ဆေး) က အရာရှိတွေကို ပိုက်ဆံပုံအောပေးပြီး ထွက်ခွင့်ရအောင် လုပ်ခဲ့တယ်လို့ ပြောပြဖူးတယ်။ တကယ်ပဲလား၊ ဇာတ်နာအောင် ပြောလေသလားတော့ မသိ။ Hot News မှာ အနှီဗိုလ်မှူးရဲ ရှယ်ယာပါပါတယ်။ ခု Hot News ဂျာနယ်က အုပ်ချုပ်ရေးမှူး အာရုဏဆိုတာ သူပဲလားတော့ ထင်မိတယ်။

ထပ်ရေးရရင်ရှည်တော့မှာမို့ ဖြစ်ရပ်လေးတစ်ခုကို ပြောပြီးရင်တော်ပါပြီ။ ၂၀၀၉ ၀န်းကျင်လောက်မှာ ထင်ပါတယ်။ မမနဲ့ ဝေဖြိုးမင်းတို့ရဲ့ မြကိုးသွယ်ကုမ္ပဏီက မန်နေဂျာ၊ တပ်ကဗိုလ်ကြီးပြုတ်တစ်ယောက် နေပြည်တော်ကနေ ရန်ကုန် ဆင်းလာတော့ သူ့ကားပေါ်မှာ လူကြုံနှစ်ယောက် တင်လာပါတယ်။ မြန်မာ့လေကြောင်းက လေယာဉ်မယ်လေးတစ်ယောက်နဲ့ သူ့ညီမတစ်ဝမ်းကွဲတို့ပါ။ အဲ..ကံဆိုးချင်တော့ လမ်းမှာ ကားမှောက်ပြီး လေယာဉ်မယ်လေးနဲ့ သူ့ညီမတို့ သေသွားပါတယ်။ သတင်းစာ နေ့စဉ်ဖတ်သူတွေ သတိထားမိမှာပါ။ နှစ်ယောက်လုံးရဲ့လိပ်စာတွေက ကမ်းနားလမ်းမှာ နေတာဖြစ်ပြီး သတင်းစာထဲမှာ တွဲရက်ပါလာပါတယ်။ အဲဒီဗိုလ်ကြီးကိုတော့ ထောင်မကျရအောင် မမနဲ့ ဗိုလ်မှူးဝေဖြိုးမင်းတို့က ၀ိတ်သုံးပြီး ကာဆီးရပါတယ်။ နောက်ဆုံးတော့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်သူဗိုလ်ကြီးပြုတ်ဟာ ရူးသွားပါတယ် ဆိုတဲ့ လက်မှတ်ကို သိန်းပေါင်းများစွာ အကုန်ခံပြီး ထောင်မကျအောင် တားဆီးလိုက်နိုင်ပါတယ်။ ဟိုဗိုလ်ကြီးပြုတ်လဲ လူရှေ့သူရှေ့ဆို ရူးချင်ယောင်ဆောင်ရတာပေါ့ဗျာ။ အခုတော့ လူကောင်းလို ပြန်နေနေပြီထင်ပါရဲ့။

နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ တမူးတွင် စစ်ဆေးခံရ

$
0
0

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ တွင် သြဂုတ်လ ၁၂ ရက်နေ့ညက နိဗ္ဗာန်လမ်း နာမှုကူညီသူများ အသင်းက ပြုလုပ်သည့် ဟောပြောပွဲသို့ လာရောက်သော ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ နှင့်အဖွဲ့ကို အဆိုပါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) က လာရောက်စစ်ဆေးခဲ့ကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရသည်။

"ဟောပြောပွဲမှာတော့ အဆင်ပြေတယ်။ ရွှေဥက္ကာ တည်းခိုခန်းမှာ တည်းဖို့စီစဉ်တော့ လဝကဘက်က လာပြီးမေးတယ်။ နောက်ပြီး သူနဲ့ပါလာတဲ့ အမျိုးသမီး နှစ်ယောက်မှာ မှတ်ပုံတင် ပါမလာတာကို အကြောင်းပြုပြီး တည်းခိုခွင့် မပြုနိုင်ဘူးလို့ ပြောတယ်။ နေရပ်လိပ်စာတွေ မေးတော့ ဦးကျော်သူက ရန်ကုန်လို့ ဖြေတယ်။ ရန်ကုန်ဆို ဘယ်မြို့နယ်လဲ ပြန်မေးတော့ ဦးကျော်သူက ရေဝေးလို့ ရေးလိုက်ကွာ။ အသုဘကိစ္စတွေ ဆောင်ရွက်နေတာ ရေဝေးမှာပဲ နေရတာလို့ ပြန်ဖြေတယ်" ဟု နိဗ္ဗာန်လမ်း နာမှုကူညီရေးအသင်းမှ ဦးဇော်မိုးကဆိုသည်။

ဦးကျော်သူနှင့်အဖွဲ့သည် ကလေးမြို့အခြေစိုက် ကာယကံမေတ္တာ လူမှုကူညီသူများအသင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် ဟောပြောပွဲသို့ လာရောက် ဟောပြောရန် သြဂုတ်လ ၁၁ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး နောက်တစ်ရက်တွင် တမူးမြို့ နိဗ္ဗာန်လမ်း နာမှုကူညီသူများ အသင်း၏ ဖိတ်ကြားချက်ကြောင့် တမူးမြို့ မြို့မ ဘုန်းတော်ကြီးကျောင်းတွင် ဟောပြောပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဟောပြောပွဲသို့ ပရိသတ် ငါးထောင်ခန့် တက်ရောက်ကြောင်း၊ ပရိုဂျက်တာ သုံးလုံးဖြင့် အတွင်းအပြင် ပြသပေးထားရကြောင်း ပွဲစီစဉ်သူတစ်ဦး ဖြစ်သော ဦးခင်မောင်ဆွေက ပြောကြား သည်။

"ဒီလိုဖြစ်ခဲ့တာ တမူးမြို့သူမြို့သား တွေ စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့က နိုင်ငံအနှံ့ သွားနေတာ။ အိပ်လို့မရတဲ့မြို့ မရှိဘူးလို့ ပြောတယ်။ ကိုယ့်မြို့မှာမှ ဒီလိုဖြစ်သွားတဲ့အတွက် ဦးကျော်သူနဲ့အဖွဲ့ကို အားနာမိပါတယ်" ဟု တမူးလူငယ်ကွန်ရက် မှ ဦးယဉ်ကိုဦးက ပြောဆိုသည်။

ဟောပြောပွဲ ပြုလုပ်မည့်အကြောင်း မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ထံသို့ တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း၊ ယခုကဲ့သို့ ဦးကျော်သူနှင့်အဖွဲ့ကို စစ်ဆေးမေးမြန်းမှု များအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့၊ SB စသော အဖွဲ့များက ကူညီပေးမှုကြောင့် တည်းခိုခွင့် ရရှိခဲ့သော်လည်း ဦးကျော်သူနှင့် အဖွဲ့က တည်းခိုလိုခြင်းမရှိသဖြင့် ကလေးမြို့သို့ ညတွင်းချင်း ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း အဆိုပါ နိဗ္ဗာန်လမ်း နာမှုကူညီရေး အသင်းထံမှ သိရသည်။
"တမူးမြို့ပေါ်မှာ တစ်ဖက်နိုင်ငံသား ဖြစ်တဲ့ ကသည်းလူမျိုးတွေကျတော့ မှတ်ပုံတင် ရှိတဲ့သူရော၊ မရှိတဲ့သူရော လှုပ်ရှားသွားလာနေကြတယ်။ မှတ်ပုံတင်ဆိုတာလည်း တရားဝင်လုပ်ထားကြတာ မဟုတ်ဘူး။ ဒီလို သူများနိုင်ငံသားတွေကျတော့ လွတ်လပ်စွာ သွားလာနေကြပြီး ကိုယ့်နိုင်ငံ သားတွေကိုကျတော့ မှတ်ပုံတင်မပါလို့ တည်းခိုခွင့်မပြုဘူး ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ" ဟု ဦးမိုးဇော်ကဆိုသည်။

အဆိုပါစစ်ဆေးခဲ့မှုနှင့် ပတ်သက်၍ တမူးမြို့နယ် လဝကဦးစီးအရာရှိ ဦးအောင်ကျော်ဦးကို The Voice က ဆက်သွယ်မေးမြန်းရာ ဦးကျော်သူနှင့်အဖွဲ့ကို ရွှေဥက္ကာတည်းခိုခန်းတွင် သွားရောက် စစ်ဆေးခဲ့သော်လည်း တည်းခိုခွင့်မပြုဟု မပြောကြားခဲ့ကြောင်း၊ နိုင်ငံသား များအနေနှင့် မိမိနိုင်ငံအတွင်း မည်သည့် နေရာတွင်မဆို တည်းခိုနိုင်သည်ဟု ၄င်းက ပြန်လည်ဖြေကြားသည်။

ဟောပြောပွဲတွင် ဦးကျော်သူက ဗြဟ္မစိုရ်၏ခြေလှမ်းများ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး မန္တလေးဗြဟ္မစိုရ်နာရေး ကူညီမှုအသင်း ဆရာတော် ဘဒ္ဒန္တနေမိန္ဒနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မူဝါဒ ရေးရာ အကြံပေးစာရေးဆရာ အလင်းဆက် (IR) တို့က အားဖြည့်ကူညီခဲ့ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ သိရသည်။

The Voice Weekly

ကြံ့ဖွံ့စစ်အစိုးရရုပ်သေးသမ္မတ ဦးသိန်းစိန်၏ သြဂုတ် ၁၄ ရက်နေ့ မိန့်ခွန်း (ရုပ်သံ)

$
0
0

အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေ
ဒီကနေ့ အခမ်းအနားဟာ အသစ်ခန့်အပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးများ ကတိသစ္စာ ခံယူတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများဟာလည်း ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီး အဆင့်များ ဖြစ်တဲ့အတွက် ဒီကနေ့အခမ်းအနားမှာ ပါဝင်ကြပါတယ်။

ကတိသစ္စာပြုရာမှာ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ တည်ဆဲ ဥပဒေများ ကို လေးစားလိုက်နာဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် ကတိကဝတ်ပြုခြင်း ဖြစ်ပါတယ်။ မင်းမှာသစ္စာ၊ လူမှာကတိ ဆိုတဲ့အတိုင်း အများရှေ့မှောက်မှာ မိမိတို့ပြုခဲ့ကြတဲ့ ကတိသစ္စာကို မကျိုး မပေါက်အောင် ထိန်းသိမ်း သွားကြဖို့လိုအပ်ပါတယ်။

ယခုလို ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးတွေ ခန့်အပ်ခြင်းခံရတဲ့အတွက် မိမိအနေနဲ့ ဝမ်းသာဂုဏ်ယူ ပါကြောင်း ပြောကြားလိုပါတယ်။

မိမိတို့ရဲ့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော် ကိုင်ဘက်တွေ ယခုလို တိုးပွားလာတဲ့အတွက် မိမိတို့အစိုးရအဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို ပိုပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ မိမိတို့ရဲ့ ရိုးသားမှု၊ ကြိုးစားမှုတို့ကြောင့် ယခုကဲ့သို့ ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်ပါတယ်။ ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရခြင်းနှင့်အတူ တာဝန်တွေ ကိုလည်း တိုးမြှင့်ယူကြရမှာ ဖြစ်ပါတယ်။ တာဝန်ဆိုရာမှာ နိုင်ငံ့တာဝန်၊ မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်တွေအပြင် တစ်ဦးချင်း လိုက်နာစောင့်ထိန်း ရမယ့် တာဝန်တွေ ဖြစ်ပါတယ်။

နိုင်ငံ့တာဝန်ဆိုရာမှာ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးမသွားအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲပြီး ပြည်ထောင်စုကြီး ဖရိုဖရဲဖြစ်မသွားရအောင်နဲ့ အချုပ်အခြာ အာဏာဆုံးရှုံးပြီး သူတစ်ပါးကျွန် ဖြစ်မသွားရအောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဖြစ်ပါတယ်။ အမှန်တော့ ဒီတာဝန်တွေ ဟာ နိုင်ငံသားအားလုံး လိုက်နာစောင့်ထိန်း ကြရမယ့် အမျိုးသားရေးတာဝန်လည်း ဖြစ်ပါတယ်။

မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်ဆိုတာဟာ တကယ်တော့ နိုင်ငံတော်အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ ဝန်ကြီးဌာန အသီးသီးဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ကဏ္ဍအလိုက် ခွဲဝေပြီး တာဝန်ပေးထားမှု အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေကြရခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ခွဲဝေတာဝန်ယူပြီး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံတော်အစိုးရရဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ မူဝါဒတွေကို ဦးစွာသိရှိထားဖို့ လိုအပ်ပါတယ်။ ဒီကနေ့ နိုင်ငံတော်ရဲ့ လူဦးရေဟာ အကြမ်းဖျင်းအားဖြင့် သန်း (၆၀) ခန့် ရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဆန္ဒတွေဟာ အမျိုးမျိုး ရှိကြမှာ ဖြစ်သော်လည်း တူညီတဲ့ဆန္ဒကို စုစည်းလိုက်ရင် အဓိကကျတဲ့ တူညီတဲ့ ဆန္ဒနှစ်ခုကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

အဲဒီဆန္ဒနှစ်ခုအနက် တစ်ခုကတော့ ကျွန်တော်တို့ ပြည်သူတွေဟာ ကျွန်တော်တို့ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့တိုင်းပြည် ဖြစ်လိုကြပါတယ်။ ကျန်တဲ့ တစ်ခုကတော့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လိုကြပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ဒီဆန္ဒတွေအောင်မြင်အောင် ဆောင် ရွက်ပေးရေးဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘာတွေလုပ်ကြရလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံရေး တည်ငြိမ်အောင် လုပ်ရပါမယ်။ နှစ်ပေါင်း (၆၀) ကျော် ရှည်ကြာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်ရပါမယ်။

တစ်ချိန်တည်းမှာပဲ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေ စားဝတ်နေရေး တွေ အဆင်ပြေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ဖို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင့်အတန်းတွေ မြင့်မားလာစေဖို့နဲ့ တိုင်းပြည် ကြွယ်ဝချမ်းသာအောင် စီးပွားရေး မြှင့်တင်နိုင်ဖို့ လုပ်ငန်းတွေကို လုပ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အစိုးရ တက်လာလာချင်း နိုင်ငံရေးတည်ငြိမ်စေဖို့အတွက် ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပြည်သူအားလုံး ပါဝင်လာအောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ပါတီတွေ ထူထောင်နိုင်ခွင့်၊ အသင်းအဖွဲ့တွေ ဖွဲ့စည်းနိုင်ခွင့်၊ လွတ်လပ်စွာ ဟောပြောဆွေးနွေး ထုတ်ဖော်ခွင့်၊ စာပေလွတ်လပ်ခွင့် စတာတွေကို ဥပဒေများ ထုတ်ပြန်ပြီး ဆောင်ရွက်ခွင့်ပေးခဲ့တဲ့အပြင် အကျဉ်းသားပေါင်းများစွာကိုလည်း ဒီအခွင့်အရေးတွေ ရရှိအောင် လွှတ်ပေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ နှစ်ပေါင်းရှည်ကြာစွာ နာတာရှည်ရောဂါလို အမြစ်တွယ်နေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အဆင့် (၃) ဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအစိုးရအဆင့်နဲ့ လွှတ်တော်ကို တင်ပြပြီိး လွှတ်တော်က ဖွဲ့စည်းပေးမည့်အဖွဲ့ နဲ့ ဆွေးနွေးတဲ့ အဆင့်ဆိုပြီး သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနဲ့ ပထမ ထိတွေ့နိုင်အောင်၊ ထိတွေ့တဲ့အဆင့်ကနေပြီး စကား ပြောနိုင်အောင်၊ စကားပြောကြည့်တဲ့ အဆင့်ကနေပြီး စားပွဲမှာထိုင်ပြီး ဆွေးနွေးနိုင်အောင် အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်ရပါတယ်။

ဒီကနေ့ စားပွဲမှာ ထိတွေ့ဆွေးနွေးရာမှ တူညီတဲ့အချက်တွေကို လက်တွဲပူးပေါင်းလုပ်မယ်၊ မတူညီ တာတွေကို စားပွဲမှာပဲ တဖြည်းဖြည်း ညှိနှိုင်းဆွေးနွေးယူမယ် ဆိုတဲ့ နိုင်ငံရေး ပုံစံသစ် တစ်ရပ် ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ယခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဆင့်မှာ ထိတွေ့ဆွေးနွေး နိုင်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်း သွားခဲ့ပြီ ဖြစ်ပါတယ်။ မကြာမီမှာ တစ်နိုင်ငံလုံး ပတ်ခတ် တိုက် ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရုံနဲ့ မပြီးသေးပါဘူး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အတွက် လွှတ်တော်ကိုတင်ပြပြီး လွှတ်တော်က ဖွဲ့စည်းပေးတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ် ရဦးမှာ ဖြစ်ပါတယ်။ နှစ်နှစ်တာကာလအတွင်း ဒီအခြေအနေ အထိ ရောက်လာအောင် အခက်အခဲ အမျိုးမျိုးကြားက ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယ ရည်မှန်းချက်ဖြစ်တဲ့ ပြည်သူတွေ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကချုပ်ကိုင်တဲ့ စီးပွားရေးစနစ်အစား ယှဉ်ပြိုင်နိုင်ခွင့် ရှိတဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲ ဖော်ဆောင်ပေးခဲ့ ပါတယ်။ ပုံသေသတ်မှတ်ထားတဲ့ ငွေကြေးလဲလှယ်မှု စနစ်ကိုလည်း ဈေးကွက်အရ ဖြစ်ပေါ်နေတဲ့ ငွေကြေး လဲလှယ်မှု စနစ်သို့ ညင်သာစွာ ပြောင်းလဲပေးခဲ့ပါတယ်။ အတိုးနှုန်း လျော့ပေးမှုတွေ၊ လိုင်စင် လွတ်လပ် ခွင့်တွေ၊ ငွေကြေး မူဝါဒတွေ၊ ဘဏ်စနစ်တွေ စတဲ့ စီးပွားရေးရဲ့ အခြေခံလိုအပ်ချက်တွေကို ကနဦး
ပြောင်းလဲပေး ခဲ့ပါတယ်။

နိုင်ငံလူဦးရေရဲ့ (၇၀) ရာနှုန်းခန့်ဟာ ကျေးလက်မှာနေထိုင်ကြပြီး ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံး ဟာ ကျေးလက်နေပြည်သူများ ဖြစ်ကြပါတယ်။ ဒါကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေးလုပ်ငန်းကို ဦးစားပေးပြီး လုပ်ငန်းစဉ် (၈) ရပ် ချမှတ်ကာ အကောင်အထည်
ဖော် ဆောင်ရွက်နေပါတယ်။

ပိုမိုပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ကို မွေးမြူရေး
ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနလို့ ပြောင်းလဲပြီး Focal Ministry တစ်ခု သတ်မှတ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးကို မြှင့်တင်နိုင်ဖို့အတွက် မိမိတို့နိုင်ငံမှာ အခြေခံကောင်းတွေ ရှိပါတယ်။ သဘာဝ သယံဇာတတွေ ပေါကြွယ်ဝပါတယ်။ လုပ်သားတွေ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ လူဦးရေများပြီး ကြီးမား တဲ့ ဈေးကွက်လည်း ရှိပါတယ်။

သို့သော်လည်း ကျွန်တော်တို့ လိုအပ်နေတာ အရင်းအနှီး၊ နည်းပညာနဲ့ လူသားအရင်းအမြစ်တို့ ဖြစ်ပါတယ်။ လိုအပ်တဲ့ အရင်းအနှီးနဲ့ နည်းပညာရဖို့အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ရပါတယ်။

ပြည်ပ အရင်းအနှီးတွေ ဝင်ရောက်လာနိုင်ဖို့အတွက် နိုင်ငံတကာနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (Foreign Investment Law) ကို ရေးဆွဲ ပြဋ္ဌာန်းရပါတယ်။ တစ်ဖန် စီးပွားရေး ပိတ်ဆို့ထားမှုတွေ ဖယ်ရှားပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက် ရပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်လွန်ခဲ့တဲ့ လပေါင်း (၃၀) ကာလ အတွင်း အရေးကြီးတဲ့ လုပ်ငန်းတွေကို မနားတမ်းဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။

ယခုအခါ အခြေခံ စီးပွားရေးရဲ့ အဓိက လိုအပ်ချက်တွေကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ပြည်ပက အထောက်အပံ့တွေ၊ အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေ၊ နည်းပညာ အကူအညီတွေ တစ်ဖွဲဖွဲ ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။

လူ့စွမ်းအား အရင်းအမြစ်တွေကိုလည်း ကဏ္ဍစုံမှ မွေးမြူလေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ ပြည်သူတွေ အလုပ်အကိုင်များများ ရနိုင်တဲ့ အခြေခံ အဆောက်အဦတွေ၊ စက်ရုံတွေ၊ စိုက်ခင်းကြီးတွေ၊ စက်မှုဇုန်တွေ ဖြစ်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

တစ်ချိန်တည်းမှာပဲ တန်ဖိုးမြင့်တဲ့ ကုန်ပစ္စည်းတွေ၊ အရည်အသွေး ကောင်းတဲ့ ကုန်ပစ္စည်းတွေ ထုတ် လုပ်နိုင် ဖို့အတွက် ပုဂ္ဂလိကနဲ့ သမဝါယမကဏ္ဍတွေကို တိုးမြှင့်အားပေးပြီး SME တွေ များများပေါ်ပေါက် လာဖို့ တွန်းအားပေး ဆောင်ရွက် နေပါတယ်။

မိမိတို့ အစိုးရအနေနဲ့ ကျန်ရှိတဲ့ လပေါင်း (၃၀) အတွင်း ပြည်သူတွေ တိုက်ရိုက် အကျိုးခံစားလို တဲ့ ရေ
ကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သွားလာမှု အဆင် ပြေစေရေး၊ အလုပ်အကိုင် ရရှိရေး လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်ကြဖို့နဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့် လုပ်ငန်းတွေကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန် ဝိုင်းလုပ်ကြဖို့ လိုအပ်ပါတယ်။

ဒီလုပ်ငန်းတွေဟာ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်မှန်းချက်ဖြစ်ပြီး မိမိတို့ အစိုးရရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေ အောင်မြင်အောင် အစိုးရ တစ်ဖွဲ့လုံး တက်ညီလက်ညီနဲ့ ဝိုင်းလုပ်ကြဖို့ ဖြစ်ပါတယ်။ အလုပ်လုပ်ကြတဲ့အခါ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ပြုပြင် ပြင်ဆင်ပေးနိုင်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်း
အောင် စောင့်ထိန်း သွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ငါတို့နဲ့မဆိုင်ဘူးလို့ လွှဲလွှဲချနေတဲ့ မန္တလေး ရဲ

$
0
0

(မန္တလေးကျုံးနဘေးမှာ ဓားနဲ့လိုက်အခုတ်ခံရတဲ့.. မျိုးသူရဦး-ဆိုသူ လူငယ် နောက်ထပ်တစ်ယောက်ရဲ့ ရင်ဖွင့်သံကို ပြည်သူ့ဆန္ဒဂျာနယ် မှာ ဖော်ပြထားတာတွေ့လို့ ကူးယူဖော်ပြလိုက်ပါတယ်)

ကျွန်တော့်နာမည် မျိုးသူရဦးပါ။ မန္တလေးကျုံးနဘေးမှာ ဓားနဲ့အခုတ်ခံရတဲ့အကြောင်းကို တင်ပြချင်ပါတယ်။ ဇူလိုင်လ (၂၇)ရက်၊ စနေနေ့ည (၈)နာရီအချိန်လောက်က ဖြစ်ပါတယ်။ ကျွန်တော် အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာပါ၊ လမ်း၈၀ အတိုင်း တောင်ဖက်ကနေ မြောက်ဖက်ကို ပြန်အလာ ၁၄လမ်းနဲ့၁၅လမ်းကြားအရောက်မှာ နောက်ကနေ ဖီနိုဆိုင်ကယ်၃စီးနဲ့ လိုက်လာပြီး ခုတ်တာပါ၊ ကျွန်တော်လည်း ဓားနဲ့အခုတ်ခံလိုက်ရတာနဲ့ ကြောက်ပြီး အိမ်ကိုအရောက် အတင်းမောင်းပြေးခဲ့ပါ တယ်၊ အဲဒီအချိန်မှာ နောက်ကနေ အစ်ကိုကြီးတစ်ယောက် ဆိုင်ကယ်နဲ့လိုက်လာပြီး ကျွန်တော့်ကို သတင်းမေးပါတယ်၊ ကျွန်တော်တို့ ဆိုင်ကယ်မောင်းလာရင်းနဲ့ ကျုံးရဲ့မြောက်ဖက်ပေါက်ကို ရောက်လာပါတယ်။ နောက်က သတင်းလိုက်မေးတဲ့ အစ်ကိုကြီးက မြောက်ပေါက်မှာ တာဝန်ကျနေတဲ့ ရဲတွေတွေ့တာနဲ့ ၀င်ပြီးအကြောင်းကြားဖို့ပြောပါတယ်။ ဒါနဲ့ အဲဒီအစ်ကိုကြီးက ပဲ ဦးဆောင်ပြီး ရဲတွေကို ကျွန်တော်ရလာတဲ့ ဒဏ်ရာတွေပြပြီး အကျိုးအကြောင်းပြောပြပါတယ်။

အဲဒီအခါမှာ ရဲတွေက ခင်ဗျားဖြစ်ခဲ့တာ ကျွန်တော်တို့ အပိုင်မဟုတ်ဘူး၊ အမှတ်(၄)စခန်းပိုင်နယ်မြေမှာဖြစ်တာ၊ အဲဒီကိုပဲသွားလို့ပြောပါတယ်၊ ဒါနဲ့ပဲ အကူအညီပေးတဲ့အစ်ကိုကြီးက ဦးဆောင်ပြီး ကျွန်တော်တို့ အမှတ်(၄)ရဲစခန်းကိုသွားခဲ့ပါ တယ်။ အမှတ်(၄)ရဲစခန်းကိုရောက်တော့ တာဝန်ကျနေတယ်ဆိုတဲ့ ရဲတစ်ယောက်ပဲ တွေ့ပါတယ်၊ ယူနီဖောင်းဝတ်မထားပါဘူး။ နောင်မှ အဲဒီသူဟာ ရဲတပ်ကြပ်အောင်မြင့်ဦးလို့ သိရပါတယ်။ တာဝန်ကျတပ်ကြပ်အောင်မြင့်ဦးကလည်း “ကျုံးဘေးမှာ တာဝန် ကျနေတဲ့ရဲတွေရှိတယ်၊ အဲဒီကိုသွားပါ” လို့ လွှဲချပြန်ပါတယ်။ လိုက်ကူညီပေးတဲ့အစ်ကိုကြီးက ဒဏ်ရာရလာတဲ့လူ ပါလာပါတယ် ဆိုပြီး ကျွန်တော့်ကိုပြပြီးပြောမှ ဆေးစာရေးပေးပါတယ်။
ကျွန်တော့်ကို လိုက်ကူညီပေးတဲ့အစ်ကိုကြီးဟာ မဇ္ဇျိမသတင်းစာက သတင်းထောက် အောင်ကိုဦးဆိုတာကို နောက် နေ့ကျမှပဲသိခဲ့ရပါတယ်။ သတင်းထောက်အောင်ကိုဦးက ကျွန်တော့်အဖြစ်အပျက်ကို မဇ္ဇျိမသတင်းစာမှာ ဖော်ပြပေးလို့ ဓာတ်ပုံနဲ့ တကွ ပါလာခဲ့ပါတယ်။

ကျွန်တော်ပြောချင်တာက ပြည်သူ့ရဲတွေကိုပါ။ လောလောလတ်လတ် ဓားနဲ့အခုတ်ခံထားရတဲ့ ဒဏ်ရာကြီးကို မြင်နေပါ ရက်နဲ့ အကူအညီမပေးပဲ ငါတို့နဲ့မဆိုင်ဘူးလို့ လွှဲချနေကြတာကို နားမလည်နိုင်ပါဘူး။ ဒီလိုသာဆိုရင် ပြည်သူလူထုက ဘယ်သူ့ ကို အားကိုးရတော့မှာလဲ။

ကျွန်တော်ဓားနဲ့အခုတ်ခံရတဲ့အမှုဟာလည်း အခုထိ ဘာမှ မထူးခြားပါဘူး။ ခုတ်တဲ့သူတွေကိုလည်း မဖမ်းမိပါဘူး။ ကျွန်တော့်လိုပဲ ကျုံးဘေးမှာ ဓားနဲ့အခုတ်ခံရသူပေါင်း တစ်ရာကျော်ရှိပြီလို့ သိရပါတယ်။ တစ်မှုမှ မပေါ်ပါဘူး၊ တရားခံတစ် ယောက်မှ မဖမ်းမိပါဘူး။ ဒီအတိုင်းဆိုရင် ကျုံးဘေးမှာ သွားလာရမှာတောင် ကြောက်နေရပါပြီ။ ကျွန်တော်ဓားနဲ့အခုတ်ခံရတာ ည(၈)နာရီလောက်ပဲရှိပါသေးတယ်။ ကျုံးဘေးမှာ တခြားသွားလာနေသူတွေ၊ ယာဉ်တွေ အများကြီးရှိနေတဲ့ကြားထဲကနေ ဓားနဲ့ ခုတ်ပြေးကြတာပါ။
ကျွန်တော်တို့ ဘယ်သူ့ကို အားကိုးရမလဲခင်ဗျာ။

နာမည်ကျော်စာရေးဆရာ မင်းလူ ကွယ်လွန်

$
0
0
နာမည်ကျော် စာရေးဆရာ မင်းလူ သည် (၁၄-၈-၁၃) ရက် ၊ ည (၁၁း၃၀) နာရီခန့် တွင် ၀ိတိုရိယဆေးရုံ ၌ ကွယ်လွန်သွားကြောင်း ကြားသိရသည့် အတွက်များစွာ ၀မ်းနည်း ကြေကွဲ နှမျော တသမိပါသည်။(၁၈-၈-၁၃) တနင်္ဂနွေ နေ့တွင်သဂြိုလ်မည်ဟု ကြားသိရပါသည်။

ဆရာ ဦးမင်းလူ ကွယ်လွန်ကြောင်းသိရှိရ၍ မိသားစုနှင့်အတူ ၀မ်းနည်းကြေကွဲရပါကြောင်း

စာရေးဆရာ၊ ကဗျာဆရာ မင်းလူကို စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့က ရန်ကုန်မြို့ အမှတ် (၁၄၇)၊ (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ စာရေးဆရာ/ဒါရိုက်တာ မောင်ဝဏ္ဏ (ကွယ်လွန်)၊ စာရေးဆရာ/အဆိုကျော်/ရုပ်ရှင်မင်းသား သုမောင် (ဗလ) (ကွယ်လွန်)၊ ရုပ်ရှင်မင်းသား ရူပ မွေးချင်း အရင်း လေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ စာရေးဆရာ၊ စတူရီယိုတေးရေး/တေးဆို၊ ဒါရိုက်တာ အာယု (ကွယ်လွန်) နှင့် အဖေတူ၊ အမေကွဲ အကို တော်စပ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။

၁၉၅၉-၁၉၆၈ ခုနှစ်များတွင် စိန့်ပေါ အထက်တန်းကျောင်း (ယခု အ.ထ.က(၆)၊ ဗိုလ်တထောင်) ၌ ပညာ သင်ကြား ခဲ့သည်။ ၁၉၆၈ -၁၉၇၂ ခုနှစ်များတွင် အထက(၁) သင်္ကန်းကျွန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင် ခဲ့သည်။ ကျောင်းသား ဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူး နှင့် သိပ္ပံပညာ အသင်း တွဲဖက် အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၇၂-၁၉၇၇ ခုနှစ်များတွင် ရန်ကုန် တက္ကသိုလ် ၌ ဆက်လက် တက်ရောက် ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင် နှင့် နှစ်ပတ်လည် မဂ္ဂဇင်း များ တွင် “တောကျောင်း ဘုန်းကြီး” အမည်ဖြင့် ကဗျာများ စတင် ရေးသား ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ဝတ္ထုတို စတင် ဖော်ပြခံရပြီး စာပေနယ်သို့ စတင် ဝင်ရောက်ခဲ့သည်။ ကျောင်းတက်ရင်း ဖခင်ဖြစ်သူ ၏ လုပ်ငန်းတခု ဖြစ်သည့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းကို လေ့လာ လုပ်ကိုင်ခဲ့သည်။
မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သမီး နှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများ စတင် ရေးသား ခဲ့သည်။
မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံ နေအိမ်တွင် နေထိုင်ခဲ့သည်။ ၂၀၁၃ သြဂုတ် (၁၄) ရက် သန်းခေါင်ကျော်၊ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန် အနိစ္စ ရောက်သည်။ မကွယ်လွန်ချိန် အထိ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ သရော်စာ၊ စာပေရုပ်ပုံလွှာ၊ ရုပ်ရှင်ဇာတ်ညွှန်း အမျိုးအစား စုံ များစွာ ရေးသားခဲ့သည်။ ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင် ရိုက်ကူးခြင်း ခံခဲ့ရပြီး အများစုကို ကိုယ်တိုင် ဇာတ်ညွှန်း ရေးခဲ့သည်။
မင်းလူ ရေးသား ခဲ့သော လုံးချင်း စာအုပ်များ၊ ဝတ္ထုတိုပေါင်းချုပ်များ၊ အက်ဆေး ပေါင်းချုပ်များစာရင်း (ပြုစုဆဲ၊ အမှားအယွင်း နှင့် လိုအပ်တာများရှိနိုင်ပါသည်။)

၁) ကံကော်နီ (၂၀၀၄)
၂) ကျွန်တော် ကျွန်မတို့သည် (၁၉၈၅)
၃) ခုနစ်စဉ်အလွမ်း - (၁၉၈၆) (ရုပ်ရှင် ၁၉၉၀၊ အစ်ကို များ ဖြစ်သူ ဒါရိုက်တာ မောင်ဝဏ္ဏ နှင့် ရုပ်ရှင် သုမောင် တို့ အကယ်ဒမီရခဲ့သည်။ ဆုပေးချိန်တွင် မင်းလူ မှာ နိုင်ငံရေး ပုဒ်မ ဖြင့် နဝတ စစ်အစိုးရ ၏ ထောင်သွင်း အကျဉ်းချခြင်းခံနေရသည်။)
၎) ချစ်ဒုက္ခ
၅) ချစ်မှာလားကွယ်၊ ကြိုက်မှာလားကွယ် တိုးတိုးတိတ်တိတ်ရယ် (၁၉၈၇) (ချိုးကူသံ အမည်ဖြင့်ရုပ်ရှင်ရိုက်)
၆) ချစ်မြားရှင် အစ ချစ်မြားရှင်အဆုံ (၁၉၉၆)
၇) ချစ်သောပန်းကလေး (၁၉၇၉)
၈) ခိုးခိုးခစ်ခစ် (အသစ်စက်စက်လုံးချင်းဝတ္ထု) (၂၀၀၉)
၉) ခေါင်းလုံးထိုးသောဝတ္ထုတိုများ
၁၀) ဂန္တဝင်အိမ်မက် (၂၀၀၂)
၁၁) ငိုအားနှင့် ရယ်အား (၁၉၉၆)
၁၂) ငှက်ကလေး (၁၉၈၁)
၁၃) စာပေကယ်ရီကေးချား
၁၄) စာပေကြော်ငြာ စတိတ်ရှိုး ပွဲတော်နှင့် အခြား ဝတ္ထုတိုများ (၂ဝဝ၁)
၁၅) စာပေလေလံပွဲ (၂ဝဝ၁)
၁၆) စိန်အလွမ်း
၁၇) နွေသစ်ရွက်
၁၈) နှစ်ကိုယ်ခွဲ (၁၉၉၆)
၁၉) နှုတ်ခမ်း၏ထောင့်စွန်းများ
၂၀) ပန်းကျောင်း (၁၉၉၇)
၂၁) ပြန်ခေါ်သက်သေ
၂၂) ပြောတိုင်းယုံတဲ့ပုတ်သင်ညို (၁၉၉၉)
၂၃) ဖော်ကွာဝေး (၁၉၈၉)
၂၄) ဖူးစာရှင်ကိုရွေးတော့မည်
၂၅) ဘာမှမတတ်နိုင်ဘူး (၁၉၉ဝ)
၂၆) မိညီမ (၁၉၉၆)
၂၇) မိုးထဲကနှင်းဆီ
၂၈) မင်းမဆိုးပါဘူး (၂ဝဝဝ)
၂၉) မျောက်လက် (၂၀၁၁)
၃၀) ယမကာလုလင် (၁၉၉၉)
၃၁) ရေတမာ (၂ဝဝဝ)
၃၂) ရင်ခုန်သူများ (၁၉၈၈)
၃၃) ရင်ထဲကဆောင်းရာသီ (၁၉၈၉) (၁၉၉၉ တွင် အစ်ကို ဖြစ်သူ မောင်ဝဏ္ဏရုပ်ရှင် ရိုက်)
၃၄) ရယ်စရာ မောစရာ (ပ-၁၉၈၇၊ ဒု-၁၉၉၅)
၃၅) ရင်မောခြင်းနှင် ရယ်မောခြင်း (၁၉၉၇)
၃၆) ရယ်မောခြင်း လက်ရွေးစင် (၁၉၉၉)
၃၇) ရယ်မောခြင်း လက်ကျန်
၃၈) ရွှေနှလုံးသား
၃၉) ရွှေရောင်မမရဲ့ ပုံတူ (စာရေးဆရာစုံ) (၁၉၉၉)
၄၀) လမ်းဖြတ်ကူး သောဝတ္ထုတိုများ (၁၉၉၅)
၄၁) လွန်လေပြီးသောနှလုံးသား (၁၉၉၅)
၄၂) လွမ်းရအောင် (၁၉၈၄)
၄၃) ၀ထ္ထုဖြစ်စေသတည်း
၄၄) သဘာဝကျကျ ဟာသရသ
၄၅) သာဓုအင်ဆန်း (ဖခင် ဆရာ သာဓု၊ အစ်ကို များ ဖြစ်သူ မောင်ဝဏ္ဏ၊ သုမောင်တို့ နှင့်တွဲလျက်) (၁၉၇၈)
၄၆) သူကလည်းသူ ကျွန်တော်ကလည်း ကျွန်တော်
၄၇) သူငယ်ချင်း တယောက်အကြောင်း (၁၉၉၇)
၄၈) သူတို့ ပျော်ကြလေပြီ (၁၉၈၆)
၄၉) သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
၅၀) သုံးနားညီ
၅၁) သံမဏိ ဝတ်မှုန်နှင့် လတ်ဆတ်သော ဝတ္ထုများ (စာရေးဆရာစုံ) (၁၉၉၄)
၅၂) သံယောဇဉ် အဖွဲ့ (၁၉၉၆)
၅၃) အချစ်မြို့သားများ
၅၄) အချစ်ရူးကြီး ရူးတော့သည် (၁၉၉၄)
၅၅) အချစ်လားဟေ့ ဝင်ခဲ့လေကွယ် (ကဗျာ) (၁၉၇၈)
၅၆) အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ
၅၇) အချစ်သက်သက် ဝတ္ထုတိုများ (၁၉၉၆)
၅၈) အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း (၁၉၈၁)
၅၉) အခြားဝတ္တုတိုများ (၂ဝဝဝ)
၆၀) အတွေ့လေးရယ်မှ အို အကြုံ (၁၉၉၆)
၆၁) အမုန်းခွန်အား (ဝတ္ထုများ) (၁၉၉၆)
၆၂) အမည်မဖော်လိုသူ အချစ် (၂ဝဝ၁)
၆၃) အမုန်းအလိုမရှိ (၁၉၉၆)
၆၄) အလွမ်းသစ်
၆၅) အလွမ်း၌ချစ်စေသတည်း
၆၆) အီးကော်လာ
၆၇) အော်ဆွေး
၆၈) အောင်ဘာလေ (၂၀၀၉)
၆၉) အက်ဆေးချစ်သူ(အက်ဆေး ပေါင်းချုပ်) (၂ဝဝ၁)
၇၀) ဦးမင်းလူ ကောင်းမှု (ကဗျာ ပေါင်းချုပ်) (၂ဝဝဝ)
၇၁) ဒေ၀တာမြို့တော် (ဖြည့်စွက်)

“ခင်ဗျားတို့ ခေါင်းစွပ်တဲ့အိပ်ကြီးက နံလွန်းလို့ပါ”-ဆရာမင်းလူ

$
0
0
·ဦးဝံသနဲ့ ကိုမင်းလူတို့ ကွယ်လွန်ခြင်းသတင်းတွေအတွက် စိတ်ထိခိုက်ကြေကွဲရပါတယ်။

ဦးဝံသဟာ အမြဲ နူးနူးညံ့ညံ့နဲ့ ခိုင်မာတည်ကြည်တဲ့သူပါ။ တဖက်သားကို လေးလေးစားစား ဆက်ဆံတတ်ပြီး အယူအဆရေးရာမှာ ရှင်းလင်းပြတ်သားခဲ့သူပါ။

ကိုမင်းလူနဲ့ ပတ်သက်ပြီး ကြားခဲ့ဖူးတာလေးတခုကို မျှဝေလိုပါတယ်။

နဝတ စစ်အုပ်စုလက်ထက်က အမြီးအမောက်မတည့်တာတွေကို ဘာတွေဖြစ်ကုန်ကြပြီလဲဆိုတဲ့ သရော်တဲ့ ကဗျာတပုဒ်ကို ကိုမင်းလူ ပြောင်မြောက်စွာ ဖန်တီးခဲ့ပါတယ်။ အဲဒီကဗျာအတွက် မီးခိုးကြွက်လျှောက် အဖမ်းအဆီးတွေ စ လာတော့ ကိုမင်းလူလဲ သူ့အလှည့် အတွက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

စစ်ထောက်လှမ်းရေးတွေ သူ့ကိုလာဖမ်းတော့ ထုံးစံအတိုင်း ဇင်ပြာအိတ်ကြီးနဲ့ ခေါင်းကို စွပ်ပြီး ခေါ်ဖို့ပြင်ပါတယ်။ အဲဒီအခါမှာ ကိုမင်းလူက သူအသင့် ချုပ်ထားတဲ့ ဇင်ပြာအိပ်အသစ်စက်စက်ကို ထုတ်ပြီး အဲဒါလေးသုံးဖို့ ပြောခဲ့ပါတယ်တဲ့။

ခင်ဗျားတို့ ခေါင်းစွပ်တဲ့အိပ်ကြီးက နံလွန်းလို့ပါတဲ့လေ။

.... လွမ်းပါတယ်အကို။
by;Kyaw Wunna

ကင်ဆာ ဆိုတဲ့စကားကြားလိုက်တာနဲ့
အများစုဟာ တုန်လှုပ်သွားတတ်ကြတာပါ။
မင်းလူ ကတော့ ဟာသတွေလုပ်နေနိုင်ပါသေးတယ်
ကင်ဆာဝေဒနာခံစားနေရတဲ့ဝေဒနာရှင် ၃ ယောက် ၀ိတိုရိယဆေးရုံကြီးမှာဆုံကြတယ်
ဆရာမောင်ဝံသ
ဆရာဦးကြည်စိုးထွန်းနဲ့
မင်းလူ
မင်းလူက
ကင်ဆာသမဂ္ဂထူထောင်လိုက်တယ်
ဆရာမောင်ဝံသက နာယက
ဆရာဦးကြည်စိုးထွန်း ကိုဥက္ကဌ
သူကတော့ အတွင်းရေးမှူးတဲ့
ဆရာ ၂ ယောက်နဲ့ခွဲခွါကြပြီး
သူတယောက်ထဲကျန်ခဲ့တော့မှ
ကျွန်တော့်ဖက်လှည့်ပြီး
စကားတခွန်းပြောတယ်
"ကင်ဆာမဖြစ်လည်းတနေ့နေ့တော့သေမှာပါပဲကွာ" တဲ့
(Nay Ye)


“ဆရာမင်းလူအတွက်ဆရာပန်းချီမျိုးမြင့်ရဲ့ အလွမ်း”
---------------------------------------------------
စာရေးဆရာမင်းလူ.. ခဏခဏရေးဆွဲခဲ့ရတဲ့ သူ့ပုံတူတွေထဲက တပုံ။ "ငါ မင်းရုပ်ကြီးကိုကြည့်ပြီး ခဏခဏပုံတူမရေးချင်ဘူးကွာ .. အအိပ်ပျက် အစားပျက်ဖြစ်လွန်းလို့ .." ကျနော် ဘယ်လိုပဲ နှိပ်ကွပ်နှိပ်ကွပ် .. သူကတော့ ဒီပုံထဲကအတိုင်း စပ်ဖြဲဖြဲပဲ။ သြော် .. ခုတော့လဲ မင်း မရယ်နိုင်တော့ပါလား သူငယ်ချင်းရယ် .. ..။by;Artist MyoMyint

(ပန်းချီပုံမှာဆရာပန်းချီမျိုးမြင့်ရဲ့ လက်ရာဖြစ်ပါတယ်)



“သြဂုတ်၁၅”
---------------------
ဆရာမင်းလူရုပ်ခန္ဓာကို
ရေဝေးအအေးတိုက်က
နံနက်၉နာရီခွဲမှာဝင်ခွင့်ပြု။

ဆရာမောင်ဝံသရုပ်ခန္ဓာကို
ရေဝေးအအေးတိုက်က
နေ့ လယ်၃နာရီထွက်ခွင့်ပြု။

သြဂုတ်၁၅မှာ
နှလုံးသားမရှိလို့ လား
ဦနှောက်မပါလို့ လား။
အအေးတိုက်မှာ
နှလုံးသားမရှိလို့ လား
ဦနှောက်မပါလို့ လား။
သြော်....
နှလုံးသားနဲ့ ဦနှောက်ရှိပါတယ်ဆိုတဲ့လူတစ်ချို့ တောင်
တန်ဖိုးသိနိုင်စွမ်းချို့ တဲ့ ဥာဏ်မမီတဲ့အခါ ရှိခဲ့သေးတာမှပဲလေ။
(ယူကြုံးမရစွာဖြင့်)
ကိုမျိုး(မြန်မာစာ)
၁၅.၈.၂၀၁၃

[ဓါတ်ပုံ-အစ်ကိုဆရာမင်းလူရဲ့သမီးငယ်Yu Ya ဖေ့ဘုတ်မှ



ဘာတွေဖြစ်ကုန်ကြပြီလဲ"
မင်းလူ(၁၉၈၉)
(၁)
အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား

(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။

(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..

(၅)
သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့

(၆)
ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ… …..

မင်းလူ(၁၉၈၉)

“အလင်္ကာ အလွမ်းမှတ်တမ်း”

$
0
0

“အလင်္ကာ အလွမ်းမှတ်တမ်း”
အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်သည် ငယ်ရွယ်စဉ် (၁၄)နှစ်သားအရွယ်ကပင် မြန်မာ့ဇာတ်သဘင် လောကသို့ရောက်ရှိ ကပြခဲ့သူ။ ရွှေမန်းတင်မောင် ဇာတ်သဘင်ကို တီထွင်ဆန်းသစ်မှုများစွာဖြင့် ကိုယ်တိုင် ထူထောင်ခဲ့သူ။ အလင်္ကာကျော်စွာဘွဲ့ကိုရရှိခဲ့သူ။ ဇာတ်ကရင်း ကွယ်လွန်ခဲ့သူ။ လက်ဝဲသုန္ဒရ၊ ဗုဒ္ဓဝင်ဇာတ်ထုပ်များ၊ ရွဲကုန်သည် စသည်တို့မှာ အထူးထင်ရှားခဲ့သူ။ ရုပ်ရှင်နှင့်သဘင်နယ်ပယ်တွင် အောင်မြင်သည့် အနုပညာ မျိုးဆက်သစ်များအား ညွှန့်ဝင်းမှ ကျော်ကျော်ဗိုလ်နှင့် တင်မောင်ဆန်းမင်းဝင်းတို့ လက်ထက်ထိတိုင် မျိုးဆက် အမွေပေးနိုင်ခဲ့သူ။ စသည့်ထင်ရှားမှုများစွာဖြင့် လူသိများသော ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ ၄င်း၏ သဘင် သက်အနှစ် (၈ဝ)ပြည့်အခမ်းအနားအား သြဂုတ်လ၊ ၁၃ရက်နေ့၊ နံနက် ၉နာရီအချိန်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပ ခဲ့သည်။ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်၏ ရွှေမန်းသဘင်အနှစ်(၈ဝ)ပြည့် "အလင်္ကာ အလွမ်းမှတ်တမ်း" ဖျော်ဖြေပွဲကြီးတွင် ပါဝင်ကူညီအားဖြည့်ကြသော အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးကြသူများကို ရွှေမန်းသဘင်မိသားစုမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားအား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့လည်း အလှူငွေ ပေးအပ်ခဲ့သည်။

အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်၏ ရွှေမန်းသဘင် အနှစ်(၈ဝ)ပြည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒုဥက္ကဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှ အလှူငွေအား လက်ခံရယူခဲ့ပြီး ဂုဏ်ပြုကဒ်အား ပြန်လည်ပေးအပ်ခဲ့သည်။ အခမ်းအနားတွင် ရွှေမန်းသဘင်မိသားစုမှ သဘင်ဘိုးဘွားရိပ်သာ ထူထောင်ရေးအတွက် မတည်ငွေကျပ် သိန်း(၃ဝ)၊ ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းအား ကျပ် သိန်း(၂ဝ)၊ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းအား ကျပ် သိန်း(၂ဝ)နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)အား ကျပ် (၁ဝ)သိန်း၊ ပုဂ္ဂလိက စာနယ်ဇင်း နာမကျန်းရံပုံငွေ အဖွဲ့အား ကျပ် (၁ဝ)သိန်းအား တို့အား အသီးသီးလှူဒါန်းခဲ့ပါသည်။

အလင်္ကာဖျော်ဖြေပွဲမှ ရရှိခဲ့သော အလှူငွေများကို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းရခြင်းနှင့် ယင်းဖျော်ဖြေပွဲတွင် ပါဝင်ခဲ့ကြသော အနုပညာရှင်များ၊ အတတ်ပညာရှင်များ၊ မေတ္တာဖြင့် ကူညီဆောင်ရွက် ပေးကြသောသူများနှင့်တကွ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်နှင့် ရွှေမန်းသဘင် မိသားစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူတို့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် သာဓု အနုမောဒနာ ခေါ်ဆိုလိုက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း ယင်းအလှူအား “အလင်္ကာ အလွမ်းမှတ်တမ်း” ဟူ၍ မှတ်ကျောက် တင်လိုက်ရပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)


စဉ်းစားဆင်ခြင်ပြီးမှ ချက်တင် လုပ်စေချင်(ရုပ်/သံ)

$
0
0


၂၀၁၁ ခုနှစ် မေလ ၃၁ ရက်နေ့က ဖြစ်ပွားသည့် အဖြစ်အပျက်လေး တစ်ခု ဖြစ်သည်။ ဆိုရှယ် မီဒီယာ သို့မဟုတ် လူမှုကွန်ရက် သို့မဟုတ် အင်တာနက် ဆက်သွယ်မှုများ ခေတ်စားလာသည့် အချိန်တွင် လူငယ်များ သတိထားစရာ အဖြစ်အပျက် တစ်ခုလည်း ဖြစ်သည်။

သူ့အမည်က ကက်နက် ဖြစ်သည်။ အင်တာနက်ပေါ်တွင် လူငယ်တို့ ထုံးစံအတိုင်း Skype ကို သုံးစွဲရာ မှ ဂျိုအန်း ဆိုသည့် မိန်းကလေး တစ်ဦးနှင့် ချိတ်ဆက်မိသည်။

Skype ကိုတော့ အထွေအထူး ပြောစရာ လိုမည် မထင်ပါ။ ရုပ်မြင်သံကြား အပြန်အလှန် ဆက်သွယ် နိုင်သည့် အွန်လိုင်း စနစ်တစ်ခု ဟုသာ ဆိုရပါမည်။

လူငယ်တို့သဘာဝ ပြောဆို ကြူမိရာမှ တစ်ဦးနှင့်တစ်ဦး အမြင်တွေ လွန်ကျူးအောင် စကားတွေ စလာ တော့သည်။ ကောင်မလေးဘက်က အကြံနှင့် ဆက်သွယ်နေမှန်း မသိသော ကက်နက်က ကောင်မလေးကို အပေါ်ပိုင်း ချွတ်ပြရန် ကမ်းလှမ်းလိုက်မိသည်။ ကောင်မလေးကလည်း မပေါ့တပေါ် မလုံ့တလုံလေး လုပ်ပြလိုက်သည်။

ကောင်မလေးကလည်း ကောင်လေးကို သူတော့ အပေါ်ပိုင်း ချွတ်ပြ ပြီးပြီ ကောင်လေးကို အပေါ်ပိုင်း တီရှပ် ချွတ်ပြရန် တောင်းဆိုတော့ သည်။ ကောင်လေးကလည်း ကောင်မလေးက တောင်းဆိုလာသဖြင့် တီရှပ်ကို ချွတ်ပြလိုက်သည်။ နောက် တစ်ဆင့် တက်လာသည်။ ချိန်းတွေ့ ကြမည်ဟု ကောင်မလေးက တောင်းဆိုလာသည်။ ကောင်လေးကလည်း ရက်ရောစွာဖြင့် မိမိ ဖုန်းနံပါတ်ကို ကောင်မလေးအား ပေးလိုက်သည်။ အမှားကတော့ စပြီ။

ကောင်လေးက ကောင်မလေးထံမှ ဖုန်းနံပါတ်ကို တောင်း သည်။ ကောင်မလေးက ချွဲတဲတဲဖြင့် ဖုန်းနံပါတ် ပေးမည်၊ ရှိတာအကုန် ချွတ်ခိုင်းတော့သည်။ မိမိ ဖုန်းနံပါတ် လိုချင်လျှင် ကောင်လေးကို တစ်ကိုယ်လုံး ချွတ်ပြဟု ပြောသည်။ ကက်နက် တစ်ယောက် အယုံသွင်း ခံလိုက်ရသည်။ ကောင်မလေး ခိုင်းသည့်အတိုင်း တစ်သဝေမတိမ်း လိုက် လုပ်သည်။ လုံးဝ အမှားကို ကျူးလွန်လိုက်ခြင်း ဖြစ်သည်။

ဖုန်းနံပါတ်ကို ကောင်လေးက တောင်းလိုက်ချိန်တွင် ကောင်မလေးက ဖုန်းထဲကတစ်ဆင့် သူ၏ မဖွယ်မရာ ကိုယ်လုံးတီးပုံကို ရိုက်ယူ ထားကြောင်း ပြလိုက်သည်။ ပြီးလျှင် ဒေါ်လာ ၅၀၀၀ ကို မိမိထံ လွှဲပေး ရမည် ဖြစ်ကြောင်း၊ မလွှဲပေးပါက သူ့ပုံကို အွန်လိုင်းသို့ လွှင့်တင်လိုက် မည် ဖြစ်ကြောင်း စတင် ခြိမ်းခြောက်တော့သည်။ သူမပေးမည့် ဘဏ်စာရင်း နံပါတ်အတိုင်း ငွေများကို ပို့ပေးရန် ပြောသည်။ ကောင်လေး ကြောက်လန့်ပြီး တစ်လုံးတစ်ခဲတည်း မပေးနိုင်ကြောင်း ပြောသဖြင့် ယနေ့ ဒေါ်လာ ၂၀၀၀ လွှဲပေးရန်၊ မနက်ဖြန် ကျန် ဒေါ်လာ ၃၀၀၀ ကို လွှဲပေးရန်၊ မလွှဲပေးလျှင် ဗီဒီယိုဖိုင်ကို အင်တာနက်သို့ လွှင့်တင်လိုက်မည်ဟု ပြောပြီး အဆက်အသွယ် ဖြတ်လိုက်သည်။

မကြာမီ ကက်နက်ထံ ပို့ပေးရမည့် ငွေစာရင်း နံပါတ်ကို ဖုန်းကတစ်ဆင့် စာဖြင့် ပို့လိုက်သည်။ ကောင်လေး ဒုက္ခကောင်းကောင်း တွေ့ရပြီ ဖြစ်သည်။ စုထားသည့် ငွေများကို ဘဏ်က သွားထုတ်ရ သည်။ ပြီးလျှင် သူမပြောသည့် ဘဏ်စာရင်းသို့ လွှဲပေးလိုက်ရသည်။ အဖြစ်အပျက်က မိဘကိုလည်း ပြန် မပြောရဲ။ ကိစ္စကလည်း ငွေပေးလိုက်လျှင် ပြီးသွားလိမ့်မည်ဟု ထင်ခဲ့သည်။

နောက်တစ်နေ့တွင် ကျန်ငွေများကို ပေးပြီးနောက် သူ့ထံ ဖုန်းဝင်လာ သည်။ ကောင်မလေး၏ ရည်းစားဆိုသူက ဆက်ခြင်း ဖြစ်သည်။ သူကလည်း ဘဏ်စာရင်း နံပါတ်တစ်ခု ပေးမည် ဖြစ်ကြောင်း၊ ထိုစာရင်းထဲသို့ ဒေါ်လာ ၆၀၀၀ ထည့်ပေးရန်နှင့် မထည့်ပေးလျှင် သူ့ဗီဒီယိုဖိုင်ကို အင်တာနက်ပေါ် လွှင့်တင်လိုက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြန်သည်။ ထိုသူကလည်း ငွေ မပေးလျှင် ကောင်မလေး ဖခင်ထံ ဗီဒီယိုဖိုင်ကို ပို့ပေးလိုက်မည်ဟု ပြောပြန် သည်။

ကက်နက်တစ်ယောက် နောက်ထပ် ဒေါ်လာ ၆၀၀၀ လွှဲပေးလိုက်ရပြန်သည်။ မကြာမီ ဖုန်းဝင်လာဖြင့် ကက်နက် ကိုင်လိုက်ရာ ကောင်မလေး ဖခင်ဆိုသူက သူ့ ဗီဒီယိုဖိုင်ကို တွေ့ပြီး ဖြစ်ကြောင်း၊ မိမိပေး သည့် ဘဏ်စာရင်း အတိုင်း ဒေါ်လာ ၆၀၀၀ ထပ်လွှဲပေးရန်နှင့် မလွှဲပေးလျှင် ဗီဒီယိုကို အင်တာနက်တွင် တင်လိုက်မည်ဟု တတိယအကြိမ်မြောက် ခြိမ်းခြောက် ငွေတောင်းပြန်သည်။ ကက်နက်ဘဝက ဘယ်လိုမှ မတတ်နိုင်တော့သည့် အခြေအနေ ဖြစ်သည်။ သူတို့ တောင်းသည့် နောက် ထပ် ငွေကို ထပ်လွှဲပေးလိုက်ရပြန်သည်။

ဤသို့ဖြင့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်သို့ ရောက်ခဲ့သည်။ ကက်နက် တစ်ယောက် ဘဏ်ပေါင်း ၈၉ ခုတိတိသို့ ငွေများ လွှဲပြောင်း ပို့ပေးခဲ့ရသည်။ မကြာခဏ ငွေညှစ် တောင်းဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ စိတ်ထောင်း ကိုယ်ကျေ ဖြစ်ကာ မတတ်နိုင်တော့သည့်အဆုံး၊ ငွေလည်း တစ်ပြားမျှ မရှိတော့သဖြင့် ဖခင်ကို ဖွင့်ပြောလိုက်ရတော့သည်။

စုစုပေါင်း ဒေါ်လာ တစ်သိန်းလောက် ပြောင်မှ ဖခင်ကို ဖွင့်ပြောပြခြင်း ဖြစ် သည်။ ဖခင်က သူ့ကို ရဲစခန်းသို့ ခေါ်သွားသည်။ ကက်နက် ကလည်း ဖြစ်ကြောင်းရယ် ကုန်စင် ပြောပြလိုက်ရတော့သည်။ ရဲအရာရှိများ က သေချာစွာ မှတ်တမ်းတင်ပြီး ဆယ်လခန့် အကြိမ်ကြိမ် ငွေညစ်ခဲ့ခြင်းကို ရင်ဖွင့်ခဲ့ရ သည်။ ဘဏ် ငွေစာရင်း နံပါတ် ခြောက်ခုခန့် ပြောင်းလဲ ပို့ပေး ခဲ့ရသည်။ ရဲက ကောင်လေးထံက ဖုန်းကို သိမ်းထားလိုက်ပြီး ဖုန်းနံပါတ်များ ဆက်သွယ်ထားမှုကို မှတ်တမ်းဖြင့် စစ်ဆေးကြည့်ကာ ခြေရာ စခံခဲ့သည်။

ရဲတပ်ဖွဲ့က အဖွဲ့များ ခွဲပြီး သူ့ကဏ္ဍအလိုက် အမှုကြောင်းကို ခြေရာခံတော့ သည်။ ဖုန်းနံပါတ်များ၊ ဘဏ်စာရင်း နံပါတ်များကို နောက်ကြောင်း လိုက်ကြ သည်။ လွန်ခဲ့သည့် ၁၀ လအတွင်း ဖုန်းနံပါတ်များ၊ ဆက်သွယ်မှုများ အားလုံး ကို ပြန်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သူတို့သည် ကောင်မလေး နာမည်ကို Facebook ကတစ်ဆင့် ခြေရာခံမိပြီး ပုံပါ အတိအကျ ရရှိလိုက် ကြသည်။ ကက်နက်ကို ကောင်မလေးပုံအား ပြပြီး အတည်ပြုခိုင်းပြီးနောက် ဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့သည်။ နောက် ဆုံး ကောင်မလေး နေထိုင်သည့် တိုက်ခန်းကို ခြေရာခံမိပြီး ရဲများက သွားရောက် စစ်ဆေးရာ ပြစ်မှု ကျူးလွန်သည့် ကွန်ပျူတာ လက်ပ်တော့နှင့် အခန်းအတွင်း အတူ ပြစ်မှု ကျူးလွန်သည့် ယောက်ျားလေး သူငယ်ချင်းကိုပါ အတူ ဖမ်းမိလိုက်သည်။

ယခုအဖြစ်အပျက်လေးကို Facebook ပေါ်တွင် တစ်ယောက်ယောက်က မျှဝေထားသည်ကို ပြန်လည် ကြည့်မိကာ ရေးပြခြင်း ဖြစ်ပါသည်။ ပြဿနာ အစ အွန်လိုင်း Chatting တွေက ဖြစ်သည်။ မမျှော်လင့်ဘဲ တွေ့၊ ရိကြ၊ ကလိကြရင်းက အကြံသမား တစ်ယောက်၏ ပိုက်ကွန်ကို လူငယ်တို့ တိုးဝင်ပြီး ဒုက္ခရောက်ရပုံကို ထိမိစွာ ဗီဒီယိုဖြင့် တင်ပြနိုင်ခဲ့သည်။

တကယ်တော့ ဖြစ်ရပ် အားလုံးကို ဂျိုအန်း၏ ရည်းစားဖြစ်သူ အလက်ဇန်းဒါး ဆိုသူက ကြိုးကိုင် ဖန်တီးသွားခြင်း ဖြစ်သည်။ ပြစ်မှု ထင်ရှားသဖြင့် သူ့ကို ထောင်ဒဏ် ငါးနှစ် ချလိုက်သည့်အပြင် ကြိမ်ဒဏ် ငါးချက်လည်း ပါလိုက်သေးသည်။ ဂျိုအန်း အမည်ခံ ရပ်ဆွေတင်းကိုတော့ ၂၄ လ ကောင်း စွာ နေထိုင်စေရန်နှင့် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၆ နာရီ အပြင်မထွက်ရ အမိန့်အပြင် နာရီပေါင်း ၁၃၀ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်စေနှင့် မိဘများကလည်း အာမခံကြေး ဒေါ်လာ ၅၀၀၀ ပေးဆောင်ရန် အမိန့် ချမှတ်ခြင်း ခံရသည်။

ဤဖြစ်ရပ်လေးသည် ခေတ်သစ် လူငယ်များကို သင်ခန်းစာများစွာ ပေးပါ သည်။

ကွန်ပျူတာ Web ကင်မရာရှေ့တွင် မဖွယ်မရာ အပြုအမူ၊ အနေအထိုင် အပြောအဆိုများ မလုပ်မိ ပါစေနှင့်။

အွန်လိုင်းပေါ်တွင် အပေးအယူ တောင်း ဆိုမှုများကို သတိပြုပါ။

ဖြစ်ပေါ်လာသည့် ပြဿနာများကို မိမိ တစ်ယောက် တည်း ကြိတ်ပြီး ဖြေရှင်းမည့်အစား မိဘများ သို့မဟုတ် ယုံကြည် စိတ်ချရသည့် သူများကို ဖွင့်ဟ တိုင်ပင်သင့်ပါသည်။

ဆိုရှယ် မီဒီယာများ ခေတ်စားနေချိန်တွင် အမှား တစ်ချက်ကြောင့် ဘဝ ပျက်သွားနိုင်ပါသည်။ ကက်နက်နေရာတွင် လူတိုင်း ဖြစ်နိုင် သည်။ ယောက်ျားလေးလည်း ဖြစ်နိုင်သည်။ မိန်းကလေးလည်း ဖြစ်နိုင်သည်။ ဆိုရှယ် မီဒီယာနှင့် နည်းပညာများက ခြေသွက်လှသည်။ မိနစ်ပိုင်းအတွင်း အမှား တစ်ခု ကြောင့် ဘဝ ဆုံးရှုံးသည့်အပြင် အသက်ပါ ဆုံးရှုံးရသူတွေ လည်း မနည်းတော့ပြီ။ စဉ်းစား ဆင်ခြင် သတိနှင့် ခေတ်မီစေချင်ပါသည်။

မောက္ခ ပညာရေးမဂ္ဂဇင်း
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>