Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live
↧

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မောင်ဒေဝ(ဒေ့ဗ်)နှင့် ကော်တန်ယာလွန်(ပြင်သစ်)တို့ ယှဉ်ပြိုင်ထိုးသတ်မည်

$
0
0

ရန်ကုန် နိုဝင်ဘာ ၂၅

မြန်မာမီဒီယာဂရုက စီစဉ်ကျင်းပမည့် စတုတ္ထ အကြိမ်မြောက် Air KBZ ရွှေအောင်လံလု ပွဲတွင် ပရိသတ်စိတ်ဝင်စားနေသည့် နာမည် ကျော် လက်ဝှေ့ကျော်များဖြစ်သည့် ဖျံသွေး နှင့် စောဂေါ်မူတိုတို့ ထိပ်တိုက်တွေ့ဆုံပွဲ၊ မြန်မာပြည်အလွတ်တန်း ချန်ပီယံ ဒေ့ဗ် လက်ဇုနှင့် ပြင်သစ်ကစ်ဘောက်ဆင် ချန်ပီယံ ကော်တန်ယာလွန်တို့၏ ထိပ်တိုက် တွေ့ဆုံပွဲများအပါအဝင် စိန်ခေါ်ပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စတုတ္ထအကြိမ်အဖြစ် ပြန်လည်ထိပ်တိုက် ရင်ဆိုင်ကြမည့် ဖျံသွေးနှင့် စောဂေါ်မူတိုတို့၏ ပွဲစဉ်မှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံး ဖြစ်နိုင်ကြောင်း ဝါရင့်ပွဲစီစဉ်သူတစ်ဦး၏ သုံးသပ်ချက်အရ သိရသည်။

ဖျံသွေးနှင့် စောဂေါ်မူတိုတို့မှာ ယခင်က သုံးကြိမ်တွေ့ ဆုံ ခဲ့ဖူးပြီး ပထမနှစ်ပွဲတွင် သရေကျခဲ့သော် လည်း တတိယအကြိမ်မြောက် တွေ့ဆုံမှုတွင် ဖျံသွေးက အလဲထိုးဖြင့် နိုင်ထားကြောင်း သိရ သည်။

သို့သော်လည်း ယခုနှစ်များအတွင်း ဖျံသွေးအနိမ့်သရေကျခဲ့ရသည့် အီရန်နှင့်ထိုင်း မှ ဖိုက်တာများကို စောဂေါ်မူတိုက လက်ရည် တူရုံသာမက အစီးသရေအနေထားပါ ထိုးသတ်နိုင်ခဲ့ခြင်းများကြောင့် ယခုတစ်ကြိမ် တွေ့ဆုံမှုသည် ရလဒ်ကို အပြောင်းအလဲဖြစ် သွားနိုင်၍ ပရိသတ်များ အထူးစိတ်ဝင်စား အားပေးကြမည့်ပွဲဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ် သူက ဆက်လက်ပြောကြားသည်။

မြန်မာပြည် ချန်ပီယံဖြစ်ပြီးနောက် ပြည်တွင်းမှာ ပွဲနည်းခဲ့ရသည့် ဒေ့ဗ်မှာ မြန်မာ ပြည်ကို ကိုယ်စားပြု၍ ဒေဝဟူသော အမည် သစ်ဖြင့် ထိုးသတ်သွားမည်ဖြစ်ပြီး ၉၅ ကီလိုတန်းWKN World Kick boxing Network World Champion ကော်တန်ယာလွန်နှင့် တွေ့ရမည်ဖြစ် သည်။

ကျန်ပွဲစဉ်များမှာ ၆၇ ကီလိုတန်း တွင် ထက်အောင်ဦး(မြန်မာ)နှင့် ဒိုင်ခီခနဲကို(ဂျပန်)၊ ၇ဝ ကီလိုတန်းတွင် အောင်ပိုင်(မြန်မာ)နှင့် အိ(ဖ်)(ပြင်သစ်)၊ ၆၅ ကီလိုတန်းတွင် လမ်းမယူ (မြန်မာ)နှင့် သားသည်းတစ်ပွင့် (မြန်မာ)၊ ၇၂ ကီလိုတန်းတွင် စောမင်း အောင်(မြန်မာ)နှင့် ခိုဟီတိုခဲရှီ(ဂျပန်)၊ အမျိုးသမီးပွဲစဉ် ၅ဝ ကီလိုတန်းတွင် ရွှေကိုလေး(မြန်မာ)နှင့် လင်းယုန်မေ (မြန်မာ)တို့ ပွဲစဉ်များဖြစ်ကြသည်။

အဆိုပါပွဲစဉ်များကို ဒီဇင်ဘာ ၁ဝ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ ရိုးရာလက်ဝှေ့ရုံ၌ ပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း စိန်ခေါ်ပွဲ ဖြစ်၍ ငါးချီပြီးဆုံးပြီး အရှုံးအနိုင် မပေါ်ပါက သရေပွဲဖြစ်ကြောင်း၊ ရုံအခင်းအကျင်းမှအစ ခမ်းခမ်းနားနား ဖြင့် entertainment အစီအစဉ်များ ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ ယင်း အပြင် တစ်နိုင်ငံလုံးမှ ပရိသတ်များနှင့် က္ဘာအနှံ့မှ ပရိသတ်များ တိုက်ရိုက် ကြည့်ရှုအားပေးနိုင်စေရန် ရုပ်သံနှင့် အွန်လိုင်းပေါ် တိုက်ရိုက်(Live) လွှင့် နိုင်ရန် ဆွေးနွေးနေကြောင်း မြန်မာ မီဒီယာဂရု၏ စီအီးအို ကိုလင်းထက် အောင်က ပြောသည်။

အေကေလင်း
MOI Webportal Myanmar
↧

အကြမ်းဖက်ခေါင်းဆောင် ပါကစ္စတန်လွှတ်ပေးမှု ကန် ကန့်ကွက်

$
0
0

၂၀၀၈ခုနှစ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အဓိက ကြိုးကိုင်ခဲ့သူအဖြစ် စွပ်စွဲခံထားရတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် Hafiz Saeed ကို ပါကစ္စတန်အစိုးရက နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ ဒီအတွက် နှစ်နိုင်ငံဆက်ဆံရေးမှာ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာဖွယ် ရှိတယ်လို့လည်း စနေနေ့က ပါကစ္စတန်နိုင်ငံကို သတိပေးပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အကြမ်းဖက်သမားတဦးအဖြစ် အမေရိကန်က သတ်မှတ်ထားတဲ့ Hafiz Saeed ကို သက်သေအထောက်အထားမရှိတဲ့အတွက် လပိုင်းများစွာ နေအိမ်အကျယ်ချုပ်ချထား ရာကနေ ပြန်လွှတ်ကြောင်း ပါကစ္စတန်တရားရုံးက သောကြာနေ့က အမိန့်ချမှတ် လိုက်တဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုက အခုလို ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အစွန်းရောက် ဘာသာရေး ခေါင်းဆောင် Saeed ကို ပါကစ္စတန်အစိုးရ ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

သွေးထွက်သံယိုဖြစ်ခဲ့တဲ့ မွန်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုကို တရားမ၀င် အဖွဲ့အစည်း အဖြစ်ကြေညာ ခံထားရတဲ့ သူဦးဆောင်တဲ့ LeT နိုင်ငံတကာအကြမ်းဖက် အဖွဲ့က ကျူးလွန် ခဲ့တဲ့အတွက် Saeed ကို တရားဥပဒေနဲ့အညီအရေးယူဖို့ သူ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပေးနိုင်ရင် ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀ သန်း ချီးမြှင့်မှာဖြစ်တယ်လို့ ၂၀၁၂ ခုနှစ်ကတည်းက အမေရိကန်အစိုးရက ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

စနေနေ့ကထုတ်ပြန်တဲ့ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက်မှာတော့ အခုလို Saeed ကိုလွှတ်ပေးလိုက်တဲ့အပေါ် ကန့်ကွက်ထားပြီး ပါကစ္စတန်ရဲ့ နိုင်ငံတကာ အကြမ်းဖက်တိုက်ဖျက်ရေး သံဓိဌာန်ချထားမှုကို အကြီးအကျယ်သံသယဖြစ်စေကြောင်းနဲ့ ပါကစ္စတန်နိုင်ငံဟာ အကြမ်းဖက်သမားတွေ ခိုလှုံရာနေရာအဖြစ် အထောက်အကူပေးမှာ မဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်ကိုလည်း လှည့်စားရာရောက်ကြောင်း ဖေါ်ပြထားပါတယ်။

===========

VOA Burmese News

https://burmese.voanews.com/a/hafiz-saeed-freed/4136978.html
↧
↧

ကွယ်လွန်သွားတဲ့ ဖခင်ထံက နောက်ဆုံးစာ

$
0
0
ဖခင် ဖြစ်သူ မကွယ်လွန်ခင် တုန်းက Bailey Sellers နဲ့ ရိုက်ကူးထားတဲ့ ပုံ
အမေရိကန်မှာ Bailey Sellers ဆိုတဲ့ မိန်းကလေး အတွက် သူအသက် ၂၁ နှစ် အထိ နှစ်စဉ် မွေးနေ့ရောက်တိုင်း ပန်းစည်းပို့ပေးဖို့ လွန်ခဲ့တဲ့ ငါးနှစ်က ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူက စီစဉ်ပေးခဲ့ပါတယ်။

ဖခင် ကွယ်လွန်ချိန်မှာ သူ့အသက် ၁၆ နှစ်သာ ရှိသေးတာ ဖြစ်ပါတယ်။

အခု သူ့အသက် ၂၁နှစ်ပြည့် မွေးနေ့မှာ ဖခင်ဖြစ်သူ စီစဉ် ရေးသားပေးပို့ခဲ့တဲ့ စာနဲ့ပန်းကို လူမှုကွန်ယက်မှာ တင်လိုက်တဲ့အခါမှာ လူအများက သနားဂရုဏာ သက်ခဲ့ကြတာ ဖြစ်ပါတယ်။

နောင်တချိန်မှာ ပြန်လည်မဆုံခင် အဖေရေးခဲ့တဲ့ နောက်ဆုံး မေတ္တာစာ ပါလို့ အစချီပြီး ရေးထားတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
↧

ဂျပန်ကမ်းရိုးတန်းမှာ မြောက်ကိုရီးယားသားလို့ထင်ရတဲ့ အလောင်းတစ်လောင်း တွေ့ရှိ

$
0
0

နိုဝင်ဘာ ၂၅ – မြောက်ကိုရီးယားသားတစ်ယောက်လို့ ယူဆရတဲ့ အလောင်းတစ်လောင်းနဲ့ သစ်သားလှေအကျိုးအပဲ့တွေကို ဂျပန် အစွန်အဖျားကျွန်းတွေရဲ့ ကမ်းရိုးတန်းတစ်ခုပေါ်မှာ စနေနေ့က ဆိပ်ကမ်းအာဏာပိုင်တွေတွေ့ရှိခဲ့တယ်လို့ အရာရှိတစ်ယောက်ကပြောကြားခဲ့ပါတယ်။ ဂျပန်ဆိပ်ကမ်းလုံခြုံရေးတစ်ယောက်က ဒေသစံတော်ချိန် မနက်ခြောက်နာရီခွဲမှာ လှည့်လည်စစ်ဆေးစဉ် နီအီဂါတာပြည်နယ် ဆာဒိုကျွန်းကမ်းနားမှာတွေ့ရှိခဲ့တာဖြစ်ပြီး အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ လုံခြုံရေးဟာ အလောင်းနားမှာ ကိုရီးယားစာ ရေးသားထားတဲ့ စီးကရက်တစ်ထုပ်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ သေဆုံးရဲ့တဲ့ အကြောင်းအရင်းကိုတော့ အခုချိန်အထိမသိရသေးပါဘူး။ ဆာဒိုကျွန်းပေါ်မှာ သည်လိုတွေ့ရှိခြင်းဟာ ဒုတိယအကြိမ်မြောက်လို့ အရာရှိတွေကပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အာကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့မှုအတွက် အမေရိကန်သမ္မတထရမ့်ရဲ့ ပိုမိုတင်းကျပ်တဲ့ ဆန်ရှင်တွေ ချမှတ်အပြီးမှာ ဂျပန်နဲ့တောင်ကိုရီးယားမှာ အလောင်းတွေ့ရှိမှု ပိုမိုများလာပါတယ်။ သောကြာနေ့ကလည်း ဂျပန်မြောက်ပိုင်းပင်လယ်ပြင်မှာ မြောက်ကိုရီးယားသား ရှစ်ယောက်ကိုတွေ့ရှိခဲ့ရပြီး သူတို့တွေဟာ ပြည်ပြေးတွေထက် ငါးဖမ်းသမားတွေ ပိုဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်းဆိပ်ကမ်းလုံခြုံရေးတွေက မြောက်ကိုရီးယားငါးဖမ်းသမား သုံးယောက်ကို တွေ့ရှိခဲ့ပြီး သူတို့ကို ပြန်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က မြောက်ကိုရီးယားစစ်သားတစ်ယောက်ဟာ တောင်ကိုရီးယားကို နယ်စပ်စည်းကနေ ထွက်ပြေးခဲ့ရာ သေနတ်နဲ့အပစ်ခံရပါတယ်။



နှင်းသန့် [Ref: Reuters. Nov 25, 2017]

Kumudra
↧

အင်္ဂလန် ဆယ်ကျော်သက်တဦး ရထားအတိုက်ခံပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

$
0
0

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အရှေ့မြောက်ပိုင်းက ချန်းလ်မ်စဖို့ဒ်မြို့မှာ အသက် ၁၈ နှစ်အရွယ် အစစပြည့်စုံမှုရှိတဲ့ ဆယ်ကျော်သက် ကျောင်းသူမိန်းကလေးတဦး စိတ်ကျပြီး ရထားရှေ့ အတိုက်ခံကာ ကိုယ့်ကိုယ့်ကို အဆုံးစီရင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် သူမ အစစ ပျော်ရွှင်ပြည့်စုံနေတယ်လို့ပဲ သိပြီး စိတ်ကျဝေဒနာ ခံစားနေရတာ ဘယ်တုန်းကမှမသိခဲ့တဲ့ မိသားစုဝင်တွေအားလုံးက အကြီးအကျယ်နှလုံးကြေကွဲ ဝမ်းနည်းနေကြတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ဇေနက်ပ်ပက်တီက စိတ်နှလုံးကောင်းရှိသူလို့ သူမကိုချစ်ခင်သူတွေက ပြောလိုက်ပြီး သူမက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ချန်းလ်မ်စဖို့မြို့ရဲ့ ရှန်ဖီးလ်ဒ်ဘူတာရုံမှာ သေဆုံးခဲ့တာပါ။

အမျိုးသမီးတဦးကို ရထားတိုက်မိပြီးနောက် အဲဒီနေ့ မနက် ၁၀ နာရီခွဲလောက်မှာ ခရီးသွားဌာနက ဗြိတိန်သယ်ယူပို့ဆောင်ရေးရဲတွေကို ဖုန်းခေါ်ဆိုအကြောင်းကြားခဲ့တာပါ။ သေဆုံးသူဇေနက်ရဲ့ အွန်ဂါမြို့က မိဘတွေက သူမအတွက် အောင့်မေ့ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြတယ်လို့ အက်စက်စ်လိုက်ဗ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မိသားစုဝင်တွေက “သူမက ဆယ်ကျော်သက်အရွယ် ပျော်ပျော်ရွှင်ရွှင်နေတတ်သူပါ။ အများတကာက အစစ အရာရာ ပြီးပြည့်စုံသူလို့ ထင်ကြပေမယ့် သူမက ခက်ခဲတဲ့လမ်းကို သွားလိုက်တယ် နိုဝင်ဘာ ၂၁ ရက်နေ့မှာ ကျမတို့ရဲ့ ချစ်စရာ ဇေနက်က ငြိမ်းချမ်းမှုရှာဖို့ သူမဘဝကို ရထားရှေ့မှာ အဆုံးသတ်လိုက်တယ်။ ဒီလိုပြီးပြည့်စုံတဲ့ လူတယောက်က ဒါမျိုးဖြစ်မယ်လို့ ကျမတို့ တခါမှ မတွေ့ခဲ့ဘူး” လို့ ပြောပါတယ်။

“လူမှုကွန်ရက်မှာ ဇေနက်ပက်တီရဲ့ ဘဝကို သိရတာက ကျန်းမာအောင်မြင်တယ်၊ လှပကျော့မော့ပြီး ညဏ်ကောင်းတဲ့ အသက် ၁၈ နှစ်အရွယ် သူငယ်ချင်းတွေ အပြည့်နဲ့ မိန်းကလေးတဦးပါ။ သူမက ခရီးသွားရတာ နှစ်သက်တယ်၊ ဒါပေမယ့် လူမှုကွန်ရက်ရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ သူမက စိတ်ကျရောဂါ ခံစားနေရတယ်ဆိုတာ ခုမှ နားလည်တယ်။”

“သူမက အရမ်းလည်း လှပါတယ်။ သူ ဘာတွေဖြစ်နေတယ်ဆိုတာ ဘယ်တုန်းကမှ မသိခဲ့လို့ အရမ်းဝမ်းနည်း ကြေကွဲရတယ်။ အပြင်ပန်းမှာ အစစ ပြီးပြည့်စုံသူလို့ ထင်ရတဲ့သူမ ဒါမျိုးဖြစ်မယ်လို့ ဘယ်သူက ထင်မလဲ”လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဇေနက်က ချန်းလ်မ်စဖို့ဒ်ရဲ့ ကေအီးဂျီအက်စ် သဒ္ဒါဘာသာရပ်ကျောင်းမှာ တက်ခဲ့ပြီး နယူးကက်ဆယ် တက္ကသိုလ်မှာ တက်ဖို့ စီစဉ်ထားသူပါ။

သူမက ရုရှား၊ အမေရိကန်၊ ထိုင်း၊ မော်ရိုကို၊ ဂျပန်နဲ့ မော်လ်ဒိုက်ဗ်နိုင်ငံတွေကို လည်ပတ်ခဲ့ပြီး လက်တလော ကျောင်းရဲ့ခရီးစဉ်တွေဖြစ်တဲ့ မိုကွန်ဂျက်နဲ့ ကင်ညာခရီးစဉ်တွေမှာ ပါဝင်ခဲ့ပြီး ဒေသတွင်းက မိဘမဲ့ကလေးတွေကို စာသင်ကြားပေးခဲ့တယ်လို့ သည်ဆန်းသတင်းမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။
DVB TV News
↧
↧

သယံဇာတတူးဖော်မှုမှရသည့် ၀င်ငွေများ နိုင်ငံတော်ဘဏ္ဍာထဲ ထည့်ရန် ဆုံးဖြတ်

$
0
0

သယံဇာတတွေ တူးဖော်တာက ရတဲ့ ဝင်ငွေအားလုံးကို ဝန်ကြီးဌာနတွေ ကိုင်တွယ်သုံးစွဲရတဲ့ ငွေစာရင်းထဲကို မထည့်ရတော့ပဲ နိုင်ငံတော်ဘဏ္ဍာငွေထဲကိုထည့်ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ ဆဋ္ဌမအကြိမ်မြောက်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့မှာ ဆုံးဖြတ်လိုက်တာပါ။ ဒီအဆိုကို ဒဂုံမဲဆန္ဒနယ်က ဒေါက်တာ သက်သက်ခိုင်က တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် ၇ ယောက်က ဆွေးနွေးခဲ့ကြပါတယ်။

ဝန်ကြီးဌာနတွေရဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကရတဲ့ ငွေတွေကို လွှတ်တော်က စိစစ်ထိန်းကျောင်းနေတဲ့ ဘတ်ဂျက်ထဲကို အကုန်မထည့်ပဲ Other Account လို့ခေါ်တဲ့ သီးသန့်ငွေစာရင်းတွေဖွင့်ပြီး ကိုင်တွယ်သုံးစွဲတဲ့ စနစ်ကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ စတင်ခဲ့တယ်လို့ ကိုယ်စားလှယ်တယောက်က ပြောပါတယ်။

ချောက် မဲဆန္ဒနယ်က ဦးဘိုကြီးက “သီးသန့်ငွေစာရင်းကငွေကို အသုံးစရိတ်အဖြစ်သုံးတယ်။ သာမာန် အသုံးစရိတ်၊ နိုင်ငံတော်ကို ထည့်ဝင်ငွေကို နိုင်ငံတော် ဘတ်ဂျက်က ကျခံရတယ်။ နိုင်ငံပိုင်လုပ်ငန်းက ရတဲ့ အမြတ်ငွေထဲက ကုန်သွယ်ခွန်ပေးဆောင်ပြီး အမြတ်ငွေ ၂၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကိုထည့်ဝင်ပြီး ကျန်ငွေ အားလုံးကို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေက ရယူသွားပါတယ်” လို့ ပြောပါတယ်။

အဲဒီနောက် ဆက်တိုက်ဘဏ္ဍာနှစ်တွေမှာတော့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ ဝင်ငွေက တိုးသထက် တိုးလာပြီး ပြည်သူ့ဘဏ္ဍာငွေကတော့ နည်းသထက် နည်းလာတယ်လို့ သူက ဆက်ပြောပါတယ်။

သန်လျင်မဲဆန္ဒနယ်က ဦးလွင်ကိုလတ်က “ကိုယ်စားလှယ်တယောက် ပြောခဲ့တာက သီးသန့် ငွေစာရင်းတွေထဲမှာ ၄ ဒသမ ၃ ထရီလီယံ (ကျပ်ကုဋေပေါင်း လေးသိန်း သုံးသောင်းကျော်) ရှိတယ်လို့ ပြောတယ်။ ကျနော်သိတာက ၁၁ ဒသမ ၉ ထရီလီယံ (ကျပ်ကုဋေပေါင်း ဆယ့်တသိန်း ကိုးသောင်းကျော်) ရှိတယ်လို့ သိပါတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေတောင် ကွဲလွဲနေတယ်ဆိုရင် ပွင့်လင်းမြင်သာမှု အားနည်းနေတာကို တွေ့ရပါတယ်” လို့ ဆွေးနွေးရာမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီအဆိုကို မှတ်တမ်းအဖြစ်ပဲ ထားပေးဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒု ဝန်ကြီးက လွှတ်တော်ကို ပြောပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက “ဒီငွေတွေကို ကိုယ်တိုင်သုံးတယ်ဆိုပေမယ့် နှစ်ကုန်ရင် စာရင်းစစ်ချုပ်က စစ်ဆေးပါတယ်။ ဒီစာရင်းတွေဟာ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေထဲမှာပဲ ရှိနေတာပါ။ လုပ်ငန်းဆောင်ရွက်ရ လွယ်ကူအောင် သီးသန့်စာရင်းတွေ ဖွင့်ထားရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဝန်ကြီးဌာနမှာ ဒီစာရင်းတွေနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ ဌာနလည်းရှိပြီး သီးသန့်စာရင်း ၃၀၄၅ ခုကို မလိုအပ်တော့လို့ ပိတ်သိမ်းခဲ့တယ်လို့ သူက ဆိုပါတယ်။ ပြီးတော့ စာရင်းပေါင်း ၆၁၀၈ ခုကိုတော့ ဆက်လက်ဖွင့်ထားဆဲ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီအဆိုကို အတည်ပြုဖို့အတွက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၃၂၅ မဲ၊ ကြားနေမဲ ၃ မဲနဲ့ ကန့်ကွက်မဲ ၆၈ မဲရှိပြီး အတည်ပြုခဲ့တာပါ။

သီးသန့် ငွေစာရင်းတွေထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ငွေစာရင်းက အများဆုံးဖြစ်ပြီး ကျန်းမာရေးနဲ့ ပညာရေး အသုံးစရိတ်ထက် ပိုများတယ်လို့ လေ့လာနေတဲ့ အဖွဲ့တခုက ဖော်ပြထားပါတယ်။
DVB TV News
↧

ဘုရားကျောင်းတက်ခွင့်မရသည့်ကိစ္စ ပုပ်ရဟန်း မင်းကြီးကို တင်ပြခွင့်ရရန် ခရစ်ယာန်တစ်ဦးကြိုးပမ်း

$
0
0

ရိုမန်ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းသို့ တက်ရောက်ဘုရားဝတ်ပြုခွင့် ပိတ်ပင်ခံထားရခြင်း နှင့်ပတ်သက်၍ မကြာမီ မြန်မာနိုင်ငံသို့ ကြွရောက် မည့် ပုပ်ရဟန်းမင်းကြီးအား တွေ့ဆုံတင်ပြနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတ အား အကူအညီတောင်းခံထားသည်ဟု ရိုမန်ကက် သလစ်ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သူ မရိုဇာက ပြောကြား သည်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်ရုံးတွင် ယနေ့၊ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် မရိုဇာက ပြောကြားခဲ့ခြင်းဖြစ်သည်။

" ပုပ်ရဟန်းမင်းကြီးနဲ့တွေ့ခွင့်ရဖို့အတွက် နိုင်ငံတော် သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးတွေမှာ အကူ အညီတောင်းခံထားပါတယ်၊ တွေ့ခွင့်ရမရတော့ မသိသေးဘူး" ဟု မရိုဇာက မဇ္ဈိမသို့ ပြောသည်။

မရိုဇာသည် အဆိုပါ ဘုရားကျောင်းသို့ တက် ရောက်ဘုရားဝတ်ပြုခွင့် ပိတ်ပင်ခံထားရခြင်းကိစ္စ နှင့်ပတ်သက်၍ ၂၀၁၅ စက်တင်ဘာလမှ စတင်ပြီး ၅ ကြိမ်တိုင်တိုင် "ပုပ်ရဟန်းမင်းကြီး သိစေရန်" ဟူသော စာတန်းဖြင့် ဆန္ဒဖော်ထုတ်ခဲ့ဖူးသည်။

မရိုဇာအား ၂၀၀၉ ခုနှစ်ကတည်းက ဘာသာရေး ခေါင်းဆောင်များက ဘုရားကျောင်းတွင်း ဝင် ရောက်ခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။ ဘာသာရေးကျောင်း အုပ်ကြီးတစ်ဦးက အသက်မပြည့်သေးသည့် ကျောင်း သားတစ်ဦးကို မှောင်ရိပ်ခိုမှုဖြင့် တရားစွဲဆိုခဲ့သည့် အမှုအား ကျောင်းသားဘက်မှလိုက်ပါဆောင်ရွက်ပေးခဲ့သည့်နောက် သာသနာညှိုးနွမ်းစေသည်ဟုဆိုကာ ဘုရားကျောင်း တက်ခွင့် ပိတ်ပင်ခံခဲ့ရသည်ဟု ကာယကံရှင် မရိုဇာ က ပြောသည်။ ၄င်း၏ နစ်နာမှုများကို သက်ဆိုင်ရာ ဋ္ဌာနအဆင့်ဆင့် တင်ပြထားပြီး၊ ပြေလည်မှုမရရှိပါ က ထပ်မံဆန္ဒဖော်ထုတ်သွားမည်ဟု မရိုဇာက မဇ္ဈိမသို့ ပြောသည်။

ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာ၏ အထွဍ် အမြတ်ဖြစ်သည့် ၂၂၆ ပါးမြောက် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံသို့ မနက်ဖန် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပထမအကြိမ် ကြွ ရောက်လာမည်ဖြစ်သည်။

===========

Mizzima - News in Burmese

http://mizzimaburmese.com/article/34659
↧

ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးတို့က ဆုံးမရိုက်နှက်သဖြင့် နံရိုးလေးချောင်းအက် တစ်ချောင်းကျိုး

$
0
0

ဟိုပင် နိုဝင်ဘာ ၂၆

ဟိုပင်မြို့တကွင်းကျေးရွာတွင် မိခင်ဖြစ်သူက တိုင်ကြားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်နယ်မြေ မှူးတို့က ဆုံးမရိုက်နှက်လိုက်သော ကြောင့် သားဖြစ်သူ ဦးမောင်အေးမှာ နံရိုး လေးချောင်းအက်ကာ တစ်ချောင်း ကျိုးသွားသည်ဟု သိရသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက် ည၈နာရီခွဲ တွင် တကွင်းရပ်ကွက်(၁၂)အတွင်း နေထိုင်သူ ဦးမောင်အေးတို့၏ မိသားစုဝင်အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ယခုအရိုက်ခံရသူ၏ မိခင်ဖြစ်သူက ဖုန်းဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအား လာရောက် ဖြေရှင်းပေးပါရန် ပြောဆိုတိုင်ကြား သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူနယ်မြေမှူးတို့က ဦးမောင်အေး ၏အိမ်သို့ ရောက်လာကာ ဆုံးမ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု သိရ သည်။

''ရပ်ကွက်အုပ်ချုပ်ရေးမှူးခေါ် လို့ ကျွန်တော်က လိုက်သွားတာ။ ဟိုကိုရောက်တော့ ဦးမောင်အေး ကဓားကိုင်ပြီး သူ့အမေနဲ့ သူ့ညီမ ကို ရန်လုပ်နေတာ တွေ့ရတယ်'' ဟု ရပ်ကွက်(၁၂)မှ နယ်မြေမှူး ဦးအိုက်ကျော်က ပြောသည်။


ထိုသို့ ရိုက်နှက်လိုက်သော ကြောင့် ဦးမောင်အေးမှာ ဆေးရုံသို့ တက်ခဲ့ရပြီး နံရိုးလေးချောင်းအက် ကာ တစ်ချောင်းကျိုးသွားသည်ဟု ဆေးမှတ်တမ်းအရ သိရသည်။

''လူကြီးဆိုတော့ ဆုံးမတာ ပေါ့။ ဒါပေမဲ့ သည်လောက်အထိ မလုပ်သင့်ဘူးလို့ ထင်တာပေါ့။ ကျွန်တော်က အိပ်လို့မရဘူး။ အသက်ရှူလည်း ကျပ်လာတော့ ဆေးရုံကိုသွားလိုက်တာ''ဟုအရိုက် ခံရသူ ဦးမောင်အေးကပြောသည်။

မိခင်ဖြစ်သူ ဖုန်းဆက်ခေါ် သဖြင့် ရောက်လာကြသူများထဲ တွင် မည်သူကရိုက်လိုက်သည်ကို မသိကြောင်း အရိုက်ခံရသူ၏ညီမ ဖြစ်သူ ဒေါ်တင်တင်ခိုင်ကပြော သည်။

''ခွပ်ခနဲလို့ ကြားလိုက်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရိုက်တာ လား။ နယ်မြေမှူးက ရိုက်တာ လားတော့မသိဘူး။ နည်းနည်းကြာ တော့ အစ်ကိုက အောင့်တယ် အောင့်တယ်။ အသက်ရှူကျပ် တယ်ဆိုလို့ ဆေးရုံကိုပို့ပေးလိုက် တာ''ဟု ဒေါ်တင်တင်ခိုင်ကပြော သည်။

အရိုက်ခံရသူ ဦးမောင်အေး သည် မိသားစုနှင့် စကားများ ရန်ဖြစ်ခြင်းမဖြစ်ပွားမီ ငါးရက် ခန့်က ဆိုင်ကယ်မှောက်ကာ ဒဏ်ရာရရှိထားသည်ဟု သိရပြီး ယခုဖြစ်ပွားသောအချိန်မှ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ ဆေးကုသ စရိတ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီ၌ တကွင်းကျေးရွာအုပ်ချုပ် ရေးမှူးရုံးတွင် မိဘများနှင့် တွေ့ဆုံ ဆွေးနွေးကြပြီး ကျေးရွာအုပ်ချုပ် ရေးရုံးမှ ဆေးကုသစရိတ် ကျပ် သုံးသိန်းခွဲပေးကာ ကျေအေးထား ပြီးဖြစ်ကြောင်း သိရသည်။

ချစ်သား / EPN
ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက်
https://www.facebook.com/epngnews/
↧

ရီယိုဒီဂျနေးရိုး ဆင်းရဲသားရပ်ကွက်တွင် ရဲနှင့် ပစ်ခတ်မှုဖြစ်ပြီးနောက် လူ ၇ ဦး သေဆုံး

$
0
0

    ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

    ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ဆိပ်ကမ်းနယ်မြေတွင် နိုဝင်ဘာလ ၂၅ ရက်က ရဲတပ်ဖွဲ့နှင့် မူးယစ်ဂိုဏ် တစ်ခုတို့အကြား တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ မူးယစ်ကုန်ကူးများအဖြစ် သံသယရှိသူ ၇ ဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းရင်းမြစ်များက ကြေညာလိုက်သည်။

အခင်းဖြစ်ပွားရာနေရာသည် ရီယိုဒီဂျနေးရိုး ဆိပ်ကမ်းအနီး Caju ဆင်းရဲသားရပ်ကွက်အတွင်းဖြစ်ပြီး မူးယစ်ဂိုဏ်းတစ်ခုက ပြိုင်ဘက် အုပ်စု တစ်စု ထိန်းချုပ်ထားသော နယ်မြေအတွင်း ဝင်ရောက်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်ရန် ကြိုးစားခဲ့သဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သတင်းပေးချက်အရ အခင်းဖြစ်ပွားရာ နေရာသို့ စစ်ဘက်ဆိုင်ရာ ရဲအရာရှိများ ရောက်ရှိသွားခဲ့ပြီး လက်နက်ကိုင်ဂိုဏ်း နှစ်ခုလုံးအား ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။အဆိုပါ ပစ်ခတ်မှုအတွင်း လူ ၇ ဦး သေဆုံးကာ ၁၁ ဦး ဖမ်းဆီးမိခဲ့ပြီး လက်နက် ၁၄ လက်၊ ယမ်း ၃၇ ခု၊ ခဲယမ်းမီးကျောက် ၇၉၀ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ရေဒီယို ဆက်သွယ်ရေး ၂ ခုနှင့် ကျည်ကာအကျီ င်္များ သိမ်းဆည်းမိခဲ့သည်။

ယခုနှစ်အတွင်း ထိုပြည်နယ်အတွင်း စီးပွားရေး ကျဆင်းမှုကြောင့် ရီယိုဒီဂျနေးရိုးတွင် အကြမ်းဖက်မှုများ များပြားလာခဲ့သည်။ဘရာဇီးနိုင်ငံ၏ ခရီးသွားဧည့်သည် လာရောက်မှုများသော အဆိုပါ ပြည်နယ်၌ ၂၀၁၇ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်နေစဉ် အသတ်ခံခဲ့သော ရဲအရာရှိ ၁၂၀ အပါအဝင် လူသတ်မှု ၄၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဘရာဇီးနိုင်ငံ သမ္မတ မစ်ချယ်တီမာသည် အကြမ်းဖက်မှုအား ထိန်းချုပ်ရန် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ရီယိုဒီဂျနေးရိုးမြို့သို့ စေလွှတ်ခဲ့သည်။

(Xinhua)
http://xinhuamyanmar.com
↧
↧

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ပြန်လည်လက်ခံရေး အစီအစဉ် နှစ်လအတွင်း ဆောင်ရွက်မည်

$
0
0
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို တွေ့ရစဉ်။ Photo: RFA
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို မြန်မာနိုင်ငံဖက်က ပြန်လည်စိစစ်လက်ခံဖို့ အစီအစဉ်ကို နှစ်လအတွင်း ဆောင်ရွက်ဖို့နဲ့ မြန်မာပြည်တွင်းမှာနေထိုင်ခဲ့ကြောင်း အထောက်အထား တစ်စုံတစ်ခုပြနိုင်မယ်ဆိုရင် လက်ခံဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့ ပြောပါတယ်။

အထောက်အထားပြသခိုင်းရာမှာလည်း ခက်ခက်ခဲခဲ အခြေအနေတွေပါဝင်မှာ မဟုတ်ဘူးလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

"၁၉၉၃ ကိုပဲ အခြေခံတယ်။ ၉၂၊ ၉၃ ပေါ့ အဲ့ဒီမှာမှ နှစ်ဦးနှစ်ဖက်ညှိနှိုင်းရတဲ့ အချက်ကလေးတွေတော့ရှိမယ်။ ရှိပေမယ့် အဲ့ဒါတွေကလည်း ခက်ခက်ခဲခဲကြီးတွေတော့မဟုတ်ပါဘူး။ အထောက်အထားတစ်ခုခု ဒီဘက်မှာ နေတုန်း က ဆေးရုံတက်တယ်။ ဆေးရုံဆင်းလက်မှတ်လေး သူ့မှာရှိတယ်။ သို့မဟုတ် အခြားကိစ္စ ဘာပဲဖြစ်ဖြစ်ပေါ့ သူနာမည် အထောက်အထား တစ်ခုခုရှိရင်လည်း ရတာပဲ။ နောက်အဲ့ကျမှ မွေးတဲ့ကလေး ဆိုရင်လည်း ဒီမိဘနှစ်ပါးက ဒီဘက်မှာနေသွားဘူးရင် သေချာတယ်။ အဲ့ကလေးပါလက်ခံမယ်"

လက်ရှိမှာ ငါးခူရနဲ့ တောင်ပြိုလက်ဝဲမြို့တွေမှာ ပြန်လည်လက်ခံစိစစ်ရေးစခန်းတွေဆောက်လုပ်နေပြီး ပြန်လာမယ့်သူတွေ ယာယီနေထိုင်နိုင်ရေးအတွက် အဆောက်အအုံတွေ ဆောက်လုပ်ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့က နှစ်နိုင်ငံကြားသဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရာမှာ တရားမဝင်ထွက်သွားတဲ့ ပုဒ်မ တွေနဲ့ တရားစွဲဆိုခြင်းမပြုဘူးလို့ အာမခံထားပါတယ်။

ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံက တာဝန်ရှိသူတွေပါဝင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်ကြောင့် ထွက်ပြေးသွားသူတွေကို ဦးစွာလက်ခံဖို့ သဘောတူထားတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
↧

AA နှင့် တပ်မတော်ကြားတိုက်ပွဲကြောင့် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံပြည်သူ တစ်ထောင်ကျော်ရှိပြီဟုဆို

$
0
0

ခိုနူမ်းသုန်သတင်း၊ ၂၆ နိုဝင်ဘာ ၂၀၁၇

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရတပ်မတော်တို့ ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းကစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ချင်းပြည်နယ်မှ ပြည်သူ ၁၂၄၀ ဦးရှိသည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးကပြောသည်။

မီိဇိုရမ်တောင်ပိုင်း လောင်တလိုင်မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူများကူညီ ထောက်ပံ့နိုင်ရေးအတွက် လောင်တလိုင်မြို့မှ အစိုးရတာဝန်ရှိသူများကို ယမန်နေ့က စစ်ဘေးရှောင်ပြည်သူများထံ စေလွတ်ကြောင်း၊ အိန္ဒိယဗဟိုအစိုးရ နိုင်ငံခြားရေးရာဝန်ကြီးထံသို့လည်း အကြောင်းကြားထားပြီးဖြစ်သည်ဟု မီဇိုရမ်ပြည်ထဲရေး ၀န်ကြီး Pu R.Lalzirliana က ပြောဆိုကြောင်း မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။

ယခုလက်ရှိတွင် လောင်တလိုင်မြို့နယ် Zochachhuah ကျေးရွာတွင် စစ်ရှောင်အယောက် ၄၂၀၊ Laitlang ကျေးရွာတွင် ၅၀၀၊ Dumzautlang ကျေးရွာတွင် ၁၂၀ နှင့် Hmawngchhuah ကျေးရွာတွင် အယောက် ၂၀၀ စစ်ဘေးတိမ်းရှောင်နေကြ သည်ဟု သိရသည်။

စစ်ဘေးရှောင်ပြည်သူများသည် ရိုဟင်ဂျာ မူဆလင်များမဟုတ်ကြောင်း ဇို(ချင်း)မျိုးနွယ်စုများသာဖြစ်ကြသည်ဟု ၀န်ကြီးကပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ရှောင်းပြည်သူများ ဘေးကင်းလုံခြုံစွာနေထိုင်ရေးအတွက် မီဇိုရမ်အစိုးရအနေဖြင့် ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့၏ စားဝတ်နေရေးအပြင် ကျန်းမာရေးပိုင်းကိုလည်း ကြည့်ရှူစစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။

AA နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲကြောင့် အရပ်သား ၂ သေဆုံးပြီး ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာနှင့်အနီးတ၀ိုက်ရှိ ဒေသခံပြည်သူ ၃၀၀ ကျော်တို့သည် ရှင်းလက်ဝကျေးရွာဘက်တွင် စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

ယခု မီဇိုရမ်ပြည်နယ်ဘက်သို့ စစ်ဘေးရှောင်ကြသူများသည် ပလက်ဝမြို့နယ် မည်သည့်ကျေးရွာများမှဖြစ်သည်ကိုမူ မသိရသေးပေ။

လောင်တလိုင်ဒေသခံပြည်သူများ၏ ပြောဆိုချက်အရ ကုလားတန်မြစ်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလမ်းမကြီးအနီး Zochachhuah ကျေးရွာနှင့်မလှမ်းမကမ်း မြန်မာဘက်ခြမ်း Varang ဒေသတ၀ိုက်တွင် သေနတ်သံ၊ လက်နက် ကြီးသံများ ယမန်နေ့အထိ ကြားနေရဆဲဖြစ်သည်ဟု သိရသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese/
↧

တစ်ရက်လုပ်ခ ကျပ် ၅၆၀၀ သတ်မှတ်ပေးဖို့ တောင်းဆို

$
0
0
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် ကနောင်ခန်းမမှာ ကျင်းပတဲ့ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး တွေ့ဆုံပွဲကို တွေ့ရစဉ်။ Photo: MICS
အနည်းဆုံးလုပ်ခလစာတစ်ရက် ကျပ် ၅၆၀၀ သတ်မှတ်ပေးဖို့ အထက်မြန်မာပြည် အလုပ်သမား ကိုယ်စားလှယ်တွေ က ဒီနေ့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အနည်းဆုံးလုပ်ခလစာနှုန်းထားအသစ် ပြဋ္ဌာန်းနိုင်ဖို့အတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး ဦးဝင်းရှိန် နဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်တာဖြစ်တယ်လို့  မန္တလေးတိုင်း အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးကော်မတီဝင် ဦးသက်နှင်းအောင် က ပြောပါတယ်။

"ကျနော်တို့က တောင်းဆိုတာပေါ့နော်၊ ပထမ တစ်ချက်က ၅၆၀၀ သတ်မှတ်ပေးဖို့ပေါ့နော်၊ ဒုတိယတစ်ခုက ကျတော့ ဥပဒေနဲ့အညီ ၂ နှစ်ကာလအတွင်းမှာ ကျနော်တို့ကို သတ်မှတ်ပေးရေးပေါ့နော်၊ နောက်တစ်ခုက ကျတော့ အနည်းဆုံးအခကြေးငွေမှာ အလုပ်သမား ၅ ဦးအထက်ကို အကြုံးဝင်စေရေးကို တောင်းဆိုတာ ဖြစ်ပါတယ်"

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် ကနောင်ခန်းမမှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၃၆၀၀ ကို ပြီးခဲ့တဲ့အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန် ကြေညာသတ်မှတ်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ အလုပ်သမားတွေကို စတင်ခံစား ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီနှုန်းထားဟာ အနည်းဆုံး အလုပ်သမား ၁၅ ဦးနဲ့အထက်ရှိတဲ့ လုပ်ငန်းတွေအတွက် အကျုံးဝင်တယ်ဆိုပြီး သတ်မှတ်ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိပြဋ္ဌာန်းထားတဲ့ ကျပ် ၃၆၀၀ ကိုတောင် မရသေးတဲ့ စက်ရုံတွေရှိနေပြီး အဲဒီလိုစက်ရုံတွေကို စစ်ဆေး ဖော်ထုတ်အရေးယူပေးဖို့လည်း တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

အနည်းဆုံးအခကြေးငွေကို တစ်ရက် ကျပ် ၅၀၀၀ ထက် မနည်းသင့်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီကို အကြံပြုပြောကြားထားတာလည်း ရှိပါတယ်။

အမျိုးသားကော်မတီအတွင်းရေးမှူး ဦးဝင်းရှိန်ဟာ ဒီနေ့ညနေပိုင်းမှာ အလုပ်ရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
↧

တာချီလိတ်တွင် ဦးဇင်းတစ်ပါး မောင်းလာသည့် ယာဉ်မှ အရှိန်ပြင်းတိုက်မိမှုကြောင့် အမျိုးသမီးတစ်ဦး နေရာတွင် သေဆုံး

$
0
0

တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု ဧဒင်ရွာအနီး စလီကျေးရွာရှိ တာချီလိတ် - ကျိုင်းတုံသွား ကားလမ်းမပေါ် အကွေ့တွင် ဦးဇင်းတစ်ပါး မောင်းလာသည့်ယာဉ်၏ အရှိန်ပြင်းမှုကြောင့် အသက်(၆၀)၀န်းကျင်ရှိ အမျိုးသမီးတစ်ဦး နေရာ၌ပင် သေဆုံးသွားမှု ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်(၆)နာရီ ၀န်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက်(၆၀)၀န်းကျင်ရှိ ဒေါ်ဘူးယုသည် နေအိမ်အရှေ့လမ်းဘေးတွင် ရပ်နေစဉ် အသက်(၂၄)အရွယ်ရှိ ဦးဇင်း ၀ိစိတ္တ(ခ)စိုင်းကွတ် ( သင်္ကန်းဝတ်ဖြင့်) မောင်းနှင်လာသည့် ယာဉ်က အရှိန်ပြင်းစွာ ၀င်ရောက် တိုက်မိကာ ယာဉ်မှာ လမ်းဘေးတွင် တိမ်းမှောက်သွားခဲ့ပြီး အဆိုပါ အမျိုးသမီးမှာ ၀မ်းဗိုက်ပွင့်ထွက်၊ ၀ဲဘက်ပေါင်အရင်းမှ ပြတ်ထွက်ပြီး ပြင်းထန်သည့် ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။


အခင်းဖြစ်ပွားရာနေရာသို့ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရောက်ရှိကာ စစ်ဆေးမှုများပြုလုပ်ပြီး တာချီလိတ်နာရေးကူညီမှုအသင်းက သေဆုံးသူ၏ ရုပ်အလောင်းအား သယ်ဆောင်ကာ တာချီလိတ်ပြည်သူ့ ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဦးဇင်း ၀ိစိတ္တ(စိုင်းကွတ်)အား လူဝတ်လဲကာ တာချီလိတ်မြို့မ ရဲစခန်းတွင် ယာဉ်(ပ)၅၄/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၀၄-ကအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
Tachileik News Agency
http://www.tachileik.net
↧
↧

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ခရီးစဉ် သတင်းစာရှင်းလင်း

$
0
0
ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ခရီးစဉ် သတင်းစာရှင်းလင်းပွဲ ကျင်းပနေသည်ကို တွေ့ရစဉ်။ Photo: Thant Zin Oo/ RFA
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆုတောင်းပွဲမှာ စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီး ခရီးစဉ် သတင်းနဲ့ ပြန်ကြားရေးကော်မတီ က သတင်းမီဒီယာသမားတွေကို ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။

မြန်မာနိုင်ငံကို နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ လာရောက်မယ့် ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ရဲ့ ခရီးစဉ်လမ်းကြောင်းနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ရှင်းလင်းပွဲ ပြုလုပ်စဉ်မှာ သတင်းနဲ့ပြန်ကြားရေးကော်မတီက ဖာသာစိုးနိုင် က ပြောတာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ မြန်မာနိုင်ငံကို ရောက်ရှိစဉ်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ လူငယ်တွေနဲ့တွေ့ဆုံသွားမှာဖြစ်ပြီး နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာ(၂)မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မနက်ဖြန်နေ့လည်ပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိမှာဖြစ်ပြီး လေဆိပ်ကနေ အနားယူမယ့်နေရာဖြစ်တဲ့ သိမ်ဖြူလမ်းအထိ ရန်ကုန်လေဆိပ်ရှေ့နဲ့ ပြည်လမ်းပေါ် ၉ မိုင်၊ ၇ မိုင်၊ တံတားဖြူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရရှေ့နဲ့ ဗိုလ်ချုပ်လမ်းမပေါ် ဆာကူရာတာဝါရှေ့တို့မှာ နေရာ(၆)နေရာ သတ်မှတ်ကာ ကက်သလစ်ဘာသာဝင်တွေက ကြိုဆိုကြမှာဖြစ်ပါတယ်။

ဒါ့အပြင် တာမွေမြို့နယ်မှာရှိတဲ့ ကျိုက္ကစံအားကစားကွင်းမှာ တစ်နိုင်ငံလုံးက ကက်သလစ်ဘာသာဝင်တွေနဲ့ တွေ့ဆုံပြီး ဆုတောင်းမေတ္တာပို့မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ဆောင်ပုဒ်က ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ ဘာသာမတူသူတွေကြားက မေတ္တာတရားဖြစ်တဲ့အတွက် အဲဒီအကြောင်းတွေ ဟောပြောဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

မြန်မာနိုင်ငံမှာ ရိုမန်ကက်သလစ်ဘာသာဝင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဘာသာပေါင်းစုံတွေ့ဆုံပွဲ ကျင်းပမယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
↧

ဘာလီကျွန်း မီးတောင် ပေါက်ကွဲမှု အားကောင်းနေဆဲ၊ လေယာဉ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်

$
0
0
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Agung မီးတောင် ပေါက်ကွဲနေစဉ်နှင့် မီးတောင်ပေါက်ကွဲမှုကြောင့် ရွှေ့ပြောင်းနေရသည့် ဒေသခံများအား တွေ့ရစဉ် (ဆင်ဟွာ)
ဂျကာတာ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Agung မီးတောင်မှာ အားပြင်းပြင်းဖြင့် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေပြီး ပြာမှုန့်များအား လေးကီလိုမီတာအမြင့်အထိ မှုတ်ထုတ်နေသဖြင့် ယင်း ပိုင်နက်နယ်မြေအတွင်း လေကြောင်း ပျံသန်းခွင့်ကို အာဏာပိုင်များက ပိတ်ပင်ထားကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မီးတောင်သည် ယနေ့ (နိုဝင်ဘာလ ၂၆ ရက်) ဒေသစံတော်ချိန် နံနက် ၆း၂၀ နာရီတွင် သုံးကြိမ် ပေါက်ကွဲခဲ့ပြီး နောက်ဆုံးအကြိမ် ပေါက်ကွဲမှုမှ ထွက်ရှိလာသော ပြာများမှာ အမြင့်ဆုံးအထိ ရောက်ရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်း ပြောခွင့်ရပုဂ္ဂိုလ် စူတိုပို ပါဝူ နူဂရိုဟိုက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Agung မီးတောင် ပေါက်ကွဲနေစဉ်နှင့် မီးတောင်ပေါက်ကွဲမှုကြောင့် ရွှေ့ပြောင်းနေရသည့် ဒေသခံများအား တွေ့ရစဉ် (ဆင်ဟွာ)
နိုဝင်ဘာလ ၂၆ ရက်တွင်ပင် ဖြစ်ပွားခဲ့သော အစောပိုင်း ပေါက်ကွဲမှု နှစ်ခုကြောင့် ထွက်ရှိလာသော ပြာများသည် မီတာ ၃,၀၀၀ နှင့် မီတာ ၂,၀၀၀ အမြင့်အထိ ရောက်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ထို မီးတောင်ပြာများသည် မီးတောင်ဝ အရှေ့နှင့် အရှေ့တောင်ဘက်သို့ ပျံ့နှံ့သွားခဲ့ပြီး ခရီးသွားဧည့်သည်များ အပန်းဖြေလာရောက်သည့် Lombok ကျွန်း အနီးသို့ ဦးတည်နေကြောင်း သိရသည်။ထို့ပြင် မီးတောင်နှင့် ဘူမိဗေဒ အန္တရာယ် လျော့ပါးရေး (PVMBG) စင်တာက လေကြောင်းဆိုင်ရာအတွက် မီးတောင်စောင့်ကြည့်ရေး သတိပေးချက်ကို အဆင့်မြင့်ဆုံးအဖြစ် တပ်လှန့်ထားပြီး အဆိုပါ လေပိုင်နက်နယ်မြေအပေါ်မှ လေယာဉ် ပျံသန်းခွင့် တားမြစ်ထားကြောင်း သိရသည်။

“PVMBG က သတိပေးချက်ကို လိမ္မော်ရောင်ကနေ အနီရောင် အဆင့်အထိ တိုးမြှင့်ထားတယ်” ဟု အထက်ပါ အရာရှိက ဆင်ဟွာသို့ ပေးပို့သည့် သတင်းတွင် ပါရှိသည်။ကျေးရွာများအပေါ် မီးတောင် ပြာမှုန့်များ ကျဆင်းမှုအား ကာကွယ်နိုင်ရန် မျက်နှာ၊ နှာခေါင်းစည်းများကို ဒေသခံများထံ အာဏာပိုင်များက ချက်ချင်းဖြန့်ဝေပေးခဲ့သည်။“ကန့်သတ်ဇုန်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေက ချက်ချင်းရွှေ့ပြောင်းပေးရမှာ ဖြစ်တယ်” ဟု ၎င်းက အလေးထား ပြောကြားခဲ့ပြီး ကန့်သတ်ဇုန်အား အကျယ်အဝန်း ၇.၅ ကီလိုမီတာ သတ်မှတ်ထားသည်ဟု ဆိုသည်။

(Xinhua)
http://xinhuamyanmar.com
↧

အိန္ဒိယနယ်စပ် မောင်ဘုဆွာရွာသို့ ရခိုင်ကျေးရွာသား ၁၄၀၀ ကျော် ခိုလုံရောက်ရှိ

$
0
0
(ထွက်ပြေးရောက်ရှိလာကြသည့် ကျေးရွာသားများကိုတွေ့ရစဉ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၆

အိန္ဒိယနိုင်ငံအတွင်းရှိ နယ်စပ်ကျေးရွာ မောင်ဘုဆွာရွာ( ရခိုင်ရွာသစ်) သို့ ပလက်ဝမြို့နယ် ကုလားတန် အထက်ပိုင်းမှ ရခိုင်လူမျိုး ၁၄၀၀ ကျော် ရောက်ရှိ ခိုလုံလာသည်ဟု သတင်းရရှိသည်။

၎င်းတို့မှာ ကျေးရွာ ၇ ရွာမှ ရွာသားများ ဖြစ်ကြပြီး နယ်စပ်တစ်လျှောက်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ထွက်ပြေးလာကြသူများ ဖြစ်ကြသည်ဟု လူမှုရေး ဆောင်ရွက်နေသူ ခိုင်မင်းသိန်းက ပြောသည်။

ရောက်ရှိလာကြသည့် ဒုက္ခသည်များမှာ ပညောဝ (ပညဝ) ရွာ အိမ်ခြေ ၄၀/လူဦးရေ ၁၁၀၊ အောက်ဖွေ လက်ဝရွာ အိမ်ခြေ ၃၀/ လူဦးရေ ၈၀၊အထက်ဖွေလက်ဝ အိမ်ခြေ ၈၀/ လူဦးရေ ၂၆၀၊ ပကာဝရွာ အိမ်ခြေ ၄၀/ လူဦးရေ ၈၀၊ ငွေလက်ဝရွာ အိမ်ခြေ ၉၀/ လူဦးရေ ၂၈၀၊ စတင်ဝရွာ အိမ်ခြေ ၁၃/ လူဦးရေ ၅၀၊ မြိတ်ဝရွာ အိမ်ခြေ ၁၆၈/ လူဦးရေ ၅၆၀ တို့ဖြစ်ကြောင်း သိရသည်။

“ လောလောဆယ်တော့ မိသားစု တစ်စုကို ဆန် ၇ဗူး၊ ပဲသီး ၇ တောင့်ဘဲ ကူညီနိုင်ပါသေးတယ်။ အခုလို ထွက်ပြေးလာကြတော့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတာက စားဝတ်နေရေးဘဲ ဖြစ်ပါတယ်” ဟု ခိုင်မင်းသိန်းက ပြောကြားသည်။

(ထွက်ပြေးရောက်ရှိလာကြသည့် ကျေးရွာသားများကိုတွေ့ရစဉ်)
နိုဝင်ဘာလ ၂၅ ရက်နေ့က အိန္ဒိယနယ်စပ်အနီးရှိ မြန်မာဘက်မှ ရခိုင်မြိတ်ဝရွာအနီးရှိ ရက္ခိုင်တပ်မတော် (အေအေ) ခြေကုပ် ယူထားသည့် ယူဆရသည့် နေရာများအား မြန်မာတပ်မတော်မှ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယခုအခါ အိန္ဒိယ စစ်တပ်မှလည်း နယ်စပ် တစ်လျှောက်တွင် တပ်အင်အားဖြည့်တင်းထားပြီး နယ်စပ်တစ်လျှောက်ကင်းလှည့်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ခိုလုံရန် ထွက်ပြေးရောက်ရှိလာကြသည့် ရခိုင်လူမျိုးများအား အိန္ဒိယ အစိုးရမှ တစ်စုံတစ်ရာ ဟန့်တားမှုများ မရှိကြောင်း၊ သူတို့နိုင်ငံထဲကို ၀င်ရောက်ခွင့် ပြုထားကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206
↧

တရုတ်နိုင်ငံ Ningbo မြို့ပေါက်ကွဲမှု လူ ၂ဦးထက်မနည်း သေဆုံး

$
0
0

တရုတ်နိုင်ငံအရှေ့ ပိုင်းက ကမ်းခြေမြို့ဖြစ်တဲ့ Ningbo မှာ ပေါက်ကွဲမှုတခုဖြစ်ပွါးခဲ့တာကြောင့် လူ ၂ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ကျော် ဒဏ်ရာရသွားပါတယ်။

ပေါက်ကွဲမှုကြောင့် အဆောက်အအုံတွေပြိုကျခဲ့သလို တမိုင်နီးပါးအကွာမှာရှိတဲ့ အဆောက်အအုံတွေရဲ့ ပြတင်းပေါက်မှန်တွေကွဲပြီး နံရံတွေမှာလည်း အပေါက်ကြီးတွေဖြစ်သွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာ ဘာတွေရှိနေသလဲဆိုတာတဲ့ပတ်သက်ပြီး ကွဲလွဲတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

အချို့သတင်းဌာနတွေက အဲဒီနေရာမှာ စက်ရုံအဆောက်အအုံ တွေရှိနေတယ်လို့ဆိုပေမယ့် အချို့ကတော့ အဲဒီနေရာမှာ ဖြိုချဖို့စီစဉ်ထားတဲ့ အဆောက်အအုံတွေ၊ ဒါမှမဟုတ် ဖြိုဖျက်ပြီးသား အဆောက်အအုံတွေသာရှိတယ်လို့ ပြောပါတယ်။

Ningbo ဟာ ရှန်ဟိုင်းမြို့ ရဲ့ တောင်ဘက် ကီလိုမီတာ ၁၀ အကွာမှာရှိတာဖြစ်ပါတယ်။ မြစ်ကမ်းအနီးမှာ ဖြစ်ပျက်သွားတဲ့ အဲဒီပေါက်ကွဲမှုရဲ့ အကြောင်းရင်းကိုရှာမတွေ့သေးဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။ လုံခြုံရေးအခြေခံသတ်မှတ်ချက်တွေကို အသေအချာ လိုက်နာလေ့မရှိတဲ့ တရုတ်နိုင်ငံက စက်ရုံတွေမှာ မတော်တဆမှုတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်း ဓာတုပစ္စည်းတွေ စနစ်တကျ ထားသိုခြင်းမရှိတဲ့အတွက်ဆိုပြီး ပြစ်တင်ပြောဆိုခံရတဲ့ Tianjin ကမ်းခြေမြို့  ပေါက်ကွဲမှုတခု မှာလည်း လူပေါင်း ၁၆၅ ဦးသေဆုံးခဲ့ရပါသေးတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
↧
↧

ပုပ်ရဟန်းမင်းရဲ့ မြန်မာခရီး ငြိမ်းချမ်းရေးဆောင်ကျဉ်းဖို့ မျှော်လင့်

$
0
0
ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis
ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ဟာ မနက်ဖြန် နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ဆိုက်ရောက်ကြွချီလာတော့မှာဖြစ်ပါတယ်။ အခုလို ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့အပေါ် မြန်မာနိုင်ငံအပေါ် ကောင်းခြင်းတွေနဲ့ မေတ္တာတရားတွေ ငြိမ်းချမ်းမှုတွေကို ဆောင်ကျဉ်းသယ်ဆောင်လာနိုင်မယ်လို့ ကက်သလစ်ဘုန်းတော်ကြီးတွေက ယုံကြည်မျှော်လင့်မှုတွေရှိပါတယ်။ ပုပ်ရဟန်းမင်းကြီး ရဲ့ လေးရက်တာကြာမြင့်မယ့် မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်လို့ နောက်ဆုံးရသတင်းကို မဆုမွန် က တင်ပြပေးပါမယ်။

ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ်နဲ့ ကက်သလစ်ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံကို ကြွချီလာတော့မှာဖြစ်ပါတယ်။ မနက်ဖြန် နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာမယ့် ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၃၀ရက်နေ့အထိ လေးရက်တာ ကြွရောက်သီတင်းသုံးမှာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ သူ့ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ ဗာတီကန်နန်းတော်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို ပုပ်ရဟန်းမင်းကြီး ကြွချီလာတဲ့အပေါ် ငြိမ်းချမ်းခြင်း၊ လူသားအချင်းချင်းကြား ရင်းနှီးချစ်ခင်ခြင်းနဲ့ ချစ်ခြင်း မေတ္တာတရားတွေ ပွားများပြီးတော့ ကောင်းခြင်းတရားတွေ နမိတ်ကောင်းတွေ ဆောင်ကျဉ်းသယ်ဆောင်လာမယ်လို့ ယုံကြည်မျှော်လင့်ကြောင်း ဗာတီကန်နန်းတော်ရဲ့ မြန်မာနိုင်ငံ ရဟန်းအမတ် ကာဒီနယ်ချားလ်စ်မောင်ဘိုရဲ့ လက်ထောက်ဆရာတော် Father Dominic က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဟုတ်ကဲ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီမှာ လေယာဉ်ဆိုက်ဖို့ရှိပါတယ်။ အင်မတန်မှ အတိုင်းထက်အလွန်ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရစ်နှစ် ၂၀၁၇ ရှိတဲ့အချိန်မှာ မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလာခြင်းဆိုတော့ အတိုင်းထက်အလွန်ဝမ်းသာမိပါတယ်။ သူက ငြိမ်းချမ်းရေးနဲ့ မေတ္တာဆိုင်တဲ့ တမန်တော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၀မ်းသာတယ် ပျော်ရွှင်တယ်။ သူမြန်မာပြည်ကို ကြွလာခြင်းအားဖြင့် မြန်မာပြည်သူပြည်သားတွေ ရွင်လန်းမယ်၊ ၀မ်းမြောက်မယ်။ နောက်စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းအပေါင်းနဲ့ ပြည့်ဝစေဖို့ဆိုတဲ့ မျှော်လင့်ချက်တွေတော့ အားလုံးစီမှာ ရှိပါတယ်။”

ပုပ်ရဟန်းမင်းကြီး ကိုယ်တော်တိုင် မြန်မာနိုင်ငံကို ကြွချီလာခြင်းအားဖြင့် အနာဂတ်မြန်မာနိုင်ငံအတွက် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး သဟဇာတဖြစ်ရေးနဲ့ မင်္ဂလာတရားနဲ့ပြည့်ဝတဲ့ မြန်မာနိုင်ငံတော်ကြီး

တည်ငြိမ်အေးချမ်းသာယာမှုတွေ ပေါ်ထွန်းလာမယ်ဆိုတဲ့ ယုံကြည် မျှော်လင့်ချက်များစွာရှိတယ်လို့လည်း ဆရာတော် Father Dominicက ပြောပါတယ်။

“ပုပ်ရဟန်းမင်းကြီးက billions နဲ့ ချီတဲ့လူတွေကို အုပ်ချုပ်တာဆိုတော့လေ ဒီကမ္ဘာ့ခေါင်းဆောင်လို ဖြစ်နေတာပေါ့နော်။ တကမ္ဘာလုံးရဲ့ အကြီးအကဲခေါင်းဆောင်လိုဖြစ်နေတဲ့အခါကျတော့ အများကြီးမျှော်လင့်ပါတယ်။ အဓိကက ဘာလဲဆိုတော့ ပုပ်ရဟန်းမင်းကြီးသွားတဲ့ နိုင်ငံတိုင်း နိုင်ငံတိုင်းက ပုပ်ရဟန်းမင်းကြီးခရီးစဉ် ပြီးသွားတဲ့ နောက်ပိုင်းမှာ နိုင်ငံရေး၊ လူမှုရေး ၊ ဘာသာရေး စီးပွားရေး တခြားအရေးပေါင်းများစွာမှာ တိုးတက်အောင်မြင်သွားသလိုမျိုး မြန်မာပြည်မှာလည်း ဒီလို လူမှုရေးဘာသာရေး၊ နောက်စီးပွားရေး အစစအရာရာမှာ အကုန်လုံးတိုးတက်ပြီးတော့ ပြောင်းလဲသွားမယ်လို့ အကောင်းဘက်ကိုလေ အများကြီးမျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုပ်ရဟန်းမင်းကြီးသွားပြီးနောက်ပိုင်းမှာ လူတွေရဲ့အမြင်မှာက ဒီနိုင်ငံက ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် လူတွေအားလုံး အနောက်နိုင်ငံသား၊ အရှေ့ နိုင်ငံသားအားလုံးက ဒီနိုင်ငံကို ပိုပြီးတော့မှ အာရုံစိုက်လာပြီးတော့ လူမှုရေးအပိုင်းရော စီးပွားရေးအပိုင်းရော တခြားအရေးပိုင်း၊ နောက် ပညာပိုင်း အကုန်လုံးမှာ အစစအရာရာ သူသွားခဲ့တဲ့နိုင်ငံတွေက သာဓက ဖြစ်တယ်၊ အဲဒီနိုင်ငံတွေက တိုးတက်သွားတာပဲ။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံလည်း တိုးတက်သွားမယ်လို့ မျှော်လင့်တယ်။ ဒီလိုမျှော်လင့်ချက်နဲ့ပဲ သမ္မတကြီး ဦးထင်ကျော်တို့ ၊ နောက်အမေစု တို့ကနေပြီးတော့မှ အဲလိုရည်ရွယ်ချက်တွေနဲ့ ဖိတ်တယ်လို့ ကျနော်မျှော်လင့်ပါတယ် ယုံကြည်ပါတယ်။”

မနက်ဖြန်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ကို ကြိုဆိုကြဖို့ မြန်မာနိုင်ငံတဝှမ်းလုံးမှာ ရှိတဲ့ ထောင်ချီတဲ့ ကက်သလစ်ဘာသာဝင်တွေဟာ ရန်ကုန်ကို ရောက်ရှိလာနေကြပြီဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုနိုင်ရေး ကား၊ ရထား စတဲ့ ခရီးလမ်းအဆင်ပြေနိုင်ရေး သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရတာဝန်ရှိသူတွေက စီစဉ်ပေးနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းက ကက်သလစ်ဘာသာဝင်တွေအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားနေရာတွေက ပုပ်ရဟန်းမင်းကြီးကို ဖူးမြင်ချင်သူတွေလည်း သိန်းနဲ့ချီ လာရောက်ကြဖို့ရှိတယ်လို့လည်း ဆရာတော် Father Dominic က ပြောပါတယ်။

“၂၉ ရက်နေ့ မနက် ၈ နာရီခွဲမှာ ကျိက္ကဆံကွင်းopen လုပ်ထားတဲ့ ဆုတောင်းပွဲလေး တခုရှိပါတယ်။ ၀တ်ပြုဆုတောင်းပွဲလေးပေါ့ အဲဒီဆုတောင်းပွဲလေးမှာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး သိန်းကျော်ပေါ့လေ၊ ဘယ်နှစ်သိန်းလဲတော့မသိဘူး မြောက်များစွာလာပြီးတော့မှ ဆုတောင်းပွဲမှာ ပါဝင်မယ်လို့ မျှော်လင့်ပါတယ်။ တချို့လည်းရောက်တော့ရောက်နေပြီ ရန်ကုန်မြို့မှာ ။ သူ့ကို ဖူးဖို့အတွက် နိုင်ငံတကာက ရောက်လာတာကတော့ ထောင်ကျော်တာပေါ့နော် ၃၀၀၀ ကျော်လောက်ရှိမယ် စာရင်းအရပေါ့လေ။ နိုင်ငံတကာပေါ့ ဥရောပ ပါမယ်၊ အမေရိက ပါမယ်၊ သြစတေးလျ ပါမယ် အာရှပါမှာပေါ့ ။ အများက အာရှိကလာကြတာပေါ့။ သူတို့ မျှော်လင့်ချက်က သူ့ကိုဖူးမြင်ရခြင်းနဲ့  ဒီ ၀တ်ပြုဆုတောင်းပွဲမှာ သူ့ကောင်းကြီးတော်ကို ရဖို့အတွက် လာကြတာပေါ့။”

ပုပ်ရဟန်းမင်းကြီးဟာ လေးရက်တာကြာမြင့်မယ့် သူ့ခရီးစဉ်ရဲ့ အစီအစဉ်ကတော့ နိုဝင်ဘာ ၂၇မှာ မြန်မာနိုင်ငံ ရန်ကုန်ကို ဆိုက်ရောက်မှာဖြစ်ပြီး နိုဝင်ဘာ ၂၈ရက်နေ့မှာတော့ နို်င်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံမှာဖြစ်ပြီး နိုဝင်ဘာလ ၂၉ရက်နေ့မှာတော့ ကက်သလစ်ဘာသာဝင်တွေအပါအဝင် သူ့ကိုဖူးမြင်ဖို့ လာရောက်ကြမယ့် ပြည်သူအများနဲ့ ရန်ကုန်မြို့ ကျိက္ကဆံကွင်း တွေ့ဆုံမယ့်ဝတ်ပြုဆုတောင်းပွဲခြမ်းအခမ်းအနားကျင်းပဖို့ရှိပါတယ် နိုဝင်ဘာလ ၃၀ရက်နေ့မှာတော့ စိန့်မေရီ Cathedral မှာ တွေ့ဆုံပွဲရှိပါတယ်။ အဲ့ဒီ့နောက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာပြည်ကထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ခရီးဆက်မှာဖြစ်ကြောင်းပါ။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
↧

ငြိမ်းချမ်းရေးခရီးစဉ်အတွက် ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံရာက်ရှိ

$
0
0



ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ငြိမ်းချမ်းရေးခရီးစဉ်အတွက် ယနေ့နိုဝင်ဘာ၂၇ရက်နေ့ နေ့လည်၁နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့သည်။

ပုပ်ရဟန်းမင်းကြီးလေဆိပ်မှ ဗိုလ်တစ်ထောင်မြို့နယ်အထိ စိန်မေရီကပ်သလစ်ဘုရားကျောင်းကို သွားရောက်သည့် လမ်းတစ်လျှောက်၌လည်း စုရပ်(၆)ခုထားရှိပြီး ဒေသအသီးသီးမှ တိုင်းရင်းသားများအပါအဝင် လူပေါင်းများစွာ လာရောက်ကြိုဆိုခဲ့ကြသည်။

ယခုကဲ့သို့ ကြိုဆိုကြသူများထဲတွင် ဝေးလံခေါင်ဖျား တိုင်းရင်းသားဒေသများမှ လာရောက်သူများ၊ ခရစ်ယာန်ဘာသာဝင်များ၊ ဘာသာဝင်မဟုတ်သူများလည်း ပါဝင်ခဲ့သည်။

“ဒီဟာကကျွန်တော်တို့ဘာသာရေးရဲ့ အထွဋ်မြတ်ပုဂ္ဂိုလ်ပေါ့ အဲဒါကြောင့်မို့ကိုကျွန်တော်တို့က မဖြစ်မနေဒီလိုမျိုးထိကိုတက်လာပြီးတော့ လာဖူးဖို့ တွေ့ဖို့အတွက်ကိုလာတာပေါ့”ဟု ကျိုင်းတုံမြို့နယ်က လာရောက်သူ ကိုလုကာ ကပြောသည်။

ပုပ်ရဟန်းမင်းကြီးကိုတွေ့ဆုံရန်နှင့် ကြိုဆိုရန်အတွက် ကချင်ပြည်နယ် ဖားကန့်မြို့မှ လာရောက်သူ ဒေါ်ဂျာရန်ရန်က ကချင်ပြည်နယ်တစ်ပြည်လုံး ငြိမ်းချမ်းစေချင်ကြောင်း ပြောသည်။

“ဖားကန့်ကနေ မြစ်ကြီးနားတစ်ဆင့် မြစ်ကြီးနာကနေ မန္တလေးတစ်ဆင့် မန္တလေးကနေ ရန်ကုန်တစ်ဆင့် တစ်သက်လုံးမှာတစ်ခါမှမကြုံဖူးတော့ အရမ်းဝမ်းသာတယ် ဘုရားလာဖူးတာပါ အန်တီတို့က”ကချင်ပြည်နယ် ဖားကန့်မြို့မှ လာရောက်သူ ဂျာရန်ရ်က ဆိုသည်။

ယနေ့တွင် စိန်မေရီကပ်သလစ်ဘုရားကျောင်းဝင်းရှိ ဂိုဏ်းချုပ်ဆရာတော်၏ အိမ်တော်၌ ပုပ်ရဟန်းမင်းကြီး နားနေမည်ဖြစ်ပြီး နိုဝင်ဘာ၂၈ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် နေပြည်တော်သို့သွားရောက်တွေ့ဆုံရန် စီစဉ်ထားသည်။

၎င်းနောက် နိုဝင်ဘာ၂၉ရက်နေ့တွင် ရန်ကုန်၊မြို့ ကျိုက္ကစံကွင်း၌ ဝတ်ပြုဆုတောင်းပွဲပြုလုပ်သွားရန်စီစဉ်ထားပြီး ဘာသာစုံမှ ပရိတ်သတ်များ၊ ဌာနဆိုင်ရာများမှပုဂ္ဂိုလ်များ ပါဝင်ရန်စာရင်းပေးသွင်းထားသည်ဟုလည်း ပြန်ကြားရေးတာဝန်ခံ ဖာသာစိုးနိုင်မှ မဇ္ဈိမကို ဖြေကြားခဲ့ဖူးသည်။

ရန်ကုန်မြို့တွင် နိုဝင်ဘာလ၃၀ရက်နေ့၌လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ၂၀၁၃ခုနှစ်တွင် ရိုမန်ကက်သလစ် သာသနာတော်၏ ၂၆၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးဖြစ်လာခဲ့သည်။ ကပ်သလစ်ဘာသာဝင်များ၏ ခေါင်းဆောင်တစ်ဦးဖြစ်သကဲ့သို့ ဗာတီကန်နိုင်ငံကိုအုပ်ချုပ်နေသော ဘုရင်တစ်ပါးလည်းဖြစ်သည်။

===========

Mizzima - News in Burmese

http://mizzimaburmese.com/article/34693
↧

ဗြိတိသျှတော်ဝင်မင်းသား ဟယ်ရီ လက်ထပ်တော့မယ်

$
0
0
အင်ဗစ်တပ်စ် အားကစားပွဲမှာ သူတို့နှစ်ဦး ပေါ်ပေါ်တင်တင် တွဲခဲ့
ဗြိတိန်နိုင်ငံရဲ့ တော်ဝင်မင်းသားတဦးဖြစ်တဲ့ မင်းသားဟယ်ရီဟာ သူ့ရဲ့ ချစ်သူ အမေရိကန် ရုပ်ရှင်မင်းသမီး မက်ဂမ် မာကယ် နဲ့ လက်ထပ်တော့မယ်လို့ အိမ်ရှေ့မင်းသား ချားလ်စ်ရဲ့အိမ်တော်က ကြေညာလိုက်ပါတယ်။

မင်းသားဟယ်ရီဟာ ဗြိတိန်နန်းမွေ ဆက်ခံမယ့်စာရင်းမှာ ပဉ္စမနေရာမှာ ရှိပြီး သူဟာ လာမယ့် နွေဦးမှာ လက်ထပ်မှာဖြစ်ပြီး လက်ထပ်ပြီးနောက် ကန်ဆင်တန် နန်းတော်က နော့တင်ဟမ်အိမ်တော်မှာ နေထိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၁၆ ဇူလိုင်လမှာ သူတို့ အချစ်ဇာတ်လမ်း စတင်ခဲ့ပြီး နိုဝင်ဘာလမှာတော့ သူတို့ စေ့စပ်ခဲ့ကြပါတယ်။

ဒီနှစ် စက်တင်ဘာလကျမှ သူတို့နှစ်ဦးဟာ လူတွေကြားထဲ ပေါ်ပေါ်တင်တင် တွဲခဲ့ကြတာ ဖြစ်ပါတယ်။

မင်းသား ဟယ်ရီဟာ အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ကွယ်လွန်သူ မင်းသမီး ဒိုင်ယာနာတို့ရဲ့ ဒုတိယမြောက် သားတော် ဖြစ်ပါတယ်။

RFA Burmese
http://www.bbc.com/burmese
↧
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>