Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live
↧

ပုဂ္ဂလိကသတင်းစာတွေ ရပ်တည်နိုင်ဖို့ အခက်ခဲရှိနေတာဟာ နိုင်ငံပိုင်သတင်းစာတွေ ရှိနေခြင်းနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးပြော

$
0
0
ပုဂ္ဂလိကသတင်းစာတွေ ရပ်တည်နိုင်ဖို့ အခက်ခဲရှိနေတာဟာ နိုင်ငံပိုင်သတင်းစာတွေရှိနေခြင်းနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ပြောပါတယ်။ နိုင်ငံပိုင် သတင်းစာတွေရှိနေလို့ ပုဂ္ဂလိကသတင်းစာတွေ ခက်ခဲ၊ တိမ်မြုပ် ပျောက်ကွယ်သွားနိုင်တဲ့အထိ စိုးရိမ်ပူပန်စရာ မရှိပါဘူးလို့လည်းဆိုပါတယ်။  ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြေပုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်ေ
↧

ငြိမ်းချမ်းရေးအတွက် တိကျပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

$
0
0
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ (၉) ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့် ခွန်း ပြောကြားစဉ်။     နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)     ယခု အစည်းအဝေးသည် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုဖြစ်စေမည့် ခြေလှမ်း တချို့ကို တိတိ ကျကျ ပြတ်ပြတ် သားသား လှမ်းဖို့ ဆုံးဖြတ်ချက်များ ချပြီဟူသည့် အဆင့်မျိုးြ
↧
↧

ပါကစ္စတန်က ကောင်စစ်ဝန်ရုံးထဲ အာဖဂန် သံတမန် ပစ်သတ်ခံရ

≫ Next: ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ မရှိအောင် ပိုမိုအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း JMC-U ဥက္ကဋ္ဌပြောကြား
$
0
0
ပစ်သတ်သူကို ပါကစ္စတန် လုံခြုံရေးတွေက ဖမ်းဆီးခဲ့ ပါကစ္စတန် နိုင်ငံ တောင်ပိုင်း၊ ကရာချိမြို့က အာဖဂန် နစ္စတန် ကောင်စစ်ဝန်ရုံးမှာ အာဖဂန် သံတမန်တစ်ယောက် ပစ်သတ် ခံရတယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။ သေဆုံးသွားတဲ့ သံတမန်က တတိယ အတွင်းဝန် Muhammad Zaki ဖြစ်တယ်လို့ ကောင်စစ်ဝန်ရုံး ပြောခွင့်ရသူက ပြောပါတယ်။ ပစ်သတ်တဲ့သူက အာဖဂန် လုံခြုံရေး ဝန်ထမ်းဖြစ်ပြီး သူဟာ သေဆုံးသူ သံတမန်ရဲ့ ကိုယ်ရေး အစောင့်အရှောက်
↧

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ မရှိအောင် ပိုမိုအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း JMC-U ဥက္ကဋ္ဌပြောကြား

$
0
0
JMC-U ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဆွေးနွေးပြောကြားစဉ် (ဆင်ဟွာ)     ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)     မကြာခင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ မရှိအောင် ပိုမိုအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း JMC-U (ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးေ
↧

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်တဲ့ အောင်ဝင်းဇော်ကို ရုံးထုတ်

≪ Previous: ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ မရှိအောင် ပိုမိုအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း JMC-U ဥက္ကဋ္ဌပြောကြား
$
0
0
တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု နဲ့ ပတ်သတ်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အောင်ဝင်းဇော်ကို ချုပ်ရမန်ယူဖို့ဖေဖော်ဝါရီ ၆ရက်နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်ချိန်က မနက်အစောပိုင်း ကတည်းကဖြစ်တယ်လို့ မင်္ဂလာဒုံတရားရုံးက သိရပေမယ့် အချိန်အတိအကျကို ပြောခွင့်မရှိဘူးလို့ တရားရုံးဝန်ထမ်းတစ်ဦးက 5Plus ကိုပြောပါတယ်။  အောင်ဝင်းဇော်ရဲ့ရုံးထုတ်ရမန်ယူတဲ့ သတ
↧
↧

မောင်တောဘုန်းကြီးကျောင်းတခုမှ စိတ်ကြွဆေးနဲ့ လက်နက်ဖမ်းမိ

$
0
0
မောင်တောဘုန်းကြီးကျောင်းတခုမှ စိတ်ကြွဆေးနဲ့လက်နက်ဖမ်းမိ (MOI) မောင်တောမြို့နယ်တွင်းက ဘုန်းကြီးကျောင်းတိုက်တခုမှာ WY စာသားပါ စိတ်ကြွဆေးပြားအများအပြားနဲ့ လက်နက်ခဲယမ်းအချို့ လက်နက်ခဲယမ်းအချို့ကို မနေ့ ဖေဖ၀ါရီလ ၅ ရက်နေ့က အာဏာပိုင်တွေက သိမ်းဆည်းရမိပါတယ်။ ဒေသတွင်းကနေ တဖက်နိုင်ငံကို တရားမ၀င်မူးယစ်ဆေးဝါးတင်ပို့ရောင်းချမှုတွေ မြင့်တက်လာတာကြောင့်၊ နေပြည်တော်ဖက်က အထူးတပ်ဖွဲ့တွေကိုယ်တိုင်ဆင်းပြီး
↧

ဒုတိယအကျော့ ပင်လုံ ဖေဖ၀ါရီ ၂၈ ကျင်းပမည်

$
0
0
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး (myanmar state counsellor office) ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ ဒုတိယအကြိမ်ကို ဒီလ ၂၈ရက်နေ့မှာ စတင်ဖို့ လျာထားကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဒီအစည်းအဝေးအဖွင့်မှာ UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နုတ်ခွန်းဆက် အမှာစ
↧

ရှေ့နေ ဦးကိုနီ အကြောင်း (ရုပ်-သံ)

$
0
0
ဖေဖော်ဝါရီလ ၄ ရက် စနေနေ့ည မေးပါရစေဦး အစီအစဉ်မှာ လုပ်ကြံခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အကြောင်း သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေက ပြောပြကြမှာ ဖြစ်ပါတယ်။ ပင်တိုင်ပြောမယ့်သူတွေက လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်နဲ့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မုံရွာအောင်ရှင် တို့ဖြစ်ပါတယ်။ မေးမြန်းလိုသူ ပါဝင်ဆွေးနွေးလိုသူတွေအနေနဲ့ ဖုန်းနံပါတ်
↧

သမ္မတအမိန့်ကို ဆိုင်းငံစေတဲ့ တရားသူကြီးချုပ်ကို Trump အပြစ်တင်

$
0
0
သမ္မတ Trump  အမေရိကန်ပြည်ထောင်စု အနေနဲ့ တခုခု ဘေးအန္တရာယ် ကြုံခဲ့ရရင် သူထုတ်ပြန်တဲ့ မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက လာမယ့်သူတွေကို ပြည်ဝင်ခွင့် တားမြစ်တဲ့ အမိန့် အထ မမြောက်အောင် ဟန့်တားခဲ့တဲ့ တရားသူကြီးကို အပြစ်တင်ကြဖို့ အမေရိကန်ပြည်သူတွေကို သမ္မတ Trump က ပြောဆိုလိုက်ပါတယ်။ တိုင်းပြည် အကြီးအကျယ် အန္တရာယ်ရောက်အောင် တရားသူကြီးတယောက်က လုပ်တာကို သူ မယုံနိုင်လောက်အောင် ဖြစ်မိတယ်
↧
↧

ဦးကိုနီ၏သမီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

$
0
0
မေး-ဆရာဦးကိုနီရဲ့အမှတ်လက္ခဏာဟာ အခြေခံဥပဒေ ပြင်/ဖျက် သိမ်းရေးဖြစ် တယ်။ ဒါကြောင့် ပြည်သူအများစုက ဒီလုပ် ကြံမှုဟာ အဲဒီအမှတ် လက္ခဏာပေါ်မှာအခြေခံတယ်လို့ ယူဆ ကြတယ်။ မိသားစုဝင်တွေ အနေနဲ့ကရော ဘယ်လိုနားလည် ပါသလဲ။ ဖြေ-အမှန်အတိုင်းပြောရရင်အဖေ့ရဲ့ (Professional) နဲ့ ကျွန်မရဲ့ (Professional)နဲ့မတူတာရယ်။ ကျွန်မကိုယ်တိုင် ကလည်းနိုင်ငံ ရေး ကို အရမ်းကြီး(Interest)မဖြစ်တာရယ်၊ ဒါကြောင့် ကျွန်မ သိပ်ပြီးတော့ (
↧

ဦးကိုနီနဲ့ကိုနေ၀င်း ပေးသွားတဲ့ သွေးစည်းချစ်ကြည်ရေး

$
0
0
‘‘လူဆိုတာအားလုံး သေမျိုးချည်းပါပဲ’’လို့ သူသူငါငါ ပြောကြတဲ့ စကားတစ်ခွန်းကို နေရာတကာ မှာကြားခဲ့ရဖူးပေမယ့် ဒီတစ်ခါ ကြုံလိုက်ရတဲ့ အသုဘနှစ်ခုစလုံး ကတော့ ထူးခြားတဲ့ဝိသေသကိုယ် စီရှိနေရုံမက ပိုလို့ပင်စိတ်ဝင်စား ဖွယ်ကောင်းနေသေးတာက မြင်ရ တဲ့ စာတန်းနှစ်ခုကြောင့်ပါ။ တစ်ခုက ‘ငါတို့အားလုံး ဦးကိုနီများဖြစ်သည်’ဆိုတာနဲ့ နောက်တစ်ခုက ‘အညတရသူရဲ ကောင်း ပြည်သူ့သားကောင်းဦးနေ၀င်း’ဆိုတာတွေပေါ့။ ဒီစာတန်း တွေကို ဇန်
↧

Right to Recall ဥပဒေကြမ်း ထပ်မံတင်သွင်းမည်

$
0
0
ပြည်ထောင်စုလွှတ်တော် Right to Recall လို့ခေါ်တဲ့ လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်ပြီး အခု ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီကို တင်သွင်းသွားမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပထမ လွှတ်တော်သက်တမ်းအတွင်း ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေကို မဲ
↧

လှကျော်ဇော ● ဆရာဦးကိုနီကို ဘာရည်ရွယ်ချက်နဲ့သတ်သလဲ .. အဖြေ

$
0
0
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂ဝ၁၇ ၂၉-၁-၂ဝ၁၇ ရက်နေ့က ဆရာဦးကိုနီ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ကြားကြားချင်း – ကျွန်မ “ဆရာဦးကိုနီကို ဘယ်သူသတ်သလဲ”ဆိုတဲ့ ဆောင်းပါးရေးပြီး ၃ဝ-၁-၂ဝ၁၇ နေ့မှာ မိုးမခမှာ တင်လိုက်ပါတယ်။ စိတ်လှုပ်ရှားမှု၊ စိတ်လော မှုတွေနဲ့ရေးတဲ့အတွက် မပြည့်မစုံ ဖြစ်သွားပါတယ်။ တခါ-၃၁-၁-၂ဝ၁၇ ရက်နေ့မှာ ကျွန်မကို သတင်းဌာနတခုက ဒီကိစ္စနဲ့ပတ်သက်ပြီး လှမ်းမေးမြန်းတာတွေကို ကျွန်မဖြေ လိုက်တာတွေကလည်း
↧
↧

ဦးကိုနီ သတ်ခံရမှု သတင်းထုတ်ပြန်မှု အားနည်း

$
0
0
ပြည်ထဲရေး ဝန်ကြီးဌာန နဲ့ ပြန်ကြားရေး ဝန်ကြီး ဌာန ကို ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆို ခဲ့ကြပြီး ဘယ်သူကမှ တာဝန်ခံ ပြီး ဖြေကြားခြင်း မရှိ NLD ဥပဒေ အကြံပေး ရှေ့နေ ဉီးကိုနီ လုပ်ကြံခံရတာ တပတ် ကျော်လာပေမယ့် အစိုးရက တိကျတဲ့သတင်းထုတ်ပြန်မှုတွေ မရှိတဲ့ အပြင် လူမှုကွန်ရက် သတင်း တွေပေါ် အခြေခံပြီး ပြည်သူလူထုကြားမှာ သတင်းမှန်ရဖို့ ခက်ခဲနေတယ်လို့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း က ပြောပါတ
↧

ကုလဖေါ်ပြချက် စုံစမ်းစစ်ဆေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

$
0
0


( နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် ) Photo: Myanmar State Counsellor Office Facebook
ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာမှာ မွတ်စလင်တွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တံခါးပိတ် စည်းဝေးပွဲမှာ အစီရင်ခံစာ ဖေါ်ပြချက်တွေကို မြန်မာ ကိုယ်စားလှယ်က လက်မခံဘဲ လုံးဝငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

စည်းဝေးပွဲတက်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့တာပါ။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေးလာခဲ့ကြသူတွေထဲက လူနှစ်ရာကို ကုလသမဂ္ဂ က မေးမြန်းခဲ့ရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ အုပ်စုလိုက် အဓမ္မကျင့်မှု တွေ အပါအ၀င်၊ ကလေးငယ်တွေကို သတ်ဖြတ်မှုတွေကိုပါ ထွက်ဆိုခဲ့ကြတယ်လို့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အဲဒီ ကုလသမဂ္ဂ အစီရင်ခံစာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက ကုလသမဂ္ဂရဲ့ စုံစမ်းချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အလေး အနက်ထားပြီး စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း၊ ဒါပေမဲ့ တဖက်မှာ မြန်မာနိုင်ငံဟာ သတင်းမှားတွေ။ လုပ်ကြံသတင်းတွေရဲ့ သားကောင်ဖြစ်နေကြောင်း၊ စွပ်စွဲချက်တွေ မှန်မမှန် မိမိတို့မသိရ သေးကြောင်း၊ မှန်တယ်ဆိုရင် အရေးယူမှာဖြစ်ကြောင်း ရိုက်တာသတင်းကို မနေ့က ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ၄၃ မျက်နှာပါ ကုလသမဂ္ဂ အစီရင်ခံစာပါ အချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေအရ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် မထိန်းချုပ်နိုင်ကြောင်းလည်း ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
↧

ဆီးရီးယားနိုင်ငံ ဟုမ်းစ်ပြည်နယ်ရှိ ဓါတ်ငွေ့ပိုက်လိုင်းများ အား IS အစွန်းရောက်အုပ်စု ဖောက်ခွဲမှုများပြုလုပ်

$
0
0


IS အစွန်းရောက်အုပ်စု က ဗုံးခွဲခဲ့သည့် ဟာရန်ဓါတ်ငွေ့သိုက်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဒမက်စကက်စ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

    ဆီးရီးယားနိုင်ငံ ဟုမ်းစ်ပြည်နယ် ရှိ ဟာရန်ဓါတ်ငွေ့သိုက် ၏ ဓါတ်ငွေ့ပိုက်လိုင်းများအား ဖေဖော်ဝါရီ ၆ ရက်တွင် IS အစွန်းရောက်အုပ်စု က ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းကပြောကြားခဲ့သည်။

ဓါတ်ငွေ့သိုက်၏ မြောက်ဘက်၊ အရှေ့ဘက် နှင့် အနောက်ဘက် ရှိ ပိုက်လိုင်းများ ကို IS စစ်သွေးကြွများက ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ဟာရန်ဓါတ်ငွေ့သိုက် သည် ဆီးရီးယားနိုင်ငံ အလယ်ပိုင်း နှင့် တောင်ပိုင်း အတွက် အကြီးမားဆုံး သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစခန်းလည်းဖြစ်ကြောင်း သိရသည်။

ယင်းဓါတ်ငွေ့သိုက် ၏ နေ့စဉ်ဓါတ်ငွေ့ထုတ်လုပ်နိုင်မှုသည် ကုဗမီတာ သုံးသန်းရှိမည်ဟု ခန့်မှန်းရကြောင်း နှင့် ၎င်းအား တည်ဆောက်ရန် အစိုးရက ယူရို သန်း၂၈၀ ကျော်အသုံးပြုခဲ့ရကြောင်း သိရသည်။

IS စစ်သွေးကြွများသည် ဟုမ်းစ်ပြည်နယ် အရှေ့ဘက်ရှိ Palmyra ရှေးဟောင်းမြို့အား ဝင်ရောက် သိမ်းပိုက်ခဲ့သည့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင်လည်း ယင်းဓါတ်ငွေ့သိုက်အား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွများပိုင် Amaq သတင်းဋ္ဌာနက ဟာရန်ဓါတ်ငွေ့သိုက်အား ဗုံးခွဲတိုက်ခိုက်ခဲ့ပုံများကို ဖော်ပြခဲ့ပြီး ဆီးရီးယားနိုင်ငံ ရေနံနှင့် ဓါတ်ငွေ့ဝန်ကြီးဋ္ဌာန က ယင်းဓါတ်ပုံများသည် အစစ်များဖြစ်နိုင်ကြောင်း ပြောကြားခဲ့သော်လည်း ဗုံးခွဲတိုက်ခိုက်မှုများကို အတည်ပြုပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
↧

မြန်မာကလေးငယ် ၁ သိန်းကျော် အတွက် UNICEF အရေးပေါ်ကူညီငွေတောင်းခံ

$
0
0


IDP စစ်ရှောင် ကလေးငယ်များ
မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတွေအဝင် အရှေ့အာရှနဲ့ Pacific ဒေသက ကလေးငယ်တွေ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အရေးပေါ်လိုအပ်နေတဲ့အကူအညီတွေ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၄၂ သန်းရန်ပုံငွေလိုအပ်တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ကူညီစောင့်ကြည့်ရေးအဖွဲ့UNICEF က ကမ္ဘာ့အလှူရှင်တွေကို ပန်ကြားလိုက်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ကလေးငယ်များအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့လိုအပ်နေကြောင်း တင်ပြထားတဲ့ အစီရင်ခံစာထဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံက ကလေးတွေရဲ့ အခြေအနေတွေကို အသားပေးဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက ပြည်နယ် ၃ ခုမှာ ကာလကြာရှည်ဖြစ်နေတဲ့ ပဋိပက္ခတွေက အိုးအိမ်ပစ်ထွက်ပြေးနေကြရသူ ၂ သိန်း ၂ သောင်းထက်မနည်းရဲ့ အခြေအနေတွေကို ပိုဆိုးစေတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ကလေးငယ်တွေဟာ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ထောက်ပြပါတယ်။ ရခိုင်ပြည်နယ်ထဲမှာဆိုရင် အထူးသဖြင့် ရိုဟင်ဂျာကလေးတွေအတွက် အကူအညီ လိုအပ်နေတယ်လို့ဆိုပါတယ်။

ဘာသာရေးနဲ့ လူမျိုးရေးခွဲခြားမှု၊ အမြတ်ထုတ်မှု၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ သဘာဝဘေးဒဏ်၊ နိုင်ငံမဲ့ပြဿနာ၊ လူကုန်ကူးပြဿနာနဲ့ ထောက်ပံ့ကူညီမှုတွေ မရနိုင်တဲ့ အခြေအနေတွေက ပဋိပက္ခတွေကို ရေရှည်စေတဲ့ အကြောင်းတရားတွေဖြစ်တယ်လို့ UNICEFကပြောထားပါတယ်။ မြန်မာနိုင်ငံထဲမှာ အခြေအနေအဆိုးဆုံးဖြစ်နေတဲ့ ကလေးငယ်ပေါင်း ၁ သိန်း ၂ သောင်း ၇ ထောက်လောက်အတွက် ရန်ပုံငွေအလှူထည့်ကြဖို့ UNICEF ကပန်ကြားပါတယ်။

၂၀၁၇ ခုနှစ်အတွက် အကူအညီတွေရမယ်ဆိုရင် ဆိုးဆိုးဝါဝါး အဟာရချို့တဲ့နေတဲ့ကလေးတွေအတွက် ကူညီကုသမှုတွေ ပေးနိုင်မယ့်အပြင် စိတ်ပိုင်းရုပ်ပိုင်းကျန်းမာရေး၊ သန့်ရှင်းသောက်သုံးရေ၊ ကျန်းမာရေးနဲ့ညီညွတ်စေမယ့် မိလ္လာစနစ်တို့ကို ကူညီစီစဉ်ပေးနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် ကူညီထောက်ပံမှုကို UNICEF အဖွဲ့က ၁၉၅၀ ခုနှစ်ထဲက ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧
↧

တောင်တရုတ်ပင်လယ်အရေး ကာကွယ်ရေးဝန်ကြီးသစ် Mattis အမြင် တရုတ်ကြိုဆို

$
0
0


အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis
ရေပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်တို့ဖက်က ကျွန်းတုတွေဖန်တီးပြီးသူတို့ပိုင်နက်ဖြစ်ကြောင်း အတင့်ရဲရဲလုပ်နေတဲ့အပေါ် အမေရိကန်ဖက်က စစ်ရေးနည်းနဲ့တုံ့ပြန်စရာမလိုသေး အမေရိကန်ကာကွယ်ရေး ဝန်ကြီး James Mattis ပြောကြားခဲ့တဲ့အပေါ် တရုတ်နိုင်ငံက ကြိုဆိုခဲ့ပါတယ်။

ဝန်ကြီး Mattis က သံတမန်ရေးနည်းတွေနဲ့ဖြေရှင်းရမယ်လို့ ပြောခဲ့တာဟာ အပြုသဘောဆောင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက တနင်္လာနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတွေကြား အငြင်းပွားနေတဲ့ တရုတ်ပင်လယ်ထဲက ရေပြင်ပိုင်နက်တွေနဲ့ပတ်သက်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးသစ်ရဲ့ သဘောထားနဲ့ တရုတ်တို့ရဲ့ တုံ့ပြန်ချက် အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

မြောက်ကိုရီးယား Nuclear အန္တရာယ်နဲ့၊ တောင်တရုတ်ပင်လယ် ထဲက ရေပြင် ပိုင်နက် အငြင်းပွားနေတဲ့နေရာမှာ တရုတ်တို့ကကျွန်းတုတွေဖန်တီးပြီး စစ်ရေး အင်အားတည်ဆောက်နေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် James Mattis ကသူ့ရဲ့ ပထမဆုံးနိုင်ငံခြားခရီးအဖြစ် တောင်ကိုရီးယားနဲ့ဂျပန်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာသွားရောက်ခဲ့တာပါ။

ဒေသတွင်းနိုင်ငံတွေအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ ကတိတွေ အတိုင်း ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်ဆိုတာကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးက ၂ နိုင်ငံလုံးမှာ ထပ်ပြီးအာမခံ ကတိပြုခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ဂျပန်ကာကွယ်ရေး ဝန်ကြီး Tomomi Inada နဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ က တွေ့ဆုံဆွေးနွေခဲ့အပြီး တောင်တရုတ်ပင်လယ်ထဲက တရုတ်တို့ရဲ့လုပ်ရပ် အတွက် စစ်ရေးနည်းနဲ့ တုံ့ပြန်စရာမလိုလောက်သေးဘူးလို့ ခုလို ပြောကြားခဲ့ပါတယ်။

"လောလောဆယ်အချိန်မှာတော့ စစ်ရေးအရချက်ချင်းဆောင်ရွက်ဖို့လိုတယ်လို့ ကျွန်တော်တို့ လုံးဝမမြင်သေးပါဘူး၊ သံမန်ရေးနည်းလမ်းတွေအားလုံးကို အစွမ်းကုန် သုံးပြီး ပြဿနာကို သေသေချာချာဖြေရှင်းဖို့ကြိုးစားရမှာပါ။ နည်းလမ်းမျိုးစုံ လမ်းဖွင့်ပြီး ဆွေးနွေးမှုတွေ ဆက်လုပ်သွားရပါမယ်။"

ပိုင်နက်အငြင်းပွားနေတဲ့ ရေပြင်ထဲမှာတရုတ်တို့က ကျွန်းတုတွေဖန်တီးပြီး သူတို့ပိုင်နက်ဖြစ်ကြောင်း အတင်းလုပ်ပြနေတာကြောင့် အဲဒီကျွန်းတုတွေဆီ တရုတ်တို့မသွားနိုင်အောင် ရေကြောင်းပိတ်ဆို့မှုတွေ လုပ်သင့်တယ်လို့ နိုင်ငံခြားေ ရး ဝန်ကြီး Rex Tillerson ကသူ့ကို ရာထူး ခန့်သင့် မသင့်လွှတ်တော်ကြားနာပွဲတုန်းကပြောခဲ့တာပါ။ Trump အစိုးရကလည်း မဟာဗြူဟာကျတဲ့ နိုင်ငံတကာ ရေပိုင်နက်ကို စစ်ရေးနည်းသုံး ကာကွယ်သွားရမယ်ဆိုတာမျိုး ပြောကြားထားချိန်မှာ ကာကွယ်ရေးဝန်ကြီးသစ် Mattis က သံတမန်ရေးနည်းနဲ့ ရှေ့တန်းတင်ဖြေရှင်းဖို့ ပြောခဲ့တာကို တရုတ်တို့ဖက်က ကြိုဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang ကတနင်္လာနေ့ သတင်းစာရှင်းပွဲမှာ ခုလို ပြောကြားခဲ့ပါတယ်။

"အမေရိကန်ကာကွယ်ရေးဝန်ကြီးက သံတမန်ရေးနည်းလမ်းတွေသုံးပြီး အငြင်းပွားမှုတွေကို ညှိုနှိုင်းဖြေရှင်းဖို့ ပြောကြားခဲ့တာဟာ အပြုသဘောလို့ မှတ်ယူပါတယ်။ တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်ပြင် ထိဆက်နေတဲ့နိုင်ငံတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေကြောင့် တောင်တရုတ်ပင်လယ်ကိစ္စက ပုံမှန်ပြန်ဖြစ်နေပါပြီ။ ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့နိုင်ငံတွေကြား ဆွေးနွေးတိုင်ပင်ပြီး ခြားနားတဲ့အမြင်တွေကို ပိုဆိုးမသွားအောင်လုပ်နိုင်ခဲ့ပါပြီ။ ဒေသတွင်းမှာ ဆက်လက် ငြိမ်းချမ်းရေး၊ လုံခြုံ တည်ငြိမ်နေအောင် တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေပေါင်းပြီး ကြိုးစားဆောင်ရွက်နေပါတယ်။"

ငါးတွေပေါများပြီး ရေနံနဲ့ သဘာဝဓါတ်ငွေ့ကြောတွေရှိတဲ့ ရေပြင်နယ်နိမိတ်တွေကို မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ Brunei နဲ့ထိုင်ဝမ်းတို့ကလည်း ပိုင်ဆိုင်တယ်လို့ အငြင်းပွားနေကြပေမဲ့ တရုတ်ကတော့ အဲဒီရေပြင်နယ်နိမိတ်အများစုကို သူတို့ပိုင်တယ်လို့ အခိုင်အမာ ပြောရုံတင်မက အဲဒီနေရာတွေမှာ ကျွန်းတုတွေဖန်တီးနေတာဖြစ်ပါတယ်။ ခုလိုအမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ ပြောကြားချက်နဲ့ပတ်သက်လို့ Australia နိုင်ငံ New South Wales တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါမောက္ခ Carl Thayer က သူ့ရဲ့အမြင်ကို VOA ခုလိုပြောပြပါတယ်။

"တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်လို့ သံတမန်ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ Tokyo မှာသူ အလေးထားပြောခဲ့တာက ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားမသွားအောင် သံတမန်ရေးနည်းနဲ့ လုပ်သင့်တယ်ဆိုတာ ပြသခဲ့တာဖြစ်ပါတယ်။ ဒေသတွင်း ကျယ်ပြန့်တဲ့ တခြားကိစ္စတွေနဲ့ ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်အစိုးရကြား ခက်ခက်ခဲခဲ အပေးအယူလုပ်စရာတွေရှိတယ်။ ဒါပေမဲ့ သံတမန်ရေးနည်း နည်းလမ်းတွေဖွင့်ထားတယ်ဆိုတာကို အသိပေးလိုက်တာဖြစ်တယ်" လို့ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါမောက္ခ Carl Thayer ပြောခဲ့တာဖြစ်ပါတယ်။

တရုတ်နဲ့ ဂျပန်ကြား အငြင်းပွားနေကြတဲ့ အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းစုတွေနဲ့ပတ်သက်လို့တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်တို့ဖက်က ရပ်တည်ခဲ့ပါတယ်။ ဂျပန်ဖက်က Senkaku လို့ခေါ်ပြီး တရုတ်ဖက်က Diaoyu လို့ ခေါ်တဲ့ လူမနေတဲ့ကျွန်းစုတွေအပေါ် ဂျပန်တို့ကထိန်းချုပ်တာကို အမေရိကန်က အသိအမှတ်ပြုတယ်လို့ ကာကွယ်ရေးဝန်ကြီး James Mattis က ဂျပန် ကာကွယ်ရေး ဝန်ကြီးနဲ့ Tokyo မြို့တော်မှာ တွေ့ဆုံစဉ်က ပြောခဲ့တာပါ။

အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ကြား ကာကွယ်ရေး သဘောတူညီချက်တွေထဲမှာ အဲဒီကျွန်းစုတွေလည်း အကြုံးဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီး Mattis ကပြောပါတယ်။

တရုတ်တို့က အစဉ်အဆက်ပိုင်လာတဲ့ ကျွန်းတွေနဲ့ပတ်သက်လို့ အမေရိကန်ဘက်က မှားယွင်းပြောနေတာတွေကို ရပ်ပါလို့ တရုတ်ဘက်က တိုက်တွန်း တုံ့ပြန်ခဲ့ပါသေးတယ်။ အချုပ်အခြာပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အမေရိကန်ဖက်က ပိုပြီး ရှုပ်ထွေးအောင် မလုပ်ဖို့နဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်စေမယ့် ကိစ္စတွေကို အမေရိကန်အနေနဲ့ ရှောင်ရှားဖို့ တရုတ်ဖက်က ပြောကြားခဲ့တာပါ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis ဟာ ဂျပန်မသွားခင် တောင်ကိုရီးယားနိုင်ငံကို သွားခဲ့စဉ်ကလည်း အမေရိကန်ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေး THAAD စနစ်ကို တောင်ကိုရီးယားမှာ ထားနိုင်ရေးကိစ္စ ရှေ့ဆက်နိုင်ဖို့ တောင်ကိုရီးယား အစိုးရနဲ့ ထပ်ပြီး သဘောတူခဲ့ပါတယ်။

စုမြတ်မွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧

ကန်စစ်တပ်ကို ရာနှုန်းပြည့်ထောက်ခံဖို့ သမ္မတ Trump ကတိပေး

$
0
0


အမေရိကန်သမ္မတ Donald Trump အမေရိကန်စစ်တပ် ဗဟိုကွပ်ကွဲရေးဌာနချုပ် ကိုသွားရောက်စဉ်
အမေရိကန်သမ္မတ Donald Trump က သူ့အနေနဲ့ စစ်တပ်ကို အပြည့်အ၀ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း Florida ပြည်နယ်၊ Tampa မြို့၊ MacDill လေတပ်အခြေစိုက်စခန်းမှာရှိတဲ့ Centcom လို့ခေါ်တဲ့ အမေရိကန်စစ်တပ် ဗဟိုကွပ်ကွဲရေးဌာနချုပ်ကို တနင်္လာနေ့က သွားရောက် လည်ပတ်စဉ် ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားလိုက်ပါတယ်။

“တိုင်းပြည် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာ ငြိမ်းချမ်းမှု ရရှိနိုင်ရေးအတွက် အမေရိကန် တပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီးတွေက စွမ်းဆောင်ပေးခဲ့ကြကြောင်း၊ စစ်တပ်ရဲ့အနောက်မှာ သူ့အနေနဲ့ မားမားမတ်မတ် ရပ်တည်ပြီး ထောက်ပံ့ပေးသွား မှာ ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ဟာ တိုင်းပြည်ကို ချစ်ကြသူတွေဖြစ်ကြောင်း၊ ကျွန်ုပ်တို့ရဲ့ ပြည်သူတွေအပေါ်မှာ သစ္စာရှိကြောင်း၊ ကျွန်ုပ်တို့အနေနဲ့ နိုင်ငံတော် အလံကိုလည်း လေးစားကြောင်း၊ ကျွန်ုပ်တို့ရဲ့ ရိုးရာ ဓလေ့ထုံးတန်းကို ချီးကျူး ဂုဏ်ပြု သလို ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေကို လေးစား ဂုဏ်ပြုကြောင်း၊ ခင်ဗျားတို့ အားလုံးဟာ ကျွန်ုပ်တို့ရဲ့ သူရဲကောင်းတွေဖြစ်ကြောင်း” အမေရိကန်တပ်ဖွဲ့ဝင်တွေ ကို ပြောကြားခဲ့ပါတယ်။

တပ်ဖွဲ့ဝင်တွေနဲ့အတူ နေ့လည်စာ စားပြီးတဲ့နောက် ပြောကြားတဲ့ မိန့်ခွန်းအတွင်း - နေတိုး မဟာမိတ်တပ်ဖွဲ့ကို သူ့အနေနဲ့ အလေးအနက် ထောက်ခံကြောင်း သမ္မတ Trump က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နေတိုး အဖွဲ့ဝင် တိုင်းပြည်အသီးသီးက သူတို့ထဲ့ဝင်ရမယ့် ဘဏ္ဍာငွေကို အပြည့်အ၀ ထည့်သွင်းကြဖို့ လိုကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့အကြောင်းလည်း သမ္မတ Trump က ထည့်သွင်း ပြောကြားသွားတာမှာ ဒီအဖွဲ့ဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ စစ်ပွဲကို ဆင်နွဲနေတဲ့အဖွဲ့ဖြစ်တယ်လို့ ပြောပါတယ်။

ဒီခရီးစဉ်အတွင်း Centcom တာဝန်ရှိသူတွေက သမ္မတ Trump ကို သူတို့ လုပ်ငန်းစဉ်တွေအကြောင်း ရှင်းလင်း တင်ပြကြမှာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧

မြန်မာရွှေ့ပြောင်းလုပ်သား၂၈ ဦး နစ်နာကြေး ထိုင်းဘတ် ၁သိန်းခွဲနီးပါး ရရှိ

$
0
0


ဘန်ကောက်မြို့ က စားသောက်ဆိုင်တခု
ထိုင်းနိင်ငံ၊ ဘန်ကောက်မြို့အနီး နွံထဘူရီခရိုင်ထဲက စားသောက်ဆိုင် တဆိုင်မှာ အလုပ်လုပ်နေတဲ့ ကရင်လူမျိုးရွှေ့ပြောင်း အလုပ်သမား ၂၈ဦး ကို တနှစ်နီးပါး ကြာ အလုပ်ရှင်က လုပ်အားခ မပေးတဲ့အတွက် ထိုင်းအလုပ်သမားကာကွယ်ရေး စောင့်ရှောက်ရေးရုံးကို တိုင်ကြားခဲ့ရာကနေ အလုပ်ရှင်က ရက်ပေါင်း ၆၀ အတွင်း လုပ်အားခ နစ်နာကြေးပေးဖို့ သဘောတူခဲ့ပြီး လောလောဆယ်မှာတော့ ဘတ်ငွေ တသိန်း ၄သောင်း ပေးခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ၊ နွံဘူရီခရီုင်ထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ကရင်လူမျိုး ၂၈ဦးဟာ နွံထဘူရီခရိုင်ထဲက စားသောက်ဆိုင်မှာ အလုပ်လုပ်ကိုင်နေတာဟာ တနှစ်နီးပါးရှိပြီဖြစ်ပါတယ်။ သူတို့ကို အလုပ်ရှင်က တနေ့ ကို ဘတ်ငွေ ၂၀၀ပေးမယ်ဆိုပြီး အလုပ်ခန့်ခဲ့ပေမဲ့ တနှစ်နီးပါးကြာတဲ့အထိ လုပ်အားခမရတာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အလုပ်သမားရေးကူညီစောင့်ရှောက်ရေးAAC မဟာမိတ်အဖွဲ့ကို တိုင်ကြားခဲ့တာပါ။

ဖေဖေါ်ဝါ၇ီလ ၆ရက်နေ့ မှာတော့ အလုပ်သမားတွေနဲ့ အတူ ထိုင်းအလုပ်သမား ကာကွယ်ရေးရုံးကိုသွားရောက်ပြီး အလုပ်ရှင်အလုပ်သမား ပြဿနာကိုဖြေရှင်းပေးဖို့ တောင်းဆိုပေးခဲ့ရာမှာ အလုပ်ရှင်ဘက်က အလုပ်သမားတွေကို ပေးရမယ့် လုပ်အားခတွေအားလုံး စုစုပေါင်း ဘတ်ငွေ ၁၁သိန်းထဲကနေ လောလောဆယ်ဘတ်ငွေ တသိန်း ၄သောင်း စတင်ပေးခဲ့တာဖြစ်တဲ့အကြောင်း အေအေစီအဖွဲရဲ့ ဒါရိုက်တာဦးခိုင်ကြီးက ပြောပြပါတယ်။

“ကျနော်တို့လည်း ညှိနှိုင်းရင်းနဲ့ အဲဒီပိုက်ဆံ ၁၁ သိန်းကို ရက် ၆၀ အတွင်းကို ပြေလည်အောင်ပေးပါ့မယ် ဒီနေ့မှာတော့ အလုပ်သမားတွေရဲ့ အခန်းခ၊ မီးခ၊ ရေခ တွေအနေနဲ့ ဘက် ၁ သိန်း ၄ သောင်း ကို လက်ငင်းထုတ်ပေးတယ်။ အဲဒီအလုပ်သမားတွေ အများစုက အသက်အရွယ်မပြည့်သေးတာ ၃ ယောက်ပါတယ်၊ ဘက် မရှိတဲ့လူက ၇ ယောက်ပါတယ်၊ အပန်းရောင် ကတ်တွေ၊ နေထိုင်ခွင့်လက်မှတ်ရှိတယ်၊ ပတ်စပို့ရှိတယ်၊ ဒါပေမယ့် လုပ်ငန်းအနေနဲ့ မမှန်မကန် နေတဲ့လူတွေက ကျန်တဲ့လူတွေပေါ့ သူတို့ အားလုံးက ၂၈ ယောက်ပေါ့။”

ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ မြန်မာသံရုံးဘက်က တော့ အလုပ်သမားတွေကို လတ်တလောဖမ်းဆီးတာမျိုးတွေ မဖြစ်ပေါ်စေရေးအတွက် အကာကွယ်ပေးထားတဲ့ စာရွက်စာတမ်းများ ထုတ်ပေးထားတယ် လို့လည်း ဆိုပါတယ်။

“သံရုံးကတော့ ဒီကိစ္စမှာ ကျနော်တို့က သံအရာရှိ ကို သတင်းပို့တယ် သူတို့ကတော့ ဘာလုပ်ပေးသလဲဆိုတော့ ဒီကလေးတွေကို တရားမျှမျှတတ လုပ်ပေးပါဆိုပြီးတော့ စာရွက်စာတမ်းတွေ ထုတ်ပေးတယ်။”

ဒီလိုပြဿနာတွေဟာ အများအပြားရှိနေပြီး ပြောင်းလဲနေပြီဆိုတဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့် အလမ်းတွေ မဖန်တီးပေးနိုင်သေးတဲ့အတွက် မြန်မာနိုင်ငံသားတွေဟာ လာရောက် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်တယ်လို့လည်း ဦးခိုင်ကြီးက ဆိုပါတယ်။

“အဲဒါ နိုင်ငံတော်နဲ့ ဆိုင်တယ်ဗျ၊ နိုင်ငံတော်က အလုပ်အကိုင်အခွင့် အလမ်းတွေမရှိရင် ထိုင်းမှာ ဒီမတရားမှုဆိုတာက အလုပ်ရှင်ကြောင့်ဖြစ်နေတာ မဟုတ်ဘူး ကျနော်သုံးသပ်တယ်၊ ကျနော်တို့နိုင်ငံ အားနည်းချက်ကြောင့် ဖြစ်နေတယ်လို့ ကျနော်မြင်တာခင်ဗျ ၊ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မကောင်းရင် ၊ Factory တွေမှာ အလုပ်လုပ်လို့ အဆင်မပြေဘူးဆိုရင် လွယ်ကူတဲ့လမ်း အောက်လမ်းနဲ့ တက်တယ်၊ အလုပ်ရှာတယ်၊ အဲဒီအချိန်မှာ အဲဒီ အားနည်းချက်ကို လုပ်ငန်းရှင်က မတရားလုပ်တာပဲ။”

ထိုင်းနိုင်ငံမှာမြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းထက် မနည်းရှိတယ်လို့ နှစ်နိုင်ငံအစိုးရတွေက ခန်းမှန်းထားပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကတော့ ၄သန်းလောက်ထိ ရှိနေတယ်လို့ ပြောဆိုနေတာပါ ။ လောလောဆယ် နှစ်နိုင်ငံသဘောတူညီမူ MOU နဲ့လာပြီး နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေ အပြင် ထိုင်းနိုင်ငံမှာ တ၇ားဝင်အထောက်အထား လက်မှတ်လုပ်ထားတဲ့မြန်မာရွှေ့ပြောင်းလုပ်သမား သိန်းဂဏန်းလောက်ပဲရှိတာကြောင့် တရားမ၀င်နေထိုင်အလုပ်လုပ်ကိုင်မူတွေနဲ့ ဖမ်းဆီးခံနေရတဲ့မြန်မာအလုပ်သမားတွေနဲ့ လုပ်အားခ ခေါင်းပုံဖြတ်ခံရမူတွေကို ကြုံနေရတဲ့မြန်မာအလုပ်သမားတွေ ဟာ နေစဉ် ရာနဲ့ချီရှိနေပါတယ်။

 မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
↧
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>