Quantcast
Channel: dawnmanhon
Viewing all 32865 articles
Browse latest View live

လွှတ်တော် ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေချိန် သတင်းမေးမြန်းရန် ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ပေးထားခြင်းမရှိ

$
0
0

ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေချိန် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို တိုးတိုးတိတ်တိတ်ဖြစ်စေ၊ ပေါ်ပေါ်တင်တင်ဖြစ်စေ နောက်မှလိုက်လံစုံစမ်း သတင်းမေးမြန်းရယူရန် တာဝန်ပေးထားခြင်း၊ ဆောင်ရွက်စေခြင်းများ မရှိကြောင်း ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖေဖော်ဝါရီ ၁၀ ရက်တွင်ပြောသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အင်းစိန် မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး က လွှတ်တော် ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင် နေချိန်တွင် လိုက်လံစုံစမ်း၊ မေးမြန်း သတင်းရယူနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို မည်သည့် တာဝန်ရှိပုဂ္ဂိုလ် အဖွဲ့အစည်းများမှ တာဝန်ပေးထားခြင်း ရှိ/မရှိ သိလိုခြင်း မေးမြန်းခဲ့မှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)တွင် နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တာဝန်များနှင့် စပ်လျဉ်း၍ ပုဒ်မ ၃၄၅ မှ ၃၉၀ အထိ ဖော်ပြထားရာ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေးများ ရှိကြောင်း ဖော်ပြပါရှိသည်။ ထိုအခွင့်အရေးများကို ဆောင်ရွက်ရာတွင် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ လုံခြုံမှုရှိရေးနှင့် လူမှုပတ်ဝန်းကျင်၏ လုံခြုံမှုရှိရေးသည် အဓိကကျပြီး လုံခြုံမှုရှိမှသာလျှင် မိမိတို့ ဆောင် ရွက်လို သည့် ကိစ္စများကို အနှောင့်အယှက် ကင်းစွာဖြင့် ချောချောမွေ့မွေ့ ဆောင် ရွက်နိုင်မည် ဖြစ်သည်ဟုလည်း ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ထည့်သွင်းပြောဆိုခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/

မဲပေးခွင့်ရှိသူစာရင်းတွေ ကြည့်ရှုစစ်ဆေးသူ နည်းနေကြောင်း ရွေးကောက် ပွဲကော်မရှင် ထုတ်ပြန်

$
0
0


မွန်ပြည်နယ်အတွင်း မဲစာရင်းကြည့်နေသူတစ်ဦးကို ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။Photo: Kyaw Lwin Oo/RFA
လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ နေရာအတွက် ထုတ်ပြန်ကြေညာထားတဲ့ အခြေခံမဲပေးခွင့်ရှိသူ စာရင်းတွေကို တစ်ပတ်အတွင်း လာရောက်ကြည့်ရှုစစ်ဆေးသူ ၆ ရာခိုင်နှုန်းသာရှိတာကြောင့် ကြည့်ရှုသူနည်းနေတာကြောင့် တစ်အိမ်တစ်ယောက်နှုန်း အနည်းဆုံးလာကြည့်ကြဖို့ မေတ္တာရပ်ခံကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခြေခံမဲပေးခွင့်ရှိသူစာရင်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ၁၄ ရက်နေ့အထိ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်မြေတွေမှာ အသိပေးကြေညာတာ ဖြစ် ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာလည်း အခြေခံမဲစာရင်းလာရောက် ကြည့်ရှုသူအားနည်းပြီး ရှမ်းတိုင်းရင်းသားအများ စုနေထိုင်တဲ့ ကျေးရွာတွေမှာဆိုရင် မြန်မာစာမတတ်တဲ့အတွက် မဲစာရင်းကြည့်ရှုပြီး မှားနေတာတွေ ပြင်ဆင်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ စိုင်းကျော်ညွန့်က ပြောပါတယ်။

"တကယ်လည်း ဟုတ်တယ်။ မဲစာရင်းလာကြည့်တဲ့သူက နည်းတယ်။ နောက်ပြီးတော့ အခက်အခဲရှိတာက ကျနော်တို့ ရှမ်းရွာတွေဆိုရင် ဗမာစာမတက်ကြဘူးဗျ။ အဲတော့ ဒီရပ်ကွက်ထဲ ကျေးရွာထဲမှာ နားလည်တဲ့ သူက မဲစာရင်းလိုက်တိုက်တဲ့ ပုံစံမျိုးလောက်ထိကို လုပ်နိုင်မှပဲ အတိအကျရမယ်လို့တော့ မြင်တယ်လေ။ ဒီလောက်ထိ လုပ်ဖို့ကျတော့လည်း လူအင်အားအရမ်းလိုတော့ ကျနော်တို့တော့ အတက်နိုင်ဆုံးလုပ်တော့ လုပ်နေတယ်ပေါ့လေ။"

အဲဒီလို ကြေညာပေးထားရာမှာ အခုလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူဟာ မဲဆန္ဒရှင်အရေအတွက် စုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းခန့်သာရှိတယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မဲပေးခွင့်ရှိသူစာရင်းမှာ အမည်မပါတာကြောင့် ထည့်သွင်းပေးဖို့ တင်ပြသူ ၂ ဒသမ ၇ ရာခိုင်နှုန်း၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေတာကြောင့် ပယ်ဖျက်ပေးဖို့ တင်ပြသူ ၀ ဒသမ ၅ ရာခိုင်နှုန်း၊ မဲစာရင်းအချက် အလက်တွေ မှားနေတာကြောင့် ပြင်ဆင်ပေးဖို့တင်ပြသူ ၁ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့လည်း ပါရှိပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် ၊ ပဲခူးတိုင်းနဲ့ ကယားပြည်နယ်တွေက လစ်လပ်မဲဆန္ဒနယ် ၁၉ ခုမှာ ကျင်းပမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၂ သန်း ရှိတယ် လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့ သို့ ရောက်ရှိ

$
0
0

တောင်ကြီး ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပမည့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ငြိမ်းချမ်းရေး စကားဝိုင်းတို့သို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်မှ ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိသည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံး ဆိုင်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဟဲဟိုးလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက် တာဖေမြင့်၊ ဒေါက်တာ ၀င်းမြတ်အေး၊ ငြိမ်းချမ်း ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဒုတိယ၀န်ကြီးများနှင့် အတူ ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ကျင်းပ မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ဆက်လက် တက်ရောက် မည်ဖြစ်သည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

အခွန်ရှောင်သူတွေကို သတ်ပစ်မယ်လို့ ဒူတာတီ ခြိမ်းခြောက်

$
0
0

ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတီက အစိုးရကို အခွန်မှန်မှန်မပေးဆောင်တဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို တနင်္လာနေ့က ကျောချမ်းစရာသတင်းစကားပါးလိုက်ပါတယ်။

“ခွေးမသားတွေ၊ အခွန်ပေးကြလေ။ မပေးရင် မင်းတို့ကို သတ်ပစ်မယ်” လို့ ဒူတာတီက ပြောခဲ့ပါတယ်။

Malacañang ရှိ သမ္မတလုံခြုံရေးအဖွဲ့ ခြံဝင်းအတွင်း Hardin ng Lunas ပွဲတော်မှာ ဒူတာတီက အခွန်ရှောင်မှုနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။

” အစိုးရလုပ်ငန်းတွေလည်ပတ်နိုင်ဖို့ အခွန်ငွေတွေလိုအပ်နေတဲ့အတွက် ခင်ဗျားတို့ပေးရမယ့် အခွန်တွေ မှန်မှန် ပေးကြပါ”လို့ သူကဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဒူတာတီဟာ နိုင်ငံရဲ့အကြွယ်ဝဆုံးထဲပါဝင်တဲ့ လုပ်ငန်းရှင်တွေဖြစ်တဲ့ မန်နျူယယ်ဗီပန်ဂီလီနန် ၊ လန့်စ်ဂိုကောင်ဝေ တို့နဲ့ ဖိလစ်ပိုင်အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာ တွေ့ဆုံခဲ့ပါတယ်။ စီးပွားရေးခေါင်းဆောင်တွေအနေနဲ့ သူ့ သမ္မတသက်တမ်း ၆နှစ်အတွင်း လာဘ်ပေးလာဘ်ယူမှုမရှိအောင် နေပေးရမယ်လို့ သူ့ရဲ့မိန့်ခွန်းထဲမှာ ဒူတာတီက ပြောကြားခဲ့ပါတယ်။

ပြည်သူလူထုဆီက ခြိမ်းခြောက်ငွေညှစ်မယ့် အကျင့်ပျက်အစိုးရအရာရှိတွေကို ‘ပါးရိုက်၊ ကျိန်ဆဲပစ်’ လို့ ဒူတာတီ က ပြည်သူတွေကို တိုက်တွန်းခဲ့ပြီး သူ့အနေနဲ့ အစိုးရစီမံကိန်းမှန်သမျှကို ဘယ်တော့မှ ပါဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။ “ ပေးဆောင်ရမယ့်ဟာကိုတော့ တိတိကျကျ၊ မှန်မှန်ကန်ကန် အချိန်မှန်ပေးဆောင်နေသရွေ့ အသုံးစရိတ်က ခင်ဗျားတို့အတွက်ပဲဖြစ်လိမ့်မယ်” လို့ သူကပြောပါတယ်။

ဒါပေမယ့် ဒူတာတီက အခွန်ကိစ္စပြုပြင်ပြောင်းလဲရေးကို မဆွေးနွေးဘဲ သူ့ရဲ့မူးယစ်တိုက်ဖျက်ရေးစစ်ပွဲအကြောင်း၊ အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုတွေအကြောင်းနဲ့ သူ့ရဲ့ဝန်ကြီးအဖွဲ့ဝင်တချို့နဲ့ ပုဂ္ဂိုလ်ရေးခင်မင်မှုတွေ အကြောင်းကိုသာ ပြောကြားခဲ့ပါတယ်။

ပြည်တွင်းအကောက်ခွန်ဌာ(BIR) ရဲ့ အခွန်ရေးရာလှုပ်ရှားမှုပွဲမှာ ပရိသတ်ကိုဘာပြောလိုက်ရမလဲလို့ ဘဏ္ဍာရေး ဝန်ကြီး ကားလို့စ်ဒိုမင်ဂွက်ဇ် (၃) ကို သမ္မတက အရွှန်းဖောက်မေးမြန်းခဲ့ပါတယ်။ ” သားရေ သူတို့ကိုဘာပြောလိုက်ရမလဲ။

မင်းတို့ေ-ွးမသားတွေ အခွန်ဆောင်ရင်ဆောင် မဆောင်ရင် သတ်ပစ်မယ်လို့ ပြောလိုက်ရမလား” လို့ သူက ပြောခဲ့တာကြောင့် ပရိသတ်တွေ ပွဲကျခဲ့ပါတယ်။ ” စကားအဖြစ်ပြောတာပါ။ မယုံပါနဲ့။ ခင်ဗျားတို့က ရာဇဝတ်သားတွေမဟုတ်ပါဘူး” လို့ ဒူတာတီက ပြန်ပြောခဲ့ ပါတယ်။

YSD

===========

SearchMyanmar

ပင်လုံပြည်ထောင်စုပွဲမှသည်

$
0
0

ပင်လုံမြို့မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနား မြင်ကွင်း (ဓါတ်ပုံ- မိုးဇော်/ ထက်အောင်ခန့်)
ပင်လုံမြို့မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနား မြင်ကွင်း (ဓါတ်ပုံ- မိုးဇော်/ ထက်အောင်ခန့်)
ဒီနှစ် ပင်လုံမြို့မှာကျင်းပမယ့်နှစ် ၇၀ ပြည့် ပြည်ထောင်စုပွဲကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖို့ရှိသလို ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုး ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုးသားချင်းတွေလည်း ဖိတ်ကြားထား ပါတယ်။ ရောက်ရှိနေကြတဲ့ တိုင်းရင်းသားခေါင်းဆောင် ကြီးတွေရဲ့ဆွေမျိုးတွေဟာ အခမ်း အနားကို တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူ ၀မ်းမြောက် ကြောင်း ပြောဆိုကြပြီး တဆက်တည်းမှာပဲ ပင်လုံကတိက၀တ်တွေ အကောင်အထည်ဖော်ရေးကိုလည်း မျှော် လင့်စောင့်စား နေကြောင်းပြော ကြပါတယ်။ ပင်လုံမြို့မှာရောက်ရှိ သတင်းယူနေတဲ့ ဗီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ဒီအကြောင်းသတင်း ပို့ထားပါတယ်။

ဟုတ်ကဲ့ပါ။ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရယူရာမှာ တောင်တန်းဒေသ နဲ့ မြေပြန့်ဒေသ ပူးပေါင်းရယူဖို့ သဘောတူခဲ့ကြတဲ့ ပင်လုံ စာချုပ် ချုပ်ဆိုတာက ခုဆိုရင် နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပင်လုံစာချုပ် ချုပ်ဆိုတဲ့နေ့ကို အထိမ်း အမှတ်ပြု သတ်မှတ်တဲ့ ပြည်ထောင်စုနေ့ နှစ် ၇၀ပြည့် အခမ်းအနားကို သမိုင်းဝင် ပင်လုံမြို့မှာ မနက်ဖြန် ကျင်းပမှာဖြစ်သလို ဒီအခမ်းအနားကိုလည်း စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုးသားချင်းတွေကို အလေးအမြတ်ထား ဖိတ်ကြားထားပါတယ်။

ဒါဟာ ပထမဆုံး ဖိတ်ကြားတာဖြစ်ပြီး ဒီလို ဖိတ်ကြားတဲ့အပေါ် မြန်မာပြည်ရဲ့ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်ရဲ့ သမီး စ၀်ဟေမာသိုက်က ခုလို ပြော ပါတယ်။

“ အန်တီအနေနဲ့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀မှာ အဖေတို့ချုပ်ခဲ့တဲ့ စာချုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ မြောသွားတာပေါ့။ ဒီ တောင်တန်းအတွက် အခွင့်အရေးတွေ ဘာတခုမှ မရခဲ့ဘူးပေါ့။ မရခဲ့တော့ အန်တီတို့ အနေနဲ့ကတော့ ဒီအတိုင်းပဲ ဒီနှစ်ပေါင်း ၇၀ နေလာ ခဲ့တယ်။ အခုကျတော့ အတိုင်ပင်ခံပုဂ္ဂိုလ်က သူက သံယောဇဉ်ကြီးတာပေါ့ သူ့အဖေနဲ့ သူသံယောဇဉ်ရှိတော့ သံယောဇဉ်ကြီးတော့ - သူ့အဖေနဲ့အတူ စာချုပ်ချုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုလည်း သူသံယောဇဉ်ကြီးတော့ အန်တီတို့ကို ဖိတ်တာပေါ့နော်။ သူတွေ့ လည်း တွေ့ချင်တယ်လို့ ဖိတ်တော့ အန်တီကတော့ အတိုင်းမသိ ဝမ်းသာပါတယ် ”

ပြည်ထောင်စုကြီး ခိုင်မာဖို့အတွက်ဆိုရင် ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ပြီး ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေ အကောင်အထည်ဖော်နိုင် ငြိမ်းချမ်းရေး ရရှိမယ်လို့လည်း စ၀်ဟေမာသိုက်က မျှော်လင့်ထားပါတယ်။

“ တိုင်းရင်းသားတွေက သူတို့ကနော် - တိုင်းရင်းသား သူတို့အပေါ်မှာ အခွင့်အရေးတွေ ပိတ်ပင်နေတဲ့ အတွက်ကြောင့်မို့ ဒါမကြေနပ်လို့ ဖြစ်ကြတဲ့ ကိစ္စပဲ။ သူတို့ ငြိမ်းချမ်းရေး ရသွားရင်တော့ ပြည်ထောင်စုကြီးက ပိုခိုင်မာသွားမယ် အန်တီထင်တယ်။ ပင်လုံစာချုပ် မှာပါတဲ့ အချက်လက်တွေအတိုင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ဆောင်ရွက်ပေး ရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ပြည်ထောင်စုလို့ ပါးစပ် ကသာပြောတယ် တကယ့် ပြည်ထောင်စု မဟုတ်သေးဘူး ”

ပင်လုံစာချုပ် ချုပ်ဆိုရာမှာ ချင်းအမျိုးသားကိုယ်စားလှယ်ဦးထောင်ဇာခုပ်ရဲ့သား နန်ကျင်ပေါင်က သူ့ဖခင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိ စကားတွေအရ မြန်မာပြည် နဲ့ပူးပေါင်းရင် ချင်းပြည်နယ်ဟာ တိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ကြောင်း ပြောပါတယ်။ လက်ရှိ ချင်းပြည်နယ်ရဲ့ အခြေအနေနဲ့ သူ့အမြင်ကို အခုလို ဆက်ပြောပါတယ်။

“ အိန္ဒယဖက်ခြမ်းမှာနေတဲ့ ချင်းအမျိုးသားတွေက အရမ်းကိုတိုးတက်ပါတယ်။ ကျနော် တို့ဘက်ကျတော့ ပြည်နယ်ထဲမှာလည်း အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေတယ်။ လုပ်ကိုင် စားသောက်ဖို့ကလည်း ဘာမှမဖြစ်ထွန်းဘူး၊ အဲဒါကြောင့် နယ်တကာကို ရောက်တယ်။ တချို့ဆိုရင် နိုင်ငံခြားကို ရောက်ကြတယ်။ ကျနော့်အနေနဲ့ကတော့ ကျနော်တို့ ဗိုလ်ချုပ်တို့ ကြားမှာပြောခဲ့တဲ့ ဖယ်ဒရယ်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်နိုင်မှပဲ အကုန်လုံး တန်းတူညီမျှ တိုးတက်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ကျနော်တို့ ချင်းတောင်ဒေ သပေါ့နော်၊ အခုဟာက ကျနော်တို့ဆီမှာ ဘာမှ တိုးတက်မှု မရှိသေးဘူး ”

ပင်လုံစာချုပ်ချုပ်ဆိုရာမှာ ကချင်ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့တဲ့ ဒူဝါးဇော်ရစ်ရဲ့ ဇနီး ဒေါ်အယ်လ်ဂျာတောင်ကတော့ လွတ်လပ်ရေး ရပြီးနောက်မှာ ပင်လုံစာချုပ်အတိုင်း အကောင်အထည်ဖော်မယ်လို့ မျှော်လင့်ခဲ့ကြောင်း အခုလို ပြောပါတယ်။

“ ကျမတို့ ဒီပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီးတဲ့နောက်၊ ကျမတို့ ကြားရတာပေါ့နော် .. ဆက်လက်ပြီးတော့မှ မေမြို့ inquiry ထဲမှာလဲပါတယ် နောက်တခါ တိုင်းပြည်ပြုလွှတ်ေ တ်ာမှာလည်း ပါတယ်တဲ့ .. ဆိုတဲ့အခါကျတော့ ဒီပင်လုံစာချုပ်မှာ ပါတဲ့အတိုင်း သူတို့ မှတ် ထားတယ် နောက်တခါ တိုင်းပြည်ပြုလွှတ်တော်မှာလည်းပဲ သူက ဗိုလ်ချုပ်ရဲ့ လမ်းညွှန် ၇-ချက်ရှိတယ်လေ အဲဒီထဲမှာ ၃ နဲ့ ၄ကို သူက အဓိကထား ပါတယ်။ ၃ ကဆိုလို့ရှိရင် လူမျိုးစုံပေါ့နော်၊ လူမျိုးစုံ ကျမတို့ဟာ လူမှုရေး နိုင်ငံရေး ပညာရေး စသည်ဖြင့် အားလုံးဟာ တန်းတူညီမျှ ရရှိစေရ မယ် .. လုံခြုံစေမယ်လို့ ပြောထားပါတယ်။ ၅ မှာကျတော့ အဲ သည်လိုပြော ထားတဲ့ အတွက်ကြောင့်မို့ ကျမတို့ လူမျိုးစုအဖွဲ့တွေဟာ ဆိုလို့ ရှိရင်ပေါ့လေ ၊ တောင်ပေါ်သားတွေဟာ - အော် ကျမတို့အတွက်တော့ ခိုင်လုံသွားပြီလို့ ယုံကြည်မှု ရှိခဲ့ကြပါတယ်။ အဲဒီတော့ ကျမတို့တွေကလည်း ဒါကို မျှော်လင့်နေတာပေါ့လေ ”

ဒီမျှော်လင့်ချက်တွေကို အခုချိန်ထိ စောင့်စားနေဆဲဖြစ်တယ်လို့လည်း ဒေါ်အယ်လယ်လ် ဂျာတောင်က ဆက်ပြောပါတယ်။

“လွတ်လပ်ရေးရပြီးနောက်မှာ ဒါတွေအားလုံးကို အကောင်အထည်ဖေါ်မယ်လို့ ပြောထား တဲ့ အတွက် အဲဒါကို ကျမတို့စောင့်နေတဲ့အခါ ကျတော့ အဲဒီအချိန်အတွင်း မြန်မာပြည် ကြီးမှာ သူပုန်တွေအများကြီး ထခဲ့တယ်လေ။ အဲလိုသူပုန်တွေကလည်းများ၊ တခါ တရုတ်တွေကလည်း ဝင်လာတယ် ဆိုတဲ့အခါကျတော့ .. သူ မလုပ်နိုင်တဲ့အခါကျတော့ ကျမတို့ကိုလဲ.. ကဲ နေပါဦးပေါ့နော်။ ဆိုပြီးတော့မှ စောင့်စားခိုင်းပါတယ်။ ဒါနဲ့ပဲ ကျမ တို့လည်း စောင့် .. စောင့်နေရင်းနဲ့ နောက်ဆုံးတော့ဟို အိမ်စောင့်အစိုးရ လက်ထက် ရောက် သွားတာပေါ့ နော်။ အိမ်စောင့်အစိုးရ ကျတော့လည်းပဲ ကျမတို့ ကလည်းပဲ ရနိုး ရနိုးနဲ့ပဲစောင့်နေတာ အဲဒီကနေပြီးတော့ နောက်တော့တခါ ဆိုရှယ်လစ် တည်ဆောက်မယ် ဆိုပြီးတော့ .. ကဲဒါဆိုလည်း ကျမတို့အတွက်လည်း ပါမှာပဲဆို ပြီးတော့မှ စောင့်နေကြတာ ဒါပေမယ့် .. နောက်ဆုံးကျ ကျမတို့ ဒီမိုကရေစီနိုင်ငံသာ ဖြစ် သွားပါတယ် ၊ ကျမတို့ရပိုင်ခွင့် အခွင့်အရေးက တခုမှ မရသေးတဲ့အတွက်ကြောင့်မို့ ဒီနေ့ ထိ စောင့်မျှော် ပါတယ်။ ဒါပေမယ့် စိတ်တော့မကုန်သေးဘူး။ တနေ့သောအခါကျရင် ဒါဟာ ပြန်လည်ပြီးတော့မှ အကောင်အထည်ဖေါ်မှာပဲ ဆိုပြီးမှ ကျမတို့က မျှော်လင့်ပါတယ် ”

တခြားတက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုး သားချင်းတွေ ကလည်း နှစ် ၇၀ပြည့် ပြည်ထောင်စုအခမ်းအနားကို ဖိတ်ကြားလို့ ၀မ်းမြောက်ေ ကြာင်း ပြောဆိုကြသလိုအခုလို ပြည်ထောင်စုနေ့ကို တခမ်းတနား ပြန်လည်ကျင်းပ လာတဲ့နောက်မှာ ပင်လုံ စာချုပ်ကို အကောင်အထည် ဖော်ဆောင်ဖို့ကိုလည်း မျှော် လင့်ကြောင်း ပြောဆိုကြပါတယ်။

ပြည်ထောင်စုနေ့အခမ်းနားကို ပင်လုံစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်၂၃ ဦးအနက်မှာ ဒူးဝါးအမ်ခွန်ဖုန်းရဲ့ ဆွေမျိုးသားချင်းတွေ ကလွဲလို့ ကျန်မိသားစုဝင်တွေ ပါဝင်တက်ရောက်ကြမှာ ဖြစ်ပါတယ်။
VOA Burmese News

ပြည်ထောင်စုပွဲတက်မယ့် ဒေါ်စု တောင်ကြီးကို ခရီးတထောက်ရောက်ရှိ

$
0
0
ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့သို့ ရောက်လာစဉ် (၁၁ ဖေဖေါ်ဝါရီ ၂၀၁၇)
ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့သို့ ရောက်လာစဉ် (၁၁ ဖေဖေါ်ဝါရီ ၂၀၁၇)

ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ကျင်းပမယ့် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးမြို့ကို ဒီကနေ့ ရောက်ရှိပါတယ်။

ဗြိတိသျှ ကိုလိုနီတို့လက်က မြန်မာနိုင်ငံ လွတ်လပ်ရေးရယူရာမှာ တောင်တန်းဒေသ နဲ့ မြေပြန့်ဒေသ ပူးပေါင်းရယူဖို့ သဘောတူခဲ့ကြတဲ့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ မနက် ဖြန် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဆိုရင် နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြသော ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေလည်း ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ကြမှာဖြစ်ပါတယ်။

စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေရဲ့ ဆွေမျိုး သားချင်းတွေကို အလေးအမြတ်ထား ဖိတ်ကြားတာ ဒါပထမဆုံး အကြိမ်လည်း ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေရဲ့ "ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်း" ကိုလည်း ကျင်းပမှာ ဖြစ်သလို ဒီအစီအစဉ်တွေကို ဖေဖော်ဝါရီလ(၁၂) ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ်က စတင်ပြီး MRTV ရုပ်သံလိုင်း နှင့် Myanmar State Counsellor Office ဖေ့စ်ဘုတ် လူမှုကွန်ယက်ကနေ တိုက်ရိုက် ထုတ်လွှင့်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီစကားဝိုင်းကို ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံ တက်ရောက်ချိန် အားလပ်တဲ့အခါ သွားရောက် စာဖတ်ခဲ့တဲ့ ညောင်ပင်ကြီး တပင်ရဲ့အောက်မှာ ကျင်းပသွားမှာ ဖြစ်ပါသည်။
VOA Burmese News

ဂျကာတာ မှာ မွတ်ဆလင် မြို့ဝန် လောင်းကိုပဲ ရွေးဖို့ ဆန္ဒ ပြ

$
0
0

မစ္စတာ ပူနားမားကို မွတ်ဆလင် အစွန်းရောက်တွေက ဖြုတ်ချဖို့ ကြိုးစားနေတာ ဖြစ်ပြီး အင်ဒိုနီးရှားမှာ ဘာသာမတူသူ သည်းမခံမှုတွေ မြင့်တက်လာတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေ
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတော့မယ့် ဂျာကာတာ မြို့တော်ဝန် ရွေးကောက်ပွဲမှာ မွတ်ဆလင် ကိုယ်စားလှယ်လောင်းကိုပဲ မဲပေးကြဖို့ လူသောင်းချီ ဆန္ဒပြမှုတွေ ရှိနေပါတယ်။

လက်ရှိ မြို့တော်ဝန် မစ္စတာ ဘဆူကီ ပူနားမားဟာ တရုတ် ခရစ်ယာန် တယောက်ဖြစ်ပြီး လောလောဆယ် အစ္စလာမ်ဘာသာရဲ့ ကိုရမ်ကျမ်းစာကို စော်ကားမှုနဲ့ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သူဟာ အခုလို အမှုရင်ဆိုင်နေရပေမယ့် ဒီရွေးကောက်ပွဲကို ဝင်ပြိုင်မှာ ဖြစ်ပြီး အနိုင်ရဖို့လည်း မျှော်မှန်းနေတာ ဖြစ်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် မြို့ဝန် ရွေးကောက်ပွဲမှာ မစ္စတာ ပူနားမားဟာ မူဆလင် ကိုယ်စားလှယ်လောင်း ၂ ယောက်နဲ့ ပြိုင်ရမှာ ဖြစ်ပါတယ်။

မစ္စတာ ပူနားမားကို မွတ်ဆလင် အစွန်းရောက်တွေက ဖြုတ်ချဖို့ ကြိုးစားနေတာ ဖြစ်ပြီး အင်ဒိုနီးရှားမှာ ဘာသာမတူသူ သည်းမခံမှုတွေ မြင့်တက်လာတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။

ပုံမှန် အားဖြင့် အင်ဒိုနီးရှားက မွတ်ဆလင်အများစုဟာ ဘာသာရေး အစွန်းမရောက်ကြပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကလည်း မစ္စတာ ပူနားမားကို ဘာသာရေးအရ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို တန်ပြန်တဲ့ လူထု စုဝေးပွဲတွေမှာလည်း လူတွေ သောင်းချီ တက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

လက်ပံတောင်းစီမံကိန်း ဘေးထွက်ဆိုးကျိုး စုံစမ်းစစ်ဆေးဖို့ တောင်းဆို

$
0
0


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စွန့်ပစ်ပစ္စည်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးနေရ။ (မေ ၂၀၊ ၂၀၁၄)
လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အခုထိ ဆက်လက်ရှိနေဆဲဖြစ်လို့ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ကြေးနီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေရဲ့လူနေမှုဘဝတွေ ထိခိုက်ရတာအပါအဝင် သဘာဝပတ်ဝန်းကျင် ပျက်စီးရတာတွေအတွက် အစိုးရသစ်အနေနဲ့ ပညာရှင်တွေအားလုံးပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းပြီး စနစ်တကျစုံစမ်းသင့်တယ်လို့ လက်ပံတောင်းတောင်အရေးကူညီဆောင်ရွက်ပေးခဲ့တဲ့ လွှတ်တော်အမတ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက အကြံပြုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

AI (Amnesty International) လူ့အခွင့်အရေးအဖွဲ့ရဲ့ မနေ့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ "ဒုက္ခတောင်တန်း"လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် စီမံကိန်းဝန်းကျင်မှာ နေထိုင်တဲ့ ထောင်နဲ့ချီတဲ့ မိသားစုတွေဟာ ဒီစီမံကိန်း တိုးချဲ့မှုနဲ့အတူ အိုးအိမ်ရွှေ့ပြောင်းရတာ၊ လယ်ယာဆုံးရှုံးရတာတွေ ရှိနေသလို သူတို့နေထိုင်ရာနေရာမှာ သဘာဝဝန်းကျင် ပျက်စီးမှုတွေကြုံတွေ့နေရပြီး ဒီစီမံကိန်းကို ဆန့်ကျင် ကန့်ကွက် သူတွေကိုလည်း အာဏာပိုင်တွေဘက်က ဆက်ပြီး ဖိနှိပ်ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါကြောင့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးက မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီ စီးပွါးရေး ဒဏ်ခတ်မှု ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရသစ် တက်လာခဲ့တဲ့နောက်ပိုင်း နိုင်ငံရပ်ခြား ရင်းနှီးမြုပ်နှံမှုတွေ တိုးလာဖို့ လုပ်ဆောင်နေချိန်မှာ လက်ပံတောင်းလို စီမံကိန်းကြီးတွေဟာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ လုပ်နေပြီး တာဝန်ခံ တာဝန်ယူမှု မရှိဘူးလို့ AI အဖွဲ့ရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်တဲ့ လက်ပံတောင်းစီမံကိန်းစုံစမ်းရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူ စစ်ကိုင်းတိုင်းပုလဲမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကတော့ ကော်မရှင်ရဲ့  အကြံပြုချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့လိုသလို ဒေသခံပြည်သူတွေအကျိုးအတွက်လည်း ရှေးရှု့ဆောင်ရွက်စေချင်ပါတယ်လို့ ပြောပါတယ်။

“ကျမ ကော်မရှင်မှာ ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ရော ဒီလက်ပံတောင်းတောင် နဲ့ ပါတ်သတ်တဲ့ ကိစ္စတွေမှာ အားလုံးကို ဆောင်ရွက်ခဲ့တဲ့ ကျမ ပါဝင်တဲ့သူတယောက်အနေနဲ့ရော ပြောမယ်ဆိုရင်တော့ ကျမတို့ကော်မရှင်ရဲ့ အစီရင်ခံစာကို လေးစားလိုက်နာစေချင်တယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်းလည်း အကောင်အထည်ဖော်စေချင်တယ်။ ပြောချင်တာကတော့ ဒီဒေသမှာရှိတဲ့ ပြည်သူလူထုတွေအနေနဲ့ သူတို့တောင်းဆိုသည်ဖြစ်စေ မတောင်းဆိုသည်ဖြစ်စေ ဒီလက်ရှိသတ္တုတူးဖော်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီအနေနဲ့ ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ ဒီဒေသမှာ ရှိတဲ့ပြည်သူလူထုတွေအတွက်ကိုပေါ့နော် သူတို့ဘဝတွေ လူနေမှုဘဝတွေ ပိုမိုမြင့်မားရေး အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးပေါ့ ပြည်သူလူထုတွေ အားလုံးလည်း ကျေနပ်တဲ့အချက်အလက်တွေပေါ့ အားလုံးနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ပြန်ပြီးတော့ ဆန်းစစ်စေချင်ပါတယ်။”

မြန်မာနိုင်ငံအတွက် စီးပွါးရေး တိုးတက်ဖွံ့ဖြိုးမှု ရှိစေဖို့ လက်ပံတောင်းတောင် စီမံကိန်းလို့ စီမံကိန်းကြီးတွေ နဲ့ လုပ်ဆောင်ဖို့ လိုနေတာ ထင်ရှားပေမယ့် ဒီလိုတိုးတက်ဖို့ ဒေသခံတွေကို စတေးရတာမျိုးတော့ မဖြစ်သင့်သလို အစိုးရသစ်အနေနဲ့လည်း ဒေသတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ သဘာဝ ဝန်းကျင် ပျက်စီးမှုတွေနဲ့ ပါတ်သက်ပြီး စနစ်တကျ စုံစမ်းစစ်ဆေးပြီး ဖေါ်ထုတ်ဖို့လည်း AI က တိုက်တွန်းထားပါတယ်။ ဒီအပေါ်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားသူ စိမ်းလန်းအမိမြေအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်သူ ကလည်း ပညာရှင်တွေအပါအဝင် အားလုံးပါဝင်တဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေကို အမြန်ဆုံးလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

“လက်ပံတောင်းတောင်စီမံကိန်း ကော်မတီတခုကို သက်ဆိုင်သူတွေ အားလုံးပါဝင်ပြီး ဖွဲ့စည်းဖို့ လိုပါတယ်။ ရွာသားတွေရော အရပ်ဖက်အဖွဲ့အစည်းတွေပါ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့ဖို့လိုပါတယ်။ ပုံမှန်အစည်းအဝေးတွေ လုပ်ပြီးတော့ ညှိနှိုင်းဆောင်ရွက်မှသာလျှင် မတူကွဲပြားတာတွေကို တဖြေးဖြေးနဲ့ညှိနှိုင်းသွားလို့ရပါမယ်။ အဲ့ဒီ့ကော်မတီ မရှိတဲ့အတွက် ဒီလိုပြသနာတွေက ပိုပြီးတော့ ဖြစ်နေတာဖြစ်ပါတယ်။ အဲ့တာက နံပတ်တစ်အချက် လုပ်စေချင်ပါတယ်။ နံပတ်နှစ်ကတော့ ပတ်ဝန်းကျင်ရေးရာ စာရင်းစစ်ခြင်း လုပ်ဖို့လိုပါတယ်။ ဒီနှစ်ချက်ကို အဓိကထား လုပ်မယ်ဆိုရင်တော့ ဒီ့ထက်မက ပိုပွင့်လင်းမြင်သာပြီးတော့ ပိုပြီးတော့ လက်ခံနိုင်မယ့်အနေအထားများ ရှိမလား။ ဒါလည်း ကျနော်တို့ စဉ်းစားမိသလောက်လေး တင်ပြတာပါ။”

စစ်ကိုင်းတိုင်းတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်အစိုးရပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီက တူးဖေါ်နေတာဖြစ်ပြီး ၂၀၁၆ စက်တင်ဘာလမှာ ကြေးနီစတင် ထုတ်လုပ်ခဲ့တာပါ။ လက်ပံတောင်းကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ အခုလောလောဆယ်မှာတော့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ကိုယ်တိုင်ဦးဆောင်ပြီး ဒေသခံတွေနဲ့ ကုမ္ပဏီကြား တင်းမာနေဆဲ အခြေအနေတွေကို ဝင်ရောက်ဖြေရှင်းပေးနေတယ်လို့လည်း ဒေါ်ခင်စန်းလှိုင်ကပြောပြပါတယ်။

“ လောလောဆယ်တော့ တိုင်းဒေသကြီးအစိုးရက နေပြီးတော့မှ ဒီဒေသခံပြည်သူလူထုအတွက် လယ်ယာမြေလျော်ကြေးပေးဖို့ရာနဲ့ နောက် ရွာတွေ ရွှေ့ပြောင်းရတဲ့သူတွေ ရွှေ့ပြောင်းဖို့ရာကိစ္စတွေကို ဦးစားပေးပြီး ဆောင်ရွက်နေတယ်လို့ အန်တီတို့ သိရပါတယ်။

ကြေးနီသတ္တုတူးဖော်ရေးလုပ်ငန်းခွင်က စွန့်ပစ်ပစ္စည်းတွေကနေ ဒေသတွင်း သောက်သုံးရေတွေမှာ အာဆင်းနစ် အဆိပ်ဓာတ်တွေ ပါဝင်တာ၊ကြေးနီနဲ့ ခဲဓါတ်တွေ စိမ့်ဝင်မှုတွေနဲ့ သဘာဝ ဝန်းကျင် ပျက်စီးခဲ့ရသလို ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဆန့်ကျင် ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာ ၂၀၁၄ ခုနှစ်က ဆန္ဒပြကျေးရွာသူ ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးရတာတွေ အပါအဝင် ဖမ်းဆီး ခြိမ်းခြောက်မှုတွေ အခုထိ ရှိနေဆဲ ဖြစ်ကြောင်း AI ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါရှိပါတယ်။

 မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကန်ပြည်ဝင်ခွင့် ကန့်သတ်နိုင်ရေး Trump အစိုးရအဖွဲ့ နည်းပေါင်းစုံနဲ့ ကြိုးစားမည်

$
0
0

ဒုက္ခသည်တွေနဲ့ မူဆလင်အများစုနေထိုင်တဲ့ ၇ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်ပြည် ဝင်ခွင့် ယာယီပိတ်ပင်တဲ့ သမ္မတ Donad Trump ရဲ့ အမိန့်ကို ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် အယူခံတရားရုံးက ယာယီတားဆီးထားခဲ့တာကြောင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ သမ္မတ အမိန့်သစ်ရေးဆွဲဖို့ စဉ်းစားနေတယ်လို့ သမ္မတ Trump ကပြော ပါတယ်။

အစိုးရအဖွဲ့က ဒီကိစ္စကို လုပ်မယ်လို့ဆုံးဖြတ်ရင် တနင်္လာနေ့ ဒါမှမဟုတ် အင်္ဂါနေ့ အစောဆုံး ထားပြီး သမ္မတအမိန့်သစ် ထုတ်ပြန်နိုင်မယ်လို့ သမ္မတရဲ့ အထူးလေယာဉ် Air Force One ပေါ်မှာ မနေ့ သောကြာနေ့က သတင်းထောက်တွေ ကိုပြောပါတယ်။

သမ္မတအမိန့်သစ်ထုတ်ပြန်တာက အယူခံတရားရုံး တခုကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရေးကိစ္စ ဆန်ဖရန်စစ္စကို အခြေစိုက် တရားသူကြီး သုံးဦးပါ အမှတ်(၉) အယူခံ တရားရုံးက တညီတညွတ်ထဲ ပယ်ချလိုက်တာပါ။ ဒီဆုံးဖြတ်ချက်ကို တရားသူကြီး ၁၁ ဦးပါ စုံညီတရားခုံရုံးမှာ ပြန်ပြီး ကြားနာသင့် သလားဆိုပြီး နာမည်မဖော်လိုတဲ့ အယူခံ တရားရုံးက တရားသူကြီးတဦးက တောင်းဆိုထားပါတယ်။

ဒီအယူခံနဲ့ပတ်သက်လို့ လာမယ့် သောကြာနေ့ နောက်ဆုံးထားပြီး နှစ်ဘက်လျောက်လဲ ကြရမှာဖြစ်ပါတယ်။ တရားရုံး ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားအောင် အစိုးရရှေ့နေတွေ က ဆောင်ရွက်နိုင် လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း Trump က သောကြာနေ့ မှာ ပြောခဲ့တာပါ။ ဒီအမှုအတွက် Trump အစိုးရက နိုင်ငံတော် တရားရုံးချုပ်ကို တက်နိုင် သလို၊ သမ္မတရဲ့အမိန့်ကို ပြင်ဆင်ပြီးနောက်ထပ် အမိန့်တခု ထပ်ထုတ်နိုင်တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ထရမ့် အမိန့် အပိတ် ခံရလို့ အသစ် ထပ် ထုတ်ဖို့ စဉ်းစားနေ

$
0
0


သမ္မတရဲ့ အမိန့် တားဆီးခံထားရတဲ့အတွက် အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံက ဒုက္ခသည် အပါအဝင် နိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံထဲကို ဝင်ခွင့်ပြန်ရမှာ ဖြစ်
အမေရိကန်ရဲ့ မွတ်ဆလင် အများစုနေတဲ့ ၇ နိုင်ငံ ပြည်ဝင်ခွင့်ပိတ်တဲ့အမိန့်ကို တရားရေးဘက်က တားဆီးခဲ့တဲ့ အတွက် အမိန့်သစ်တခု ထပ်ထုတ်ဖို့ စဉ်းစားနေတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

မစ္စတာ ထရမ့်က ဒီအမိန့်သစ်ကို အင်္ဂါနေ့လောက်မှာ ထုတ်နိုင်မယ်လို့ ပြောဆိုခဲ့ပြီး တားဆီးခံရတဲ့ ယခင် အမိန့်အတွက် တရားရုံးချုပ်အထိ အယူခံဝင်သွားဖို့ အခြေအနေလည်း ရှိနေပါတယ်။

အခုလို အသစ် ထုတ်ပြန်မယ့် အမိန့်သစ်မှာ ဘယ်အချက်တွေ ပါမလဲဆိုတာ မသိရသေးပေမယ့် ယခင် အမိန့်ဟောင်းက အချက်တွေကို သိပ်မပြောင်းပဲ ပြန်ထုတ်မှာ ဖြစ်တယ်လို့ သမ္မတ ထရမ့်က ပြောဆိုထားပါတယ်။

သမ္မတရဲ့ ပြည်ဝင်ခွင့် ပိတ်တဲ့အမိန့်ကို ဆီယက်တယ်မြို့က တရားသူကြီးတဦးက တားဆီးခဲ့ပြီး ဒီကိစ္စအပေါ် အစိုးရက အယူခံဝင်တာကို ဖက်ဒရယ် တရားရုံးက ကြာသာပတေးနေ့တုန်းက ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ အခုလို သမ္မတရဲ့ အမိန့် တားဆီးခံထားရတဲ့အတွက် အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံက ဒုက္ခသည် အပါအဝင် နိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံထဲကို ဝင်ခွင့်ပြန်ရမှာ ဖြစ်ပေမယ့် သမ္မတ အမိန့်မှာပါတဲ့ အမေရိကန်လက်ခံမယ့် ဒုက္ခသည် အရေအတွက် ငါးသောင်း ကန့်သတ်ချက်ကတော့ ဆက်လက် အာဏာနေမြဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရေး စနစ်ရဲ့ အာဏာသုံးရပ် အပြန် အလှန် ထိန်းညှိတဲ့နေရာမှာ သမ္မတက လွှတ်တော် အတည်ပြုချက်နဲ့ တရားသူကြီး ခန့်အပ်ခွင့် ရှိပေမယ့် တရားစီရင်ရေး ဘက်ကလည်း လွှတ်တော်နဲ့ သမ္မတရဲ့ အမိန့်နဲ့ ဥပဒေတွေကို နောက်ဆုံးအဆင့်မှာ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ကြေညာခွင့်အာဏာ ရှိနေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

လွှတ်တော် ကိုယ်စားလှယ်တွေကို နောက်ယောင်ခံ စောင့်ကြည့်မှုတွေ ရှိနေ

$
0
0


လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုနဲ့ လုံခြုံမှုအပေါ် ထိပါးတဲ့ လုပ်ရပ်တွေ ရှိနေတယ်လို့ဆို
လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန် ထမ်းဆောင်နေချိန်မှာ ကိုယ်စားလှယ်တွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အနှောင့်အယှက် ဖြစ်စေလောက်အောင် နောက်ယောင်ခံ စုံစမ်း စောင့်ကြည့်တာမျိုးတွေ ရှိနေတယ် ဆိုပြီး အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက သောကြာနေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် မဖြစ်ခင် အရင် စစ်အစိုးရ လက်ထက်တုန်းက အဲဒီလို နောက်ယောင်ခံ စောင့်ကြည့် စုံစမ်းတာမျိုး ရှိခဲ့ပေမယ့် ခုချိန်ထိ ရှိနေတာဟာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ အရ ဒီလိုမျိုး လုပ်ခွင့်မရှိတဲ့အတွက် အခုလို လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ရတာလို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

လူထု ဟောပြောပွဲမျိုးတွေမှာတင် မက အစည်းအဝေးခန်းတွေထဲ အထိ ဝင်ပြီး စုံစမ်းတာမျိုး၊ တယ်လီဖုန်း ခိုးနားထောင်တာမျိုးတွေအထိ ရှိတယ်လို့ ဆိုပါတယ်။

သူ့တယောက်တည်းတင် မက လွှတ်တော် ကိုယ်စားလှယ် အတော်များများလည်း အဲဒီလို နောက်ယောင်ခံ စောင့်ကြည့်တာမျိုး ခံနေရတယ်လို့ သူက ပြောပါတယ်။

အဲဒီလို နောက်ယောင်ခံ လိုက်လံ စုံစမ်းနေသူတွေဟာ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်က ထောက်လှမ်းရေး SB အရာရှိတွေ ဖြစ်ပြီး ဘယ်သူဘယ်ဝါလဲ ဆိုတာ သူ့မှာ အထောက်အထား အတိအကျ ရှိတယ်လို့ ဦးမောင်မောင်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးကတော့ ဒီလို တာဝန်ပေး ခိုင်းစေထားတာမျိုး မရှိကြောင်းနဲ့ သူ့ဆီကို အထောက်အထားနဲ့တကွ တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း လွှတ်တော်မှာ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

ဒါ့အပြင် နောက်နောင် ဒီလို ဖြစ်ရပ်မျိုး ဖြစ်လာခဲ့ရင် လွှတ်တော် အခွင့်အရေး ကော်မီတီကိုရော၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကိုပါ တိုင်ကြားနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese/38945226

တရားမ၀င် နေထိုင်သူတချို့ကို အမေရိကန်မှာဖမ်းဆီး

$
0
0

အမေရိကန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက တိုင်းပြည်တ၀ှမ်း ရာနဲ့ချီတဲ့ တရားမ၀င် ၀င်ရောက်နေထိုင်သူတွေကို အခုသီတင်းပတ်အတွင်း ၀င်ရောက် စီးနင်း ဖမ်းဆီးခဲ့ပါတယ်။ အခုလို ဖမ်းဆီးတာဟာ မကြာသေးခင်က သမ္မတ Donald Trump က သမ္မတ အမိန့်ကြေညာချက်ကြောင့် မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

အခု ဖမ်းဆီးတဲ့သူတွေဟာ တရားမ၀င် နေထိုင်တဲ့ ရာဇ၀တ်သားတွေဖြစ်ကြောင်းနဲ့ ဒီဖမ်းဆီးမှုဟာ လုပ်ရိုးလုပ်စဉ်တခုဖြစ်ကြောင်း အမိမြေ လုံခြုံရေးဝန်ကြီးဌာန ပြောခွင့်ရ Gillian Christensen က The Washington Post သတင်းစာကို ပြောပါတယ်။ အများပြည်သူ လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တည်တန့်ခိုင်မြဲမှုကို ခြိမ်းချောက်မယ့်သူတွေကိုသာ ဖမ်းဆီးခြင်းဖြစ်ကြောင်း Christensen က ပြောပါတယ်။

အခု သီတင်းပတ်တပတ်လုံးမှာ Atlanta၊ Chicago၊ New York၊ Los Angeles တို့အပါအ၀င် မြို့ပေါင်း ၆ မြို့မှာ ၀င်ရောက် စီးနှင်း ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာမှာ လူပေါင်း ၁၆၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

Los Angeles မြို့မှာ ဖမ်းဆီးမိသူ ၇၅% ကျော်ဟာ ရာဇ၀တ်မှု ကျူးလွန်ထားသူတွေဖြစ်ပြီး သမ္မတ Trump ရဲ့ အမိန့်ကြေညာချက်နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဦးစီးဌာန ICE အဖွဲ့ရဲ့ ဖမ်းဆီး ပြန်ပို့ရေး Los Angeles ဒေသဆိုင်ရာ ညွန်ကြားရေးမှူး David Marin က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အီရတ်မှာ ဆန္ဒပြသူတွေ နဲ့ လုံခြုံရေးတို့အကြား တိုက်ခိုက်မှုဖြစ်ပွား

$
0
0


အစိမ်း ရောင် နယ်မြေ ထဲကို လောင်ချာ နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိ
အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့မှာ ဘာသာရေး ခေါင်းဆောင် မက်တာဒါ အယ်လ် ဆာဒါး ကို ထောက်ခံ ဆန္ဒပြသူတွေ နဲ့ လုံခြုံရေး တပ်ဖွဲ့ တို့ အကြား က တိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံး ခဲ့ရပါတယ်။

သောင်းနဲ့ချီ တဲ့ ဆန္ဒပြသူတွေ ဟာ အစိုးရ ရဲ့ အကျင့်ပျက် ချစားမှုတွေ ကို ပြစ်တင် ရှုံ့ချ ခဲ့ကြပြီး ရွေးကောက်ပွဲ ကော်မရှင် အသစ် ပြန်လည် ဖွဲ့စည်းပေးဖို့ တောင်း ဆို နေကြတာ ဖြစ်ပါတယ်။

အစိုးရ အဆောက်အအုံ တွေ နား ကို ချည်းကပ်လာတဲ့ ဆန္ဒ ပြသူတွေ ကို လုံခြုံရေး တပ်ဖွဲ့ တွေက တားဆီးဖို့ ကြိုးစား စဉ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့တာပါ။

ဘဂ္ဂဒက် မြို့က နိုင်ငံခြား သံရုံး တွေ နဲ့ အစိုးရ အဆောက်အအုံတွေ ရှိတဲ့ လုံခြုံရေး တင်းကြပ် ထားတဲ့ အစိမ်း ရောင် နယ်မြေ ထဲကို လောင်ချာ နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း ပြည်တွင်း သတင်းဌာန တွေမှာ ဖော်ပြနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

မပေါက်မြောက်သေးတဲ့ နှစ် ၇၀ ပြည်ထောင်စုခရီး

$
0
0

မြန်မာနိုင်ငံမှာ ပြည်ထောင်စုနေ့ အခမ်းအနားတွေကို နှစ်စဉ်ကျင်းပလာခဲ့တာ အကြိမ် ၇၀ ရှိသွားပြီဖြစ်ပေမဲ့ - စစ်မှန်တဲ့ ပြည်ထောင်စုကြီးတော့ ဖြစ်မလာသေးဘူးလို့ ပြည်ပရောက် တက်ကြွလှုပ်ရှားသူ တိုင်းရင်းသားတချို့က မြင်ကြပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့အတွက် အဓိက အခက်အခဲကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တပ်မတော် တို့ပဲ ဖြစ်တယ်လို့လည်း ထောက်ပြခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြား ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခတွေက ဖြစ်ပွားနေဆဲဖြစ်သလို၊ ပြည်မနဲ့ တိုင်းရင်းသားဒေသတွေအကြား တန်းတူ အခွင့်အရေး မရရှိသေးတာတွေကြောင့် - ခေတ်အဆက်ဆက် “ပြည်ထောင်စု” လို့သာ အမည်ကင်ပွန်းသာ တပ်ခဲ့ကြပေမဲ့ အားလုံး မျှော်လင့် တောင့်တခဲ့ကြတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးကတော့ ဖြစ်မလာသေးဘူးလို့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ တိုင်းရင်းသားခေါင်းဆောင် တွေက သုံးသပ်ကြပါတယ်။ လော့ အိန်ဂျဲလိစ့်မြို့က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဒေါက်တာစိုင်းထွေးမောင်ရဲ့ အမြင်ကတော့ -

“ကျနော်တို့ လွတ်လပ်ရေးရတဲ့အချိန်ကစ အခုထိပေါ့လေ ပြည်ထောင်စုမြန်မာနိုင်ငံတော် လို့ခေါ်တဲ့ ပြည်ထောင်စုပဲ။ ဒါပေမဲ့ နာမည်ပဲရှိတယ်။ တကယ့် ပြည်ထောင်စု မဟုတ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုမှာပါဝင်နေတဲ့ ကျနော်တို့ ပြည်ထောင်တွေ ဥပမာ ရှမ်း၊ ကချင်၊ ချင်း၊ နောက်ပြီးတော့ ကရင်နီ အစရှိတဲ့ အဲဒီလို ပါဝင်နေတဲ့ ပြည်တွေက သူတို့မှာ အရင်တုန်းက တကယ်လွတ်လပ်တဲ့ အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကိုယ်ပိုင်ဖန်တီးနိုင်ခွင့်၊ အဲဒါတွေ သူတို့ လုံးဝ မရခဲ့ဘူး။ ဒါကြောင့် ပြည်ထောင်စုလို့သာ ခေါ်တာ၊ တနိုင်ငံ တပြည်ထောင်ထဲလို ဖြစ်နေတယ်လို့ ကျနော် ထင်တယ်။”

အလားတူ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးခဲ့သူ အာဇာနည်ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ မန်းဘခိုင်ရဲ့ မြေး ဒေါက်တာမန်းမြင့်စိုင် ကလည်း - စစ်မှန်တဲ့ ပြည်ထောင်စု လို့ မခေါ်နိုင်သေးကြောင်း ယူဆသူပါ။ ဒီအခက်အခဲကို ပြေလည်စေဖို့ဆိုရင် - နိုင်ငံရေးဆွေးနွေးမှု လိုအပ်ပြီး - ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေ အားလုံး ညီညီညွတ်ညွတ်နဲ့ ပါဝင်ကြဖို့ လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က စိတ်ရင်းအရမ်းကောင်းတယ်၊ စေတနာအရမ်းကောင်းတယ်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ အမျိုးသမီး၊ သူ့ကို အမျိုးမျိုး ဘက်ပေါင်းစုံကနေ တိုက်ခိုက်နေကြတာ။ လူတွေကတော့ ကိုယ့် Agenda နဲ့ ကိုယ်ပေါ့လေ။ ကိုယ့်နိုင်ငံရေး ခံယူချက်နဲ့ ကိုယ်။ ကိုယ့်အတွက်ပဲ ကိုယ် ကြည့်တဲ့သူတွေလည်းရှိတယ်။ တဘက်စောင်းနင်း ပြောတဲ့သူတွေလည်းရှိတယ်။ အဲဒီလူတွေကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က လှုပ်လို့ မရဘူးဖြစ်နေတယ်။ သူသာ အကယ်၍ တကယ်တမ်း အဲဒါတွေကို ရုန်းထွက်ပြီးတော့ ပြည်သူကလည်း ၀ိုင်း ဖိအားပေးပြီးတော့ သူ လုပ်နိုင်ရင် တကယ်ဖြစ်သွားမယ်။ အခုက သူ လုပ်သမျှ အကောင်အထည် မပေါ်ဘူး။ ဘာလို့လဲဆိုတော့ ဆန့်ကျင်တာတွေ၊ အတွင်းကနေ နှိုက်ပြီးတော့ လျှောက် ရှုတ်နေတာတွေက တပုံကြီး ရှိသေးတယ်။ အဲဒါတွေကို ရှင်းနိုင်ရင်တော့ အင်မတန် ပျော်စရာကောင်းတဲ့ ပြည်ထောင်စုကြီး ဖြစ်မှာ။”

လက်ရှိ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီအစိုးရ အာဏာရလာပြီးတဲ့နောက် - သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလက်ထက် က တိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို - သူ့လက်ထက်မှာ - ဆက်လက် အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးပမ်းနေတာပါ။ ဒါကြောင့် စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကတဆင့် ငြိမ်းချမ်းရေးစားပွဲဝိုင်း ဆီ တက်လှမ်းနိုင်ဖို့အတွက် ၂၁ ရာစုပင်လုံညီလာခံကို စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဓိကကျတဲ့ စစ်တပ်က သဘောထားမပြောင်းလဲ သ၍ကတော့ - အောင်မြင်စွာ ဖော်ဆောင်နိုင်မယ်လို့ မယုံကြည်ကြောင်း - မစ်ရှီဂန်ပြည်နယ်မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသား ဦးခေါ်ထောင်း သုံးသပ်ခဲ့ပါတယ်။

“ကျနော်က သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက စစ်တပ်နဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်သေးတော့လေ။ သူတို့အာဏာက စစ်တပ်က တ၀က်၊ အန်အယ်လ်ဒီက တ၀က် လိုပေါ့လေ အဲဒါ စစ်မှန်တဲ့ အာဏာအပြည့်အ၀ကို အန်အယ်လ်ဒီက မရသေးဘူး။ ပထမတချက်က။ နောက် ဒုတိယအနေနဲ့ အဲ့လိုမရတော့ သူကလည်း လုပ်ပိုင်ခွင့်အာဏာကို ထိထိရောက်ရောက် မသုံးနိုင်သေးတော့ တိုင်းရင်းသားအမြင်ပေါ်မှာ လည်းပဲ စစ်တပ်ကအမြင်နဲ့ အန်အယ်လ်ဒီကအမြင် တွဲတွဲနေတော့ တိုင်းရင်းသားတွေအနေနဲ့လည်း စစ်မှန်တဲ့ အခွင့်အရေး ရဖို့ ခက်နေ သေးတယ်လို့ ကျနော် မြင်ပါတယ်။”

ဒီကနေ့ကျရောက်တဲ့ နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပင်လုံမြို့မှာ ကျင်းပဖို့ရှိပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ကြဖို့ ရှိပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံကို တက်ရောက်ခဲ့စဉ်တုန်းက စာဖတ်ခဲ့တဲ့ ညောင်ပင်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးစကားဝိုင်းကို ကျင်းပသွားဖို့ရှိတယ်လို့လည်း မြန်မာသမ္မတရုံး Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်ရှင်။

VOA Burmese News

ဦးကိုနီ လုပ်ကြံခံရခြင်းနှင့်ပတ်သက်၍ ရှေ့နေများကွန်ရက်က အသိပေးအကြံပြုသွားမည်

$
0
0

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ ဆက်လက်လုပ်ကိုင်ဆောင်ရွက်သင့်သည် များကို မီဒီယာမှတဆင့် အကြံပြုချက်များ အသိပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံရှေ့နေများကွန်ရက်မှ သိရသည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံရှေ့နေကွန်ရက်ဦးဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကွန်ရက်က ၀မ်းနည်းကြောင်း သတင်းစာထဲ ထည့်ပြီးပြီ။ နောက် အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ လာမယ့် ၁၉ ရက်နေ့တွင် တော်ဝင်နှင်းဆီမှာ အများပြည်သူသိရှိအောင် သတင်းစာ ဆရာကြီးတွေကတဆင့် အသိ ပေးပြောကြားလိုတဲ့ အချက်တွေရှိပါတယ်။ မီဒီယာကနေတဆင့် ဘယ်လို လုပ်သင့် တယ်ဆိုတဲ့ အကြံပြုချက်ပို့မှာပါ။ အဓိက ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ၀ိုင်းဝန်းပြီးတော့ အကြံဥာဏ်တွေပေးကြဖို့ပါ''ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဦးဆောင်အဖွဲ့ဝင်၊ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

လုပ်ကြံသတ်ဖြတ်ခံရသည့် တရား လွှတ်တော်ရှေ့နေဦးကိုနီနှင့် အငှားယာဉ် မောင်းဦးနေ၀င်းအား ဂုဏ်ပြုသည့် အခမ်း အနားကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီတွင် ကျင်းပမည်ဖြစ်ပြီး ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံရှေ့နေများကွန်ရက်ဦး ဆောင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၊ တရားလွှတ်တော်ရှေ့နေ ဦးအေးမင်း၊ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်တို့အပါအ၀င် ရှေ့နေများကွန်ရက်အဖွဲ့ဝင်များက အကြံပြု ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရ သည်။

''အဓိကအားဖြင့်ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ကွင်းဆက်မပြတ်ဖော်ထုတ် နိုင်ဖို့ လိုတယ်။ အဲဒီလိုဖော်ထုတ်နိုင်မှ လည်း နောင်အစဉ်အဆက် ဒီလို အဖြစ်ဆိုးမျိုးတွေနဲ့ ဘယ်သူမှ မကြုံကြိုက်အောင် ထိန်းသိမ်းကာကွယ်နိုင်မယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီလောက်လုံခြုံရေးတင်းကျပ်တဲ့နေရာမျိုးမှာ ဒီလိုဖြစ်နေရင် တခြားသာမန်လမ်းမပေါ်မှာဆိုရင် ဒီ ထက်ဆိုးသွားနိုင်တယ်'' ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ယင်းအပြင် ပြည်ထောင်စုတရား စီရင်ရေးဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကလည်း ပြစ်မှုဆိုင်ရာ မူလအမှုကို စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိပြီး ရုံးထိုင်စစ်ဆေးမည့်နေရာကိုလည်း ဆောင်ရွက်ပိုင်ခွင့်ရှိသည့်အတွက် လုံခြုံရေးအရ အရေးကြီးနေသည့် အမှုတွင် ပါဝင်သူများကို ရန်ကုန်အင်းစိန် အကျဉ်းထောင်တွင် ရုံးထိုင်စစ်ဆေးသင့်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။

''ဂဠုန်ဦးစောအမှုကို အင်းစိန်ထောင်အတွင်း ၁ ဆောင် အောက်ထပ်မှာ စစ်ဆေးခဲ့သလို ဒီဟာကိုလည်းပဲ အင်းစိန် ထောင်ဝင်းထဲမှာရှိတဲ့ အဆောင်တခုခုမှာ ရုံးထိုင်စစ်ဆေးသင့်တယ်။ နောက်ပြီးတော့ တိုင်းအဆင့်လို အဆင့်မျိုးနဲ့ စစ်ရမယ်။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ပြစ်မှုမူလအမှုကို စီရင်ပိုင်ခွင့်အာဏာ သူ့မှာ ရှိပါတယ်။ ခရိုင်အဆင့်လောက်နဲ့ မလုံလောက်ဘူး။ဒါကို သိပ်ပြီး အချိန်မပေးဘဲနဲ့ အမြန်ဆုံး စစ်ဆေးပေးဖို့လိုတယ်။အချိန်ပေးခြင်းအားဖြင့် တရားခံတွေဘက်က လွတ်မြောက်ရေး လမ်းစရှာဖွေဖို့ အချိန်ပေးသလို ဖြစ်သွားနိုင်တယ်။ နောက်ပြီး အမှုမှန်နဲ့တကွ တရားခံအစစ်အမှန်အားလုံးကို ဖော်ထုတ်အရေးယူပေး ပါ။ နောက်ပြီးတော့ လုံခြုံရေးနှင့် မြန်ဆန်ရေးအတွက် ရန်ကုန်အင်းစိန် အကျဉ်း ထောင်ထဲတွင် သတင်းမီဒီယာများကို စိစစ်ပြီး သတင်းယူခွင့်၊ live ထုတ်လွှင့်။ ဒါမှလည်း တရားမျှတမှုရှိစေရန် အများပြည်သူ ပွင့်လင်းမြင်သာမှုရှိရှိသိစေဖို့ လုပ်စေချင်ပါတယ်'' ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ယင်းအမှုသည် ကြီးမားသည့်အတွက် အင်းစိန်အကျဉ်းထောင်အတွင်း ကြားနာစစ်ဆေးမှသာ ပိုပြီးပြည့်စုံလိမ့်မည် ဖြစ်ကြောင်း၊ သက်သေများ၏ အခက်အခဲ၊ လုံခြုံရေးအရ ရိုးရိုးတရားရုံးတွင် ရုံးမထုတ်စေချင်ကြောင်း မြန်မာနိုင်ငံရှေ့ နေများကွန်ရက် ဦးဆောင်အဖွဲ့ဝင်၊ တရား လွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြော သည်။

''ကျွန်တော်တို့ကတော့ ပွင့်လင်း မြင်သာပြီးတော့ တရားခံတွေကိုလည်း ဥပဒေနဲ့အညီပေါ့။ ဥပဒေအရ ရပိုင်ခွင့် အခွင့်အရေးတွေပေးပြီးတော့ တရားသဖြင့် စစ်ဆေးကြားနာပြီးတော့ပေါ့။ ဒါက တနိုင်ငံလုံး၊ တကမ္ဘာလုံးစိတ်ဝင်စားတဲ့အမှုဖြစ်နေတယ်'' ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီသည် ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Terminal 1 ရှေ့၌ ဦးကြည်လင်း ဆိုသူမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နေရာတွင် ကွယ်လွန်ခဲ့ပြီး ယာဉ်မောင်းဦးနေ၀င်းသည် ဦးကိုနီအား ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမားကို ဖမ်းဆီးစဉ် ဘယ်ဘက် ဆီးခုံ ကျည်ထိမှန်ကာ ယင်းဒဏ်ရာဖြင့်ပင် သေဆုံးခဲ့ခြင်းသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ကြည်လင်းအား အခင်းဖြစ်ပွားရာ နေရာအနီးတွင် ဖမ်းဆီး ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ တရားခံအောင်ဝင်းဇော်အား ဇန်န၀ါရီ ၃၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲ့တပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သတင်းကွင်း ဆက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိရာ ဖော်ထုတ်ရရှိမှုအခြေအနေများကို ပြည်သူသို့ အသိပေးတင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

''ဒီအမှုက ကြည့်ရတာ တော်တော်ကြီးပုံရတယ်။ အခုမိနေတာတွေက ကြေးစားလူသတ်သမားတွေပေါ့ဗျာ။ ရှေ့ထွက်ခိုင်းတဲ့ သူတွေပေါ့။ နောက်က အစတွေ စစ်တဲ့အဖွဲ့က ဆွဲမိနေပုံရတယ်။ ဟိုနေ့က သမ္မတရုံးက ဦးဇော်ဌေးပြောတာ သဘာဝကျတယ်။ သိသင့်အသိပေးထိုက်တာတွေကိုပဲ သူတို့ထုတ်ပြောဦးမယ်။တချို့ ဟာတွေက အခုနေဖော်လိုက်ရင် ရိပ်မိပြီးတော့ ဘယ်သူ့ဖမ်းထားတယ်ဆိုပြီး ပြေးမှာတွေရှိသေးတယ်။ ကျွန်တော်တော့ ထင်ပါတယ်။ သူတို့တော်တော်တော့ ဆွဲမိနေတယ်ထင်ပါတယ်။ ရုပ်လုံးပေါ်နေပြီလို့ ယူဆတယ်။ တိုးတက်တယ်ပေါ့'' ဟု တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးက ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အများပိုင်ဘတ်စ်ကားလိုင်းတွင် ၀င်ရောက်ခြင်းမရှိသော အောင်ကမ္ဘာနှင့် မေတ္တာရှင်ကြားကားများ YBS မှ အရေးယူမည်

$
0
0

YBS အများပိုင် ဘတ်စ်ကားလိုင်းတွင် ၀င်ရောက်ခြင်းမရှိသော အောင်ကမ္ဘာနှင့် မေတ္တာရှင်ကားများကို YBS မှ အရေးယူမည်ဖြစ်ကြောင်းသိရသည်။ ''အောင်ကမ္ဘာကားက ခရီးသည်တယောက်ကို ၁၀၀၀ ယူပါတယ်။ မေတ္တာရှင်ရော အောင်ကမ္ဘာရော ဘယ်ကြားကားဖြစ်ဖြစ် YBS ယာဉ်လိုင်းမ၀င်ရင် အရေးယူမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

အဆိုပါ ကြားကားများကို YBS မှ တရားဝင်ခွင့်ပြုထားခြင်းလည်းမရှိကြောင်း၊ ယာဉ်စီးခနှုန်းထားများမှာလည်း မေတ္တာရှင် ကြားကားဆိုလျှင် ယုဇနဥယျာဉ်မြို့တော်မှ လမ်း (၄၀) ကားဝင်းအထိ တဦးလျှင် ကျပ် ၅၀၀ နှုန်း၊ အောင်ကမ္ဘာကြားကားဆိုလျှင် ဆူးလေဘုရားမှတ်တိုင်မှ မြောက်ဥက္ကလာအထိ တဦးလျှင် ကျပ် ၁၀၀၀ ကောက်ခံကြောင်း YBS ယာဉ်မောင်းများထံမှ သိရသည်။
မေတ္တာရှင် ကြားကားများကို YBS ယာဉ်လိုင်းသို့ဝင်ရန်၊ အကယ်၍ YBS လိုင်းသို့ဝင်ခဲ့လျှင် ယာဉ်ပြေးဆွဲနေသော ကားငယ်များကို ပြောင်းလဲရမည်ဖြစ်ပြီး ယာဉ်စီးခကိုလည်း သတ်မှတ်ထားသော နှုန်းထား ၂၀၀ ကျပ်သာ ကောက်ခံရမည်ဖြစ်ကြောင်း၊ လက်ရှိ ကြားကားများအားလုံးကိုလည်း မကြာမီ YBS က ထိထိရောက်ရောက် အရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ် စည်းကမ်းထိန်း သိမ်းရေးအဖွဲ့မှ ဇန်န၀ါရီလအတွင်း လမ်း ၄၀ ကားဝင်း၌ ဆွေးနွေးမှုတရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်မတို့က မထသယာဉ်လိုင်းကတည်းက သိပ်မစီးဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ လိုင်းကားတွေက ကြာတယ်။ ကြားကားတွေက ပိုက်ဆံပေးရတာလည်း များတယ်။ အလုပ်ကို အချိန်မီရောက်တယ်။ တန်တယ်၊ ပေးရတယ်လို့ မမြင်ဘူး။ ကြားကားတွေမရှိတော့ရင် တော်တော်လေးဒုက္ခရောက်သွားမှာပါ'' ဟု ယုဇနဥယျာဉ်မှ မေတ္တာရှင်ကြားကားစီး၍ ရုံးတက်နေသူ ခရီးသည်တဦးက ပြောသည်။

မေတ္တာရှင်ကြားကားများကို ယုဇနဥယျာဉ်မြို့တော်မှ လမ်း ၄၀ ကားဝင်းထိ ကို နံနက် ၆ နာရီမှ ည ၁၂ နာရီဝန်းကျင်ထိ ပြေးဆွဲပေးပြီး စီးရေ ၄၄ စီးရှိကာ အဆိုပါကားလိုင်းသည် ခြောက်နှစ်ခန့်ကြာမြင့်နေပြီဖြစ်၍ ခရီးများလည်း အဆင်ပြေကြောင်း သိရသည်။

၂၀၁၇ ဇန်န၀ါရီ ၁၅ ရက်နေ့တွင် မထသယာဉ်လိုင်းကို ဖျက်သိမ်း၍ ဇန်န၀ါရီ ၁၆ ရက်နေ့တွင် YBS ယာဉ်လိုင်းသစ်များကို ပြောင်းလဲခဲ့ပြီး ယာဉ်လိုင်းပေါင်း ၈၀ ကျော် ပြေးဆွဲလျက်ရှိသော်လည်း ယာဉ် အရေအတွက်နည်းပါးခြင်း၊ ခရီးစဉ်ရှည်လျားမှုများကြောင့် ခရီးသည်အချို့မှာ မေတ္တာရှင်၊ အောင်ကမ္ဘာကြားကားများနှင့် အခြားသော ကြားကားများကို အားကိုးနေရသည်ဟု ခရီးသည်များထံမှ သိရသည်။

နီနီလှိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

သတ္တိရှိရှိဖြင့် ပြည်သူ့အတွက် စွန့်လွတ် စွန့်စား ငြိမ်းချမ်းရေး ယူကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

$
0
0

ပြည်သူလူထု အကျိုးအတွက် စွန့်လွတ် စွန့်စားကာ သတ္တိရှိရှိဖြင့် ငြိမ်းချမ်းရေး ယူကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျရောက်သည့် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့တွင် တိုက်တွန်းလိုက်သည်။
ယင်းသို့ တိုက်တွန်းရာတွင် လက်ဝဲသုန္ဒရ အမတ်၏ ' စစ်နည်းဗျူဟာ ၊ ဘယ်လိုသာလည်း စွဲကိုင်လက်နက် ဘယ်လိုထက်လည်း ပြည်သူ့ နှလုံး မသိမ်းကျူံးလျှင် ပြည်သူ့ခွန်အား မကိုးစားလျှင် ဓါးသွားလည်းကြွေ လှံလည်းခွေအံ့ ဟူသည့် ကဗျာစာပိုဒ်ကို ရည်ညွှန်း၍ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

' ပြည်သူဟာ မိမိတို့ရဲ့ အကျိုးအတွက် ဘယ်သူတွေ ဆောင်ရွက်မလဲဆိုတာ သိပါတယ်။ ပြည်သူတွေအတွက် အကျိုးအရှိဆုံးကိစ္စကတော့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးမရှိပဲ ဖွံ့ဖြိုးရေးမရှိနိုင်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပတ်သက်နေသူတွေအားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ ပြည်သူ့အကျိုးအတွက် စွန့်စားကြပါ။ စွန့်လွတ်ပါ။ စွန့်စားကြပါ. လုပ်ရဲတယ်ဆိုတာ တကယ့်သတ္တိမဟုတ်ဘူး။ ခံရဲတယ်ဆိုတာ သတ္တိပေါ့။ ခံရဲတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တာတွေအတွက် လုပ်ချင်းအားဖြင့် ဖြစ်လာမဲ့ ရလာဒ်တွေကို ခံရဲတာလို့ ဆိုလိုပါတယ်။ ပင်လုံရယ်လို့ ဖြစ်လာတာဟာ တိုင်းရင်းသားခေါင်းဆောင်ကြီးများက လွတ်လပ်ရေးရရဖို့အတွက် အားလုံးစုပေါင်းလုပ်မှသာ အားလုံး မြန်ဆန်ချောမွေ့ရမှာမို့လို့ လုပ်ခဲ့ကြတာပါ။' ဟု ဒေါ်အောင်ဆန်းစုကြည်က ပင်လုံတွင်ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြောသည်။

ယင်းအပြင် ပြည်သူများအနေဖြင့် ၄င်းတို့အကျိုးမည်သူ သယ်ပိုးသည် ဆိုသည်ကို သိမြင်သည့်အတွက် ကြာကြာလှည့်ဖြား၍ မရကြောင်းလည်း ပြောဆိုပြီး လက်ရှိ ပစ္စုပ္ပာန် လုပ်ရပ်များကို နောင်မျိုးဆက်များက သုံးသပ်စီရင်ချက်ချနေမည်ဖြစ်ကြောင်းပြောဆိုသည်။
' နောင်လာမဲ့ မျိုးဆက်တွေရဲ့ ခုံရုံးတွေရှေ့မှာ ကျွန်မတို့ ဘယ်လောက်အထိ မားမားမတ်မတ်ရပ်တည်ပြီးတော့ လက်ခံနိုင်မလဲဆိုတာ ၊ ကျွန်မတို့ဟာ ဒီခုံရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အခုအအချိန်က လေးလေးနက်နက် စဉ်းစားဖို့ ရောက်လာပါပြီ။ ' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သမိုင်းဝင် ပင်လုံတွင် ယနေ့ကျင်းပသည့် အခမ်းအနားတွင် ၂၁ ပင်လုံ အောင်မြင်ရန်နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်စေရန်အတွက် အန်စီအေ အပစ်ရပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် လက်မှတ်ရေးထိုးရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

အားလုံးပါဝင်မှုနှင့် ပတ်သက်၍မူ တိကျသည့် ဖြေဆိုမှု မလုပ်ခဲ့ပေ။

' ငြိမ်းချမ်းရေးအတွက် စွန့်လွတ်ရဲရမယ်၊ စွန့်စွားရဲရမယ်လို့ အတိုင်ပင်ခံက ပြောသွားတယ်။ တိုင်းရင်းသားတွေ အကုန်လုံးနီးပါးဟာ စွန့်လွတ်ထားရတာပါ။ နောက်လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က ပင်လုံစာချုပ် လက်မှတ်ရေးထိုးတာလောက် ကြီးမားတဲ့ စွန့်လွတ် စွန့်စားမှု မရှိနိုင်ပါ။ တိုင်းရင်းသားတွေက ဘာတွေထပ် စွန့်စားရဦးမလဲ ၊ ဘာတွေ ထပ်စွန့်လွှတ်ရဦးမလဲ ၊ ကုန်နေပါပြီ။ ' ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက မေးခွန်းထုတ်သည်။

သမ္မတ ဦးသိန်းစိန် လက်ထက်က စခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးဖြစ်စဉ်တွင် အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ထိုးခဲ့ပြီး ယခုအချိန်အထိ အဆိုပါ အရေအတွက်တွင်ပင် ရှိနေကာ အားလုံးပါဝင်ခွင့်နှင့် ပတ်သက်၍ ညှိနှိုင်းမရဖြစ်နေခဲ့သည်။

ယနေ့ ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်များ၏ မိသားစုများပါ တက်ရောက်ခဲ့ပြီး အများစုက ပင်လုံကတိက၀တ်ကို အကောင်ထည်ဖော်ပေးစေလိုကြောင်း သတင်းမီဒီယာများသို့ ပြောဆိုကြသည်.။

The Ladies News

ဧရာဝတီတိုင်းက ပြည်ထောင်စုနေ့အခမ်းအနား လွှတ်တော်အမတ်အချို့ တက်ခွင့်မရ၍ မကျေလည်မှုအချို့ဖြစ်ပေါ်

$
0
0

ပုသိမ်၊ ဖေဖော်ဝါရီ ၁၂ ။ ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရက ဦးဆောင်ကျင်းပသည့် နှစ်၇၀မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားလှယ်အချို့ နေရာသတ်မှတ်ထားမှုတွင် မပါဝင်၍ တက်ရောက်ခွင့်မရကြောင်း တိုင်းဒေသကြီးကိုယ်စားလှယ်များထံက သိရသည်။

"ဧရာဝတီတိုင်းဒေသကြီးက ကိုယ်စားလှယ်တွေ အခမ်းအနားတက်ရောက်အောင် လာတာပါ၊ နေရာချထားပေးတဲ့သူ ထပ်ပြောတဲ့စကားက နယ်လုံဝန်ကြီးကိုဆက်သွယ်ပါ။ နယ်လုံဝန်ကြီးက တက်ရောက်ခွင့်ပေးရန် သူအနေနဲ့ ခုံစီစဉ်ပေးနိုင်ပါတယ်လို့ ပြောတယ်" ဟု ကြံခင်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသော်ဇင်ဝင်းကပြောသည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်များ ဧရာဝတီတိုင်းအစိုးရက ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရန် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းဒေသကြီးလွှတ်တော်၌ လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌတို့က စာရင်းပေးရန် ဖိတ်ကြားခဲ့သည်ဟု ကြံခင်းအမတ် ဦးသော်ဇင်ဝင်းက ပြောသည်။

အခမ်းအနားနေရာချထားပေးသည့် တာဝန်ရှိသူက "ကျွန်တော်တို့ ဖိတ်ကြားထားတဲ့ စာရင်းအတိုင်းလုပ်ပေးထားတာပါ”ဟု ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်ကမူ "ကျွန်တော်တို့ ကိုယ်စားလှယ်နှစ်ယောက်က ပင်လုံသွားရတယ်။ အမြဲတမ်းစာရင်းတွေလုပ်ပြီးပေးပို့တယ် ကိုယ်စားလှယ်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်က ဧရာဝတီတိုင်း NLDအတွက် ပြည်ထောင်စုနေ့အတွက်သွားရတယ်၊ကိုယ်စားလှယ်တွေ ပြန်တဲ့သူပြန်၊ ကျန်တဲ့သူစာရင်းကို ခုံချထားပေးသူတွေကို မပို့ဖြစ်ဘူး၊ မောင်းထုတ်တာတော့ မဟုတ်ဘူး စကားလုံးအရ အဲဒီလိုစွပ်စွဲလို့ ရတယ်။ ဖိတ်ကြားထားတဲ့ စာရင်းတွေ ညကမှ ချုပ်ရတာ”ဟု ပြာသည်။

ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြောင်းမြမြို့နယ်၊ ဝါးခယ်မြိုနယ်နှင့် အိမ်မဲမြို့နယ်ကိုယ်စားတို့တက်ရောက်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်ကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦးက "ကျွန်မတို့က နေရာမရှိရင် မတ်တက်ရပ်တက်မယ်ဆိုလို့ ရောစီစဉ်ပေးတယ် ”ဟု ပြာသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရ နှစ်၇၀ပြည့် ပြည်ထောင်စုအခမ်းအနားကို ပုသိမ်မြို့၊ ပြည်ထောင်စုကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

Mizzima - News in Burmese

ကလေးသူငယ်ပျောက်ဆုံးမှုကို အကာအကွယ်ပေးနိုင်မည့် Personal Tracker ကို စိတ်ဝင်စားမှုများပြား

$
0
0

ကား၊ ဆိုင်ကယ်၊ ပိုက်ဆံအိတ်၊ Mobile Phone နှင့် ကလေးသူငယ်များ ပျောက်ဆုံးမှုကို အကာအကွယ်ပေး နိုင်မည့် Personal Tracker ကို လူစိတ်ဝင်စားမှု များပြားနေကြောင်း ယင်းပစ္စည်းကို ဖြန့်ချိနေသူ ကိုသူရိန်က ပြောကြားသည်။

Personal Tracker သည် ပတ် လည်တလက်မခွဲနှင့် အထူလက်မ၀က်ခန့်သာရှိပြီး ကလေးသူငယ်များ၏ လည်ပင်းနှင့် ပိုက်ဆံအိတ်၊ ဖုန်းတို့တွင် ချိတ်ဆွဲ၍ ရသော လော့ကတ်ပုံစံဖြစ်သည်။ အဆိုပါ လော့ကတ်ရှိသော နေရာကို Mobile Phone Application မှ ကြည့်ရှုနိုင်သောကြောင့် ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကာကွယ်နိုင်သောပစ္စည်းဖြစ်သည်ဟု သိရသည်။ လက်ရှိအချိန်တွင် လူစိတ်ဝင်စားမှု များပြားနေသောကြောင့် ၂ ပတ်အတွင်း ပစ္စည်း ၃၀၀ ကျော်ခန့်ရောင်းချရကြောင်း သိရသည်။

''ကျွန်တော်တို့ အဓိကထားတာကလေးတွေ ကျောင်းသား၊ ကျောင်းသူတွေပဲ။ Personal Tracker ကို အဲဒီကလေးတွေရဲ့ လွယ်အိတ်၊ လည်ပင်းမှာဆွဲထားလို့လည်း ရတယ်။ အဲဒီပစ္စည်းပါသွားရင် ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ဖုန်းထဲက ကြည့်လို့ရတယ်။ ဘယ်အချိန်ပဲကြည့်ကြည့် တွေ့မြင်နိုင်တယ်။ အသံနားထောင် ချင်ရင်လည်း ရတယ်။ ကလေးတွေအတွက် အများကြီးအရေးပါတယ်။ အကျိုးသက်ရောက်မှုရှိတယ်'' ဟု ကိုသူရိန်က ပြောသည်။

Personal Tracker သည် ဖုန်း၊ ကားစသည်တို့တွင် ချိတ်ထားနိုင်ကြောင်း၊ Personal Tracker ကို ဖုန်းလိုင်းမိသော နေရာဟူသမျှတိုင်း၌ အသုံးပြုနိုင်ပြီး၊ Tracker ထဲ၌ ထည့်ထားသော SIM Card သည် တနာရီလျှင် ၁ ကျပ်၊ တလဆိုလျှင် ၇၂၀ ကျပ်သာ ကုန်ကျမည်ဖြစ်ကြောင်းနှင့် ဖုန်းနှင့် Tablet ပေါ်တွင် Android နှင့် iOS Application မှ ကြည့်နိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ထုတ်လုပ်သော Personal Tracker တွင် 450 mAh ဘတ်ထရီပါရှိပြီးအားအပြည့်ရှိမည်ဆိုပါက အနည်းဆုံး ၃ ရက် အသုံးပြုနိုင်ကြောင်း တနှစ်အတွင်း အာမခံထားပြီး ပစ္စည်းပျက်စီးပါက အသစ်တခုလဲလှယ် ပေးကြောင်းနှင့် ပစ္စည်း၏ ဈေးနှုန်းမှာ ကျပ် ၆၀၀၀၀ ဖြစ်ကြောင်း စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်းနံပါတ်-၀၉၅၃၁၃၀၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

စန်းလင်းရွှေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဂျပန် Kirin ကုမ္ပဏီ မန္တလေး ဘီယာ လုပ်ငန်းကို ၀ယ်ယူမည်

$
0
0

ဂျပန်ဘီယာချက်လုပ်ငန်းဖြစ်သည့် Kirin ကုမ္ပဏီဟာ မြန်မာနိုင်ငံက Mandalay Brewery လုပ်ငန်းကို အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ပေးပြီး ဝယ်ယူတော့မယ်လို့ Nikkei Asia စီးပွားရေးနေ့စဉ်သတင်းစာ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ရှေးအကျဆုံးဖြစ်တဲ့မန္တလေးဘီယာချက်လုပ်ငန်းကို လွှဲပြောင်း ရယူသွားဖို့အတွက် Kirin က ပြည်တွင်းလုပ်ငန်းခွဲတစ်ခုကို တည်ထောင်မှာဖြစ်တယ်လို့လည်း အဲဒီသတင်းစာမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးမြို့မှာ အခြေစိုက်တဲ့ Mandalay Brewery ကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းဆီကနေလွှဲပြောင်းရယူသွားမှာဖြစ်ပြီးဝယ်ယူဖို့သဘောတူညီချက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကမကြာမီမှာခွင့်ပြုပေးမယ်လို့မျှော်လင့်ထားတယ်လို့လည်း သတင်းမှာ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဈေးကွက်ဝေစု အများဆုံး ရထားတဲ့ Myanmar Brewery ကို ၂၀၁၅ ခုနှစ်မှာ Kirin က၀ယ်ယူခဲ့ပြီး အခုနောက်ထပ် မန္တလေး ဘီယာ ထုတ်လုပ်ငန်းကိုပါ ထပ် ၀ယ်ယူနိုင်ရင် မြန်မာနိုင်ငံ ဘီယာဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်လာနိုင်တော့မှာဖြစ်တယ်လို့ နီကီအေးရှက ခန့်မှန်းပါတယ်။

၂၀၁၁ ခုနှစ် မတိုင်ခင်က မြန်မာနိုင်ငံမှာ မြန်မာဘီယာ လုပ်ငန်းစု၊ တိုင်းဂါးဘီယာ လုပ်ငန်းစု နဲ့ မန္တလေး ဘီယာ လုပ်ငန်းစုတွေပဲ ရှိခဲ့တာပါ။ ၂၀၁၁ နောက်ပိုင်း အစိုးရဟာ ဂျပန် Kirin၊ နယ်သာလန်က Heineken နဲ့ ဒိန်းမတ်က Carlsberg တို့ကိုလည်း ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အရင်ကတည်းက ထုတ်လုပ်ခဲ့တဲ့ မြန်မာဘီယာ၊ တိုင်းဂါးဘီယာ၊ မန္တလေး ဘီယာ အပြင် ဟင်နီကင် ဘီယာ၊ ကားလ်ဘတ်စ် ဘီယာ၊ ကီရင် ဘီယာနဲ့ အဲဒီ ကုမ္ပဏီတွေရဲ့ ပြည်တွင်းအမှတ်တံဆိပ်တွေ အဖြစ် ထုတ်လုပ်တဲ့ တူဘော့၊ ရီဂယ်ဆဲဗင်း၊ ရိုးမ၊ ဘလက်ရှီး စတဲ့ ဘီယာတွေကို ထုတ်လုပ်ရောင်းချနေကြပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့ထားတာပါ။

Central News Bureau
Viewing all 32865 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>