Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ...

$
0
0
ကျည်ဆံတထောင့်ဟာ မြန်မာကျပ်ငွေ ငါးရာမှတစ်ထောင်ဝန်းကျင်ရှိပါတယ်... စစ်သား တယောက်မှာ ကျည် ၃၀၀ လောက် ပါသွားတယ်ဆိုရင် သုံးသိန်းဖိုး... တခါ တိုက်ပွဲဖြစ်ရင် အားလုံးကုန်တဲ့ အပြင် ထပ်ဖြည့်ရတယ်...

သေနတ်တလက် ၅သိန်းမှ ၁၀သိန်းကြား အသီးသီးရှိ တယ်...

တပ်ရင်းတရင်း လူ ၂၀၀ လောက် ခရီးထွက်ရင်.. သွားလာ စရိတ်... စားစရိတ်... ထောက်ပို့... လစာ... ဆေးဝါး... သယ်ယူပို့ဆောင်ရေးယဉ်... ဆက်သွယ်ရေးစက်ကိရိယာ... စက်ဆီကအစ... စစ်အ၀တ်အစား... အရာရှိများအသုံးစရိတ်... အားလုံးပေါင်း .. တပတ်အတွင်း သိန်းထောင်ကြီးပိုင်းကုန်တယ်....

အခု KIA ကိုထိုးစစ်ဆင်နေတဲ့ တပ်ရင်း တစ်ရာကျော်တယ်...

ဗုံးဆန်တလုံး အနဲဆုံး သိန်းကဏန်းရှိတယ်....

တိုက်လေယဉ်တခါထွက်ရင် သိန်းထောင်ပိုင်း ထည့်သွားရတယ် .... လေယဉ်ပေါ် တပ်ဆင်တဲ့ ဗုံးဆန်တလုံးဟာ အနဲဆုံး သိန်းနှစ်ရာကျော်တန်များ ဖြစ်တယ်။ လေယဉ်ဆီ ဂါလံ ၂၀၀ လောက်ကို မိနစ်ပိုင်းနဲ့ စားသွားတယ်....

KIA ဖက်ကတွက်တာတော့ KIA စစ်သားတစ်ယောက်အတွက် စစ်တန်ဆာ တန်ဖိုးက သိန်း ၇၀ ခန့်ရှိတယ်....

အခု KIA နဲ့ အစိုးရ စစ်တပ် တိုက်ခိုက်နေတဲ့ တစ်နှစ်ကျော်ကာလ စုစုပေါင်း ကုန်ကျစရိတ်ဟာ.. မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာန နဲ့ ကျန်းမာရေး ၀န်ကြီးဌာန နှစ်ခုပေါင်း ရဲ့ ငါးနှစ်စာ အသုံးစရိတ်ဖြစ်ပါတယ်။

ကချင် စစ်ပြေးများရဲ့ အသက်အိုးအိမ်နဲ့ သူတို့ဆုံးရှုံးခဲ့တဲ့ အချိန်... သူတို့ကို ကျွေးမွေးစရိတ် မပါသေးဘူး... နိုင်ငံတကာလို သူတို့ကိုလဲ မြန်မာနိုင်ငံသားအနေနဲ့ မြန်မာနိုင်ငံရဲ့ GDP ထဲထည့်တွက်ရင်တော့... ဟုမ့်.....

လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ...

နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှ အစစ်အမှန် ငြိမ်းချမ်းရေး ရမည်။

မဟုတ်ရင်တော့ ထာဝရ ငမွဲစာရင်းမှာ ဆက်ရှိနေမယ်..

Kachin Duwa



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>