Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သမ္မတဦးသိန်းစိန်မှ ရခိုင်ပြည်နယ် တွင်ဖြစ်ပွားခဲ့သော အရေးအခင်းအတွက်စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီး တာဝန် ပေးအပ်

$
0
0
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ စုံစမ်းစစ်ဆေးဖို့ သီးခြားကော်မရှင် တခုကို သမ္မတက ဖွဲ့လိုက်ပါပြီ။
ကိုဇာဂနာ၊ ကိုကိုကြီး၊မောင်ဝံသ၊နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ခရစ်ယာန်နှင့်
မူစလင်ဘာသာရေးခေါင်းဆောင်များပါဝင်ပါတယ်။
ဦးသိန်းစိန်အသစ်ဖွဲ့ လိုက်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ မှာ...ဦးကိုကိုကြီး-၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ လို့ တရားဝင်ရေးထားတယ်..ဦးရွှေမန်းကလွှတ်တော်မှာ ၈၈မျိုးဆက်ကျောင်းသား ဆိုတာမသုံးရဘူး ဆိုတာဒေါကြီးမောကြီးကန့် ကွက်ထားတယ်။ဘယ်လိုတွေဖြစ်နေကြတာတုန်း ။နားမလည်တော့ဘူး။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ(အမှတ်၊ ၅၈ /၂၀၁၂)၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ရက်(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်)
စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း

၁။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း၌ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ ဆောင်ရွက်မှုများ၊ တိုက်ခိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ပဋိပက္ခဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေး အကြံပြုရန် အတွက် အောက်ဖော်ပြပါပုဂ္ဂိုလ်များ ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်သည်-

(က)ဒေါက်တာမျိုးမြင့်-ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ သာသနာရေးဝန်ကြီးဌာန
ဥက္ကဋ္ဌ

(ခ)သိက္ခာတော်ရဆရာတော် ဦးကျော်ညွန့်ဂျပ်ဆင်ဘုရားကျောင်း၊ ရန်ကုန်မြို့
-အဖွဲ့ဝင်

(ဂ)သိက္ခာတော်ရဆရာတော် ဦးစောမာဂေကြီးအတွင်းရေးမှူး၊ မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်း-အဖွဲ့ဝင်

်(ဃ)ဦးသိန်းထွန်းစီးပွားရေးလုပ်ငန်းရှင်-အဖွဲ့ဝင်

(င)ဦးစိုးသိန်း(ခ)မောင်ဝံသစာရေးဆရာ-အဖွဲ့ဝင်

(စ)ဦးသူရ(ခ)ဦးဇာဂနာအနုပညာရှင်-အဖွဲ့ဝင်

(ဆ)ဦးခွန်ထွန်းဦးဥက္ကဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်-အဖွဲ့ဝင်

(ဇ)ဒေါ်သန်းသန်းနုဒီမိုကရက်တစ်ပါတီ(မြန်မာ)-အဖွဲ့ဝင်

်(ဈ)ဦးခင်မောင်ဆွေဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ-အဖွဲ့ဝင်

(ည)ဒေါက်တာအေးမောင်ဥက္ကဋ္ဌဌ၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-အဖွဲ့ဝင် (ဋ)ဦးအေးသာအောင်ဥက္ကဌ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်-အဖွဲ့ဝင်

(ဌ)ဦးကိုကိုကြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့-အဖွဲ့ဝင်

(ဍ)ဒေါက်တာဒေါ်ယဉ်ယဉ်နွယ်UNICEF အကြီးတန်းအရာရှိ(ငြိမ်း)-အဖွဲ့ဝင်

(ဎ)ဒေါက်တာဆလိုင်းမူးကျုံးလျံနိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ-အဖွဲ့ဝင်

(ဏ)ဦးတင်အောင်မိုးသဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်-အဖွဲ့ဝင်

(တ)ဦးအောင်နိုင်ဦးအမှုဆောင်အဖွဲ့ဝင်၊ ဗဟုဖွင့်ဖြိုးရေးအဖွဲ့-အဖွဲ့ဝင်

(ထ)ဒေါ်ဝါဝါထွန်းဥက္ကဌ၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း-အဖွဲ့ဝင်

(ဒ)ဒေါ်ဂျာနန်အမှုဆောင်ညွှန်ကြားရေးမှူး၊ ငြိမ်းဖောင်ဒေးရှင်း-အဖွဲ့ဝင်

(ဓ)ဦးထွန်းအောင်ချိန်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်-အဖွဲ့ဝင်

်(န)ဟာဂျီ ဦးညွန့်မောင်သျှိန်ဥက္ကဌ၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်-အဖွဲ့ဝင်

(ပ)ဟာဂျီ ဦးတင်မောင်သန်းအတွင်းရေးမှူး၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်-အဖွဲ့ဝင်

(ဖ)ဟာဂျီ ဦးလှဝင်းဥက္ကဌ၊မြန်မာမူဆလင်အမျိုးသားရေးရာအဖွဲ့ချုပ်(မအဖ) ဌာနချုပ်-အဖွဲ့ဝင်

(ဗ)ဦးကျော်ခင်အထွေထွေအတွင်းရေးမှူး၊ မြန်မာမူဆလင်အမျိုးသားရေးရာအဖွဲ့ချုပ်-အဖွဲ့ဝင်

်(ဘ)ဟာဂျီ ဦးမြင့်ထွန်းဥက္ကဌ၊ မြန်မာမူဆလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်-မ-လ ဌာနချုပ်-အဖွဲ့ဝင်

(မ)ဦးလှဝင်းအတွင်းရေးမှူး၊ မြန်မာမူဆလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်၊မ-မ-လ ဌာနချုပ်-အဖွဲ့ဝင်

(ယ)ဒေါက်တာလှထွန်းအကျိုးတော်ဆောင်၊ သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်-အဖွဲ့ဝင်

(ရ)ဒေါက်တာကျော်ရင်လှိုင်Myanmar Egressအတွင်းရေးမှူး၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရန်အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမည်-

(က)တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ၊
(ခ)ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြား ထိခိုက်မှုများ၊
(ဂ)တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊
(ဃ)ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊
(င)ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည့် အချက်များ၊
(စ)ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများ၊
(ဆ)ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊
(ဇ)စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များ။

၃။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက် ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက် စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မူရင်း..http://www.president-office.gov.mm/



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>