Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗြဟ္မစိုရ်ခြေလှမ်းများ၏ ပဲ့တင်သံများ

$
0
0
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ဦးဆောင်၍ အသင်းသား (၆) ဦးတို့သည် ၁၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီအချိန်တွင် သရေခေတ္တရာ(ပြည်)မြို့သို့ ဗြဟ္မစိုရ်ခြေလှမ်း ခရီးနှင်ခဲ့ကြသည်။ ကြို့ပင်ကောက်မြို့ သို့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင်ရောက်ရှိခဲ့ကာ သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်) လုပ်ငန်းလည်ပတ် ရာတွင် အထောက်အကူများစွာ အကျိုးပြုရန်အတွက် ကွန်ပြူတာတစုံအား သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင် ကောက်)၏ အကြံပေး ကိုမင်းသူရထံသို့ လှူဒါန်းပေးအပ်ခဲ့သည်။ ထို့နောက် ပြည်မြို့သို့ ခရီးဆက်ခဲ့ကာ ပြည်မြို့ရှိ ရွှေပေါက်ပင်ဆရာတော်ကြီး ဘဒ္ဒန္တသောမာစာရထံကို ဝင်ရောက်ဦးခိုက်ခဲ့ပြီး သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)သို့ သွားရောက်၍ ကွန်ပြူတာတစ်စုံအား ထပ်မံလှူဒါန်းခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)သည် အများပြည်သူရဟန်းရှင်လူတို့အား ကျန်းမာရေးဝန်ဆောင်မှု(အခမဲ့) ပြုလုပ်ပေးနိုင်ရန် အခက်အခဲမြောက်များစွာကို ဖြတ်ကျော်ခဲ့ရသော ကုသိုလ်ဖြစ်ဆေးခန်း တစ်ခုလည်းဖြစ်သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)အား ဦးစီးဦးဆောင်လုပ်နေသော လူမှုရေးသမားများသည် မိုးမေတ္တာအသင်း အမည်ဖြင့် သွေးလှူဒါန်းခြင်းကို ၁.၇.၂ဝ၁ဝ ရက်နေ့မှစတင်၍ လူသားတို့၏ အသက်ကယ်တင်ရန် လိုအပ်သော သွေးလှူဒါန်းခြင်းများကို ကုသိုလ်ဖြစ်ပြုလုပ်ခဲ့ရာ၌ တရားဝင်မှတ်ပုံတင်ထားသော်လည်း ယနေ့ထိတိုင် မှတ်ပုံတင် မရရှိသေးချေ။ ၂ဝ၁ဝခုနှစ် မေလတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်စတင် ချိတ်ဆက်ခဲ့ပြီး သောက်သုံးရေ ရှားပါးသည့် အရပ်ဒေသများသို့ ရေလှူဒါန်းခြင်း၊အဝီစိရေတွင်းတူးဖော်ခြင်း၊အုတ်ရေကန်များတည်ဆောက်ခြင်း၊ ရေစုပ်ဆက်များတပ်ဆင်ခြင်းစသည့် ရေအကျိုးဆယ်ပါးကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့် လူမှုရေးသမားများ၏ ကျင့်ဝတ်များ ကိုက်ညီမှုရှိသောကြောင့် ၈.၆.၂ဝ၁၁ ခုနှစ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းခွဲအဖြစ် သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်) ဟူ၍ ကျန်းမာရေးဝန်ဆောင်မှု စတင်ပြုလုပ်ခဲ့သည်။ သို့သော် ၈.၆.၂ဝ၁၁ ရက်တွင် စတင်၍ ဖွင့်လှစ်ခဲ့သော်လည်း (၂) ရက်တည်းသာ ဖွင့်ခွင့်ရရှိခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေး၏ တားမြစ်စာထုတ်ဖြင့် တားမြစ်ခြင်း ခံခဲ့ရသည်။ ထို့နောက် ဒုတိယအကြိမ်အဖြစ် ၃ဝ.၆.၂ဝ၁၁ ရက်နေ့တွင် ဆေးခန်းအား ပြန်လည်ဖွင့်လှစ်ခဲ့ရာ တစ်ရက်တည်းသာ ဆက်လက်ဖွင့်ခွင့်ရခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေး၏ ဆင့်ခေါ်၍ ဆက်လက်မဖွင့်ရန် လက်မှတ်ထိုး ခိုင်းသော်လည်း လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါ။ တတိယအကြိမ် ၁၂.၉.၂ဝ၁၁ ရက်နေ့တွင် ထပ်မံ၍ ဖွင့်လှစ်ခဲ့ရာ ယနေ့တိုင် ၉.၈.၂ဝ၁၂ ရက်နေ့အထိ လူနာစုစုပေါင်း (၁၄၃၃၅) ဦး၊ မျက်စိဝေဒနာသည် (၈၉) ဦးတို့အား အလင်းဖွင့် ပေးခဲ့ပြီး အသေးစား ခွဲစိတ်မှုအဖြစ် လူနာ (၄၆) ဦးတို့ကို (အခမဲ့) ကုသကူညီပေးခဲ့ပြီးဖြစ်သည်။ ထိုသို့ ကုသမှုများ ပြုလုပ်ခဲ့ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၈.၆.၂ဝ၁၁မှ ၃၁.၇.၂ဝ၁၂ အထိ ကူညီထောက်ပံ့ငွေကျပ် (၄၇၅) သိန်းနှင့် ပြည်မြို့နှင့် အနယ်နယ်အရပ်ရပ်မှ စုပေါင်းလှူဒါန်းငွေကျပ် (၁၄၈) သိန်းတို့ဖြင့် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေး နိုင်ခြင်းဖြစ်သည်။ ယင်းဆေးခန်းအား တပါတ်လျှင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓယူ၊ ကြာသာပတေးရက်နေ့၌ ကုသပေးရာ တစ်နေ့လျှင် လူနာ ၈ဝ~၁ဝဝ ဦးအထိ ကုသပေးနေရသည်။ မိုးမေတ္တာအသင်းမှ အလုပ်အမှုဆောင် (၁၁) ဦးတို့မှ နေ့စဉ်အလှည့်ကျ တာဝန်ခွဲဝေ၍ ပရဟိတကိစ္စရပ်များအား ပေးဆပ်လျှက်ရှိသလို တာဝန်ခံဆရာဝန်ကြီး ဒေါက်တာ ဦးထွန်းနိုင် ဦးဆောင်၍ လုပ်အားပေးဆရာဝန် (၂၁) ဦး အပါအဝင် လုပ်အားပေးသူနာပြုအကူ (၄ဝ) ဦးတို့ဖြင့် ကုသပေးလျှက်ရှိသည်။ ယခုဆိုလျှင် သမားတော်ကြီး ဒေါက်တာ ဦးမောင်မောင်ခင်နှင့် ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းဝင်းတို့အပြင် သွားဆရာဝန်များကလည်း ပူးပေါင်းကုသိုလ်ဖြစ် ကုသပေးလျှက်ရှိသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သမိုင်းကြောင်းအား ပြန်လည်ကြည့်ရှုသော် အတိုက်အခိုက်၊ အနှောင့် အယှက်၊ အဟန့်အတားများကြားမှ ကြံ့ကြံ့ခံကာ အများအကျိုးအတွက် ပရဟိတစိတ်ဓါတ်စစ်စစ်တို့ဖြင့် တွန်းလှန်ခဲ့ သောကြောင့် ယခုအချိန်ကာလတွင် အများအကျိုးသယ်ပိုးမှုများ ထိရောက်အောင်မြင်မှုရှိခဲ့သည်။ ထိုနည်းတူစွာ မိုးမေတ္တာပရဟိတလူငယ်အဖွဲ့သည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)နည်းတူ ပိတ်ပင်တားဆီးမှုများကြားမှ ဖောက်ထွက်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ထုံးလုပ်နည်းစီမံကိန်းများအတိုင်း ပညာရေးကဏ္ဍကိုလည်း တိုးချဲ့မြှင့်တင်ပေးနေပြီဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအလင်း ပညာဒါနလုပ်ငန်းမှလည်း မိုးမေတ္တာလူငယ်အဖွဲ့၏ သုခအလင်း ပညာဒါနအတွက် ငွေကျပ် (၁၂) သိန်းမတည်လှူဒါန်းမှုဖြင့် တက္ကသိုလ် ဝင်တန်း ကျောင်းသား/သူ (၃၆) ဦးတို့အား ဆရာကြီး ဦးသန်းလွင်မှ ဦးစီး၍ ပြည်မြို့ရှိ နာမည်ကြီး ကျူရှင်ဆရာ (၁၄) ဦးတို့နှင့် လက်ထောက်နည်းပြ (၁ဝ) ဦးတို့၏ ကူညီပံ့ပိုးမှုဖြင့် ပြည်မြို့ရှိ ကျောင်းသား/သူများကို (အခမဲ့) ပညာသင်ကြားပေးလျှက်ရှိသည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)အနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပံ့ပိုးမှုများအပြင် ဆေးခန်း အဆောက်အဦးအလှူရှင် ဦးချစ်လှ (မိသားစု)၊ ဆေးခန်းတိုးချဲ့ အဆောက်အဦးအလှူရှင် (၅) ဦး၊ သွားဘက်ဆိုင် ရာဆေးခန်း ကုသရေးထိုင်ခုံအား ဒေါက်တာ ဦးတင်သိန်း(မိသားစု)နှင့် ရန်ကုန်မြို့ ၃၄ လမ်းနေ ဒေါက်တာ ဇေယျာသိန်း (မိသားစု)၊ သုခအလင်း ပညာဒါနအဆောက်အဦးအတွက် ဦးကြည်စိုးဦး (မိသားစု)တို့မှ သန့်ရှင်း မွန်မြတ်လှသော ကုသိုလ်အလှူဒါနများကြောင့် ယခုဆိုလျှင် ပြည်မြို့အနီးပါတ်ဝန်းကျင် အနယ်နယ်အရပ်ရပ်မှ ကျန်းမာရေးချို့တဲ့သော လူနာစုစုပေါင်း (၁၄၃၃၅) ဦးတို့အား အသက်ကယ်တင် ပေးနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် မိုးမေတ္တာပရဟိတ သွေးလှူအဖွဲ့အနေဖြင့်လည်း သွေးဖြင့်အသက်ကယ်တင်နိုင်ခဲ့သော သွေးအလုံးရေ (၁၉ဝ၉) လုံး ရှိခဲ့ပြီဖြစ်တော့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)တွင် တိုးချဲ့ကုသမှုတစ်ရပ်ဖြစ်သော သမားတော်ကြီး ဒေါက်တာဦးမောင်မောင်ခင်နှင့်ဇနီး ဒေါ်ခင်ခင်အုန်း (မိသားစု)တို့၏ လှူဒါန်းမှုနှင့် ဓါတ်မှန်စက်အလှူရှင် ဒေါက်တာ ဦးသူရသီရိလတ် (မိသားစု)တို့မှ ဓါတ်မှန်ခန်းနှင့် ခွဲစိတ်ခန်း အဆောက်အဦးအတွက် အလှူငွေကျပ် သိန်း (၃ဝ) လှူဒါန်းပေးအပ်ခြင်းအား ၁၇.၈.၂ဝ၁၂ ရက်နေ့တွင် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)၌ ကျင်းပပြုလုပ်ခဲ့သည်။ ယင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူနှင့် အသင်းသားများ၊ ပြည်မြို့၊ မိုးမေတ္တာ ပရဟိတလူမှုရေးသမားများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)ရှိ ဆရာဝန်များ၊ သူနာပြုဆရာမများ၊ အလှူရှင်များ၊ သုခအလင်း ပညာဒါန(ပြည်)ရှိ ဆရာ/မများ၊ ကျောင်းသား/သူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။ ထပ်မံ၍ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)အတွက် အထူးလိုအပ်နေသော လူနာတင်ယာဉ် (၁) စီးအား ခေတ်သစ် ဆောက် လုပ်ရေးပိုင်ရှင် ဟာဂျီဦးဝင်းမောင် (မိသားစု)မှ လှူဒါန်းနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေးတို့၏ ကျန်းမာရေးဝန်ဆောင်မှုပြုလုပ်ရာတွင် ယခုကဲ့သို့ လူမျိုးဘာသာမရွေးတို့၏ လူသားချင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ ပရဟိတစိတ်၊ ပေးဆပ်လိုသောစိတ်တို့ဖြင့် ပံ့ပိုး ကူညီလှူဒါန်းမှုအပေါ် လူမျိုးဘာသာပေါင်းစုံတို့၏ ကိုးကွယ်ရာဖြစ်သော ဘုရားသခင် အသီးသီးတို့သည်လည်း ကျေနပ်နှစ်သိမ့်ကြမည်ဖြစ်သလို ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့်လည်း အများပြည်သူတို့ ကိုယ်စား သာဓု … သာဓု … သာဓု ဟူ၍ ဝမ်းမြောက်ပီတိဖြင့် ကျေးဇူးအထူးတင်ရှိ၍ မှတ်တမ်းတင်လိုက်ရ ပါတော့သည်။ “ကိုယ်ပြုသောကံ ပဲ့တင်သံ . . . ကိုယ့်ထံပြန်လာမည်” ကိုကျော်သူ



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>