Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကမ္ဘာကျော် ဂျပန်လက်ရွေးစင်ဘောလုံးသမားဟောင်း နာကာတာ မြန်မာနိုင်ငံသို့ ရောက်ရှိ

$
0
0
ပြီးခဲ့သည့်၂၀၀၇ ခုနှစ် ဇွန်လအတွင်းက စစ်အာဏာရှင်ဟောင်းဗိုလ်ချူပ်မှုးကြီးသန်းရွှေ၏မြေး ဖိုးလပြည့်နှင့်အတူ
ကမ္ဘာကျော် ဂျပန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဟီဒဲတိုရှိနာ ကာတာသည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆း၄၅နာရီအချိန်က ထိုင်းလေကြောင်းလိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ နာကာတာသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း သြဂုတ်လ (၂၀) ရက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံမည်ဖြစ်ပြီး ညနေပိုင်းတွင် ပဒုမ္မာကွင်း၌ မြန်မာယူ-၁၉ အမျိုးသားအသင်း၊မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းတို့နှင့်ပူးတွဲလေ့ ကျင့်မှုများပြုလုပ်ရန်စီစဉ်ထားကြောင်း လည်း သိရသည်။

နာကာတာသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး သြဂုတ်လ(၂၂)ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

နာကာတာသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်၂၀၀၇ ခုနှစ် ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ကာ ဇွန်လ ၇ ရက်နေ့က လက်ရွေးစင်ကစားသမားများ၊ လက်ရွေးစင်ဟောင်းကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာ ၀န်ရှိသူများနှင့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ရန်ပုံငွေဘောလုံးပြိုင်ပွဲတစ်ခု ကစားခဲ့ရာ ပရိသတ် ၃၀၀၀ ကျော် လာရောက်အားပေးခဲ့သည်။ နာကာတာသည် ဂျပန်လက်ရွေးစင်ဘောလုံးအသင်း၏ အဓိကကစားသမားအဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပွဲပေါင်း ၇၇ ပွဲ ကစားခဲ့ကာ ၁၁ ဂိုးသွင်းယူထားနိုင် ခဲ့သည်။ ပရော်ဖက်ရှင်နယ်ကစား သမားအနေဖြင့် စီးရီးအေကလပ် ပီရူး ဂျီယာ၊ ရိုးမား၊ ပါးမား၊ ဘိုလော့ဂ်နာ၊ ဖီအိုရင်တီးနား၊ ပရီးမီးယားလိဂ်ကလပ် ဘော်လ်တန်အသင်းတို့တွင် ကစားခဲ့ပြီး အသက် ၃၀ ၌ အနားယူခဲ့သူဖြစ်သည်။

EMG



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>