မင်းဘူးမြို့ကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကနှင့်အတူ ရောက်ရှိသွားချိန်မှာ ဈေးဆိုင်ခန်း တွေကို မတရားသဖြင့် သိမ်းယူခံခဲ့ရတဲ့ ဈေးသည်တွေ လာရောက်တွေ့ဆုံပါတယ် ....
ဓာတ်ပုံပါ ဈေးသည်တစ်ဦးကတော့ ဈေးအရင်းအနှီးအတွက်မင်းမြို့ကဦးမောင်လှဆီက ငွေတိုးနဲ့၃၀၀၀၀ ချေးယူခဲ့ပါတယ်။ အတိုးနှုန်း (၇) ကျပ်နှုန်းနဲ့ ချေးယူခဲ့ပြီး တစ်နှစ်ကျော်ကြာတဲ့အထိ အတိုးသာလစဉ် ပေးစပ်နိုင်ခဲ့ပြီး အရင်းကျေတဲ့အထိတော့ ပေးဆပ်နိုင်ခြင်း မရှိခဲ့ပါဘူး။
အဲဒီအချိန်မှာ သူဌေးဦးမောင်လှက ဈေးသည်ကြီးပိုင်တဲ့ ဆိုင်ခန်း နှစ်ခန်းကို သိမ်းဖို့လုပ်ပါတယ်။ အဲဒါကိုမြို့နယ်စည်ပင်သာယာဌနမှ ဦးစီးမှူး ဦးစိုးအောင် က ငွေက တရားမ၀င်ချေးတာ ဆိုင်ခန်းနဲ့ မပတ်သက်တဲ့အတွက် ဈေးသည်ကြီးကို အနိုင်ပေး ခဲ့ပါတယ်။
အဲဒီလို ဆုံးဖြတ်ပေးပြီး ရာထူးတိုးနဲ့ မကွေးကို ပြောင်းသွားပြီး အသစ်ရောက်လာတဲ့ ဦးစီးမှူးဟာ မောင်လှနဲ့ပေါင်းပြီး ဒီဆိုင်တွေကို မောင်လှပိုင်စေလုပ်လိုက်ပါတယ်။ ၁၉၉၅-၉၆ခုနှစ်ထဲမှာ ဖြစ်ခဲ့တဲ့ပြဿနာအတွက် ဈေးသည်ကြီးတွေခမျာ ယနေ့အထိ တအုံနွေးနွေးခံစားနေရ ဆဲပါ။ အခုတော့ ဆိုင်ခန်းမရှိတော့လို့ လမ်းဘေး ဈေးသည်တွေ ဖြစ်နေပါပြီ
Naung Taw Lay

Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.