Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကျော်သူကိုခေါ်ပေးပါ

$
0
0

ကျော်သူကိုခေါ်ပေးပါ

၂၁.၈.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ နာရေးရှင်တစ်ဦး ဖုန်းဆက်အကူအညီတောင်းခံလာသည်။ ကွယ်လွန်သူမှာ မနေ့ကမှ ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင် အရေးပေါ်လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးမှ ထောက်ကြံ့ (၃) ရပ်ကွက် နေအိမ်သို့ ပို့ဆောင်ပေးခဲ့ရသော အဆုတ်ကင်ဆာဝေဒနာသည် အဘ ဦးသိန်းဆွေ တစ်ယောက်ဖြစ်နေ တော့သည်။ ဆေးရုံမှ ဆရာဝန်ကြီးသည် လက်လျော့လိုက်ပြီဖြစ်သောကြောင့် မိမိ၏နေအိမ်၌ပင် ခေါင်းချ ချင်သည့် ဝေဒနာရှင်၏ ဆန္ဒအရ မိသားစုဝင်များမှ လူနာတင်ယာဉ်ရရှိရန် အခက်အခဲ အမျိုးမျိုးကြားမှ နာရေးကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်လူနာတင်ယာဉ် အကူအညီတောင်းခံလာသောကြောင့် ဦးကျော်သူကိုယ်တိုင် မောင်းနှင်ကူညီ၍ အသင်းမှ အရေးပေါ်ကယ်ဆယ်ရေး လုပ်အားပေးများနှင့် နေအိမ် သို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။

ညအချိန်သို့ရောက်သော် အဘ ဦးသိန်းဆွေ၏ ကျန်းမာရေးအခြေအနေအား လာရောက်၍ မေးမြန်းဖေးမကြသော အဘ ဦးသိန်းဆွေ၏ ညီမနှင့် တူ/တူမများတို့အား ဝမ်းသာအားရဖြင့် “ငါ့ကို အိမ်ပြန် ပို့ပေးတာ ကျော်သူလေ … ငါ့ကို အကောင်းစားကားကြီးနဲ့ သူကိုယ်တိုင်မောင်းပို့တာလေ .. ကား ကြီးကလည်း ငြိမ့်နေတာပဲ” ဟူ၍ ဂုဏ်ယူကာပြောကြားနေသေးသည်။ သားဖြစ်သူအားလည်း “မင်းက ကျော်သူကို ငါ NLD ကဆိုတာ မပြောလိုက်ဘူးလား” ဟုပင် အပြစ်တင်နေသေးသည်။ ၂၁.၈.၂ဝ၁၂ ရက်နေ့ အင်္ဂါနေ့ နံနက်အစောပိုင်း၌ အဘ ဦးသိန်းဆွေ၏ ဝေဒနာသည် ဆိုးရွားစွာ ဖေါက်ပြန်လာသည်။ ဝေဒနာ၏ တိုက်ခိုက်မှုဒဏ်ကို အလူးအလဲခံနေရသော အဘ ဦးသိန်းဆွေသည် မကြာမီ လူ့လောကကြီးမှ ထွက်ခွာသွားရမည်ကို သိနေသည့်အလား ဆွေမျိုး၊ ညီအစ်ကို မောင်နှမများတို့မှ သုံးစွဲရန် လာရောက် ကန်တော့ထားသည့် ငွေကြေးများအား “ငါ့ပိုက်ဆံတွေ ကျော်သူအသင်းကိုလှူမယ် .. ကျော်သူကိုခေါ်ပေး … ကျော်သူကို မြန်မြန်ခေါ်ပေး” ဟု တတွတ်တွတ် ပြောနေရှာလေသည်။ နံနက် (၉းဝဝ) နာရီအချိန် သို့ရောက်သော် အဘ ဦးသိန်းဆွေ၏ ဝေဒနာသည် ပို၍ဆိုးလာလေသည်။ အဘ ဦးသိန်းဆွေ၏ ဇနီးဖြစ်သူ အဖွား ဒေါ်သောင်းကြည်သည် အဘ ဦးသိန်းဆွေအား ထွေးပွေ့ကာ “ဘာမှ စိတ်မပူနဲ့နော် .. ဆရာဝန်ခေါ်ထားတယ် .. ဆရာဝန်လာရင် သက်သာသွားမှာ” စသဖြင့် အားပေးနှစ်သိမ့်နေရှာသည်။ အဘ ဦးသိန်းဆွေသည် ဝေဒနာအား ကြိတ်မှိတ်ခံစားရင်း “ဆရာဝန်မလာသေးဘူးလား .. မလာသေး ရင်လည်း ဆရာဝန်မခေါ်နဲ့တော့ .. ကျော်သူကိုပဲခေါ်ပေး .. ကျော်သူကိုပဲခေါ်ပေးပါ .. ကျော်သူတို့ အသင်းကို ငါ့ပိုက်ဆံတွေ လှူသွားချင်တယ် .. မြန်မြန်သာခေါ်ပေးပါ” တဖွဖွပြောဆိုရင် ဝေဒနာကို အန်တုကာ သေခြင်းတရားကို ကုသိုလ်ပွားရင်း ရင်ဆိုင်သွားရှာလေသည်။ အဖွား ဒေါ်သောင်းကြည် တစ်ယောက်လည်း ခင်ပွန်း အဘ ဦးသိန်းဆွေ ဘဝတစ်ပါးသို့ ပြောင်းသွားခြင်းကို သတိပင်မထားမိ လောက်အောင် အဘ ဦးသိန်းဆွေတစ်ယောက် ငြိမ်သက်စွာဖြင့် ဘဝကူးခဲ့ခြင်းပင်ဖြစ်သည်။

အဘ ဦးသိန်းဆွေသည် တပ်မတော်သားဘဝနှင့် တိုင်းပြည်တာဝန်များကို သက်စွန့်ဆံဖျား ထမ်းဆောင်ရင်း မိသားစုစားဝတ်နေရေး၊ သားသမီးတို့၏ အနာဂတ်အတွက် တာဝန်ကျေခဲ့သည့် ဖခင် ကောင်းဖြစ်သလို ဒီမိုကရေစီဖော်ဆောင်ရေးအတွက် NLD နှင့်လက်တွဲကာ နိုင်ငံရေးလှုပ်ရှားမှုများလည်း ပါဝင်ခဲ့လေသည်။ အဘ ဦးသိန်းဆွေကွယ်လွန်ခြင်းသည်မိသားစုအတွက် ကြေကွဲစရာဆုံးရှုံးမှုတစ်ရပ် ဖြစ်သလို ဆွေမျိုးသားချင်းတို့အတွက်လည်း ကြေကွဲဖွယ်ရာဖြစ်လေသည်။

ကွယ်လွန်သွားရှာသော အဘ ဦးသိန်းဆွေ၏ ကျန်ရစ်သော ရုပ်ကလပ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများနှင့် ဝန်ထမ်းများသည် ရေဝေးသုဿန် အအေးခန်းရှိရာသို့ ကြေကွဲစွာဖြင့် သယ်ဆောင်ပို့ခဲ့တော့သည်။ ရေဝေး သုဿန်တွင် အဘ ဦးသိန်းဆွေအား အအေးခန်းတွင်းသို့ ပို့ဆောင်ပြီးသည့်နောက် ကျန်ရစ်သူမိသားစုမှ အဘ ဦးသိန်းဆွေ လှူဒါန်းရန် ရည်ရွယ်ထားရှိခဲ့သော အလှူငွေ ၃၅ဝဝဝိ/- (သုံးသောင်းငါးထောင်) ကျပ် အား ရေဝေးသုဿန်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခွဲ၌ ဝင်ရောက်လှူဒါန်းခဲ့သည်။ နာရေးကူညီမှုအ သင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည်လည်း မိမိကိုယ်တိုင် လူနာတင်ယာဉ်မောင်းပို့ခဲ့သော လူနာဖြစ်သူ အဘ ဦးသိန်းဆွေသည် (၂၄) နာရီမှ မပြည့်ခင် မိမိ၏ အမည်နာမကို တမ်းတ၍ လူ့လောကကြီးထဲမှ ထွက်ခွာသွားရှာသော အဘ ဦးသိန်းဆွေ အသက် (၇၅) နှစ်အတွက် မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲ ခဲ့ရလေတော့သည်။

သို့သော် . . .

ကောင်းမှုဆွေမျိုး နေ့စဉ်တိုး ကောင်းကျိုးရနိုင်သည်။

ကောင်းမှုဆွေမျိုး နေ့စဉ်တိုး အားကိုးထိုက်လှသည်။

အရိပ်ပမာ ကုသိုလ်သာ မှတ်ပါ ကိုယ့်ဥစ္စာ

ကုသိုလ်ပုည နိဗ္ဗာန်ကျ လိုက်မည်အမှန်ပါ။

(ဆရာတော်ကြီး ဦးဉာဏစက္က - ပုလဲမြို့သစ်)

သံဝေဂ သြဝါဒစကားအရ အဘ ဦးသိန်းဆွေသည် တိုင်းပြည်နဲ့လူမျိုးအပေါ်၊ မိသားစုအပေါ် တာဝန်ကျေခဲ့ ရုံတင်မက လှူဒါန်းလိုသော ကုသိုလ်စိတ်ဖြင့် အေးချမ်းစွာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခြင်းအပေါ် များစွာကျေနပ်ပီတိ ဖြစ်ခဲ့ရပါတော့သည်။

ဇော်စိုင်း (F.F.S.S)



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>