လွန်ခဲ့တဲ့ ၂၄ နှစ်က လူထု ထောက်ခံမှု အများကြီး ရခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် အခု ပြည်တော်ပြန်လာတော့ လူထုက ထောက်ခံပါသေးရဲ့လား၊ သူက ဘာပြန်ဖြေပါသလဲ။ တခါ မျက်မှောက် မြန်မာ့နိုင်ငံရေးမှာ ပါတီထောင် ရွေးကောက်ပွဲ ၀င်တဲ့လမ်းကို သူ လိုက်မှာပါလား။ ဘီဘီစီ ၀ိုင်းတော်သား ဦးကိုကိုအောင်က ကိုမိုးသီးဇွန်ကို တွန်းတွန်းတိုက်တိုက် မေးထားတာကို နားဆင်နိုင်ပါတယ်။