Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာနိုင်ငံတွင် Master Card ၏ပထမခြေလှမ်း

$
0
0

(AFP Mသတင်းမှ 6Sept 2012 ရက်စွဲပါ “Master Card has first swipe in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

အရောင်းအဝယ် ကိစ္စမှန်သမျှတွင် ငွေစက္ကူကိုသာ သုံးစွဲကြရသည့် စီးပွားရေး နိမ့်ကျသော မြန်မာနိုင်ငံတွင် အီလက်ထရောနစ် ငွေပေးငွေယူစနစ် ကို လမ်းခင်းပေးနိုင်မည် ဟုမျှော်လင့် ထားသော Master Card ကုမ္ပဏီက မြန်မာဘဏ်တစ်ခုနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုး လိုက်ပြီဟု ကြာသပတေးနေ့ တွင်ပြောကြားသည်။

ပြည်တွင်းမှ စီဘီဘဏ်နှင့် လိုင်စင်သဘောတူညီမှုအရ Master Cardကို မြန်မာနိုင်ငံတွင် ထုတ်ဝေရန်၊ လက်ခံသုံးစွဲရန် လက်တွေ့အစီအစဉ်ကို ဆောင်ရွက်မည် ဖြစ်ပြီး ယခု ဆောင်ရွက်ချက်သည် မြန်မာတို့၏ ပြုပြင်ပြောင်းလဲမှု ကို အမေရိကန် ပြည်ထောင်စုက တုန့်ပြန်သည့် အနေဖြင့် ငွေကြေး Sanctionsများကို ဖြေလျှော့ပေး ပြီးနောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ကုမ္ပဏီက ဆိုသည်။

ခရက်ဒစ်ကတ်များဖြင့် ငွေပေးငွေထုတ် မပြုနိုင်ခြင်းသည် အရပ်ဖက် အစိုးရအပေါ် ပြင်းထန်သော နိုင်ငံတကာ Sanctionsများ ချမှတ်ခဲ့ခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်။

လတ်တလောတွင် ပြည်သူလူထုသည် ၎င်းတို့ပိုင်ဆိုင်သော ငွေအားလုံးကို ငွေအားလုံးကို ငွေစက္ကူများအဖြစ် ကိုင်ဆောင်သုံးစွဲ နေရပြီးထိပ်တန်း ဟော်တယ်ကြီးများ၌ပင်ခရက်ဒစ်ကတ် ငွေပေးချေမှုကို ပြောက်တိပြောက်ကျား သုံးစွဲနေကြ ရသောကြောင့် ဤကိစ္စသည် ခရီးသွား တိုးရစ်များနှင့် နိုင်ငံခြား ကုမ္ပဏီများ အတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ခရက်ဒစ်ကတ်ကွန်ယက် ဖြစ်ပေါ်လာရန် ဦးတည်သော ယခုဆောင်ရွက်ချက်သည် ခရီးသွား တိုးရစ်ကဏ္ဍအပေါ် ကြီးမားသော ကောင်းကျိုးသက်ရောက် စေမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်နေသည့် မြန်မာနိုင်ငံကိုလည်း ကောင်းစွာအထောက်အကူ ဖြစ်စေလိမ့်မည်ဟု Master Cardကုမ္ပဏီက ကြေညာချက်ထုတ်ပြန်သည်။

ထို့အပြင်သန်း၅၀ကျော်သည်ဟု ခန့်မှန်းထားသော မြန်မာလူထုကို ငွေကြေးစနစ် အတွင်းသို့ ပိုမိုဆွဲခေါ်နိုင်အောင် အကူအညီ ရစေလိမ့်မည်ဟု ကုမ္ပဏီက ဆိုသည်။

Master Card World Wideစင်ကာပူမှ ဂျော့ခ်ျတန်က “မြန်မာနိုင်ငံတွင် ခရက်ဒစ်ကတ် ထုတ်ဝေရန် လက်ခံသုံးစွဲရန် လုပ်ဆောင်နေသော လုပ် ငန်းစဉ် တစ်ခုလုံးသည် လအနည်းငယ် ကြာမြင့်မည် ဖြစ်ကြောင်း၊ ယခုသဘော တူညီမှုသည် မြန်မာနိုင်ငံသို့ ဝင်မည့်Master Card ကုမ္ပဏီ၏ ကတိကို ပြသခြင်း ဖြစ်ကြောင်း” ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ ဘဏ်စနစ်နှင့် လတ်တလော မချိတ်ဆက်ရသေးသော ATM ငွေထုတ်စက် ၈၀ဝန်းကျင်ခန့် ရှိပြီး ၎င်းတို့အနက် ၃၀ခန့်မှာ စီဘီဘဏ်နှင့် ဆိုင်သည်ဟု သူမက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင်ပြီးခဲ့သောဧပြီလကတရားမျှတသောကြားဖြတ်ရွေးကောက်ပွဲများကျင်းပကာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်တော်သို့ဝင်ခွင့်ပေပြီး နောက်ပိုင်းတွင်အမေရိကန် ပြည်ထောင်စုကလည်း မြန်မာနိုင်ငံအပေါ်အရေးယူချမှတ်ထားသော ငွေကြေးsanctionများကို ဖြေလျှော့ ပေးကြောင်း ကြေညာသည်။

Yangon chronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>