Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဇာဂနာရှင်းတမ်း

$
0
0
၂၀၁၂ သြဂုတ်လ (၃၁) ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပ သို့ထွက်ခွာသွားသောဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်သူများအနက်တိုင်းပြည်သို့ပြန်လာခွင့်ရ သော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံး မြင့်တို့ကို ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ သွားရောက်ကြိုဆို ခဲ့ပါသည်။ လေဆိပ်တွင် သတင်း ရယူရန်စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင် ပြေစွာသတင်းရယူနိုင်ရန် စီစဉ်ပေး ခဲ့သော်လည်း အဆင်မပြေဘဲ အခြားခရီးသည်များကိုပါ အနှောင့် အယှက်ဖြစ်စေခဲ့သည်။

ထို့အပြင် သတင်းထောက်တစ်ဦးက ကျွန်တော့် အားတွန်းလိုက်သည့်အတွက်လဲကျ သွားရာမှ အမှတ်မဲ့ဆဲမိပါသည်။ ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအား လည်းကောင်း စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်းစိတ်မကောင်း ဖြစ်ရပါသည်။

ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ် မှုနှင့် တိုးတက်ရေးအတွက်သာအမြဲ လုပ်ဆောင်လိုသောဆန္ဒရှိပြီး နိုင်ငံ ၏ အရေးပါသောစတုတ္ထမဏ္ဍိုင် ကို အရှင်းစော်ကားလိုသော စိတ် မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူများနှင့် မီဒီယာ များအား တောင်းပန်အပ်ပါသည်” ဟု ဇာဂနာရဲ့ ကိုယ်ပိုင် Facebook ပေါ်မှာ လူကြီးလူကောင်းဆန်ဆန် ဂုဏ်သရေရှိစွာဖြေရှင်းရေးသား ထားတာကို တွေ့ရပါတယ်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်တွင်းဝါရင့်သတင်းဂျာနယ် အယ်ဒီတာချုပ်တစ်ဦးက “မီဒီယာ သမားဆိုတာ သတင်းဦးရချင်တယ် ဆိုတာ လက်ခံပါတယ်။ အသိအမှတ် လည်းပြုပါတယ်။ ဒါပေမဲ့ သတင်း ရရင်ပြီးရော ဘယ်သူဘာဖြစ်ဖြစ်၊ ဘယ်သူသေသေဆိုတဲ့ စိတ်မျိုးက သတင်းသမားတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးမဟုတ်ဘူး။ မီဒီယာ တွေမှာ ဇာဂနာကမီဒီယာတွေကို ဆဲတယ်လို့ရေးတာတွေဖတ်ရတော့ အံ့သြမိတယ်။ ဇာဂနာဆိုတာ မီဒီယာအသိုင်းအ၀ိုင်းကမွေးဖွား လာတဲ့သူလေ။ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာကြီး နန်းညွန့်ဆွေ၊ ဒေါ်ကြည်ဦးတို့က မွေးတဲ့သားပါ။ မီဒီယာရဲ့ စစ်မှန် တဲ့ တန်ဖိုးကိုအလေးအနက်ထား တဲ့ ပုဂ်္ဂိုလ်ပါ။ဟုတ်ရောဟုတ်ရဲ့ လားလို့ သံသယဖြစ်မိတယ်။

ဇာဂနာ Facebook ပေါ်မှာ သူကိုယ်တိုင်ရေးတဲ့တောင်းပန်စာ လေးကို ဖတ်ရမှတကယ်ဖြစ်ခဲ့တာ ပါလားလို့လက်ခံလိုက်ရတာ။ မီဒီယာဆိုတာ ကျီးကန်းတွေမဟုတ် ဘူး။ အသားတစ်တုံးကို တွေ့တာ နဲ့ ဘယ်သူဘာဖြစ်ဖြစ်ဝိုင်းထိုးမယ် ဆိုတာ ကျီးကန်းစိတ်ပဲ။ ဒီလိုအဖြစ် အပျက်မျိုးဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပွဲမှာ တစ်ခါဖြစ်ခဲ့ပြီးပြီ။ မင်းကိုနိုင်တို့ ပြန်လွတ်လာတဲ့နေ့ က လေဆိပ်ကအဖြစ်အပျက်တစ် ခုကို ပြောပြမယ်။

သတင်းထောက် ဆိုတဲ့ ပုဂ်္ဂိုလ်က ကိုယ့်ရှေ့မှာရပ် နေတဲ့ သတင်းထောက်မိန်းကလေးတစ်ယောက်ကို နောက်ကလူတိုး သလိုလိုဓာတ်ပုံရိုက်ချင်သလိုလိုနဲ့ ရှေ့ကသတင်းထောက်မိန်းကလေး ရဲ့ တင်ပါးကို မသိမသာပွတ်နေ တာ၊ အတင်းဝင်ဖိနေတာ၊ ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ တယ်။

အဲဒီလိုသတင်းထောက်မျိုးဆိုရင်ဆဲရုံတင်မဟုတ်ဘူး။ဆွဲပါထိုးပစ်ရမယ်၊သတင်းထောက် လောကထဲကတောထုတ်ပစ်ရမယ်။ ဒါမှမီဒီယာတန်ဖိုးတက်လာမယ်။ အသားထဲကလောက်ထွက်တဲ့ မသမာသူတစ်ယောက်ကြောင့် ကျီးကန်းလိုဝိုင်းအာတာမျိုးကျွန်တော် ရွံမုန်းတယ်။ အီတလီမှာ မာဖီးယား ဂိုဏ်း၊ ဂျပန်မှာ ယာကူဆာဂိုဏ်း ကို လူတွေကြောက်ကြသလို၊ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်းမီဒီယာဆိုသူများကိုမှားမှားမှန်မှန် ကြောက်နေရတယ်ဆိုရင်မဟုတ် သေးဘူးလို့ပဲ ပြောချင်တယ်”လို့ မှတ်ချက်ပေးပြောကြားတာကိုလည်း ကြားသိခဲ့ရပါတယ်။
ညီညီ (hotnewsweekly)



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>