Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာသို့ တိုးရစ်ဝင်ရောက်မှု တိုးမြင့်လာခြင်းကြောင့် ပြဿနာသစ်များနှင့် ကြုံတွေ့ရ

$
0
0
Photo..Voa
(VOA သတင်းဌာနမှ 7 September 2012 ရက်စွဲပါ “Tourism Surge Presents New Problems for Burma”ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့် ခရီးသွား တိုးရစ်နှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိလာသူ နိုင်ငံခြားသား ဦးရေမှာ ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာသလို ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာလည်း နိုင်ငံတွင်း အပြောင်းအလဲ ဖြစ်မှုများကို ဖော်ကျူးသည့် ညွှန်းကိန်းတစ်ခု ဖြစ်လာသည်။

ယခုနှစ် ၇လတာ ကာလအတွင်း မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာသော တိုးရစ်ဦးရေမှာ သုံးသိန်းဖြစ်ပြီး အဆိုပါ ပမာဏသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း ဝင်ရောက်ခဲ့သော ပမာဏ နီးပါးရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ် သူများထဲတွင် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်သည်။ ထိုင်းနိုင်ငံပြီးလျှင် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့ရှိသည်။ ဥရောပ တိုက်သားများမှာမူ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် တိုးရစ်စုစုပေါင်း၏ လေးပုံ တစ်ပုံခန့် ရှိသည်။

လာမည့် ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံထိပ်သီး ဆွေးနွေးပွဲ လက်ခံကျင်းပချိန်တွင် နိုင်ငံခြားသား တိုးရစ် တစ်သန်းနီးပါးခန့် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိအနေအထားတွင် နိုင်ငံတစ်ဝန်း၌ ဟိုတယ်အခန်းပေါင်း ၂၅၀၀၀ရှိသည်။ စီးပွားရေးမြို့တော်ဟု ဆိုသော ရန်ကုန် တွင်မူ ဟိုတယ်ခန်း စုစုပေါင်း ၈၀၀၀ရှိသည်။

သို့သော် နိုင်ငံခြား တိုးရစ်ဝင်ရောက်မှု အဆမတန် မြင့်တက်လာခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများတွင် လုပ်ငန်းကြန့်ကြာမှုနှင့် အခက်အခဲများ တွေ့ကြုံလာရသလို တိုးရစ်နှင့် စီးပွားရေး ခရီးသွားများ အကြား ဟိုတယ်အခန်း ရရှိရေး ယှဉ်ပြိုင်မှုမှာလည်း မြင့်တက်လာသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် Asian Trailsမှ အမှုဆောင် အရာရှိချုပ် Luzi Matzigက မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း အဆမတန် ကြီးထွားလာခြင်းမှာ မကြုံစဖူးပင် ဖြစ်ကြောင်းပြောဆိုသည်။

"ယခုလို တိုးရစ်ဝင်ရောက်မှု အဆမတန် မြင့်တက်လာတာမျိုးကို ကျွန်တော်တို့ ဘယ်နိုင်ငံမှာမှ မကြုံဖူးပါဘူး။ ဘယ်တုန်းကမှလည်း ဒီလိုမျိုး မဖြစ် ဖူးပါဘူး။ ယခု မြန်မာနိုင်ငံကို သွားချင်တဲ့ ခရီးသည်တွေ များပြားနေချိန်မှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာက အတော့်ကို ကိုင်တွယ်ဖြေရှင်းရ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ဟိုတယ်ခန်းတွေ ဒါမှမဟုတ် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ လုံလုံလောက်လောက် မရှိတာပါပဲ" ဟု ပြောကြားသည်။

ဟိုတယ်ခန်း ငှားရမ်းမှု နှုန်းထားများ ဈေးအဆမတန် မြင့်တက်ခြင်း၊ အခန်းငှားရမ်းမှုအတွက် အဆင့်မြင့် ကန်ထရိုက်ချုပ်ဆို ပေးနိုင်မှု မရှိခြင်း အစ ရှိသည်တို့ကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများက မကျေမနပ် ဖြစ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး မှတ်တမ်းများ တိုးတက်ကောင်းမွန် လာခြင်းကြောင့် အနောက်နိုင်ငံများက သတ်မှတ်ပြဋ္ဌာန်းခဲ့သော ပိတ်ဆို့ အရေးယူမှုများ ဆိုင်းငံ့သွားရာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် လာရောက်သူ နိုင်ငံခြားသား ခရီးသွားဦးရေမှာလည်း မြင့်တက်လာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ယခင်တိုးရစ်များ ပုံမှန်ငှားရမ်းလေ့ရှိသော အခန်းများကို အချို့သော ကုမ္ပဏီကြီးများက ကြိုတင်ဘွတ်ကင် လုပ်ထား ကြသည်။

မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးဌေးအောင်က တိုးရစ်ဝင်ရောက်မှုနှုန်း မြင့်တက်လာမှုမှာ ကြိုဆိုရမည့် ကိစ္စဖြစ်သော်လည်း စိန်ခေါ်မှု အသစ်များကို ဖန်တီးလာကြောင်း၊ အထူးသဖြင့် လူသားအရင်းမြစ်နှင့် အခြေခံအဆောက်အဦး လိုအပ်ချက်ပင် ဖြစ်ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ အနေနဲ့ အဆင့်အတန်းတွေ၊ ဝန်ဆောင်မှု အဆင့်အတန်းတွေ မြှင့်တင်ရပါမယ်။ အဲဒီကိစ္စဟာ အင်မတန် အရေးကြီးပါတယ်။ နောက် တစ်ချက်က သယ်ယူပို့ဆောင်ရေးပါ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပေါ့။ နောက်ပြီးတော့ ဟိုတယ်တွေ၊ ရှိပြီးသား ဟိုတယ်တွေရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်ရပါမယ်။ ကမ္ဘာလှည့် ခရီးသွားတွေ သွားရောက်ကြည့်ရှုတဲ့ နေရာတွေ ကိုလည်းပဲ အလားတူ အဆင့်မြှင့်တင် ရမှာဖြစ်သလို တိုးရစ်တွေအတွက် နေရာသစ်တွေကိုလည်း ထပ်မံဖွင့်လှစ် ရမှာဖြစ်ပါတယ်"ဟု ဦးဌေးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုအခါ ရန်ကုန်မြို့အနီး၌ နိုင်ငံတကာ လေဆိပ်သစ်ကြီးတစ်ခု တည်ဆောက်ရန် စီစဉ်လျက် ရှိသလို ရန်ကုန်ရှိ တိုက်ခန်းများကို ဟိုတယ်ခန်းအဖြစ် ပြောင်းလဲလျက်ရှိရာ ယခုနှစ်အတွင်း ဟိုတယ်ခန်းပေါင်း ၅၀၀အထိ တိုးမြင့်လာသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကမူ မြန်မာနိုင်ငံအတွက် တိုရစ်ဇင်လုပ်ငန်းဆိုင်ရာ မဟာစီမံကိန်းကြီး တစ်ရပ်ကို ပြင်ဆင်ပေးလျက်ရှိပြီး အာရှဒေသ တွင်း လေကြောင်းလိုင်း များကလည်း မြန်မာနှင့် ချိတ်ဆက်ကာ ခရီးစဉ်သစ်များ ပြေးဆွဲပျံသန်း ပေးလျက်ရှိသည်။

ADBမှ စီးပွားရေးပညာရှင် Alfredo Perdigueroက တိုင်းပြည်စီးပွားရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာအခရာကျကြောင်း ပြောကြားသည်။

"ဆိပ်ကမ်းတွေမှာရော နယ်စပ်ဒေသတစ်လျှောက်မှာပါ သယ်ယူပို့ဆောင်ရေးကိစ္စနဲ့ပတ်သက်တဲ့ အဟန့်အတားတွေရှိနေဆဲဖြစ်ပါတယ်။ လုပ်ကိုင်နိုင်မှု စွမ်းအားကို ကြည့်မယ်ဆိုရင် အလုပ်သမားတွေ လိုအပ်လာပါတယ်။ ကျွန်တော်တို့မှာ လုပ်ကိုင်ပေးနိုင်စွမ်းတွေ အသေအချာ ရှိနေပေမယ့် လည်း မြန်မာနိုင်ငံရဲ့ အသက်မွေး ဝမ်းကျောင်းပညာနဲ့ တက္ကသိုလ်ပညာရေးစနစ် ဆိုးရွားညံ့ဖျင်းမှုကြောင့် ဘာမှလုပ်လို့မရပဲ ဖြစ်နေပါတယ်" ဟု ၎င်းက ဆိုသည်။ မြန်မာအစိုးရကမူ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဆိုင်ရာ မူဝါဒများသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အထောက်အကူဖြစ်ကြောင်း၊ အမျိုးသမီးများ အတွက်လည်း အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း၊ ပုံမှန်အနေအထားဖြင့် တိုးရစ်ဝင်ရောက်မှု တိုးတက်လာခြင်းကြောင့် ပြည်တွင်းမှ လူ့အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အကျိုးအမြတ် ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

Yangon chronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>