Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာ ကျောက်စိမ်းသူဌေးများကြောင့် မြေဈေး အဆမတန် တက်ခဲ့

$
0
0
မြေဈေးများ အဆမတန် မြင့်တက်နေသည့် ရန်ကုန်မြို့၏ ညရှုခင်း

Business Week ပါ Daniel Ten Kate ၏ Myanmar’s Jade Millionaire Fuel Properly Surge မှ ထုတ်နုတ် တင်ပြအပ်ပါသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး စက်မှုဇုန်ကြီး ရှိရာ ဟိုနေရာကတစ်ဖဲ့ ဒီနေရာတစ်ချိုင့်နှင့် မညီညာစွာ ပျက်စီးနေသော လမ်းမကြီး ဘေးဘက်ရှိ သစ်ပင်တစ်ပင်တွင် ဦးသိန်းဦး တစ်ယောက် သူကောက်လာသော ပလတ်စတစ် များကို လှမ်းနေကြောင်း၊ အဆိုပါ ပလတ်စတစ်များကို တစ်ဖန် ပြန်သုံးရန် ရောင်းချပြီး သူ့ဇနီးနှင့် ကလေး ငါးယောက် ဝမ်းရေး အတွက် ဖြည့်ဆည်းပေးရမှာ ဖြစ်ကြောင်း ရေးသားထားပါသည်။ အမှိုက်သရိုက်ပုံ များထဲမှ သူကောက်ယူထားသော အိတ်စုတ်၊ ဘူးခွံ တစ်ပုံတစ်ပင်များ ၏ နောက်မှာရှိနေသည့် အစောင့်မရှိ လစ်ဟာနေ သော ဂိတ်ဝင်းအတွင်း ကြည့်လိုက်လျှင် မြက်ရိုင်းပင်များနှင့် ခွေးလေခွေးလွင့်များ ရှိရာ မြေကွက်ကြီးသည် တစ်ဧကလျှင် အမေရိကန် ဒေါ်လာ ငါးသိန်းမျှ တန်ဖိုးရှိသော မြေကွက်ကြီး ဖြစ်ကြောင်း၊ ဤမြေကွက်ကြီး၏ ဈေးမှာ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် အော်လန်ဒိုမြို့ စက်မှုဇုန်ရှိ မြေဈေးထက် ဆယ်ဆမျှ ပို၍ကြီးနေကြောင်း ဆောင်းပါးတွင် ရေးသား ထားပါသည်။

အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ထားသော ဦးသိန်းဦး၏ နုံနုံချာချာ တဲစုတ်ကလေးသည် ဤနေရာ၏ တရိပ်ရိပ် တက်နေသော မြေဈေး၏ တန်ဖိုးနှင့် နှိုင်းယှဉ်ရလျှင် တစ်ဘာသာစီဖြစ်နေလျက် ဝိရောဓိ အသွင်အပြင် ရှိနေကြောင်း ရေးသားထားပါသည်။ ဤနေရာသည်ကား ၁၉၉၅ ခုနှစ်ကစတင်၍ တည်ဆောက် ခဲ့သော လှိုင်သာယာ စက်မှုဇုန်ပင် ဖြစ်ကြောင်း၊ စတင်တည်ခဲ့စဉ်က ဈေးထက် ယခုဆိုလျှင် အဆတစ်ရာမျှ တက်သွားပြီ ဖြစ်ကြောင်း၊ ဤသို့မြင့်တက်ခဲ့ရခြင်း၏ အရင်းခံမှာ ကျောက်စိမ်းတွင်း သူဌေးများ၏ ရင်းနှီးမြှုပ်နှံ မှုကြောင့် ဖြစ်ကြောင်း၊ အဆိုပါသူဌေးများသည် ကြွယ်ဝနေသော ယင်းတို့၏ဓနငွေကြေးကို အခြား ရင်းနှီး မြှုပ်နှံမှုများအတွက် မမြင်ခဲ့ကြ ဘဲ မြေဈေးကွက်အတွင်း ထည့်သွင်းခဲ့ကြခြင်းကြောင်း ရေးသားထားပါသည်။

ဤသို့နှင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့မှုဖြေ လျှော့လိုက်ခြင်းနှင့်အတူ ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံသူ များ မြန်မာနိုင်ငံအတွင်း တစ်ဟုန်ထိုး ဝင်ရောက်လာရာ ရုံးခန်းများနှင့် အိမ်ကြီးရခိုင် ငှားရမ်း ဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။

ဗွက်ပေါက်နေသောခြစားမှု

အစစအရာရာ အကာအကွယ် ပေးဖို့ ကြိုးစားရာတွင် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေပြုမှု များသည် နောက်ဆုံး ဗွက်ထနေသော ခြစားမှုများ၏ သားကောင် ဖြစ်ခဲ့ရကြောင်း၊ ပြည်သူတို့အတွက် အလုပ်အကိုင် အများစုကို ဖန်တီးပေးနိုင် မည့် ရင်းနှီးမြှုပ်နှံမှုများမှာလည်း လွန်စွာနည်းပါးနေကြောင်း ဆစ်ဒနီရှိ Macquarie တက္ကသိုလ်မှ မြန်မာ့ စီးပွားရေး သုတေသီ တွဲဖက်ပါမောက္ခ Sean Turnell က အီးမေးလ်မှ တစ်ဆင့် ပြောကြားခဲ့ကြောင်း ရေးသားထားပါသည်။

စီးပွားရေး မညီမျှမှုများ၏ အရင်းခံ သရုပ်သကန်မှာ ကျောက်စိမ်း ရောင်းဝယ်ရေးကြောင့် ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကျောက်စိမ်း တင်သွင်းမှုကို ပိတ်ပင်ခြင်းနှင့် ရတနာ အရောင်းအဝယ်အတွက် ငွေလွှဲ ပို့ခြင်းတို့ကို အမေရိကန် အစိုးရမှ ပိတ်ပင်ခဲ့၍ တရုတ်ပြည် ဈေးကွက်သည် ကြီးထွားလာ ရကြောင်း၊ ဟောင်ကောင် တက္ကသိုလ်မှ သုတေသီ တွဲဖက်ပါမောက္ခ Renaud Egreteau က ပြောကြားသည်ဟု ဖော်ပြပါရှိ ပါသည်။ ညံ့ဖျင်းမှု ကျောက်စိမ်း ကုန်သည်များသည် ယင်းတို့၏ ဝင်ငွေကို မည်သို့ သုံးစွဲရမှာ မသိကြောင်း ရန်ကုန်အခြေစိုက် Myanmar Marketing Research and Development ကုမ္ပဏီ ဦးမိုးကျော်က မှတ်ချက်ပြု ပြောကြားခဲ့သည်။ အဆိုပါ ကုမ္ပဏီမှာ Unilever NV နှင့် Nestle SA တို့အတွက် ဈေးကွက် သုတေသန ပြုလုပ်ပေးနေသော ကုမ္ပဏီ ဖြစ်ကြောင်း၊ အမေရိကန် ပိတ်ဆို့မှုကြောင့် ကျောက်စိမ်း ကုန်သည်များသည် အကြွေးဝယ်ကတ်များ မကိုင်နိုင်တော့ကြောင်း၊ သို့ဖြင့် သူတို့၏ ငွေ ပင်ငွေရင်း များသည် မြေဈေးကွက်အတွင်း လှိမ့်ဝင်သွားကြောင်း ယင်းမှ ပြောကြားသည် ဟု ရေးသားထားပါသည်။ ကျောက်စိမ်းသူဌေး များသည် ထိုင်းနိုင်ငံ၊ စင်္ကာပူ နိုင်ငံ အစရှိသည် တို့တွင် လှပသော ကွန်ဒိုများ၌ အခန်းများ ဝယ်နိုင်သည်ကို မစဉ်းစားမိကြကြောင်း၊ ပြည်ပသို့ထွက် ၍ မြှုပ်နှံရန် ကြောက်ရွံ့ခဲ့ကြကြောင်း ဦးမိုးကျော် က ပြောကြားခဲ့သည်ကို ရေးသား ဖော်ပြထားပါသည်။

ဤသို့ အိမ်ခြံမြေ ဈေးများ ခုန်တက်နေမှုသည် အလုပ်အကိုင်သစ်များ ဖန်တီးနိုင်ရန် နိုင်ငံတကာ ကုန်ထုတ် လုပ်သူများ လာရောက် ရင်းနှီးမြှုပ်နှံမှုအတွက် အရံအတား တစ်ခု ဖြစ်နေကြောင်း၊ အဆိုပါ ကိစ္စရပ်သည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ များအတွက် အမှန်တကယ် အတားအဆီး တစ်ရပ် ဖြစ်ကြောင်း၊ အစိုးရပိုင်းမှလည်း ကူညီပေးနိုင်မှု မတွေ့ရကြောင်း၊ ထို့ကြောင့် ဤ ပြဿနာကို ပြေလည်ရန် ပြည့်မီသော အခြေခံ အဆောက် အအုံများကို ဖန်တီးပေးခြင်းဖြင့် မြေဈေးကြီးမှုကို တိုက်ဖျက်ရမှာဖြစ်ပြီး လုပ်ငန်းပေါင်းစုံတို့ လုပ်ကိုင်နိုင်ရန် စက်မှုဇုန် အကွက်သစ် များများလိုအပ်ကြောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် လက်ထောက် အကြီးအကဲ ဘောဂဗေဒပညာရှင် Ms Cyn-Young Park မှ ပြောကြားကြောင်း ရေးသားထားပါသည်။

မလွယ်ကူမှုများ

လွတ်လပ်သည့် ဈေးကွက်စီးပွားရေး စနစ်မှာ ဈေးနှုန်းများ ကျဆင်းစေရန် ကြိုးပမ်းမှု ဖြစ်စဉ်သည် မလွယ် ကူကြောင်း၊ ဖွံ့ဖြိုးမှု အသစ်တည်လိုလျှင် စက်မှုဇုန်သစ်များနှင့် မူဝါဒသစ်များ ချမှတ်ရန် လိုအပ်ကြောင်း၊ Serge Pun က ပြောကြားခဲ့ကြောင်း ရေးသားထားပါသည်။

မြန်မာနိုင်ငံတွင် ရုံးခန်း ငှားရမ်းခများသည် တစ်နှစ်အတွင်း သုံးဆမျှမြင့်တက်သွားကြောင်း၊ စတုရန်း တစ်မီတာ လျှင် ၆၅ ဒေါ်လာနှုန်းမှ ၁၅ဝ ဒေါ်လာထိ မြင့်တက်သွား ကြောင်း၊ မြန်မာနိုင်ငံသို့ မကြာမီက ခြေကုပ်ယူခဲ့သော Colliers International Thailand ကုမ္ပဏီမှ မြေယာ သုတေသီ Tony Icon က ပြောကြားကြောင်း ရေးသား ထားပါသည်။ အဆောက်အအုံများ ပြင်ဆင်ရာတွင် အဆင့်မမီခြင်း၊ သယ်ယူ ပို့ဆောင်ရေး မလွယ်ကူခြင်းနှင့် ဘက်စုံ မပြည့်စုံမှုတို့သည် အရံအတားများ အဖြစ် တည်ရှိနေကြောင်း ယင်းက ဖြည့်စွက်ပြောကြား ခဲ့သည်ဟု ရေးသား ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ ရင်းနှီးမြှုပ်နှံမည့် သီလဝါတွင် နိုင်ငံတကာ ကုန်တင်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် စက်မှုဇုန် သစ်များ အတွက် ပြင်ဆင်မှုများ ရှိနေပြီး တွက်ချက်မှုများကို စတင်လုပ်ဆောင်နေကြောင်း၊ သီလဝါဆိပ်ကမ်း သည် ရန်ကုန်မြို့ တောင်ဘက် ၁၅ မိုင်မျှသာ ကွာဝေးသည့် နေရာတွင် ရှိကြောင်း၊ အခြား ရေနက်ဆိပ်ကမ်း တစ်ခု စီမံကိန်းမှာ ထားဝယ်တွင် တည်ဆောက်မှာ ဖြစ်ပြီး Italian Thai ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ကြောင်း၊ ထားဝယ်မြို့သည် ထိုင်းနိုင်ငံ မြို့တော်၊ ဘန်ကောက်မှ ၁၉၅ မိုင်မျှသာ ကွာဝေးကြောင်း ရေးသားဖော်ပြထား ပါသည်။

မြန်နှုန်းမြင့်အင်တာနက် Black Berry သုံး၍ မရသေးသော မြန်မာနိုင်ငံတွင် အစိုးရက ၂ဝ၁၆ ခုနှစ် အရောက်တွင် ဖုန်းလိုင်းအသစ် သန်း ၄ဝ မျှ ရှိရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ထားကြောင်း၊ သုတေသန ကုမ္ပဏီ Paul Buddle Communication Pty မှ ပြောကြားခဲ့သည်ဟု ရေးသားထားပါသည်။ အထိုင်ဖုန်းလိုင်းကို သုံးစွဲနိုင်သူ ဦးရေမှာ ယခုအခါ လူဦးရေ၏ ၁ ဒသမ ၃ ရာနှုန်းမျှသာ ရှိပြီး မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်သူမှာ ဝ ဒသမ ၃ ရာ ခိုင်နှုန်းမျှသာ ရှိသေးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း ဖော်ပြထားသည်။

မှောင်ခိုဈေးကွက်

ဘဏ်များ၏ ငွေလဲလှယ်နှုန်းသည် အခက်အခဲများစွာနှင့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များအတွက် အနှောင့် အယှက်ဖြစ်ရကြောင်း၊ တရားဝင်ဈေးနှင့် ပြင်ပပေါက်ဈေး အနည်းငယ်ကွာလျှင် ဘဏ်များက ငွေလဲလှယ် မပေး တော့ကြောင်း၊ ထို့ကြောင့် မှောင်ခိုပြင်ပ ဈေးကွက်မှာ အားကောင်းနေဆဲ ဖြစ်ကြောင်း၊ ရန်ကုန်ရှိ ကွန်ပျူတာ ပစ္စည်းများ ရောင်းဝယ်သူ ဒေါ်သန်းသန်းစိုးက ပြောကြားကြောင်း ရေးသားထားပါသည်။ ပြည်တွင်းရှိ ဘဏ်ပေါင်း ၁၇ ခုတို့ လွန်ခဲ့သောလက သဘောတူ၍ ငွေချေရေးစနစ်ကို Debit ကတ်များဖြင့် စတင်ခဲ့သော် လည်း နိုင်ငံတကာ Master Card Inc နှင့် Visa Inc တို့မှလည်း မြန်မာနိုင်ငံအတွင်း လုပ်ငန်းချဲ့ထွင်ရန် နည်းလမ်း ရှာနေကြောင်း၊ နိုင်ငံချင်း ငွေလွှဲခြင်း အတွက်မူ အမေရိကန်၏ ပိတ်ဆို့မှု ရုပ်သိမ်းအပြီးတွင် ဖြစ်လာနိုင်မှာ ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်က မြန်မာနိုင် ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း က ပြောကြားခဲ့သည်ဟု ရေးသားထားပါသည်။ မြန်မာနိုင်ငံ အတွင်းရှိ ငွေလဲလှယ်သည့် စင်တာများသည် ဒေါ်လာ အရွက်သန့်များကိုသာ ရွေးချယ်ခြင်းသည် ဒေါ်လာငွေကို ပြည်ပသို့ လွှဲပေးခွင့် မရခဲ့၍ဖြစ်ကြောင်း၊ ပိတ်ဆို့မှု ရုပ်သိမ်းပြီးပါက အဆိုပါ ကိစ္စရပ်မှာ ကွယ်ပျောက်သွားမှာ ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပါသည်။

ကမ္ဘောဇဘဏ်တွင် နေ့စဉ်ငွေလဲလှယ်နှုန်းကို ဒီဂျစ်တယ်ဘုတ်ဖြင့် အမြဲပြသနေခဲ့ကြောင်း ဤသို့ ပြသခြင်း သည် ငွေလဲလှယ်နှုန်း နှုန်းရှင် သတ်မှတ်ပြီး ကတည်းက ဖြစ်ကြောင်း ရေးသားထားပါသည်။ အစိုးရ၏ ငွေကြေး လဲလှယ်မှုဆိုင်ရာ မူဝါဒသစ်ကြောင့် ငွေကြေးလွယ်ကူစွာ လဲလှယ်လာနိုင်ကြောင်း ရန်ကုန်မြို့နေ ဦးဇော်လင်း က ပြောကြားခဲ့သည်ဟု ရေးသားထားပါသည်။ သို့သော်လည်း လှိုင်သာယာနေ ပလတ်စတစ် ကောက်နေရသူ ဦးသိန်းဦးတို့ ကဲ့သို့ ပြည်သူတွေ အတွက်မူ အစိုးရ၏ မူဝါဒသစ်များ သည် ဘာမျှ မပြောင်းခဲ့ကြောင်း ရေးသား ထားပါသည်။ ချမ်းသာသူတွေ အတွက်တော့ ထူးမှာပါဟု ဦးဇော် လင်းက မှတ်ချက်ပြုခဲ့ကြောင်း ဖော်ပြထား ပါသည်။

http://www.myanmarij.com



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>