Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဦးပိုင်၊ မြန်မာဝမ်ဘိုနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို လက်ပန်တောင်းတောင် ဒေသခံများ အမှုဖွင့်

$
0
0
အောက်တိုဘာလ ၈ ရက် နေ့လည် ၁ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ် ရဲစခန်းသို့ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ကြောင့် လယ်ယာ မြေများ သိမ်းဆည်းခံခဲ့ရသည့် ကျေးရွာများမှ တောင်သူလယ်သမား ၂၀၀၀ ကျော် စုရုံးရောက်ရှိလာပြီး ဦးပိုင်၊ မြန်မာ ဝမ်ဘိုနှင့် မြို့နယ် အုပ်ချုပ်ရေးတို့အား အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။

လယ်ယာမြေများ ဆုံးရှုံးသွားခဲ့သည့် ဒေသခံ တောင်သူလယ်သမားများမှ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဦးပိုင်မှ စီမံကိန်းတာဝန်ခံ ဦးမြင့်အောင်တို့အား အာဏာအလွဲသုံးစားပြုလုပ်မှု၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ပြည်သူပိုင်လယ်ယာမြေများ မတရားသိမ်းပိုက်မှု၊ ပြည်သူများ ထွန်ယက် စိုက်ပျိုးနေမှုကို လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဟန့်တားခြိမ်းခြောက်မှု၊ မြန်မာဝမ်ဘို မိုင်းနင်းကော့ပါး လီမိတက်အား ပြည်သူပိုင် လယ်ယာ မြေများကို မတရားသိမ်းပိုက်မှု၊ ပြည်သူများကို ရိုင်းပြစွာ ဆက်ဆံမှုတို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း အမှုဖွင့်ရာတွင် ပါဝင်ခဲ့သည့် ဒေသခံများထံမှ သိရှိရသည်။

ဆားလင်းကြီးမြို့နယ် ရဲစခန်းမှ စခန်းမှူး ဖြစ်သူ ရဲအုပ်လှငွေက အမှုလာရောက်ဖွင့်သော ကျေးရွာပေါင်း (၂၆) ရွာမှ ဒေသခံ တောင်သူ ၂၀၀၀ ကျော်ကိုယ်စား တစ်ရွာလျှင် ကိုယ်စားလှယ် ၃ ယောက်စီဖြင့် အမှုဖွင့်ရန်ပြောဆိုခဲ့ပြီး ၉ ရက်နေ့ ညနေ ၄ နာရီတွင် အမှုကို လက်ခံ၊ လက်မခံ အကြောင်းပြန်မည်ဟု ပြောဆိုခဲ့သောကြောင့် ရွာသားများမှ ရွာအလိုက်ကိုယ်စားလှယ်များကို အမှုဖွင့်ရန်အတွက် စုပေါင်းလက်မှတ်ထိုးပြီး ပေးအပ် ခဲ့ကြောင်း ၀က်မှေးကျေးရွာမှ မဖြူဖြူဝင်းက ပြောပြခဲ့သည်။

ဦးပိုင်ကုမ္ပဏီမှ လက်နက်ဖြင့် ခြိမ်းခြောက်သည့် ကိစ္စရပ်နှင့် မြန်မာဝမ်ဘိုမှ ရိုင်းပြစွာဆက်ဆံသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမှုဖွင့်ခဲ့ သည်ကို လက်ခံကြောင်း ရဲအုပ်လှငွေမှ ၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ် ခန့်တွင် တုံရွာသို့ အကြောင်းကြားခဲ့သည်ဟု သိရသည်။

“မြို့နယ် အုပ်ချုပ်ရေးမှူးက ဆားလင်းကြီး ရဲစခန်းမှာ အမှုဖွင့်လို့မရဘူး။ ခရိုင်မှာ ဖွင့်ရမယ်လို့ ရဲအုပ်လှငွေက ပြောပါတယ်၊ မိမိတို့ ဖက်ကလည်း ဆားလင်းကြီးမြို့နယ်မှာနေလို့ ဒီမှာ အမှုလာဖွင့်တာ ဖြစ်ပါတယ်။ ဒီမှာ ဖွင့်လို့မရရင် ခရိုင်မှာ သွားဖွင့်မှာ ဖြစ်ပါတယ်” ဟု အမှုဖွင့်ရာတွင် ပါဝင်ခဲ့သူ တုံရွာမှ ကိုအောင်သန်းမျိုးက ပြောဆိုသည်။

လက်ပန်တောင်းတောင် ဒေသခံရွာသားများဖက်မှ ရပ်တည်ပြီး ၎င်းတို့ အရေးကိစ္စများကို တစိုက်မက်မက် ဆောင်ရွက်ပေးနေသူ နိုင်ငံရေး အကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်မှ တာဝန်ခံ ကိုဟန်ဝင်းအောင်မှ “ ဒေသခံရွာသားတွေက ၈ ရက်နေ့မှာ ဆာလင်းကြီး ရဲစခန်းမှာ သွားပြီး အမှုဖွင့်တယ်။ ရဲအုပ်လှငွေက လူတွေက အရမ်းများနေတယ်၊ ရွာတစ်ရွာချင်းအလိုက် ကိုယ်စားလှယ် ၃ ယောက်စီရွေးပြီး စခန်းထဲကို လာပါ၊ အမှုဖွင့်ပါလို့ ပြောတယ်။ ဒါလူ့အခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် အမှုဖွင့်တာပါ။ တဖက်ကလည်း လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် လှုပ်ရှားမှုကလည်း တပြိုင်တည်း ဖြစ်ပေါ်နေပါတယ်။ အခု တရားစွဲတာကို ကြည့်ခြင်းအားဖြင့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ကိစ္စဟာ ဒေသခံ များအတွက် တရားဥပဒေကို လေးစားတယ်၊ အားကိုးတယ် ဆိုတဲ့ ပြရုပ်ဖြစ်ပါတယ်၊ တကယ်အားကိုးလို့ ရမရကတော့ လက်တွေ့က အဆုံးအဖြတ် ပေးသွားမှာပါ ” ဟု ပြောဆိုခဲ့သည်။

ဆည်တည်းရွာမှ ကိုဌေးဝင်းကလည်း အများ ပြည်သူပိုင်တဲ့ မြေယာတွေမှာ စွန့်ပစ်မြေစာတွေ လာပုံတာကို မိမိတို့ ဒေသခံ တောင်သူတွေက မပုံရန် သွားရောက်တားမြစ်ခဲ့ကြောင်း၊ ၀မ်ဘိုကုမ္ပဏီမှ တရုတ်များက (မဖွယ်မယာ အပြုအမူတွေနဲ့) ရိုင်းပြစွာ ဆက်ဆံတဲ့အတွက် ၎င်းတို့ကို အမှုဖွင့်ရခြင်း ဖြစ်ကြောင်း ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အပါအ၀င် ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝမ်ဘို တရုတ်များကိုပါ အမှုဖွင့်ရန် ပြောဆိုခဲ့ကြောင်း၊ ရိုင်းပြစွာ ဆက်ဆံတဲ့ လူမျိုးခြား တရုတ်တွေကို အဓိကထားပြီး တရားစွဲဆိုမှုကို ပြု လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ဥပဒေရေးရာ အကြံပေးဖြစ်သူ အထက်တန်းရှေ့နေ ဒေါ်ဟန်စုယဉ်မှ “ ပုံမှန်ကတော့ အမှုဖွင့်ပြီ ဆိုရင် လက်ခံပေးရမယ်။ အကျိုးအကြောင်းဆီလျော်စွာနဲ့ အမှုဖွင့်ပြီ၊ တရားစွဲဆိုပြီရင် လက်အောက်ငယ်သားဆိုပြီး၊ အထက် အာဏာပိုင်ဆိုပြီး လက်မခံ လို့ မရဘူး။ အခု မြို့နယ်အုပ်ချုပ်ရေးမှူးကို အမှုဖွင့်တာ ခရိုင်ကို လုပ်ထုံးလုပ်နည်းအရ တင်ရမယ်ဆိုရင်လည်း ခရိုင်က ခွင့်ပြုမိန့် ချပေးရမယ်။ နောက်ပြီး တော့ တောင်သူ လယ်သမားတွေက အခုလိုမျိုးထုနဲ့ထည်နဲ့ အမှုဖွင့်တာ၊ တရားစွဲဆိုဖို့ ကြိုးစားတာ မြန်မာပြည်မှာ ပထမဦးဆုံးအကြိမ်လို့ ထင်ပါတယ်။ ကျမတို့ ရှေ့နေလောကမှာလည်း မကြားဖူးသေးဘူး၊ ဥပဒေရှုထောင့်အရ ဆိုရင်တော့ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စရပ်ကြီး တစ်ခုပါဘဲ၊ မဏ္ဍိုင် ၄ ရပ်ရှိတဲ့ အထဲမှာ တစ်ရပ်ဖြစ်တဲ့ တရားစီရင်ရေး မဏ္ဍိုင် ကို ကျမတို့ စောင့်ကြည့် အကဲခတ်နေမှာပါ” ဟု ပြောပြခဲ့သည်။

ဆားလင်းကျြီးမြို့နယ် ရဲစခန်းမှူးဖြစ်သူ ရဲအုပ်လှငွေကို ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်ခွင့် မရရှိခဲ့ပေ။

၁၈၊ ၁၊ ၂၀၀၁ ရက်စွဲပါ စာအမှတ် ၅/၄၁-၅ (၁၀၃) / ဦး ၆ ဖြင့် လယ်ယာမြေကို သတ္တုတွင်း လုပ်ငန်းပိုင်မြေအဖြစ် ပြောင်းလွှဲရန် အတွက် လ/န (၃၉) ဖြင့် လက်ပန်တောင်းတောင်ခြေတ၀ိုက်ရှိ လယ်ယာမြေများကို သိမ်းယူခဲ့သည်။ ၂၀၁၀ ခုနှစ် နိုင်ငံတော်အေးချမ်း သာ ယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်တွင် နိုင်ငံတော် ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် ၀မ်ကြားပေါင်တို့ ရှေ့မှောက်တွင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာဝမ်ဘို မိုင်းနင်းကော့ပါးလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်အတွက် သဘောတူ လက်မှတ်ရေးထိုး စာချုပ် ချုပ်ဆိုခဲ့ကြသည်။

ရဲရင့်(Yangon chronicle)



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>