Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာနိုင်ငံ၏ အာဏာရပါတီ ပုံရိပ်ကောင်းရန် ကြိုးပမ်း

$
0
0
(12 October 2012ရက်စွဲပါ Channel News Asia မှ “Myanmar ruling party seeks image makeover” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် စစ်တပ်နောက်ခံပြု အာဏာရပါတီသည် ခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်ရန်ပြင်ဆင် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကြီးမားသောနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်လာခြင်းသည် ၂၀၁၅ရွေးကောက်ပွဲတွင် ၎င်းတို့၏ပါတီရှုံးနိမ့်မှု ဖြစ်စေရန်ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) ကိုဗိုလ်ချုပ်ဟောင်းများက ဖွဲ့စည်းထားပြီး တနင်္ဂနွေနေ့တွင် ကွန်ဖရင့် ကျင်းပရန်ရှိပြီး ပါတီ ခေါင်းဆောင်သစ် ရွေးချယ်ကာ မဟာဗျူဟာသစ် ရွေးချယ်ရဖွယ် ရှိသည်။

ပါတီခေါင်းဆောင်ဖြစ်သော ဦးသိန်းစိန်သည်၂၀၁၁တွင် သမ္မတတာဝန် ယူသောကြောင့် နှုတ်ထွက်ခဲ့ရာ ထိပ်ဆုံးခေါင်းဆောင် နေရာလစ်လပ် နေခဲ့ သည်။

ပြိုင်ဖက်နိုင်ငံရေး သမားတစ်ဦးဖြစ်သူ ဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်ပြီး၊ USDP၏ ဒုတိယ ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။ ၎င်းသည် ပါတီခေါင်းဆောင်ဖြစ်ရန် ရေပန်းစားနေသူဖြစ်သည်။ USDPတွင်မဲဆန္ဒ ပေးသူများ အားစည်းရုံးရန် ငွေအင်အားတောင့်တင်းသော ပါတီဖြစ်သည်။ “USDP အဖွဲ့ဝင်အများစုက ဦးရွှေမန်းကို ဥက္ကဋ္ဌ ဖြစ်စေချင် ကြပါတယ်။ သူဟာပါတီ ခေါင်းဆာင်နိုင်မယ့်သူ တစ်ဦးပါ”ဟု အမည်မဖ်ာလိုသူ USDPပါတီမှ လွှတ်တော် အမတ်တစ်ဦးက ပြောကြားသည်။

USDPသည်လွန်ခဲ့သော နှစ်နှစ်က ဒေါ်အောင်ဆန်းစုကြည် မပါဝင်သော ရွေးကောက်ပွဲတွင် အားလုံးနီးပါး အနိုင်ရခဲ့ရာ လိမ်ညာမှုများ ရှိခဲ့သည်ဟု စွပ်စွဲမှုများ ရှိခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အတိုက်အခံပါတီသည် ဧပြီလက ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး နီးပါး အနိုင်ရခဲ့ရာ အာဏာရUSDPကို အံ့အားသင့်စေခဲ့သည်။

အကယ်၍ လာမည့်သုံးနှစ်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတပါက USDP ရှုံးနိမ့်ရန် သေချာသလောက် နည်းပါးဖြစ်နေသည်။ “၂၀၁၅တွင် အလုံးစုံ ရှုံးနိုင်မယ့် ပါတီကို ပြပါဆိုရင် USDPပါပဲ” ဟု အမည်မဖော်လိုသူ နိုင်ငံခြား သံတမန် တစ်ဦးကပြောသည်။

“စစ်တပ်က သူတို့ကျန်နေဦးမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အာဏာရပါတီကတော့ အကြီးအကျယ်စိတ်ပူစရာ တွေရှိလာပါပြီဟု ၎င်းကပင် ပြော ကြားသည်။”

လာမည့်ရွေးကောက်ပွဲတွင် USDPသည် ၂၀၁၀ရွေးကောက်ပွဲကဲ့သို့ တရာမျှတမှု မရှိသော နည်းဗျူဟာများကို အသုံးချရန် မဖြစ်နိုင်ကြောင်း ရန် ကုန်အခြေစိုက် ရှေ့နေဦးသန်းမောင်၏ အဆိုအရ သိရသည်။

“ပြည်သူတွေဟာ ဒီမိုကရေစီနစ်နဲ့ ပတ်သက်ပြီး ပိုပြီးစာတတ်လာပါပြီ”ဟု ၎င်းကပြောကြားသည်။ ၂၁၀၁ရွေးကောက်ပွဲနှင့် ယှဉ်လျှင် USDPအတွက် မလွယ်ကူကြောင်း ဆိုသည်။

သို့သော်USDPသည် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက် ထောက်ခံကြောင်း ကတိကဝတ်များ ဆက်လက်ပေးပြီး မိမိကိုယ်ကို ယုံကြည်မှုရှိ သည့်နှယ် ဟန်ဆောင်လျက် ရှိနေသေးသည်။

USDPအတွင်းရေးမှူး ဦးဌေးဦးက ပြောကြားရာတွင် မဲဆန္ဒပေးသူများက NLD အားရွေးချယ်ရခြင်း အကြောင်းမှာ ၎င်းတို့ကNLDသည် ၎င်းတို့အ တွက် ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်မည်ဟု ယုံကြည်နေကြခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ NLDသည် ယခုအချိန်မှစ၍ ဒီမိုကရေစီဆိုင်ရာ စည်းမျဉ်း စံများကို စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ညွှန်းဆိုသည်။

“ပြည်သူတွေက သူတို့အကျိုးအတွက် ရွေးတယ်ဆိုရင် ဒါဟာကောင်းတဲ့ အချက်ပါပဲ။ ပြည်သူတွဟာ လက်တွေ့မှာ လုပ်ပေးနေတာတွေကိုကြည့်ပြီး ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်တို့က ပြည်သူတွေနဲ့ အဆက်မပြတ်ထိတွေ့နေပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့ အပေါ်နားလည်မယ်လို့ ထင်ပါ တယ်”ဟု ၎င်း ကမကြာမီAFPသို့ ပြောသည်။

သို့သော် USDPပါတီအတွင်း၌ နိုင်ငံရေးအရ ပြိုင်ဆိုင်မှုများ အရှိန်မြင့်လျက် ရှိသည်။ သုံးသပ်သူများက ပြောကြားရာတွင် ပါဝါပြိုင်မှု ဖြစ်လျက်ရှိ ကြောင်း ဆိုခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ၂၀၁၅တွင် သမ္မတဖြစ်ရေးကို ရည်မှန်းနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြသည်။ ထို သို့သော ပြိုင်ဆိုင်မှုမှာ ဦးသိန်စိန်က သမ္မတဖြစ်ပြီး ယခင်အစိုးရတွင် စီနီယာဖြစ်သူ ဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားချိန်မှ စသည်ဟု ယုံကြည်ရ သည်။

သို့သော်၎င်းတို့အတွက် အကြီးဆုံး ပြိုင်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နိုင်သည်။ မကြာသေးမီက သူသည် အရွေးခံရပါက သမ္မတဖြစ်ရန် အ လားအလာရှိကြောင်း ယခုအပတ်အတွင်း ကပင်ပြောကြားခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရေးမှာ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုမည်ဖြစ် သည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာများ ပိုမိုအားကောင်းလာခြင်းစသည့် ပြုပြင်ပြောင်လဲမှုများ ပိုမိုအားကောင်း လာခြင်းစသည့် ပြုပြင် ပြောင်းလဲမှုများသည် နိုင်ငံရေး မြင်ကွင်းကို ပို၍အသက်ဝင်စေသည်။ စောင့်ကြည့်သူများက USDPတွင် တဖြည်းဖြည်း အက်ကြောင်းထင်လာသည်မှာ မ ဖြစ် နိုင်ဟု မည်သူမျှ မငြင်းကြပေ။

“သဘောထား မတူတာတွေ ဖြစ်နေတယ် ဆိုတာကတော့ လုံးဝပုံဖော်ကြည့်လို့ ရနေတယ်”ဟု နိုင်ငံခြား သံတမန်တစ်ဦးက ပြောသည်။ စစ်အစိုးရ က ရွေးချယ်ထားခဲ့သော ဒေသခံကိုယ်စားလှယ်များနှင့် အစိုးရ ဟောင်းမှ အမွေဆက်ခံသူများ အကြားတွင် မပြေလည်မှုများ ရှိသော်လည်း ပါတီ၏ အရေး ကြီးသော ပုဂ္ဂိုလ်များအကြား ရင်းနှီးသော ဆက်ဆံရေးကို မထိခိုက်နိုင်ဟု ၎င်းကပြောသည်။

USDPရှုံးနိမ့်ပြီး နိုင်ငံရေးအရ အတွ့အကြုံ မရှိသော NLDအနိုင်ရပါက အချို့က စိုးရိမ်မှုများ ရှိနေရာ စစ်တပ်နှင့် ၎င်း၏မဟာမိတ်များကို ခြိမ်းခြောက် မှုများ မရှိမှသာ ပြုပြင်ပြောင်းလဲမှု ဖြစ်နိုင်လိမ့်မည်ဟု ဆိုကြသည်။

မြန်မာနိုင်ငံမှ ပညာရှင်တစ်ဦးဖြစ်သူ ဦးအောင်ထွန်းသက်ကမူ လွှတ်တော်တွင် အဓိက ပါတီကြီးများ ကြီးမားစွာ ပေါင်းစည်းမှု ရှိမှသာ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး ကာလကို သေချာစေမည့် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်းဆိုသည်။ “USDPကို လုံးဝပြိုလဲသွားအောင် ကျွန်တော်တို့ မစွမ်း ဆောင်နိုင်ပါဘူး”ဟု ၎င်းကပြောသည်။

Yangon chronicle



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>