Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကွက်ကြားမိုး ရွာသော မြန်မာနိုင်ငံ ဥပဒေ

$
0
0
ပုဇွန်တောင် ရဲစခန်းမှူးကတော့ တရားရုံးသို့ လာရောက်ပါရန် ဖုန်းဆက်ပြီး ပြောသည်။ ၁၅ ရက်နေ့ အချိန် ဆယ်နာရီ လာရောက်ပါရန်တဲ့။ ယခု ကျောက်တံတာ ရဲစခန်းကတော့ အိမ်တိုင်ယာရောက် ကားဖြင့် ရဲအုပ် တဦးကိုယ်တိုင်လာပြီး ဆင့်ခေါ်စာကို ပေးသည်။ ယခုပင် လက်ခံရရှိသည်။ ထို ရဲအုပ်ကို ပင်ကျနော် တခါတည်းပြောလိုက်ပါသည်။

ကျနော်တို့သည် အားလပ်နေကြသူများ မဟုတ်ကြောင်း တရားရုံး တခုက တရက် ဆင့်ခေါ်နေသရွေ့ မိမိတို့ ရက်ပေါင်းများစွာ အားလပ်ချိန် ရတော့မည် မဟုတ်ကြောင်း ၊ အမှန်တကယ် ဒီ ဖြစ်စဉ် တခု သီချင်းသီဆိုမှု အတွက် ဆယ်မြို့နယ် သော တရားရုံးက အကြိမ်ကြိမ် ဆင့်ခေါ်တိုင်း ကြောက်လန့်ပြီး လိုက်နာနေရမည်ဆိုလျှင် ကျနော်တို့ လုပ်ဆောင်နေသော အကျိုးပြုလုပ်ငန်းများ အလွန်ထိခိုက် နစ်နာပါသောကြောင့် သက်ဆိုင်ရာ စခန်းမှူးများကို ပြန်လည် တင်ပြလိုက်ရန်၊ ဆယ်မြို့နယ် စလုံးမှ စွဲဆိုသော ဒီပုဒ် မ တခုထဲ အတွက် ရုံး တရုံးထဲတွင် တချိန် ထဲ သတ်မှတ်ပြီး တခါ ထဲ စွဲဆို ရင်ဆိုင်ရန် စီစဉ်ပေးပါရန်။

ယခု ကဲ့သို့ အလီလီ ဟိုကခေါ် သည်ကခေါ် နှင့် မိမိတို့ မလာနိုင်ကြောင်း။ ဘာမဟုတ်သည်ကို အဆမတန် ပုံကြီးချဲ့ပြီး အစားပြန်မရနိုင်သည့် မိမိတို့ အချိန်ကို အစတေး မခံနိုင်ပါ။ ယခုပင် ကျောက်တံတား ရဲစခန်းမှူး ရဲအုပ်သိန်းနိုင် ထံ ဖုန်းဆက် အကြောင်းကြားလိုက်သည်။

တလက်စတည်း ကျောက်တံတား စခန်း အပိုင် ဆူးလေတွင်ဖြစ်ပွားခဲ့သော ဘာသာခြား။ လူမျိုးခြားများ ရုန်းရင်းဆန်ခတ် အော်ဟစ် ဆန္ဒ ပြခဲ့စဉ်က ယခု ပုဒ်မနှင့် တရားစွဲဆို အရေးယူခြင်းမျိုး ရှိခဲ့ပါသလား ဟု မေးသည့် အခါ မဖြေနိုင်ခဲ့ပါ။ မြန်မာပြည် တွင် ဥပဒေသည် ကွက်ကျားမိုး အဖြစ် ရွာနေပါသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းရေးသီချင်းဆိုလို့ဆိုပြီး ဆယ်မြို့နယ် သော တရားရုံးများက တရက်ပြီးတရက် အလုပ်မရှုပ်ရှုပ်အောင်လုပ်ဆောင်နေသလိုဖြစ်နေပါတယ်..



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...