Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တဆင့်အလှူအတွက် တဆင့်အမျှဝေခြင်း

$
0
0
ရွှေစင်စင်္ကြာ ဟူသော အမည်နာမသည် မြန်မာပြည်တွင်း ခရီးသွားလာနေကြသော ခရီးသွားမိဘ ပြည်သူများအနေဖြင့် အကျွမ်းတဝင် ရင်းနှီးနေသော အမည်နာမတစ်ခု ဖြစ်ပေလိမ့်မည်။ ရွှေစင်စင်္ကြာ ခရီးသွား ပို့ဆောင်ရေးလုပ်ငန်းသည် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းမှ မော်တော်ယာဉ်များအားလုံး၏ ကားလက်မှတ်များအား (၁.၁ဝ.၂ဝ၁၂) နေ့မှစ၍ (၁၉%) လျှော့ချကာ ခရီးသွား မိဘပြည်သူများ၏ ကိုယ်ရေးကိုယ်တာနှင့် အလုပ်ကိစ္စအဝဝများအား အဆင်ပြေ လွယ်ကူချောမွေ့စွာ လှုပ်ရှားသွားလာ ဆောင်ရွက်နိုင်ရန် အဓိကထားရည်ရွယ်ကာ တိုင်းပြည်၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတစ်ခုအား တစ်ထောင့် တစ်နေရာမှ ပါဝင်ကူညီ ဆောင်ရွက်လျှက်ရှိသည်။

(၂၃.၁ဝ.၂ဝ၁၂) နေ့တွင် ကျရောက်မည်ဖြစ်သော ရွှေစင်စင်္ကြာ ခရီးသွားပို့ဆောင်ရေးလုပ်ငန်း၏ မွေးနေ့ အခါသမယတွင် ထူးခြားသော လှူဒါန်းမှုတစ်ခုကို ပြုနိုင်ရန်အတွက် နိုင်ငံရပ်ခြားတွင် ရောက်ရှိ နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူအား ဆက်သွယ်လာပါတော့သည်။ လှူဒါန်းမည့်ပစ္စည်းများအဖြစ် (၄၅) ယောက်စီး ခရီးသည်တင် အဝေးပြေး Express ကားကြီးတစ်စီးနှင့် ကော့မှူးမြို့နယ်မှ ဆင်းရဲနွမ်းပါးသော မိသားစုများ၏ ရေရှည်အကျိုးအတွက်
ကူညီရန် မွေးမြူရေး “ဝက်” အကောင် (၂၅ဝ) ခန့် ဝယ်ယူရန်အတွက် ညီမျှသော သိန်းတစ်ရာကျပ် နှင့်အတူ၊ အဆိုပါ လှူဒါန်းမှုအား လက်ခံရယူပေးမည့်ပုဂ္ဂိုလ်မှာ အခြားသူမဟုတ်ချေ။ နေပြည်တော် လွှတ်တော်အစည်းအဝေး တက်ရောက် နေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပေသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ၏ အဝေးမှစီမံခန့်ခွဲမှုဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တွေ့ဆုံ လှူဒါန်းခွင့် တောင်းခံကာ (၂၃.၁ဝ.၂ဝ၁၂) ရက်နေ့ ညနေ (၆) နာရီအချိန်တွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် လှူဒါန်းမှုပြုရန် စီစဉ်ခဲ့ကြသည်။

ဦးကျော်သူမှာ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသောကြောင့် ဦးကျော်သူကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့်အတူ ရွှေစင်စင်္ကြာအဖွဲ့သားများသည် ဒေါ်အောင်ဆန်းစုကြည်၏ လက်ဝယ်ထံသို့ အထမြောက်စွာ လှူဒါန်းမှုပြုနိုင်ခဲ့သည်။ ရွှေစင်စင်္ကြာအဖွဲ့၏ မွေးနေ့အလှူ Express ကားကြီးလှူဒါန်းမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီလုပ်ငန်း တာဝန်များနှင့် အများပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေး၊လူမှုရေးကိစ္စများ ဆောင်ရွက်ရာတွင်လိုအပ်သလိုအသုံးပြုနိုင်ရန်နှင့် ကော့မှူးမဲဆန္ဒနယ်ရှိ ကျေးလက်နေ ပြည်သူလူထုများအတွက် တနိုင် တပိုင် “ဝက်” မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လှူဒါန်းမှုပြုခဲ့ခြင်း ဖြစ်ပေသည်။ နေပြည်တော်တွင် လှူဒါန်းမှုပြုခဲ့သည့်အပြင် မြို့တော်ရန်ကုန်တွင်လည်း ရွှေစင်စင်္ကြာအဖွဲ့သားများသည် အမျိုးသား သွေးလှူဘဏ်တွင် သွေးပုလင်းပေါင်း (၈၃) လုံးကိုလည်း ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်စွာဖြင့် လှူဒါန်းမှုပြု ခဲ့ကြပြန်သည်။

ရွှေစင်စင်္ကြာအဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းမှုများ ပြုလုပ်နေသော ပင်တိုင် အလှူရှင်များဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ရည်ရွယ်၍ သိန်းတစ်ထောင် ကျပ်တိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူမှတဆင့် ဒေါ်အောင်ဆန်းစုကြည် လက်ဝယ်သို့ လှူဒါန်းမှုပြုခဲ့ပြီးနောက် ဒုတိယအကြိမ်တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှတဆင့် ကော့မှူးမြို့နယ်ရှိ မိဘမဲ့ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်း (၂) ကျောင်းသို့ ဆန်အိတ် (၄) ပြည်ဝင် အိတ် (၂ဝဝဝ) အိတ်အား လှူဒါန်းခဲ့ကာ ယခု တတိယအကြိမ်တွင်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှတဆင့် (၄၅) ယောက်စီး ခရီးသည်တင် အဝေးပြေး Express ကားကြီးတစ်စီးနှင့် ကော့မှူးမြို့နယ်မဲဆန္ဒနယ်ရှိ ကျေးလက်နေ ပြည်သူလူထု အတွက်ရည်ရွယ်၍ တနိုင်တပိုင် မွေးမြူရေးလုပ်ငန်းများအတွက် ဝက်အကောင်ရေ (၂၅ဝ) ခန့် ဝယ်ယူ မွေးမြူနိုင်ရန် သိန်း (၁ဝဝ) ကျပ်တိတိအား ဒေါ်အောင်ဆန်းစုကြည် လက်ဝယ်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှတဆင့် လှူဒါန်းမှုပြုခဲ့သည့်အတွက် တဆင့်အလှူဟူ၍ အမည်နာမ ခေါ်ဆိုလိုက်ကာ အများ ပြည်သူအပေါင်းတို့အားလည်း ယင်းတဆင့် အလှူပွဲအတွက် သာဓုခေါ်ဆိုနိုင်ရန် တဆင့်အမျှ ဝေလိုက် ရပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)



Viewing all articles
Browse latest Browse all 32865

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>