Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အိမ်ရာဝင်းအတွင်းဖွင့်ထားသော ဟိုတယ်ကြောင့် အနီးရှိပြည်သူများအနှောက်အယှက်ဖြစ်လျက်ရှိ

$
0
0
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အေးနန္ဒာအဆင့် မြင့်အိမ်ရာစီမံကိန်းအပိုင်း(၁) အတွင်း ဖွင့်လှစ်ထားရှိသော ဟိုတယ်တစ်ခု အနေဖြင့် စီးပွားဖြစ်ဟိုတယ်လုပ် ငန်းလုပ်ကိုင်နေခြင်းမျိုးမဟုတ်ပဲ။ ငယ်ရွယ်သူကျောင်းသား၊ ကျောင်းသူများ၊စုံတွဲများနှင့် ပြည့်တန်ဆာလုပ်ကိုင်သောအမျိုးသမီးများသာ နေ့ညမပြတ်ဝင်ထွက်သွား နေ သဖြင့် အနီးရှိအိမ်ရာနေပြည်သူ များ သားကောင်းသမီးပျိုများ အတွက် များစွာအနှောက်အယှက် ဖြစ်ခြင်း၊ အရှက်ရဖွယ်ရာများနေ့ စဉ်မြင်တွေ့နေရကြောင်း အိမ်ရာ နေပြည်သူတစ်ဦး၏ပြောပြချက် အရ သိရှိရသည်။

“အဲဒီကြိုးကြာဟိုတယ်ကိုလာတဲ့ တွေက ဒီအိမ်ရာလမ်းကိုသုံးနေတော့ အိမ်ရာထဲက လူကြီးလူကောင်းတွေ၊ သားကောင်းသမီးပျိုတွေအတွက် အများကြီးနစ်နာတယ်ဗျာ။ ပြီးတော့ သူ့ဟာက စီးပွားဖြစ်ဟိုတယ်လုပ်ငန်းလို့ သာပြောတယ်။ ကျောင်း သား၊ ကျောင်းသူစုံတွဲတွေ၊ ပြည့် တန်ဆာတွေပဲနေတာဒီတော့ရွာနာတာပေါ့။ ပြီးတော့ပတ်ဝန်း ကျင်နဲ့
မသင့်လျော်တဲ့စွန့်ပစ်ပစ္စည်း တွေကိုလည်းတွေ့မြင်နေရတယ် ဗျာ။ အဲဒါကြောင့် ကျွန်တော်တို့ အိမ်ရာမျက်နှာစာတန်းက ခြံသုံး ခြံကဟိုတယ်ဘက်ကိုဝင်တဲ့ အပေါက်အသေးကို ပိတ်ပြီး လမ်း မကြီးဘက်ကို ခြံဝင်းဝင်ပေါက် တိုက်ရိုက်ဖောက်လုပ်ဖို့ ကျွန်တော်တို့ စ၀ယ်ခဲ့တဲ့ ကုမ္ပဏီကို အကြောင်းကြားပြီး ဒီကသားကောင်း သမီးပျိုတွေအတွက် တရားဝင်ပိတ် ခဲ့တယ်။

အဲဒါကို ကျွန်တော်တို့ အိမ်ရာက စီမံကိန်းအပိုင်း (၁) အဲဒါဘာမှမဆိုင်တဲ့ အပိုင်း (၂) ကားလမ်းတစ်ဖက်ခြမ်းကလူတွေ ကို စည်းရုံးပြီး။ ဌာနဆိုင်ရာတွေ ကို လျှောက်တိုင်နေတယ်ဗျာ”ဟု အိမ်ရာစီမံကိန်း (၁) နေ ဒေါက်တာစိုးသိန်းပြောကြားသွားခဲ့သည်။ ဟိုတယ်သို့လာရောက်သော အချို့သူများအနေဖြင့် အိမ်ရာဝင်း ၏ ၀င်/ထွက်လမ်းများအား အသုံး ပြုနေသောကြောင့် အိမ်ရာနေသား ကောင်းသမီးပျိုများ ထိခိုက်ရခြင်း တို့အား မူလနေရာပိုင်ရှင် ASIA EXPRESS Co.,Ltd သို့တင်ပြ၍ ပြည့်တန်ဆာများဝင်ထွက်နေသော အိမ်ရာဝင်းဝင်/ထွက်ပေါက်များ အား အဆက်ဖြတ်၍ လူနေခြံဝင်း များအတွင်းသို့သီးခြားခြံဝင်ပေါက်များ ဖောက်လုပ်အသုံးပြုရန်ခွင့် ပြုချက်တောင်းခံခဲ့ရာတွင်လည်း အေးနန္ဒာအဆင့်မြင့်အိမ်ရာအကောင် အထည်ဖော်ခဲ့သော ASIA EXPRESS Co.,Ltd အနေဖြင့် ကန့်ကွက်ရန်မရှိကြောင်း အကြောင်းပြန်ခဲ့ကြောင်း သိရ သည်။ ဟိုတယ်နှင့် မှားယွင်းကာဝင် ရောက်လာခြင်းများမှ ကာကွယ် ရန်အတွက် ခြံစည်းရိုးကာရံခြင်း၊ အုတ်စီ၍ကျောက်တိုက်စိုက်ထူခြင်း များကို ပြုလုပ်ခဲ့ရာတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီခွင့်ပြုချက်မရှိသဖြင့် လုပ်ငန်း ရပ်ဆိုင်းထားရန်နှင့် ခွင့်ပြုမိန့်လျှောက် ထားရန် မြို့တော်စည်ပင်မှ အကြောင်းကြားစာပေးပို့ခဲ့သော ကြောင့် နေအိမ်ပိုင်ရှင်းများက ခွင့်ပြုမိန့်ချထားပေးရန်အတွက် သက်ဆိုင်ရာသို့ပြန်လည်တင်ပြ ထားကြောင်း သိရသည်။

လူနေသီးသန့်အိမ်ရာများ တည်ဆောက်ရာတွင် နေထိုင်သူ များအတွက် ရေ၊ မီး၊ မိလ္လာစနစ် များအပါအ၀င်လုံလောက်ပြည့်စုံ သောအစီအမံများပြည့်ဝစွာပါရှိ ရန် လိုအပ်ပြီးလုံခြုံရေးစနစ်ကောင်း မွန်မှုမှာလည်း အထူးလိုအပ်ကာ အိမ်ရာနေထိုင်သူများအတွက် လုံခြုံရေးစည်းကျိုးပေါက်မှုမရှိစေ ရန် ဂရုပြုဆောင်ရွက်သင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး မှပြောကြားသည်။ လုံးချင်းအိမ်ရာ စီမံကိန်းများ၏ သဘောသဘာဝအရစိတ်ငြိမ်အေးချမ်းခြင်း၊ သီးသန့် ဆန်ခြင်း၊ အဆင့်အတန်းအတိုင်း အတာတစ်ခုအထိရှိခြင်းများမှာ လုံးချင်းအိမ်ရာစီမံကိန်းများအတွင်း၌ ၀င်ရောက်လုပ်ကိုင်လာကြသော ဟိုတယ်အပါအ၀င်စီးပွားရေးလုပ် ငန်းအချို့ကြောင့် လုံခြုံရေးစည်း ကျိုးပေါက်ကာရပိုင်ခွင့်ဆုံးရှုံးရခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ခန့်ခန့်(ဒဿနိက)-Hot news weekly



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>