Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်ပံတောင်းတောင် စီမံကိန်းဒေသတွင် ဒုရဲအုပ်မှ ကျေးရွာသူ သုံးဦးအား လက်သီးဖြင့်ထိုး၊ ပါးရိုက်၊ လက်ကို လိမ်ချိုးခဲ့

$
0
0
လက်ပံတောင်း တောင် ၃၃လုံး အနက် အမြင့်ဆုံး တောင်ဖြစ်သော ရွှေမြင်တင် တောင်ထိပ်ရှိ အနုမြူ ကပ်ကျော် စေတီတော်ကို ယနေ့ နံနက်ပိုင်း တွင် သံဃာတော်များ နှင့် ကြေးနီ စီမံကိန်း လယ်သိမ်းခံ ၂၆ ရွာမှ ရွာသူ / ရွာသား ၇၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည် Photo : The Voice Weekly

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည် ဖေါ်ဆောင်ရွက်နေသည့်နေရာတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ဒေသခံများကို လက်သီးထိုး၊ပါးရိုက်၊ လက် လိမ်ချိုးခဲ့သည့် ဒုရဲအုပ် အပါဝင် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးပိုင်ကုမ္ပဏီနှင့် မြန်မာဝမ်ဘိုကုမ္ပဏီတို့အား ရာနှင့်ချီသည့် ဒေသခံတောင်သူများမှ ဆားလင်းကြီးမြို့နယ်တရားရုံး၌ တရားစွဲဆိုရန်အတွက် ယနေ့ နိုဝင်ဘာလ(၂)ရက်နေ့နံနက်ပိုင်းအချိန်မှစတင်ကာတရားရုံးရှေ့သို့ ရောက်ရှိနေကြကြောင်း ဒေသခံပြည်သူများ၏ပြောဆိုချက်အရ သိရှိရပါသည်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ခြေ ဆည်တည်းကျေးရွာရှိ တောင်သူများ လုပ်ကိုင်စားသောက်နေသည့် ယာမြေများပေါ်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လိုအပ်သည့် အဆောက်အဦးများ ဆောက်လုပ်ရန် အတွက် ဆောက်လုပ်ရေးပစ္စည်းများကို စီမံကိန်းအကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ လာရောက်စုပုံ နေရာချထားမှုကြောင့် ဒေသခံတောင်သူ ၇၀ ခန့်မှ နေရာချထားမှု မပြုရန်အတွက် သွားရောက်တားမြစ်ခဲ့ကြကြောင်း သိရှိ ရသည်။

အဆိုပါ တားမြစ်ခဲ့မှုကြောင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် တာဝန်ယူထားရသည့် လုံခြုံရေးရဲတပ် ဖွဲ့ဝင်များထဲမှ ဒုရဲအုပ်အဆင့်ရှိသူတစ်ဦးက ဆည်တည်းကျေးရွာသူ မစန်းလှိုင်ဝင်း၊ မအဲ၊ မဝင်းအေးတို့ ၃ဦးအား လက်သီး ထိုး၊ ပါးရိုက်၊ လက်လိမ်ချိုးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း
သိရှိရသည်။ လက်သီးထိုး၊ ပါးရိုကှ်ခြင်းကို ခံခဲ့ရသည့် ဆည်တည်းရွာသူ မဝင်းအေးက ကျေးရွာပိုင်ယာမြေများပေါ်သို့ ဆောက်လုပ်ရေး ပစ္စည်းများကို မည်သူမျှ လာရောက်မချရန် တားဆီးခဲ့ကြောင်း၊ မြန်မာဝမ်ဘိုမှ စီမံကိန်းမန်နေဂျာဖြစ်သူ Dong Yunfei နှင့် စကားပြန်တစ်ယောက်တို့အားလည်း ဦးပိုင်မှ တာဝန်ရှိသူများ ယခုနေရာသို့ ရောက်ရှိမလာခင်ထိ မသွားရန် မိမိတို့ ရွာသူ၊ ရွာသားများမှ ငြိမ်းချမ်းချမ်းဖြင့် ပြောဆိုခဲ့ကြောင်း၊ ယင်းအချိန်အတွင်း ပုခုံးတွင် ငွေရောင်ကြယ်တစ်ပွင့်အဆင့်ရှိသူမှ မိမိ ပါးကိုလှမ်းရိုက်ပြီး၊ ထိုးကြိတ်ခဲ့ကြောင်း၊ နှုတ်ခမ်းကွဲသွားပြီး ပါးစပ်တွင်းမှသွေးများ ချက်ခြင်းထွက်ကျလာကြောင်း၊ မိမိ တို့ဖက်မှမူ အဆိုပါရဲအရာရှိကို ကိုယ်ထိလက်ရောက် ပြန်လည်တုံပြန်မှု လုံးဝမပြုလုပ်ခဲ့ကြောင်း၊ တရားဥပဒေလမ်း ကြောင်းမှတစ်ဆင့် အမှုဖွင့်၊ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

ဆည်တည်း ကျေးရွာသား ကိုမိုးဇော်ထွန်းမှ“ကျနော့်ရှေ့မှာတင် လျှပ်တပျက် ဖြစ်သွားတာပါ။ အရင်ဆုံး မဝင်းအေးကို လက်သီးနဲ့ မျက်နှာကို အဲဒီဒုရဲအုပ်က ပိတ်ထိုးလိုက်တာ သွေးတွေကို ဖြာခနဲနေတာပဲ၊ ပြီးတာနဲ့ ပါးကိုပိတ်ရိုက်လိုက်တာ ဖြောင်းကနဲပဲ၊ နောက်ပြီးမှ မအဲနဲ့ မစန်းလှိုင်ဝင်းကို လက်လိမ်ချိုးတာတွေ ဆက်ပြီးတော့ လုပ်ခဲ့တာ။ ကျနော်တို့ ရွာသား တွေအားလုံးက ဒီလို လူမဆန်တဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို မလုပ်ဖို့ ဝိုင်းပြီးတော့ အော်ပြောကြတာတောင် သူက မရပ်သေး ဘူး။ အံ့သြဖို့ကိုအရမ်းကောင်းတယ်ဗျာ။ ပြည်သူ့ရဲဝန်ထမ်းတစ်ဦးက ဒီလိုမျိုးလုပ်ရပ်မျိုးကို လုပ်လိမ့်မယ်ဆိုတာကို အိပ် မက်တောင်မမက်ဖူးဘူးဗျာ။ ဒီဒုရဲအုပ်ကို ကျနော်တို့ အမှုဖွင့် တရားစွဲဆိုဖို့ လုပ်သွားမှာပါ”ဟု ပြောဆိုခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသူ ကိုဗထူးကလည်း ယခုကဲ့ သို့ မတရားပြုလုပ်မှုကို မိမိအနေဖြင့် လုံးလုံးလက်မခံနိုင်ကြောင်း၊ မိမိကိုယ်တိုင် ပစ္စည်းများမပုံရန်အတွက် ရွာသားများနှင့် အတူ သွားတားခဲ့ကြောင်း၊ ပထမပိုင်းတွင် ရဲဝန်ထမ်းဦးရေမှာ ၂၀ ခန့်သာရှိကြောင်း၊ ထိုးကြိတ်၊ ပါးရိုက်ပြီးမှ လက်နက် အပြည့်အစုံဖြင့် ရဲလုံခြုံရေး အင်အား ၁၀၀ ကျော်ခန့် ဖြစ်သွားကြောင်း၊ ၎င်းရဲဝန်ထမ်းများ၏ ရင်ဘတ်ပေါ်တွင် အမည် ရေး ထိုးထားသည့်ကဒ်ပြား လုံးဝမပါရှိကြောင်း ပြောပြခဲ့သည်။

ယင်းကဲ့သို့ တာဝန်ကျ ဒုရဲအုပ်မှ ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြစ်ပွားခဲ့ပြီးနောက် ညနေ ၃နာရီခွဲခန့်တွင် ဒေသခံ ပြည် သူအင်အား ၁၀၀ခန့်မှ ဆားလင်းကြီးရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်ခဲ့ကြပြီး ရဲစခန်းမှ ရဲဆေးစာထုတ်ပေးခဲ့ကြောင်း သိရှိရသည်။ ယင်းဆေးစာကို ဒေသခံပြည်သူအချို့မှ ယူဆောင်၍ ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ကျနေ သည့် မှုခင်းဆရာဝန်လက်သို့အပ်ကာ ဆေးကုသမှုခံယူခဲ့ကြောင်း၊ ယင်းနောက် ဆားလင်းကြီးမြို့နယ် ရဲစခန်းသို့ ပြန်သွား ခဲ့ပြီး ဒေသခံ ရွာသူ၊ ရွာသား ၁၀ယောက်မှ သက်သေထွက်ချက်ပေးကာ အမှုဖွင့်ခဲ့ကြောင်း၊ ရဲစခန်းမှူးဖြစ်သူ ရဲအုပ် လှငွေ မှ မဝင်းအေးတစ်ဦးတည်းကိုသာ သက်သေထွက်ချက်ယူခဲ့ပြီး အမှုဖွင့်ရန်လက်ခံခဲ့ကြောင်း၊ ရိုးရိုးထိခိုက်နာကျင်စေသည့် ပုဒ် မဖြစ်သည့် ၃၂၅ ဖြင့် အမှုဖွင့်ပေးခဲ့ကြောင်း သိရှိရသည်။

Source:Monywa Times



Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>