Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ရခိုင်ပြည်နယ် အကြမ်းဖက်မှုများတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသူများ ရှိခဲ့ဟုသိရ

$
0
0
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့နယ် ကျေးရွာများ၌အောက်တိုဘာ ၂၅ ရက် တွင် ရခိုင်နှင့် ဘင်္ဂါလီတို့အကြား အပြန် အလှန် မီးရှို့ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို့ မှ အဓိကရုဏ်းအသွင်ဆောင်လာသော အကြမ်းဖက်ဖြစ်ရပ်များတွင် ဒေသခံ ရခိုင်လူမျိုးတို့သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်း၊ ဒဏ်ရာပြင်းပြီး သက်ဆိုင်ရာ ဆေးရုံများသို့ တက်ရောက်ကုသလျက်ရှိခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သေနတ်ဒဏ်ရာဖြင့် ကျောက်တော် မြို့နယ်ဆေးရုံနှင့် စစ်တွေမြို့နယ်ဆေးရုံ တို့သို့ ရောက်ရှိလာကြသော ဒေသခံ ပြည်သူတို့တွင် ဘင်္ဂါလီလူမျိုးတို့ ပါဝင်မှု မရှိခြင်းအပေါ် ၎င်းဒဏ်ရာရပြည်သူတို့က လုံခြုံရေးတပ်ဖွဲ့၏ အဓိကရုဏ်းဖြို ခွင်းမှုသည် ဘက်လိုက်မှုနှင့် မှားယွင်းမှု များရှိနေကြောင်းပြောကြားကြသော်လည်း ရခိုင်ပြည်နယ်အစိုးရ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူးကမူ ဤသို့ မရှိပါကြောင်း အတိအလင်းဖြေကြားခဲ့သည်။

"တပ်က ပစ်တယ်ဆိုတာ လူစုကွဲရုံ လောက်ပဲ ခြောက်လှန့်ပစ်တာပါ။ လူအုပ်က ပိုပြီး များလာတဲ့အခါ ဆက်ပစ်ရတာမျိုးတွေ လည်းရှိတော့ သေနတ်ဒဏ်ရာ ကြောင့် တချို့သေဆုံးမှုတွေလည်းရှိနိုင် ပါတယ်။ ဒါပေမယ့် ကျောက်တော်မြို့ နယ်ထဲက လက်ဆောင်ကောက်ရွာမှာ ဖြစ်ပွားခဲ့တဲ့အဓိကရုဏ်းမှာ
တူမီး သေနတ်ဒဏ်ရာနဲ့ သေဆုံးမှုတွေလည်း ရှိပါတယ်။

"အဲဒီအဓိကရုဏ်းအပြီးမှာကျန်ခဲ့တဲ့လက်နက်တွေသိမ်းတဲ့အခါတူမီး သေနတ်တချို့ရခဲ့ပါတယ်။နောက်ပြီး ကျောက်တော်မြို့နယ်ထဲမှာ တူမီး သေနတ် အလက်ပေါင်း ၄၀ လောက် သိမ်းဆည်းရမိပါတယ်။ ဒေသခံတွေ ပြောသလို တပ်က ဘက်လိုက်မှုတွေ၊ မှားယွင်းမှုတွေတော့ လုံးဝမရှိခဲ့ပါဘူး"ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးဦးဝင်းမြိုင်က အောက်တိုဘာလ ၂၆ရက်နေ့ ညနေပိုင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၂၅ ရက်နေ့ညနေပိုင်း ၆ နာရီခန့်မှ ည ၉ နာရီအတွင်း ကျောက်တော်မြို့နယ် ဆေးရုံသို့ သေနတ်ဒဏ်ရာရလူနာ ပေါင်း ၁၄ ဦးတို့ ရောက်ရှိခဲ့ရာ နားထင် ၌ ထိမှန်သူ တင်းမကျေးရွာသားတစ်ဦးဆေးရုံရောက်ပြီး ခဏအကြာတွင် သေဆုံးခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာ တောင်ဗွေကျေးရွာမှကျောက်တော်မြို့ သို့ စက်လှေဖြင့် သယ်လာစဉ် လမ်း၌ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

၎င်းနေ့ နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ကျောက်တော်မြို့အ၀င် စစ်တွေ-ရန်ကုန်ကားလမ်းဘေးရှိဘင်္ဂါလီလူမျိုး များနေထိုင်ရာ လက်ဆောင်ကောက်ရွာ ၌ ကားလမ်းပေါ်သို့ ရောက်သွားသောရခိုင်အမျိုးသားတစ်ဦးအား ဘင်္ဂါလီတို့ က ဓားဖြင့်ခုတ်သတ်ခြင်းကြောင့် ကျောက်တော်မြို့ပြည်တော်သာရပ်ကွက် သားတို့က အကူအညီပေးနိုင်ရန် လိုက် သွားခဲ့ကြရာ သေနတ်ဖြင့် အပစ်ခံရသည် ဟု ၎င်းဒဏ်ရာဖြင့် ဆေးရုံရောက်ရှိလာ သူ ဦးလှမောင်သိန်းက ပြောသည်။

အလားတူ သွားကြည့်ကြသည့်သူ များတွင် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူများသာမက ရှမ်းရွာ ရပ်ကွက်မှ လူများလည်း ပါဝင်ကြပြီး ရှမ်းရွာရပ်ကွက်နေ အသက် ၁၉ နှစ်ရှိမလှလှမြင့်မှာ ၀ဲဘက်နဖူးဆံစပ်တွင် ကျည်ရှပ်၍ ထိမှန်ခဲ့သဖြင့် ၎င်းကိုလည်း ကျောက်တော်ဆေးရုံ၌ တွေ့ခဲ့ရသည်။

ကျောက်တော်မြို့နယ် ရတနာပုံ ကျေးရွာအုပ်စုအတွင်းရှိ တောင်ဗွေ ကျေးရွာအဓိကရုဏ်းကမူ၂၅ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ ကြောင်း၊ တောင်ဗွေ(ဘင်္ဂါလီရွာ)နှင့် တောင်ဗွေ(ရခိုင်ရွာ) နှစ်ရွာအပြင် အလယ်ရွာ(ဘင်္ဂါလီရွာ)တို့ အပြန် အလှန်အိမ်များမီးရှို့ကြချိန်တွင် နယ်မြေလုံခြုံရေးယူထားသော စစ်တပ်သည် တောင်ဗွေ(ဘင်္ဂါလီရွာ)၌ ရှိနေကြောင်း၊ ထိုစဉ်က ပစ်ခတ်မှုမရှိသေးကြောင်း၊ နောက်ပိုင်း၌ လူနည်းစု ရခိုင်လူမျိုးတို့ကို ကူညီနိုင်ရန် ကဉ္စပနဒီမြစ်တစ်ဖက်ကမ်းမှရခိုင်ရွာများဖြစ်သော သာစည်၊ ရွှေ ပြည်၊ မျောက်တောင်ရွာတို့မှ တိုင်းရင်းသားတို့က စက်လှေဖြင့် အဆိုပါ တောင်ဗွေရွာသို့ အားဖြည့်လာကြ ကြောင်း၊ ၎င်းစက်လှေကမ်းကပ်ပြီး ကုန်းပေါ်သို့ရခိုင်တိုင်းရင်းသားတို့ အတက်၌ စစ်တပ်က သေနတ်ထောင်ပစ်ပြီး လူစုခွဲပြန်ကြရန် ပြောသဖြင့်စက်လှေပေါ်သို့ ပြန်ဆင်းကြချိန်တွင် အပစ်ခံရပြီး လှေပါနစ်မြုပ်သွားကြောင်း၊ ထိုအချိန်တွင် အလယ်ကျွန်းရွာနှင့် ခေါင်းတုတ်ရွာတို့မှဘင်္ဂါလီများကလည်း တောင်ဗွေရွာရှိဘင်္ဂါလီတို့ကိုကူညီရန်စက်လှေဖြင့် ရောက်လာကြပြီး ရေထဲ၌ နစ်မြုပ်လုလုမျောနေသော ရခိုင်လှေနှင့် ထိတွေ့တိုက်ခိုက်ကြစဉ် ရခိုင်တိုင်းရင်းသားတို့ ယခုကဲ့သို့ သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကျောက် တော်မြို့နယ်ဆေးရုံသို့ သေနတ်ဒဏ်ရာ ဖြင့် သေဆုံးသူတစ်ဦး၊ ဒဏ်ရာရထား သူတစ်ဦးတို့ ထပ်မံရောက်ရှိလာကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ရခိုင်ပြည်နယ်မင်းပြားမြို့နယ်မှ ဘင်္ဂါလီလင်မယားနှစ်ဦးစကားများရာ မှ အိမ်နီးချင်းများပါဝင်ပြီးရပ်ကွက်အတွင်းအဓိကရုဏ်းသဖွယ်၊ သို့မဟုတ် ယမ်းအိုးကြီးနှင့်တူသော ရခိုင်ပြည်နယ် အတွက်စနက်တံတစ်ခုသဖွယ် ဖောက်ခွဲ လိုက်သကဲ့သို့ ဖြစ်ခဲ့ရကြောင်း၊ ၎င်းမှ ကျောက်ဖြူ၊ မြောက်ဦး၊မြေပုံ၊ ကျောက် တော်၊ ရသေ့တောင်တို့၌ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူးဦးဝင်းမြိုင်က ပြောသ"မင်းပြားဆိုပေမယ့်လည်းမင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်အစပ်မှာ ဖြစ် တာပါ။ ဆက်သွယ်သွားလာရေး အလှမ်း ဝေးတဲ့ လက်လှမ်းမမီနိုင်တဲ့ နေရာမျိုးပါ"ဟု ၎င်းက ပြောသည်။

The myanmar times



Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>